Saturday, May 4, 2013

အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ လေးဦးအား ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံ စည်မှုတွင် ပါဝင် ပတ်သက်ခဲ့သူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေ ၂ ရက်တွင် ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးထားသည့် လူလေးဦး အနက် သုံးဦးမှာ အမျိုးသားများ ဖြစ်ပြီး အခြား တစ်ဦးမှာ အမျိုးသမီး ဖြစ်ကြောင်း၊ ၎င်းတို့ လေးဦးကို ပြည်တွင်းဖြစ် ဗုံးငါးလုံး နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်း တို့သည် အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအမာ က ပြောကြားခဲ့သည်။

အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာကို မြန်မာ သံရုံးနှင့် သံအမတ် နေအိမ် အနီးတွင် တပ်ဖြန့် ချထားကြောင်းနှင့် အရာရှိ အများအပြားကိုလည်း သံရုံး အနီးအနားရှိ အိမ်များနှင့် ဟိုတယ် များတို့တွင် နေရာ ချထားကြောင်း သိရသည်။



@Myawady

No comments:

Post a Comment