Tuesday, August 20, 2013

မြို.လေးဆီက လူသားတို.အတွက် နောက်ဆုံးတံခါးပေါက်





မြို.လေးသည် မြစ်ဝကျွန်းပေါ် မြို.လေးတစ်မြို.ဖြစ်သည်နှင်. အညီ မြေသားထု များများ မတူးရပါဘဲ Water Table ဟုခေါ်သော မြေအောက်ရေထု က အနီးကပ်တည်ရှိနေသည် ။ထို.ကြောင်. သီးပင် စားပင် အရိပ်ရပင်အတော်များများတို.က အချိန်တိုင်းလိုလို စိမ်းစိုနေကြသည် ။သို.သော် ထို ရေထုသည် မြစ်ရေပြင် နှင်.နီးစပ်လွန်းမှုကြောင်. သောက်ရေအဖြစ် တူးရာတွင် အခက်အခဲ ရှိသလို မြန်မာတို.၏ ရှေးထုံးစဉ်လာ မြေမြုပ်သဂြိုလ် ရာတွင်မူ မိုးရာသီကာလ တွင် အခက်အခဲများ ဖြစ်ပေါ်လေ.ရှိသည် ။ တွင်း အနက်အနည်းငယ် တူးလိုက်ရုံဖြင်. မြေအောက်ရေလိုက်လာပြီး မြှုပ်နှံသဂြိုဟ် ဖို.ရာ အလွယ်တကူမဖြစ်ကြပေ ။ ထို.အတူ သချိုင်းမြေ တို.ထုံးစံအတိုင်း နောက်ပိုင်းတိုးတက်လာသည်. လူဦးရေ နှင်.မျှတအောင် ချဲ.ထွင်ဖို. ဆိုသည်က ပိုခက်ခဲသေးသည် ။
ထိုအခက်အခဲတို.ကို အလွယ်တကူ အဆင်ပြေသွားစေနိုင်မည်. ထွက်ပေါက်တစ်ခုကတော. သဂြိုဟ်စက်



ထိုစိတ်ကူးသည် အစကတော. အိမ်မက်အသွင်

နာရေးကိစ္စများအတွက် အသုံးပြုသောကား
သို.သော် ၂၀၀၅ နိုဝင်ဘာ ခန်.တွင်တော. ပကတိလောကတွင်း သက်ဆင်းဖို.အစဖြစ်လာသည် ။ဝါးခယ်မမြို. ကမ်းနားလမ်း ဧရာဝတီသင်္ဘောဆိပ်အနီး သာသနာ.ဗိမ္မာန်တွင် ဆွမ်းဆက်ကပ်ပွဲတွင် မန္တလေးကျောင်းဆရာတော် ၊ က၀ိသိပ္ပံဆရာတော် အပါအ၀င် ဆရာတော်များက ထိုကိစ္စကို အကြုံပြု ဆွေးနွေးခဲ့ကြခြင်းက စတင်အသက်ဝင်လာစေ၇န် အကြောင်း တစ်ချက်ဖြစ်ခဲ့သည် ။

ထိုစဉ်က မြို.လေးတွင် ကြိုးဖုန်းမှ Auto ဖုန်းသို. ပြောင်းလဲချိန် မြို.ဖွံ.ဖြိုး ရေးရန်ပုံငွေအဖြစ် 

အသစ်လျှောက်ထားသူများကို တစ်သိန်းစီ ထည်.၀င် စေခဲ့ရာ ဖုန်းအလုံး ၁၀၀ ကျော် ရှိခဲ့သည် ။ထိုရန်ပုံငွေမှ ထိုအချိန် မယက က ထိုကိစ္စရပ်အတွက်

၃၅သိန်း ထည်.၀င်ပေးခဲ့ပြီး မြို.နယ် စည်ပင်သာယာမှ လောင်တိုက်ဖို (ခန်.မှန်းကုန်ကျစ၇ိတ် သိန်း၆၀)ကို တာဝန်ယူတည်ဆောက်ပေးခဲ့သည် ။ဆရာတော်များ ဦးစီးလျှက် ဘုရားကြီး အ၀င်နား မြူရုံးလမ်းမကြီးပေါ် တွင် မဏ္ဍပ်ဆောက်၍ ကျန်လိုအပ်ငွေအားလုံးနီးပါးကိုအလှု ခံပေးခဲ့ခြင်းဖြစ်သည် ။



တည်ဆောက်ရေးအတွက် လိုအပ်သည်များကို ဓနုဖြူမြို.တွင် တာဝန်ကျသော AE ဦးမောင်မောင်သွင် မှတစ်ဆင်. ဓနုဖြူမြို.ရှိ မီးသဂြိုဟ် စက်သို. ၃ကြိမ်ခန်. သွားရောက်လေ.လာခဲ့ကြရသည် ။ထို.နောက် ဓနုဖြူ သောင်းထိုက် စက်မှု လက်မှု လုပ်ငန်းမှ ဦးသောင်းထိုက်က စီးပွားရေးအတွက်မဟုတ်ပဲ အလုပ်သမားခ သီးသန်.သာ ယူလျှက် မေတ္တာဖြင်. လာရောက်ကူညီ ဆောက်လုပ်ပေးခဲ့သည် ။မူလက ကုန်ကျစရိတ်ကို သိန်း ၁၃၀ /၁၄၀ ခန်.သာ မှန်းထားသော်လည်း Frame မှအစ Steel Frame များသာ အသုံးပြုခဲ့ခြင်း ၊ အောက်ခံမြေသားများသည် လူများအထပ်ထပ် မြှပ်နှံ့ထားသော မြေများဖြစ်သဖြင်. လိုအပ်သော အောက်ခြေ ခိုင်မာမှု၇အောင် အကုန်တူးထုပ်ကာ သဲများလုံလောက်သည်အထိမှုတ်ထည်.၇ခြင်း (ထိုဖြစ်စဉ်တွင် စိတ်ဝင်စားဖွယ် တွေ.ကြုံခဲ့ရမှုများကို နောင်အလျဉ်းသင်.ချိန်တွင် သီးခြားဖော်ပြပါမည်) စသည်တို.ကြောင်. ကုန်ကျစ၇ိတ် စုစုပေါင်းမှာ သိန်း၂၁၅ ခန်.အထိရှိခဲ့ပါသည် ။




ဆောက်လုပ်ရန်မြေသားပြုပြင်ခြင်းကို ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်း ခန်.မှစတင်ခဲ့ပြီး ၂၀၀၆ ဧပြီလ၀န်းကျင်တွင် စတင်ပန္နက်ချခဲ့ပါသည် ။တည်ဆောက်ပြီးစီးခဲ့ချိန်မှာ ၂၀၀၆ စက်တင်ဘာလဖြစ်ပါသည် ။ဆောက်လုပ်စဉ်က ၃နှစ်သက်တမ်း အာမခံသာဖြစ်သော်လည်း ပစ္စည်းကောင်းများ ရွေးချယ်သုံးစွဲမှု ..ဆောက်လုပ်ပေးသော ပညာရှင်တို.၏ စေတနာကြောင်. ၇ နှစ်ခန်.အထိ အပျက်အစီးကြီးမားစွာမရှိခဲ့ပါ ။သို.သော် ၂၀၁၃ သြဂုတ်လ အစောပိုင်းတွင်မူ သဂြိုဟ်စက် တံခါး ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင်. သဂြိုဟ် စက် အသုံးပြုခြင်းကို ရပ်ဆိုင်းခဲ့ရသည် ။ထိုတံခါးပြန်လည် ပြင်ဆင်ခြင်းအတွက် ခန်.မှန်းကုန်ကျစရိတ်မှာ ၁၂သိန်းခန်.ဖြစ်ပြီး ယခုအခါ စည်ပင် နှင်. မြို.လူထု ပူးပေါင်းကာ လိုအပ်သော ပညာရှင်များ ခေါ်ယူ၍ ပြင်ဆင်ခြင်းလုပ်ငန်းများ စီစဉ်လျှက်ရှိပါသည် ။ယခုအခါ ပြာထုတ်ပေါက် တစ်ပေါက်ကိုပါ ခေါင်းတိုင်အသွားလျှောက်လမ်းတွင် ထပ်မံပြုလုပ်ရခြင်းနှင်.  မူလတွက်ချက်ထားမှုများတွင် မပါသော အလုပ်သမားကုန်ကျစရိတ်များကြောင်. ပိုမိုကုန်ကျမည်ဟုတော. သိရပါသည် ။

Data Supply by Kawithatepan Sayadaw & U Win Tin

No comments:

Post a Comment