Saturday, August 3, 2013

တပ်မတော် ( ရေ ) ၏ ပိုမိုပြည်.စုံသော အနာဂတ်များဆီသို.


မြန်မာ.တပ်မတော်ရေတွင် Frigate သင်္ဘော ၂စင်း ရှိနေပြီး အဆင်.မြင်. နည်းပညာသုံး စစ်သင်္ဘောများဖြစ်သော်လည်း နိုင်ငံတကာ ရေတပ်များနှင်. ယှဉ်လျှင် ပိုင်ဆိုင်မှု နည်းပါးနေသေးကြောင်း သိရသည် ။၂၀၁၂ ခုနှစ်အစောပိုင်း ကမြန်မာ.တပ်မတော်ရေအတွက် ပထမဆုံး Frigate ကို တပ်တော် ၀င်နိုင်ခဲ့ပြီး နောက်ထပ် စစ်ရေယာဉ်များပါ ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းနေပြီး သာကေတ မြို.နယ် ရှိ တပ်မတော်ပိုင် သင်္ဘောကျင်း တွင် စမ်းသပ်ထုတ်လုပ်နေခြင်းဖြစ်သည်ဟု ပြည်မြန်မာ သတင်းဂျာနယ်က ရေးသားခဲ့သည် ။ထို ဂျာနယ် မှရေးသားထားသော တပ်မတော် ရေမှ ပြောရေးဆိုခွင်. ရှိသူ တစ်ဦး၏ အဆိုအရ Frigate နှစ်စင်းဖြစ်သည်. F11နှင်. F12 အပြင် F12 ကို အဆင်.မြှင်.တင် ထားသော Flight Frigate 772 များကိုထပ်မံတိုးချဲ့ တည်ဆောက်နေပြီး ဒုံးတင်အမြန်သွား တိုက်ရေယာဉ် F91 များကိုလည်း တိုးချဲ့တည်ဆောက်နေပြီဖြစ်ကာ ၂၀၁၄ တွင် တပ်တော်ဝင်နိုင်မည်ဟု သိရသည် ။

တပ်မတော်(ရေ) မျိုးဆက်သစ် Frigate စစ်ရေယာဉ်သစ် F12 အား အဆင့်မြှင့်တင်ထားသော Light Frigate စစ်ရေယာဉ် 772 နှင့်အတူ တွေ့ရစဉ်- Photo by Moe Htet Myint @ Myanmar Navy Page    
၂၀၁၁ ရေပိုင်နက်ပြဿနာအပြီး မြန်မာ့တပ်မတော်မှ ရေတပ်အမြန်သွား ဒုံးတင်ယာဉ်များ၊ ရေဒါပျောက်ယာဉ်ငယ်၊ ဖရီးဂိတ်အသစ်တစ်စင်းနှင့် တရုတ်နိုင်ငံမှ ရေယာဉ်အဟောင်း ဖရီးဂိတ်၂စင်းတို့ကို တပ်တော်ဝင်ဖြည့်တင်းခဲ့သည် ။  ရေငုပ်သင်္ဘော အစီစဉ်ဖြင့် ထိုအမျိုးစား သင်္ဘော ၂စင်းကို ရရှိခဲ့သည်ဟု ဆန့်ကျင်ဘက် မီဒီများက ရေးသားကြသော်လည်း ခိုင်မာသော အထောက်ထားတော့ မရှိခဲ့ချေ။ သို့သော် မြန်မာ့ရေတပ်သည် အိန္ဒိယ ရေတပ်နှင့် ညှိနိုင်းအစီစဉ်အရ INS VELA ကို အသုံးပြုကာ လေ့ကျင့်ခဲ့ဘူးသည့် မှတ်တမ်းများ ရှိသည်။ ထိုရေငုပ်သင်္ဘောသည် Foxtrot-class အမျိုးစား ဖြစ်ပြီး ကျူးဘား အရေးခင်းကာလက အမေရိကန်နှင့် ဆိုဗီယက်တို့ကြား နာမည်ကြီးခဲ့သော အမျိုးအစားဖြစ်သည်။ Romeo အမျိုးစားများထက် မျိုးဆက်မြင့်မားပြီး ခရီးရှည်ထိုးဖေါက်နိုင်သော အမျိုးအစားဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် ယခုအချိန်တွင် ရေတပ်အင်အားကို ဘင်္ဂလားဒေ့ခ်ျနှင့် အပြိုင် အင်အားဖြည့်တင်းရန်ရှိပါက ရေတပ်သုံး လေယာဉ် ရဟတ်ယာဉ်များ ဖြည့်တင်းခြင်း အပါအဝင်၊ ရေငုပ်သင်္ဘော အစီစဉ်များလဲ ပါဝင်လာတော့မည်ဖြစ်သည်။
ေ၇တပ်ဦးစီးချုပ်၏ အိန္ဒိယ ခရီးစဉ်တွင် သွားရောက်ခဲ့သော အခြေစိုက်စခန်းတစ်ခု 

 မကြာသော ကာလများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပီတာစပတ် ခရီးစဉ်အပါအဝင် ရေတပ်ဦးစီးချုပ်၏ ထိုမြို့တွင်ပြုလုပ်သော ရေတပ်လက်နှက်ပြပွဲသို့ တက်ရောက်သည် ဆိုသော သတင်းများသည် ရေငုပ်သင်္ဘော အိပ်မက်ကို တစ်ဖန်ပြန်၍ အသက်သွင်းလာသကဲ့သို့ရှိသည် ။ယခင်၂၀၁၀ရှေ့ပိုင်းတွင် လေ့ကျင့်ထားသော  Foxtrot-class များထက် မြင့်မားသော ရေငုပ်သင်္ဘောအတန်းစားများကိုသာ  ရွေးခြယ်ရန်ရှိသည်ကတော့ ယုံမှားစရာမရှိပေ ။ထို.အပြင် ယခုရက်ပိုင်း ရေတပ်ဦးစီးချုပ်၏ အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်ကလည်း မြန်မာ.တပ်မတော် (ရေ )အတွက် အနာဂတ်ကောင်းများ ဖန်တီးပေးလာမည်. ရောင်ခြည်များဖြစ်ပေသည်..

မြန်မာ့တပ်မတော်(ရေ)၏ Pilot Project အဖြစ်စံနူန်းသတ်မှတ်ထားသော စမ်းသပ်မှုအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်. ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး ကိုယ်ပျောက်စစ်ရေယာဉ် Photo by Moe Htet Myint @ Myanmar Navy Page   
မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နှင့် ကမ်းခြေလုံခြုံရေးအတွက် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတွေကို စိတ်ဝင်စားကြတယ်လို့ ဆိုကြပါတယ်...။ သို့သော် ကီလိုအတန်းစားရဲ့ မျိးဆက်ခွဲတွေဖြစ်တဲ့ Armur အမျိုးအစား တွေကိုတော့ လေ့လာသူတွေက သိသိသာသာ စိတ်ကြိုက်တွေ့ကြပါတယ်...။ အထူးသဖြင့် တာတိုစစ်ဆင်ရေးသုံး လက်နက်ပေါင်းစုံသယ်ဆောင် တိုက်ခိုက်နိုင်တဲ့ ၉၅၀တွေဟာ သင်္ဘောသားဦးရေနည်းနည်း သေးသေးသွယ်သွယ်နဲ့မို့ ပထမဦးဆုံးစတင် အသုံးပြုရမယ့် မြန်မာ့ရေတပ်အတွက် လူငယ်တွေ မျက်စိကျစရာ တစ်ခုအဖြစ် သုံးသပ်နေကြပါတယ်...။ သို့သော် တပ်မတော်(ရေ)၏ အနာဂတ်ရည်မှန်းချက်များဖြင့် စိစစ်တိုင်းထွားကာ စနစ်တကျ ဆုံးဖြတ်ရမှာဖြစ်ပြီး ရေငုပ်သင်္ဘောတစ်ခုတည်းသာ ဝယ်ယူရတာမဟုတ်ဘဲ လိုအပ်သော ရေငုပ်သင်္ဘောစခန်းတွေ၊ ပြင်ဆင်ရေးတွေ၊ လက်နက်တွေ၊ စနစ်တွေနဲ့ သက်ဆိုင်ရာ သင်တန်းတွေကို စီစဉ်ရမှာဖြစ်ပြီး ကြာဦးမည့် အစီစဉ်တစ်ခုဖြစ်သော်လည်း မကြာစေချင်လောက်အောင် စိတ်လောစွာ စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်. လို. လေ.လာသူ တစ်ဦးက ဆိုပါတယ်








ဧပြီ ၉ ရက်နေ. တပ်တော်ဝင် အခမ်းအနားမှ ရေယာဉ်များ

၂၀၁၃ ဧပြီ ၉ ရက်နေ. ကပြုလုပ်ခဲ့သော တပ်မတော်ရေ စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် လည်း FAC စစ်ရေယာဉ် (၄)စီး၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စီး နှင့် Floating Dock (၁)စီး စုစုပေါင်း (၇)စီးအား တပ်တော်ဝင်ပြုလုပ်ခဲ့သည် ။FAC နှင့် ကမ်းထိုးရေယာဉ်များမှာ မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ Floating Dock မှာ ပြည်ပမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဦးဆုံး... Floating Dock အဖြစ် မှတ်တမ်းဝင်ခဲ့သည် ။

ထို.အပြင်ယခုနောက်ပိုင်း မြန်မာ.ရေတပ်မတော် သင်္ဘောများ၏ ချစ်ကြည်ရေး ခရီးစဉ်များလည်း (ယခင်ကထက်)ခပ်စိပ်စိပ် ပေါ်ထွက်လာလျှက် ရှိသည် ။


မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ရေတပ်ဆိပ်ကမ်းသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ရန်၂၀၁၃ ဇွန်လ(၆)ရက်နေ့ ညနေ ၃ နာရီ က ကျောက်ဖြူမြို့ရှိ အမှတ်(၆) ရေတပ်ဆိပ်ခံ တံတားမှ ထွက်ခွာသွားခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဆိပ်ကမ်းတွင် ဇွန် ၇ ရက်မှ ၁၀ ရက်အထိ ဆိုက်ကပ် လည်ပတ်ခဲ့ကာနှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ချစ်ကြည်ရေး အားကစားပွဲများ ပြုလုပ် ခဲ့ပြီး စစ်ရေယာဉ်တွင် အရာရှိ ၁၄ ဦး၊ စစ်သည် ၁၀၅ ဦး လိုက်ပါသွားခဲ့ကြသည် ။လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် မြန်မာ့စစ်သင်္ဘော UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်က စစ်တကောင်းဆိပ်ကမ်းသို့သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာရေတပ်သဘောင်္သည် ဘင်္ဂလားဒေ့ရှ်သို့ လာလည်ခြင်းဖြစ်ပြီး ယခုပြုလုပ်သော မြန်မာရေတပ်သဘောင်္၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ အလည်အပတ် လာရောက်သည့် မြန်မာစစ်သင်္ဘောအား စစ်တကောင်း ရေတပ်စစ်ဌာနချုပ် ရေတပ်ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့ကြောင်းနှင့် အဆိုပါ မြန်မာစစ်သင်္ဘောသည် ဇွန် ၁၁ ရက်တွင် စစ်တကောင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်


  မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာဗန္ဓုလသည်လည်း မလေးရှား နိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2013 (LIMA-2013) ပြပွဲသို့ တက်ရောက်ရန်အတွက်၂၀၁၃ မတ် ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှ ထွက်ခွာခဲ့ပြီး ဧပြီ ၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့သည်။ 

Photo by မြ၀တီ
ထို.အပြင် လုံခြုံရေးအတွက် ကင်းလှည်.ခြင်းများကို မြန်မာ.ပင်လယ်ပြင်သာမက ဘင်္ဂလားဒေ.ရှ် နှင်. မြန်မာ နယ်ခြား နတ်မြစ်တွင်ပါ တာဝန်ယူနိုင်၇န်အတွက် မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ် အမှတ် ၅၅၄ သည် လည်းတာဝန်ကျရာသို.ထွက်ခွာသွားခဲ့ပါသည် 



သတင်းတွေ ထွက်ထားသလို F13 , F14 ဆိုတာတွေ မရှိပါဘူး..F 12 ပါပဲ..F12 တွေကို အဆင်.မြှင်.တင် ထုတ်လုပ်နေသလို 491 လို.ခေါ်တဲ့ ဒုံးလက်နက်တင် အမြန်သွား တိုက်ရေယာဉ် ကို Pilot Project အဖြစ် စမ်းသပ်နေပါပြီ..တပ်တော် ၀င်မယ်ဆိုရင် အခုဝင်ချင် အခုရပေမယ်. နည်းပညာဆိုင်ရာ အားနည်းချက်တွေ ဖြစ်လာမှာစိုးလို. စမ်းသပ်မှုတွေ လုပ်နေဆဲပါပဲ..ပြီးရင်တပ်တော်ဝင်မှာပါ…  ဟုသိရသည် ။ထို အမြန်ယာဉ်များကို အိမ်နီးချင်းနိုင်ငံများတွင် ပိုင်ဆိုင်နိုင်ပြီးဖြစ်သလို ရေငုပ်သင်္ဘောဆိုလျှင်လည်း အာဆီယံနိုင်ငံအများစုနှင်. ဘင်္ဂလားဒေ.ရှ်တို.က ပိုင်ဆိုင်ထားနှင်.ပြီးဖြစ်သည် ။ ထိုကိစ္စနှင်. ပတ်သက်၍လည်း  မြန်မာနိုင်ငံအတွက် Sub-Marine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ..ငွေကြေးလိုအပ်ချက်လေးတွေကြောင်. ခဏရပ်ထားတာ..ဒီဘက်ခောတ်ရောက်တော. ဘတ်ဂျက် ရရှိရေးအတွက် လွှတ်တော်ကို စောင်.ရမယ်.သဘောမှာရှိတယ်လွှတ်တော်ကို တင်ရအုံးမှာပါဒီဘက်ခောတ်မှာ ပြည်သူတွေက မျက်စိပွင်. နားပွင်.ဖြစ်နေပါပြီ..ရေငုပ်သင်္ဘောကိစ္စ တွေကိုထောက်ခံတာကို ကျွန်တော်တို.လည်း သဘောကျပါတယ်..သေချာတာက လွှတ်တော်ကို တင်ရပါအုံးမယ်..ကျန်တဲ့အပိုင်းကတော. ကျွန်တော်.ထက် အဆင်.မြင်.တဲ့ အရာရှိကြီးတွေကို ဆက်မေးသင်.ပါတယ.ဟုပြောကြားခဲ့သည်ဟု သိရသည် ။


တပ်မတော် (ရေ)မှ အဆင်.မြှင်.တင်ထားသော Light frigate တစ်စင်းဖြစ်ပြီး Surface Role အတွက် Seaworthiness နှင့် Endurance သင့်တင့်ကောင်းမွန်ပြီး Heli Deck ပါရှိကာ စွမ်းရည်ထက်မြက်သော Weapons နှင့် Systems များ လိုအပ်သလို မြှင့်တင်ပြောင်းလဲနိုင်သော Platform တစ်ခုဖြစ်ပါသည် ( Photo by Moe Htet Myint )

တကယ်တော. ထိုက်သင်.သော လက်နက်အင်အား ပိုင်ဆိုင်ထားခြင်းသည် အရေးအကြောင်း ကြုံကြိုက်လာချိန် တွင် သေချာပေါက်အကျိုးရှိစေနိုင်သလို အချို.သော ပဋိပက္ခ အခြေအနေများကိုပါအဆိုးဆုံးအနေအထားမရောက်ရှိအောင် ရှောင်လွှဲ ပစ်နိုင်စွမ်း ရှိသည်ကို သေသေချာချာ သုံးသပ်ကြည်.လျှင် သိနိုင်ပါသည် ။ မြန်မာနိုင်ငံအနေဖြင်. ကမ်းလွန်ပင်လယ်ပြင် အကျယ်အ၀န်း ပိုင်ဆိုင်မှုပမာဏ မသေးငယ်သလို နိုင်ငံ.အကျိုးစီးပွားအတွက် ကမ်းလွန်စီးပွားရေး လုပ်ငန်းများလည်း ရှိနေပြီး နယ်စပ်လုံခြုံရေးပိုင်းဆိုင်ရာများပါ တာဝန်ယူနေရသလို နိုင်ငံ၏ မဟာဗျုဟာမြောက် တည်နေရာအနေအထား တို.ကြောင်. ပင်လယ်ပြင် ကောင်းစွာ စိုးမိုးနိုင်စွမ်း ရှိနေစေရန် ...နိုင်ငံပိုင်ရေပြင်အားလုံးတို.အား လွှမ်းခြုံ ထိန်းချုပ်ထားနိုင်စွမ်း ရှိနေရန်တို.အတွက် အမြှော်အမြင် ရှိရှိဖြင်. နိုင်ငံတကာ အဆင်.ခောတ်မှီ 3D ရေတပ် တစ်ခုအဖြစ်သို.ရောက်ရှိရန် တစ်ဆင်.ချင်းကြိုးစားသွား၇မည် ဖြစ်သည် ။ 


မြန်မာ့တပ်မတော်(ရေ)မှ ၀၃၇ 1G စစ်ရေယာဉ်များနှင့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်များ အနောက်ပိုင်းပင်လယ်ပြင်အတွင်း လေ့ကျင့်ခန်းပြုလုပ်စဉ် (Photo by Khin Win)

အနိမ်.ဆုံးအဆင်.အနေဖြင်.တော. အိမ်နီးချင်း နိုင်ငံများ၏ ရေတပ်ထက် မသာလွန်လျှင်တောင် ပခုံးချင်းယှဉ်နိုင်သည်. အနေအထား တစ်ခုသို. အလျှင်အမြန် ကြိုးစားမှသာ နိုင်ငံတော်၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ...နိုင်ငံတော် ပိုင်နက်နယ်မြေဆိုင်ရာ...နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ဖြေရှင်းစရာများတွင် စွမ်းအားပြည်.ကူညီဖြေရှင်းနိုင်စွမ်းရှိမည် ဖြစ်ပါသည် ။


Ref ; Myanmar Navy Page , Myanmar Defence Weapons , mmmilitary ,မြ၀တီ &  ပြည်မြန်မာ သတင်းဂျာနယ်

No comments:

Post a Comment