Wednesday, May 29, 2013

ရုပ်ရှင် သရုပ်ဆောင် ရဲတိုက် နှင်. စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း


ရုပ်ရှင်မင်းသား ရဲတိုက်သည် ၂၀၁၃ မေ ၂၈့  နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ေ ကျာ်လ မ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူ တစ်ဦး က မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊  လေ့လာခွင့် မရှိဘူးလား” ဟု ဆို ကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘု ရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။  ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာ ခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။


စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ် အမြတ်ထားရာ ၀တ်ပြုကိုးကွယ်သည့် နေရာဖြစ်သည်။


 
ထိုသတင်းကို ပေါ်ပြူလာမှ ရေးသားရာတွင်

ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ စိန်မေရီကာဒီဒြယ် ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားဝင်ရောက် ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁ နာရီကျော်မှစတင်ကာ ဆန္ဒပြခဲ့သည်။

ထို့နောက်
နေ့လယ် နာရီ ၄၅ မိနစ်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ သူ့ကိုလာရောက်ထိန်းသိမ်းခဲ့ပြီး ညနေ နာရီ ၄၀ မိနစ်တွင် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှူး ဦးသာဇံ၏ ထုတ်ပြန်ပြောကြားချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူထားကြောင်း သိရသည်
 
ထိုကိစ္စရပ်နှင်. ပတ်သက်၍ စိန်မေရီကာသီဒြယ်သာသနာ၊ အကျိုးတော်ဆောင်အဖွဲ.မှ ဤ သို.တရားဝင်ထုတ်ပြန်ခဲ့သည်....

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများအတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆို လူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ခွင့်ပြုထားပါသည်။

ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသော ဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထားသည့် ဓါတ်တော် မွေတော်များ ထားရှိရာ သန့်ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကို အထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။


ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့် လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။


ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာ ၀င်ရောက်ရသည့် ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်)နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကို ကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သော အပြုအမူမျိုး ပြုလုပ်ခြင်းကြောင့် သက်ဆိုင်ရာမှ သတိပေးပြောကြားခဲ့ခြင်းမှစ၍ ရုန်းရင်းဆန်ခတ် ဖြစ်သွားပါသည်။


ထိုမှတစ်ဖန်၊ တတိယအကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။


သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံနေသည့်ကြားမှပင် ကာယကံရှင်မှ ကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။


ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင် ၀င်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာ ထင်ရှားပါသည်။


အထက်ပါအပြု အမူများသည်၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။


ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရားများ နှင့်ဖီလာဆန့်ကျင်နေပါသည်။


ယခုသတင်း Media များတွင် ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။


သာသနာ့အကျိုးဆောင်အဖွဲ့

စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 


ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်သည် မူလက မွတ်စလင် ဘာသာဝင်ဖြစ်သော်လည်း  နောက်ပိုင်း ဗုဒ္ဓဘာသာသို. ကူးပြောင်းခဲ့သည်ဟု သိရသည်......
ဒီခုဖြစ်တဲ့ ကိစ္စနဲ.ပတ်သက်ပြိး Facebook ပေါ်မှာတွေ.ရတဲ့ Video Link လေး နောက်တစ်ခုပါ

http://www.facebook.com/photo.php?v=633393170023388

Source ; Oppsiteye , DVB ,Khoo Ah-Ai @ Facebook & sungooyarthe.blogspot

No comments:

Post a Comment