Monday, August 5, 2013
မြို.လေး၏ အနောက်ပိုင်း သုဿန်သွားလမ်းအား ကွန်ကရစ်ခင်းမည်
ဝါးခယ်မမြို့ အနောက်ပိုင်း သံကြိုးတိုင် ရပ်ကွက်ရှိအများပြည်သူများ မဖြစ်မနေအသုံးပြုနေရသော
သုသာန်ဘက်သွားသည်. လမ်းတစ်ခုအားဦးဝင်းတင် ( ခန့်ညား )..ဦးကျော်တင့်..ဦးစိုးတင့် ( ရှေ့နေ ) နှင့်
ဦးရဲမြင့် ( သံကြိုးတိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး )ဦးဆောင်သော ကုသိုလ်ပြုလုပ်အားဒါန ပေးနေကြသော လုပ်ဆောင်ရာသို့က၀ိသိပ္ပံဆရာတော် နှင်. ဆရာတော်များ ပြီးခဲ့သည်. ရက်ပိုင်းအတွင်းြ
ကွရောက် အားပေးခဲ့ကြပါသည်...
လမ်းအရှည် ပေ ပေါင်း ၁၃၀၀ ကျော်ရှိပါသည်
အလျှား ၁၀ပေ အနံ ၁၀ပေ ထု ၆လက်မကို ၁၀၀၀၀၀ ကျပ်ကုန်ကျမည်ဟု တွက်ချက်ထားသဖြင်. ခန်.မှန်း ကုန်ကျစရိတ် ၁၃,၀၀၀,၀၀၀.( သိန်းတစ်ရာ.သုံးဆယ်)ခန်.ကုန်ကျမည်. သဘောရှိပါသည်....
 ထို.အတွက်ယမန်နေ.က  မန္တလေးကျောင်းဆရာတော် ၊ သာသနာ.တံခွန်ကျောင်းဆရာတော် ၊ က၀ိသိပ္ပံ ဆရာတော် တို.အပါအ၀င် နာယကဆရာတော် ၅ ပါးနှင်. ဦးကြီးမြင်. ၊ ဦးဝင်းတင်တို.ဦးဆောင်ပါဝင်သော ကော်မတီ တစ်ရပ်ဖွဲ.စည်းကာ လတ်တလော ရရှိထားသော အလှုငွေများကို လွှဲပြောင်းပေးခဲ့ပြီး လှုဒါန်းရန် နေရာများကို ယခုရက်အတွင်း ကြေညာမည် ဟုသိရပါသည် ။မြို.နယ် စည်ပင်မှ လမ်းပေ ၅၀၀ ခန်.တာဝန်ယူပေးမည်ဟု သိရပြီး ကျန်အပိုင်းအတွက် ကုသိုလ်ရှင်များငွေဖြင်. ဖြည်.ခင်းရမည်ဖြစ်ပါသည် ။ထို.အပြင် လမ်းအကျယ် ၁၂ပေ ခင်းဖြစ်လျှင် စည်ပင်မှခွင်.ပြု၇န်ပုံငွေမှာ တရားဝင်မြို.တွင်းလမ်းသတ်မှတ်ချက်အရ ၁၀ပေသာ ရန်ပုံငွေခွင်.ပြုသဖြင်. ထိုပေအရှည် ၅၀၀ ၏ အနံ၂ပေအတွက်ပါ တာဝန်ယူရမည်ဖြစ်သည်ဟု သိရပါသည်။
(အချက်အလက်များ ပြောကြားပေးပါသော က၀ိသိပ္ပံ ဆရာတော်အား ကျေးဇူးတင်ရှိပါသည် )
No comments:
Post a Comment