Tuesday, August 20, 2013

ရခိုင်ပြည်နယ် တွင်းက လျို.၀ှက် စစ်သင်တန်းနဲ.အနောက်ဘက်ခြမ်း လုံခြုံရေး အခြေအနေ




ယခုရက်ပိုင်းများအတွင်း မြန်မာနိုင်ငံ တစ်နေရာမှာ ဘာသာရေးအစွန်းရောက် တိုက်ခိုက်ရေးသမား တွေ စစ်ရေးလေ.ကျင်.မှုနဲ. သင်တန်းတွေ ပေးနေတယ် ဆိုတဲ့ သတင်းတွေဟာ နိုင်ငံတကာ သတင်း Media ဌာနတွေမှာပါ ပျံ.နှံ. နေပါတယ်



အူရဒူဘာသာဖြင့် ရေးသားထားသော အင်တာနက် ဖိုရမ်တစ်ခုတွင် ပါရှိတဲ့ ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံ ၂၀ ကျော်အရ တာလီဘန်များဟာ ရိုဟင်ဂျာများလို.ခေါ်တဲ့ မွတ်စလင်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများကို စုစည်းကာ မြန်မာနိုင်ငံအတွင်းရှိ လျှို့ဝှက်နေရာ တစ်ခုတွင် စစ်သင်တန်းများ ပေးနေကြောင်း အိန္ဒိယအခြေစိုက် Asian News International (ANI) သတင်းဌာန၏ ရေးသားမှုကို ဘင်္ဂလားဒေ့ရှ် အင်တာနက် သတင်းစာတစ်စောင်တွင် သြဂုတ် ၁၇ ရက်က ဖော်ပြခဲ့ပါတယ် ။

ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုမှာတော.ဇူလိုင် ၁၂ ရက်က အူရဒူဘာသာဖြင့် ပုံစာရေးထိုးထား ပါရှိခဲ့တဲ့အဆိုပါ ဓာတ်ပုံများကို Bab-e-Islam Jihadi Internet Forum တွင် ဖော်ပြခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းဆိုင်ရာ မီဒီယာသုတေသနသိပ္ပံ (MEMRI) ၏ ဂျီဟက်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှု စောင့်ကြည့်ရေးအဖွဲ့ (JTTM) သုတေသနအဖွဲ့၏ ဖော်ပြချက်အရ သိရပါတယ် ။


MEMRI ဆိုတာ အစ္စလာမ္မစ် အစွန်းရောက် မီဒီယာများမှာ ရေးသားထားသည့် အကြောင်းအရာတွေ လူမှုမီဒီယာများမှာ ဒေသသုံး ဘာသာဖြင့် ချိတ်ဆက်လှုပ်ရှားမှုတွေကို ဘာသာပြန်ခြင်း၊ စောင့်ကြည့်ခြင်းများကို အထူးပြု လုပ်ဆောင်နေသည့် သုတေသနအဖွဲ့ ဖြစ်ပါတယ် ။
ယခု ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံများမှာ လူတစ်စုဟာ မြန်မာနိုင်ငံအတွင်း တစ်နေရာရဲ. စစ်သင်တန်းတစ်ခုမှာ လေ့ကျင့်မှုများ ပြုလုပ်နေတာကို တွေ့မြင်ရပေမယ်.လည်း အဆိုပါ လေ့ကျင့်ရေးစခန်း၏ နေရာကို အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး ။
သင်တန်းသားများက ၀တ်ပြုဆုတောင်းနေတဲ့ ပုံတစ်ပုံကိုလည်း ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါတယ် ။



ဒါ.အပြင်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင်  ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ၁၁ရက် ၇ လပိုင်းတုန်းက့ဖော်ပြထားခဲ့ပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့  ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး  လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ  ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို   ဖော်ပြထားတယ်လို့ ဆိုပါတယ်။
Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI)  အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ၁၆ ရက်နေ့ညနေပိုင်းကစပြီး စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောတယ်လို. သိရပါတယ်။
အဲဒီမြို့နယ်တွေမှာ လုံခြုံရေး စိုးရိမ်ရတာကြောင့် အဲဒီလို လုံခြုံရေး တိုးမြှင့်ချထားလိုက်တာလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက RFA ကိုပြောပါတယ်။
“မသမာသူတွေ ဖျက်ဆီးဖောက်ခွဲမှုမရှိရအောင် ပုံမှန်လုပ်နေကြအလုပ်တွေကို တိုးမြှင့်ချထားတဲ့သဘောပါ၊ ရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ချထားပါတယ်၊ မြို့ကိုလာပြီး တိုက်နိုင်တဲ့သူတွေကို မလုပ်နိုင်အောင်လုပ်တဲ့သဘောပါ”
ဒါ့အပြင် မောင်တောခရိုင် ဌာနဆိုင်ရာရုံးတွေလည်း လုံခြုံရေးသတိထားပြီးနေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဒီလိုပဲ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း စေတီပုထိုးတော်တွေနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးတွေမှာ တနင်္ဂနွေနေ့ ၁၈ရက်နေ. ညနေပိုင်းကစတင်ပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားခဲ့တယ်လို့သိရပါတယ်။
အခုလို လုံခြုံရေး တိုးမြှင့်တာနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်မှာတာဝန်ကျနေတဲ့ တပ်မတော် အရာရှိတစ်ဦးက
"ကျွန်တော်တို့ ဘုရားနဲ့ သာသနိက အဆောက်အဦးတွေ နောက်ပြီးတော့ ထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုအပ်တဲ့ အတွက် လုံခြုံရေးတိုးချလာတာပါ။ဗုဒ္ဓဂါယာ ဗုံးခွဲတာတွေရှိတော့ ကျွန်တော်တို့ ဒီဘက်မှာလည်း မဖြစ်ခင် ကာကွယ်တဲ့ သဘောပါ"
ဒါ့အပြင် မြောက်ဦးမြို့နယ် ကျေးရွာတွေမှာလည်း လုံခြုံရေးအတွက် ပြင်ဆင်လုပ်ဆောင်ဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး အသီးသီးကို မြို့နယ်အာဏာပိုင်တွေက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
ဘူသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က လုံခြုံရေး တိုးမြှင့်ခဲ့ပြီးနောက် အခုလို မြောက်ဦးမြို့နယ်မှာလည်း လုံခြုံရေးတွေတိုးချဲ့တဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။




No comments:

Post a Comment