Monday, August 12, 2013

ဘာသာပေါင်းစုံ ချစ်ကြည်ရေးလမ်းအတွက်ကြိုးစားမှု (သို.) သုဿာန်လမ်း ကွန်ကရစ်ခင်းရန် တိုင်ပင်ညှိုနှိုင်း အလှုခံခြင်း


ဝါးခယ်မမြို. အနောက်ပိုင်း သုဿာန်လမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင်.မြှင်.တင်ရန် ကော်မတီ အတွင်းရေးမှုးဖြစ်သူ ဦးဝင်းတင် နှင်. ရန်ကုန်ရှိ ၀ါးခယ်မဖွားအချို.  ၁၁ရက် ၈လ ၂၀၁၃နေ.နံနက် ၉နာရီ ကရန်ကုန်မြို. အလုံမြို.နယ် သခင်မြပန်းခြံအနီး စိတ်တိုင်းကျ လဘက်ရည်ဆိုင်တွင်  တွေ.ဆုံညှိုနှိုင်းပွဲ ပြုလုပ်ခဲ့ရာတွင်ဦးဝင်းတင်နှင်.အတူ ကိုအောင်ကြီး ၊ကိုကျော်ကြီး ၊ကိုအောင်ဆွေမြင်. ၊ ကိုကြည်ဇင် ၊ကိုခင်မောင်မြင်. ၊ကိုဇော်လင်း ၊ဒေါက်တာအေးအေးမြင်. ၊ ဒေါ်မေစုသာ ၊ဒေါ်သန္တာအေး နှင်. ဒေါ်နီလာတင်တို. တက်ရောက်ဆွေးနွေးခဲ့ကြပါသည် ။

ယခင်က သုဿာန်လမ်း တည်ရှိပုံနှင်. မြန်မာသုဿာန်ရှေ.ရှိ ညောင်ပင်အိုနှင်. လမ်းနှစ်ခွ
ထိုသို.ဆွေးနွေးကြရာတွင် လမ်းကို ၁၀ပေ (သို.) ၁၂ပေ  အကျယ်ခင်းမည်.ကိစ္စနှင်.ပတ်သက်၍ ထိုလမ်းအနေဖြင်. မျက်နှာချင်းဆိုင် ရှောင်တိမ်း၇န် (သို.)အပြိုင်ကျော်တက်သွားလာရန် လိုအပ်သော လမ်းမျိုးမဟုတ်သဖြင်. ၁၀ပေအကျယ်သာခင်းသင်.ကြောင်းနှင်. ထိုအစား သုဿာန်အ၀င်ဝ များတွင်သာ ရှောင်လမ်းအတွက် နေရာကျယ်များပြုလုပ်ခြင်းကသာ ပိုကောင်းမည်ထင်ကြောင်း ၊၁၂ ပေခင်းမည်ဆိုလျှင် စည်ပင်ခင်းပေးမည်. ပေ ၅၁၀ အတွက် ၂ပေ×၅၁၀ပေ လိုက်ခင်းပေး၇မည်ဖြစ်သလို (စည်ပင်၏ မြို.တွင်းလမ်း ဘတ်ဂျက်ခွင်.ပြု ငွေမှာ၁၀ပေသာဖြစ်သည် ) မြို.လူထု ခင်းရမည်. ပေ ၈၀၀ ကျော်အတွက်လည်း ၂ပေ×၈၀၀ ပေ ပိုခင်းရမည်ဖြစ်သဖြင်. ထို၂ပေအတွက် အပိုကုန်ကျမည်.ငွေမှာ သိန်း၃၀ ခန်. ထပ်မံလိုအပ်မည်ဖြစ်သဖြင်. ထည်.သွင်းစဉ်းစားရန် အကြံပြုကြသည်။

ယခုလက်ရှိ ထိုနေရာကို ချဲ.ထွင်ရန် ပြင်ဆင်နေပုံ

မြို.လူထု တာဝန်ယူခင်း၇မည်. ပေ၈၀၀ ကျော်(၈၀၀ပေ×၁၀ပေ×၆လက်မ)အတွက် ခန်.မှန်းကုန်ကျငွေမှာ ၉၅ သိန်းခန်.ဟု ခန်.မှန်းထားကြောင်းနှင်. ထိုကုန်ကျငွေများတွင် လက်ရှိလမ်းခင်းနေစဉ် လမ်းလွှဲအသုံးပြုမည်. လမ်းနှင်. တံတား တစ်စင်း ပြုပြင်ခြင်း ၊ကွန်ကရစ်လမ်းခင်းပြီးချိန်တွင် လမ်းဘေး ၀ဲ/ယာ တွင် အရိပ်ရ အကြီးမြန် အပင်များနှင်. နှစ်ရှည်ပင် ၁၀၀ ခန်.စိုက်ပျိုးခြင်း ၊ထိုအပင်အောက်ခြေ (အထူးသဖြင်. သချိုင်း ၀င်ပေါက်နားများရှိ သစ်ပင်အောက်ခြေများ )များတွင် အသုဘ လာရောက်ပို.သူများ နားနေနိုင်ရန် ၊ အသုဘရှင်များ မှ ဧည်.သည်များကို ကမ်းရန် ပစ္စည်းများ တင်နိုင်ရန် ခုံများပြုလုပ်ပေးရန် စသည်တို.ပါဝင်ကြောင်း လက်ရှိ ယနေ.အချိန်ထိ အလှုငွေ သိန်း၅၀ခန်. (အချို.မှာ လက်ဝယ်ရရှိပြီး ၊အချို.မှာ နှုတ်ကတိရရှိပြီး) ရရှိထားပြီး ကျန်လိုအပ်ငွေများအတွက် ရန်ကုန်ဘက်ခြမ်းရှိ ၀ါးခယ်မဖွားများ တတ်နိုင်သမျှ ကိုယ်တိုင်ပါဝင်လှုဒါန်းခြင်း အပြင် အပေါင်းအသင်းမိတ်ဆွေများအား နှိုးဆော်ပေးခြင်း စသည်တို.ပြုလုပ်ပေးပါရန်တို. ကို ကော်မတီအတွင်းရေးမှုးက ရှင်းပြပါသည်။

ပင်မလမ်း ခင်းစဉ် အသုံးပြုမည်. လမ်းလွှဲ အသင်.ပြင်နေပုံ
မြို.ရှိ အဖွဲ.အစည်းအနေဖြင်. ကွန်ကရစ်ခင်းမည်. ပင်မလမ်းမကြီး အားလမ်းသားဖော်ခြင်း ၊ ပင်မလမ်းမကြီးဘေး ၅ပေ/၆ပေခန်.ထိ ရှင်းလင်းခြင်းတို.ကို ပြီးခဲ့သည်.တစ် လခန်.ကပင်တစ်ပတ်နီးပါး အချိန်ယူ  ပြုလုပ်ထားခဲ့ပြီး သံကြိုးတိုင် ကမ်းနားလမ်း ဘက်မှ ပတ်ဝင်ရမည်.လမ်း ပေ ၁၅၀ ခန်. အားအုတ်ကျိုး ၊ သဲ ၊ ကျောက်စရစ် တို.ဖြင်. ပြင်ဆင်ဖြည်.ခင်းထားပြီးဖြစ်ကြောင်း ၊လိုအပ်သော သစ် ၊ အုတ်ကျိုး စသည်တို.ကို လှုဒါန်းကြသူများရှိသလို စည်ပင်မှလည်း ၁၀တန် လမ်းကြိတ်စက်ဖြင်. ကူညီကြိတ်ခင်းပေးခဲ့ခြင်းတို.ကြောင်. အတော်ခြိုးခြံနိုင်ခဲ့ကြောင်း ၊ ထို.အပြင် သချိုင်း ၀ လမ်းဆုံရှိ ညောင်ပင်မှ နတ်စင်များကိုပါ နေရာရွှေ.ပေးခဲ့ရကြောင်း ၊အမှန်က ဤလမ်းခင်းရန် စိတ်ကူးကို သဂြိုဟ် စက် တည်ဆောက်စဉ်ကပင် ဘုန်းတော်ကြီးများက တစ်ပါတည်း အကောင်အထည်ဖော်ရန် ဖြစ်သော်လည်း ကုန်ကျစရိတ် ပိုင်းကြောင်. နှောင်.နှေးနေခဲ့ရကြောင်း ၊စည်ပင်သာယာ အနေဖြင်.လည်း ခွင်.ပြု၇န်ပုံငွေ အခက်အခဲရှိခဲ့ကြောင်း ၊သို.သော် ယခုနှစ်တွင်မူ စည်ပင်အနေဖြင်. ခွင်.ပြု၇န်ပုံငွေ တင်ရာ ခွင်.ပြုချက်ကျလာသဖြင်. စည်ပင်အနေဖြင်. ပေ ၅၁၀  ခင်းပေးနိုင်မည်ဖြစ်ပြီး ကျန်လမ်းပိုင်းအား တာဝန်ယူခင်းနိုင်ခြင်း ရှိ/မရှိ မေးရာ ဖြစ်နိုင်ကြောင်း တာဝန်ယူခဲ့ကြကြောင်း ထို.အတွက်ကော်မတီကိုလည်း မည်သို.ဖွဲ.စည်းခဲ့ကြကြောင်း ရှင်းပြခဲ့သည်


တက်ရောက်သူများက ထိုလမ်းရေရှည်ခံ၇န် လမ်းဘေးသားကိုပါ ကွန်ကရစ် အပါးလောင်းထားသင်.ကြောင်း နှင်. လမ်းဘေးရေမြောင်းမှ မြေသားတွင်းရေစိမ်.၀င်နိုင်သည်.အတွက် လမ်းအောက်ခြေမြေသားပျော.ပြီး ကွန်ကရစ် လမ်းကျိုးသွားနိုင်ကြောင်း ဆွေးနွေးဖြစ်ကြသော်လည်း ထိုကုန်ကျစရိတ်တို.သည် လမ်းကုန်ကျစ၇ိတ်နီးပါး ထပ်မံကုန်ကျနိုင်သောကြောင်. ထည်.သွင်းစဉ်းစားရန်အဖြစ်သာဆွေးနွေးခဲ့ကြသည် ။

လမ်းလွှဲရှိ တံတားပြင်ဆင်နေပုံနှင်. နာယက ဆရာတော်များ လာရောက်အားပေးကြည်.ရှုနေပုံ

                                           
ရန်ကုန်ဘက်ခြမ်းမှနေ၍ အချို.က အစည်းအဝေးတွင် တိုက်ရိုက်ထည်.ကြသော်လည်း ထိုငွေကြေးအားလုံးကို ကိုကြည်စင် မှ တာဝန်ယူ စုဆောင်း ၍နောက်တစ်ပတ်အတွင်း လွဲပြောင်းပေး၇န် တာဝန်ယူခဲ့ပါသည်

ဝါးခယ်မဘက်ခြမ်းတွင်မူ နာယကဆရာတော် ၅ ပါးနှင်. ဦးကြီးမြင်. ၊ ဒေါ်နွဲ. တို.ထံ လှုဒါန်းနိုင်သလို ယခုရက်ပိုင်းအတွင်းတွင်ပင် လက်ရှိလုပ်ကိုင်နေသော လမ်းအနီးတွင်ပင် မဏ္ဍပ်ထိုး၍ အဆင်.အတန်းမရွေးပါဝင်လှုဒါန်းနိုင်ရန်လည်း စီစဉ်သွားမည်ဟု သိရပါသည် ။

ယခုပုံတွင်မြင်ရသည်.အတိုင်း ကမ်းနားဘက်ဆုံးမှာ မြန်မာသုဿာန်-ဇရပ်-သဂြိုဟ်စက်တို. တည်ရှိနေပြီး ထိုဘေးမှအဖြူရောင်မှာ အုတ်လမ်းဖြစ်ကာ ထိုလမ်းအဆုံးတွင် မွတ်စလင်ဇရပ်နှင်. သုဿာန် ထိုဘေးကွက်လပ်ကျယ် နှင်. အုတ်ဂူဖြူဖြူများမှာ တရုပ်သုဿာန်ဖြစ်ပြီး ထိုဘေးကွက်လပ်ကျယ်မှာ ခရစ်စယာန်သုဿာန်ဖြစ်ပါသည် ။ယခုကွန်ကရစ်ခင်းမည်.လမ်းမှာ မြင်နေ၇သော ပင်မလမ်းမကြီးဖြစ်ပြီး တြိဂံ ပုံချွန်းမှ ထွက်သွားသောလမ်းမှာ လမ်းလွှဲအဖြစ်သုံးမည်. လမ်းဖြစ်ပါသည်

တစ်ခုဂုဏ်ယူစရာ ကောင်းသည်က ၍လမ်းကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးလမ်းဟုပင် ခေါ်၇မည်လားတောင်မသိ ။မြို.လေးရှိ သချိုင်းဖွဲ.စည်းပုံက ပထမဆုံး ခရစ်စယာန်သချိုင်း ၊ ထို.နောက် တရုပ်သချိုင်း ၊ပြီးလျှင် မွတ်စလင်သချိုင်း နောက်ဆုံးမြစ်ဘက်ခြမ်းတွင် မြန်မာသချိုင်းဟူ၍ အစဉ်လိုက် တည်ထားခြင်းဖြစ်သဖြင်. ထိုလမ်းသည် ဘာသာစုံ ၊ လူမျိုးစုံ တို. မဖြစ်မနေအသုံးပြုနေရသည်.လမ်းဖြစ်သည်.အလျှောက် ထိုလမ်းလေးကောင်းမွန်စွာ ပေါ်ပေါက်လာရေးအတွက်လည်း ဘာသာပေါင်းစုံက အားလုံး ပူးပေါင်း ထည်.၀င်ပေးကြမည်ဟု သိရပြီး ယခုလက်ရှိတွင်တော. မွတ်စလင်ဘာသာရေးအဖွဲ.အစည်းက ထည်.၀င်ပြီးဖြစ်ပြီး ကျန် အဖွဲ.များလည်း စီစဉ်လျှက်ရှိသည်ဟုသိရပါသည်။တစ်မြေတည်.နေ တစ်ေ၇တည်း သောက်ခဲ့ကြပြီးအစဉ်အဆက် ချစ်ကြည်စွာ နေထိုင်ခဲ့ကြသူတစ် မြို.တည်းသား တို.၏ စည်းလုံးစွာကြိုးစားမှု တစ်ခုအဖြစ်မြင်ရတော.မည်ဖြစ်သည် ။

ဆက်စပ်ဖတ်ရှုရန် -အနောက်ပိုင်း သုဿာန်သွားလမ်းအား ကွန်ကရစ်ခင်းမည် 

No comments:

Post a Comment