Thursday, August 8, 2013

သမီးမိန်းကလေး ရှိသူများ မဖြစ်မနေ ဖတ်ပေးပါရန်



လောကသည် မလုံခြုံတော.သော သဘောတော.ရှိနေပြီဖြစ်သည် ၊ယခင်ကတော. ဤကဲ့သို. အဖြစ်မျိုးက တိုင်းတပါး ဆီမှာသာကြားဖူးသော အော.နှလုံး နာစရာ ကိစ္စရပ်များ သာဖြစ်သော်လည်း  ယခုတော. ယဉ်ကျေးလှပသည်ဆိုသော ဤနိုင်ငံတွင် မကြာမကြာ ကြားလာရသော သတင်းများ ဖြစ်လာနေသည်က မည်သည်.အတွက်ကြောင်.ဖြစ်သည်ကိုမဖြစ်မနေ ၀ိုင်းဝန်းတွေးတော ကာကွယ်ကြရမည်.အခြေအနေ ဖြစ်နေပြီဆိုသည်ကို အောက်ပါ အမှုဖြစ်စဉ်အချို. ဖတ်ကြည်.လျှင် အနည်းငယ်တော. သိလာမည်ဟုယူဆပါသည် ။

ပထမဆုံး ဖြစ်စဉ် တစ်ခုကိုကြည်.ကြပါစို. ။ နှစ် ၃ နှစ် နှင်. ၁၀လ အရွယ် သမီးမိန်းကလေး ၃ ဦးအား အိမ်တွင် ထားခဲ့ပြီး မိဘ နှစ်ပါးက ဈေးရောင်းထွက်သွားကြ သည်.အချိန်တွင်ထိုအိမ်ဘေးရှိ ဆောက်လုပ်ရေး Site တစ်ခုက အလုပ်သမားက ၃ နှစ်သမီးလေးကို ချီခေါ်သွားပြီး အဓမ္မပြုကျင်.ခဲ့သည်တဲ့

နောက်တစ်ခုကတော.၄ ရက် ၇လ ၂၀၁၃ နေ. ည၈နာရီ ခန်.က ပဲနွယ်ကုန်း ရှိ ရွာ တစ်ရွာတွင်  ဖြစ်ခဲ့ခြင်းဖြစ်ပြီး   အတော်ပင် လူမဆန်သော အဖြစ်အပျက်  တစ်ခုဖြစ်သည်။..အမေဖြစ်သူ ၃၆ နှစ်အရွယ် မိခင်က ၈ နှစ်ခန်.ရှိသမီး.. ၅ နှစ်ခန်.ရှိသား..၄ နှစ်ခန်.ရှိ သမီး တို.ကို နေအိမ်တွင်ထားခဲ့ပြီး ကွမ်းသီးဝယ်ရန် ၃ အိမ်ကျော် ရှိဆိုင်သို. ထွက်သွားခဲ့သည်.. ၁၀မိနစ်ခန်.အကြာ အိမ်ပြန်လာရာ အိမ်ရှိ ထွန်းထားသော မီးမှာ မလင်းတော.ပဲ ဘေးအိမ်မှ မီးအလင်းရောင်ဖြင်.အိပ်နေသော ကလေး ၃ ဦးကြားတွင် တရွာတည်းသား ကို ပုဆိုးစလွယ်သိုင်း လွယ်ကာ ထိုင်လျှက်သားတွေ.ရပြီး မီးခလုတ် ဖွင်.လိုက်သော အခါ မှ နေအိမ် တံခါးပေါက်မှ အပြင်သို.ခုန်ဆင်းထွက်ပြေးသွားခဲ့သည်တဲ့ ..ကလေး၃ ဦးအား စစ်ဆေးကြည်.ရာ ၈ နှစ်သမီးကြီး၏ မိန်းမကိုယ်နှင်. စအိုမှ သွေးများထွက်နေပြီး အနားတွင်လည်း စားဆီပုလင်း တစ်လုံးတွေ.ခဲ့ရသည်တဲ့သမီးကြီးက သူအိပ်နေစဉ် ထိုသူ (စက်ဘီးပြင်သူ) က လက်ဖြင်. မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည် တဲ့ ၁၀မိနစ်အတွင် ကိုယ်.သမီးငယ် ဘ၀ ပျက်မတတ်ဖြစ်သွားခဲ့ရခြင်းပင်..အကယ်၍များ သူမသာ နောက်ထပ် အချိန်အနည်းငယ် ထပ်ကြာသွားမည် ဆိုပါလျှင်……………………..


နောက်တစ်မှုကတော. ပတ်ဝန်းကျင် ကောင်းခဲ့သောကြောင်. တော်သေးသည်ပြောရမည်၂၀၁၃ မတ်လ ၁ ရက်နေ.က ရွှေပြည်သာ ၁၄ ရပ်ကွက် နေ အသက် ၂၇ နှစ်အရွယ် မိခင်က နေအိမ်မှ ဘုရင်.နောင်ဈေးသို. ဈေးရောင်း၇န်အသွား အသက် ၉ နှစ်ရှိ သမီးငယ်ကို ၃၆ နှစ်အရွယ် ခဲအိုနှင်. အတူ ထားခဲ့သည်တဲ့ ..မိခင်မရှိခိုက် ထိုအမျိုးသမီး ၏ ခဲအိုကပင် ထို ကလေးငယ်ကို အိမ်ခန်းအတွင်း သားမယားပြုကျင်.ရန် ကြံစည်ခိုက် အိမ်နီးချင်း အမျိုးသမီး ၃ ဦးက မြင်တွေ.အချိန်မှီ အကာအကွယ်ပေးခဲ့ပြီး မိခင်ဆီ ဖုန်းဆက် အကြောင်းကြားသဖြင်. ပြန်လာပြီး သမီးငယ်ကို မေးမြန်းရာ ၂လပိုင်း ၂၇ ရက်နေ.ကလည်း ဤသို.ကြံစည်ခဲ့ဖူးသည်တဲ့

 အလားတူ ထိုနေ..ကပင် မနက် ၁၁ နာရီခန်. လှည်းကူးမြို.တွင်လည်း ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်..လှည်းကူး ရှိ ရွာ တစ်ရွာတွင် ၅၆ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးက အိမ်နားတွင် တည်းခို၍ အလုပ်လာလုပ်နေသူ ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးက အိမ်ပေါ်တက်လာရင်း ခဏတုံးလုံးလှဲချင်ကြောင်းပြောသဖြင်. အိမ်နီးနားချင်းဆိုကာ ခွင်.ပြုခဲ့သည်..ထို.နောက် ၀ါးခုတ်စရာရှိသဖြင်. ၁၁ နှစ်အရွယ် ရှိ သမီးငယ်ကို အိမ်အစောင်.အဖြစ်ထားခဲ့သည်တဲ့  ..မွန်းတည်. ၁၂နာရီခန်.တွင် သမီးဖြစ်သူက ၀ါးခုတ်ရာ နေရာသို. ငိုပြီးရောက်လာသဖြင်. မေးမြန်းရာ ထို ဧည်.သည်က သားမယားပြု၇န် ကြိုးစားသဖြင်. ထွက်ပြေးလာခဲ့ရသည်တဲ့

နောက်ထပ် ဖြစ်စဉ် တစ်ခုကတော. ၃-၃-၂၀၁၃နေ.က မင်္ဂလာဒုံမြို.နယ် ရပ်ကွက် တစ်ခုအတွင်းဖြစ်ပွားခဲ့ခြင်းပင်.၆နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သူငယ်ချင်းများနှင်. ညနေ ၄နာရိခန်. ကစားနေခိုက် အိမ်နီးချင်းဖြစ်သူ ၃၀ နှစ်အရွယ် အမျိုးသားက သူအိမ်သို. ဆွဲခေါ်သွားသည်ကို အဘွားဖြစ်သူက တွေ.လိုက်သဖြင်. လိုက်ကြည်.ရာ  အိမ်အတွင်းတွင် သားမယားပြုကျင်.၇န် ကြံစည်နေသည်ကို တွေ.ရသဖြင်. အော်ဟစ်ရာ ထိုကျုးလွန်သူမှာ ထွက်ပြေးသွားခဲ့သည်

၂၁ ရက် ၁လ ၂၀၁၃ နေ. စစ်ကိုင်းမြို.နယ်ရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့ သောဖြစ်စဉ်ကမူ..ထိုနေ. ညနေ ၆နာရိခန်.က ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် ကျောက်ဖြတ် အလုပ်ပြီး၍ စက်ဘီးဖြင်. အိမ်ပြန်လာပြီးအိမ်ရှေ.အရောက် စက်ဘီးထောင်နေခိုက်တစ်ရွာတည်းနေ ၂၂ နှစ်အရွယ် အမျိုးသားက နောက်မှ သိုင်းဖက် ပါးစပ်ပိတ်ကာ ခြံထောင်. ဘက်လမ်းကြား သံပုရာခြံ အတွင်း အတင်းဆွဲခေါ်ကာ  သားမယားအဖြစ်ပြုကျင် ခဲ့သဖြင်..အိမ်မပြန်ရဲဖြစ်နေခိုက်. ဆွေမျိုးတစ်ဦးကတွေ.ပြီး အိမ်ပြန်ပို.ပေးခဲ့ရသည်


ယခုဖြစ်စဉ်ကတော. ၁၇ ရက် ၃လ ၂၀၁၃ နေ.က မှော်ဘီမြို.နယ် ကျေးရွာ တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်..၁၁ နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦးကို အဒေါ်၏ ခင်ပွန်းဖြစ်သူအသက် ၄၀ အရွယ် ငုံးခြံလုပ်သားက အိပ်ခန်းအတွင်း ပွေ.ချီခေါ်ဆောင်သွားသည်ကို အိမ်နီးချင်း အမျိုးသမီးကတွေ.မြင်ပြီး ထိုကလေးငယ်၏ အမကို သွားရောက်ခေါ်ဆောင်ကာ လိုက်သွားစဉ် အိမ်ခန်းအတွင်း အဓမ္မပြူကျင်.နေခိုက် ပက်ပင်းတွေ.မြင်ခဲ့ရခြင်းဖြစ်သည်.

ထို.အတူ ၂၀၁၃ မေလ ၅ ရက်နေ.က မြောက်ဥက္ကလာပ မြို.နယ် တံတားကြီး ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော အမှုတွင်မူ ၃၅ နှစ်အရွှယ်ရှိ ကျုးလွန်သူ အမျိုးသားသည် စနစ်တကျ ဖုံးဖိခဲ့ကြောင်းတွေ.ရသည်..ထိုနေ.က ၇ နှစ် အရွယ် မိန်းကလေးငယ်သည် မိဘဖြစ်သူ အခြားရပ်ကွက်သို. ကန်စွန်းရွက်သွားခူးခိုက် ထိုရပ်ကွက်ရှိ ရထားသံလမ်းပေါ်တွင် ကစားနေခဲ့သည်ဟုဆိုသည်..ထိုအခိုက် ကျုးလွန်သူ အမျိုးသားမှ မုန်.ကျွေးမည်ဟု ဆိုကာ သူ.အိမ်သို.ခေါ်သွားပြီး ကျုးလွန်ခဲ့ခြင်းဖြစ်သည်ထို.နောက် အဆိုပါကလေးငယ်၏ အောက်ခံ အ၀တ်အစားကို လဲပေးပြီး အမျိုးသမီးသုံး ဂွမ်းကပ်များ ကပ်ပေးထားကြောင်းသို.သော် မိန်းကလေးငယ်၏ အင်္ဂါမှ သွေးများစွာ ထွက်နေသဖြင်. ဆေးရုံသို. နှစ်ကြိမ်တိုင် တင်ပို.ခဲ့ရခြင်းဖြစ်သည်

ထို.အပြင် ကျေးရွာတစ်ခုတွင် ဖြစ်ခဲ့သောဖြစ်ရပ်ကမူ ကလေးငယ်ပါအသက်ဆုံးရှုံးခဲ့ရသည်...အဖေနှင်.အတူ သားသမီးများအိပ်ပျော်နေခိုက် ၇ နှစ်အရွယ် သမီးငယ်ကို မူးနေသူ တစ်စုက အိပ်ရာမှ ပွေ.ချီခေါ်သွားပြီး လူမဆန်စွာ ပြုကျင်.ခဲ့ကြခြင်းဖြစ်သည်။

ယခုဖြစ်စဉ် အချို.ကိုကြည်.လိုက်လျှင် ကျုးလွန်သူများသည် အသက် ၂၀ ကျော်အရွယ်မှ သက်ကြီးပိုင်းများအထိပါသည်ကိုတွေ.ရမည်ဖြစ်သည် ။ထို.အပြင် တစ်စိမ်းတရံစာ များပါသလို အိမ်နီးနားချင်း ၊အသိမိတ်ဆွေ ၊နောက်ဆုံးဆွေနီးမျိုးစပ်များအထိ ပါနေသည်ကိုတွေ.၇မည်ဖြစ်သည် ။ထို.အတူ ကျုးလွန်ခံရသော ကလေးငယ်များတွင်လည်း ၃ နှစ်သမီးမှစ၍ ပါဝင်နေသည်ကို (အထူး) သတိပြု၇မည်ဖြစ်ပေသည် ။ထိုဖြစ်စဉ်များအရ ယောက်င်္ကျားသားဆိုလျှင် အရွယ်မရွေး ၊လူမရွေး သတိထားစောင်.ကြည်.ရမည်ဖြစ်သလို မိမိကလေးငယ် ငယ်ပါသေးတယ် ဘာမှမဖြစ်နိုင်ပါဘူးဟု (လုံးဝ)စိတ်ချထား၍မ၇သော အခြေအနေ ကို ထင်ထင်ရှားရှား တွေ.၇မည်ဖြစ်သည် ။ထို.အတူ ပတ်ဝန်းကျင်ကလည်း ထိုအသိမျိုးဖြင်. မိမိတို.၏ အသိမိတ်ဆွေ ၊ရပ်ဆွေရပ်မျိုး ၊ဆွေမျိုးသားချင်းတို.၏ ကလေးငယ်များကို အတတ်နိုင်ဆုံး ကူညီစောင်.ရှောက်ကြည်.ရှုပေးနေမှသာ ကလေးငယ်များအဖို. အန္တရာယ်ကင်းကင်း ကြီးပြင်းခွင်. ပိုမိုရရှိလာနိုင်မည်ဖြစ်သည် ။


ဤဖြစ်စဉ်အတော်များများတွင် ကြည်.လျှင် ဖြစ်ပွားသောနေရာများသည် မြို.ပြထက် ကျေးလက်တွင်အဖြစ်များသည်ကိုတွေ.ရမည်ဖြစ်သည် ။အကျုးလွန်ခံရသူကလေးငယ်များသည် အခြေခံ လူတန်းစားများမှ အများစုဖြစ်သလို ကျုးလွန်သူများသည်လည်း အခြေခံ လူတန်းစား ပညာအားချို.တဲ့သူများ ပိုမိုပါဝင်နေသည်ကိုတွေ.၇မည်ဖြစ်သည် ။ထို.အပြင် ဖြစ်စဉ်အတော်များများက မိဘတို.အနေဖြင်. မဖြစ်နိုင်လောက်ပါဘူးဟူသော အတွေးကြောင်. ရာခိုင်နှုံးအတော်များသလို သေချာသည်က မိမိမျက်စိအောက် ဂရုတစိုက် မထားနိုင်ခြင်းကလည်း အတော်အရေးပါနေသည်ကိုတွေ.ရမည် ။ မိမိတို.၏ ဘ၀အခြေအနေကြောင်. ၊ စားဝတ်နေရေးကြောင်. ဆိုလျှင်တောင်မှ ကိုယ်.သွေးသားအရင်း အမျိုးသမီးများ ကိုသာအကူအညီတောင်းစောင်.ကြည်.ခိုင်းပေးဖို.သင်.သည်.သဘောဖြစ်နေပေသည်။သတိပြုရမည်မှာ မိမိသမီးငယ် မည်သည်.အရွယ်ရှိရှိ အချိန်မရွေး ဘ၀ပျက်သွားနိုင်သည်ကို သတိပြုပါ ။ ပတ်ဝန်းကျင်ရှိ သွေးရင်း သားရင်း အမျိုးသမီးများမှလွဲ၍ ဆွေနီးမျိုးစပ် အမျိုးသားများကိုပင် အယုံကြည်မလွန်ရန်သတိပြုပါ ။ 



ကျုးလွန်သူများအပိုင်းကကြိုတင်သိထားသင်. တွေးထားသင်.သည်မှာ မိမိ၏ တဒင်္ဂ စိတ်အလိုလိုက်မှုအတွက် ခံရမည်. ရာဇ၀တ်ပြစ်ဒါဏ် ၊တစ်သက်လုံးစာ လူတောမတိုးရဲတော.မည် မိမိအနာဂတ် ၊မိမိလုပ်ရပ်ကြောင်. လူတကာအထင်သေးအပြစ်တင် ပြောဆိုခံပြီး ကျန်နေခဲ့ကြရမည်. မိမိ၏ မိသားစုဝင်များ ၊မိမိသားသမီး သာဖြစ်လျှင်ဆိုသော ကိုယ်ချင်းစာစိတ် တို.ဖြင်. မိမိစိတ်ကို ထိမ်းသိမ်း.သင်.လှသည် ။မိနစ်ပိုင်းမျှ စိတ်အလိုလိုက်မှုက နှစ်ပေါင်းများစွာ လူတောမတိုးတော.မည်.အဖြစ်ကို သတိရသင်.သည် ။နောက်ဆုံး မိမိအခြေအနေအရ ဤှဆန္ဒ ကိုမည်သို.မျှ မချိုးနှိမ် နိုင်ပါကလည်း ယခုထက် ပိုအန္တရာယ်ကင်းသော ၊ပိုမိုဆန္ဒပြည်.၀နိုင်သော ငွေကြေးပေး ဆန္ဒဖြည်.ခြင်းက တော်သေးသည်ဟုပြောရမလိုဖြစ်နေသည် (ဤ သည်မှာ ပြည်.တန်ဆာများနှင်.ပျော်ပါးခြင်းကို အားပေးလိုခြင်းမဟုတ်သော်လည်း မိမိကြောင်. ပျက်စီးသွားရမည်. တစ်ပါးသူ၏ ဘ၀ ၊မိမိ  မိသားစုဝင်တို.၏ဘ၀ များအတွက် ထည်.စဉ်းစားပြီး ကိုယ်တိုင်ကလည်း သွေးသားအလိုဆန္ဒ မတွန်းလှန်နိုင်လျှင်တော. ဤနည်းကတော်သေးသည်ဟုသာ ဆိုလိုခြင်းဖြစ်ပါသည် )

Online မှရေးသားဖြန်.ဝေခြင်းသည် ပျံ.နှံ.မှု အကန်.အသတ်ရှိနေသဖြင်. ဖတ်မိသူများအနေဖြင်. မိမိပတ်ဝန်းကျင်သို. သတိပေးစကား တစ်ဆင်.ဆောင်ယူခြင်းဖြင်. မိန်းကလေးငယ်များ အန္တရာယ်ကင်းကင်း ရှင်သန်နေထိုင်ခွင်.အတွက် တတ်အားသမျှ ၀ိုင်းဝန်းပါဝင် ကူညီကြပါစို.


Source ; Daily Eleven , တကယ်.ဖြစ်ရပ်မှုခင်း ဂျာနယ်များ..

No comments:

Post a Comment