Sunday, August 25, 2013
နိုင်ငံတော် ဘာသာနေ. နှင်. ၀ါးခယ်မ မြို.လေး၏ အစီအစဉ် အချို.
နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည့်နေ့ရက်မှာ ၁၃၂၃ ခုနှစ်၊၀ါခေါင်လပြည့် (1961  - August - 26  )စနေနေ့ဖြစ်ပါသည် ။ထို ဥပဒေတွင် ရေးသားထားသည်မှာ
နိုင်ငံတော်ဘာသာ ပြဌာန်းသည့်ဥပဒေ
၁၉၆၁ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေ။ပုဒ်မ ၂၁၊ပုဒ်မခွဲ ၁ အစားထည့်သွင်းရမည့်စာသား.. ပုဒ်မခွဲ(၁) ဗုဒ္ဒသာသာ သာသနာတော်သည် နိုင်ငံတော် ၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။
Photo by Aung Myint ( SS Avenue)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား။
ပုဒ်မ ၃၆၁ -နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာနိုင်ငံတော်ကို နိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သောဂုဏ်ထူးဝိသေသနှင့်ပြည်စုံသည့် ဘာသာသာနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်။
နိုင်ငံတော်ဘာသာ အက်ဥပဒေကို 
၂၆-၈-၁၉၆၁   တွင်ကျင်းပသော ပြည်ထောင်စုအစိုးရ၊လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံအစည်းအဝေး တွင် ထောက်ခံမဲ၃၂၄မဲ၊ကန့်ကွက်မဲ ၂၈ မဲဖြင့် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။
ထိုသို.ပြဋ္ဌာန်းနိုင်ရန် အစဉ်အဆက် ကြိုးစား ခဲ့ကြပုံများမှာ
By Maythu Soe
 လွတ်လပ်ရေးအကြိုကာလ အင်္ဂလိမ်အစိုးရ ခေတ်ကပင် မြန်မာတိုင်းရင်းသား၊ ရဟန်းရှင်လူ အပေါင်းတို့က
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာြ
ပဌာ်းရေးအတွက် နိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ပထမဆုံး၁၉၄၇ ခုနှစ်  မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့် အခါတွင် ဗုဒ္ဓဘာသာကို နီင်ငံတော်ဘာသာအဖြစ်ပြဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
 ၁၉၅၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် တွင် ပြည့်သူ့လွှတ်တော်၌ ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စုမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာအဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည် ။ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီးဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့။
သို.နှင်. ၁၉၅၅   ခုနှစ်တွင် သံမဏိဦးဝင်းမောင်နှင့် သခင်ဘသောင်း တို့ တည်ထောင်သော ရီပတ်ဘလစ်ကင် ပါတီ၊ ၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီးကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်၁၉၅၉ တွင် သီပေါမင်း၏ တတိယ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယက အဖြစ် ဆောင်ရွက်သော နိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့တို့က နိင်ငံတော် ဘာသာ ပြဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
Photo by Kozaw Lin
၁၉၆၀ တွင် နိုင်ငံတော်ဘာသာပြဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့ နှင့် စုံစမ်းရေးကော်မရှင်များ ကိုဖွဲ့စည်းခဲ့သည်။၁၉၆၁ခုနှစ်၊သြဂုတ်လ ၁၇ ရက်တွငိ နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀ါးခယ်မသား နိုင်ငံတော်ဝန်ကြီးချု့ပ်ဦးနု က လွတ်တော်တွင် တင်သွင်းခဲ့သည်။
၁၉၆၁ခုနှစ်၊ သြဂုတ်လ ၂၆ရက်တွင် လွှတ်တော်နှစ်ရပ်တွင် မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတ အိမ်တော် တွင် မွန်းလွဲ ၁နာရီအချိန် သမ္မတဦးဝင်းမောင် က အခမ်းအနားဖြင့် လက်မှတ်ရေး ထိုးပြဌာန်းခဲ့ပါသည်။
ထို လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်ခဲ့သော နေ.ကို ဗုဒ္ဓဘာသာနေ. အဖြစ် သတ်မှတ် ဂုဏ်ပြု ကျင်းပကြခြင်းဖြစ်သည် ။
ယခုနှစ်မှစ၍ နိုင်ငံတော်ဘာသာနေ.ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင်.ပြန်လည် ကျင်းပကြခြင်းဖြစ်သည်။
ထိုသို.ကျင်းပရာတွင် အမျိုးဘာသာ သာသနာနှင်. နိုင်ငံတော်ကို မြတ်နိုးတန်ဖိုးထား၍ ကာကွယ်စောင်.ရှောက်လိုစိတ်များ ထက်သန်စေရန် ...ယဉ်ကျေးသော ဘာသာတရား အဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်နိုင်ကြစေရန် ....ဗုဒ္ဓဘာသာ ၀င်များ၏ စည်လုံးညီညွတ်သော စိတ်ဓါတ်အင်အားကို မေတ္တာ တရားဖြင်.တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဟူသော ၇ည်ရွယ်ချက်များဖြင်. ကျင်းပကြခြင်းဖြစ်သည် ။
မြို.ရွာများတွင် သာသနား.အလံများ လွှင်.တင်ခြင်း ..ကြော်ငြာ ဆိုင်းဘုတ်များချိတ်ဆွဲခြင်း ၊စိုက်ထူခြင်း ( အချို.နေရာများတွင် ဦးနု ၊ဦးဝင်းမောင်တို.၏ ပုံများပါ ထည်.သွင်း စိုက်ထူခြင်း )..ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်ကြခြင်းတို.ဖြင်. ၂၆ ရက် ၈ လ ၂၀၁၃ တွင်ကျရောက်မည်. ၅၂ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ. ကို ကြိုဆို ကျင်းပနေကြသည် ။
Photo by Maung Maung
 ယနေ.မနက်အစောပိုင်းက သာသနာ.မာမက အဖွဲ.၀င်များက သကျမဟာသီရိ ဘုရားကြီးအတွင်း ဆွမ်းဆက်ကပ်လှုဒါန်းမှုများဖြင်. မွန်မြတ်သော လုပ်ဆောင်ဖွယ်တို.ကို စတင်ခဲ့ပါသည် ။မနက် ၇ နာရီ မှစ၍ နောင်တော်ကြီး တန်ဆောင်းတွင် ၀တ်အသင်းအဖွဲ.များက ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ခဲ့ပါသည် ။ ထို.အပြင် မြို.တွင်း လမ်းများတွင် သဒ္ဓမ္မ၀ံသ ရက္ခိတ အသင်းမှ ဦးဆောင်၍ သာသနာ.အလံများ စိုက်ထူခြင်းတို.ပြုလုပ်ခဲ့ပါသည်။ ထို.အပြင် ယနေ.နေ.လည်ပိုင်းတွင် မြသိန်းတန် ဘုရားလမ်းတွင် စတုဒိသာ ကျွေးမွေးလှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည် ။မွန်းလွဲ ၃ နာရီတွင် မနက်ဖြန် အစီစဉ်များအတွက် အသေးစိပ် အကြိုညှိုနှိုင်း ခြင်းများပြုလုပ်ခဲ့ကြပါသည် ။ ယနေ. ညနေ ၆ နာရီမှစ၍  မနက်ဖြန် (၂၆-၈-၂၀၁၃) မနက် ၆နာရီထိ ရဟန်းသံဃာတော်များက ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်မည်ဖြစ်ပါသည် ။
ယနေ.မနက် သာသနာ. မာမက အဖွဲ.၏ အလှုတော်
 ၂၆ -၈ -၂၀၁၃ နေ.မနက် အာရုဏ်ဆွမ်း ဆက်ကပ်လှုဒါန်းမှုကို အလှုရှင် တစ်ဦးက ဦးဆောင်၍ အများကောင်းမှုဖြင်. ဆက်ကပ်လှုဒါန်းမည် ဖြစ်ပါသည် ။ မနက်ပိုင်းမှစ၍ ထိုနောင်တော်ကြီးတန်ဆောင်းအတွင်းတွင်ပင် ၀တ်ရွတ်အသင်းတို.က ပရိတ် ၊ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ အစီအစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်သည် ။ကျေးငှက်များ ဘေးမဲ့လွှတ်ခြင်းကဲ့သို. အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ထိုနေ. နေ.လည် ၃ နာရီတွင်နိုင်ငံတော်ဘာသာနေ. အထိမ်းအမှတ် အစည်းအဝေးကို ရဟန်းသံဃာတော်များ ၊ လူထု ပရိသတ်များ စုပေါင်းကျင်းပမည်ဖြစ်ပါသည် ။ထိုအစည်းအဝေးပြီးဆုံးသည်နှင်. မြို.တွင်းတွင် မြသိန်းတန် ဘုရားလမ်း ၊ ပဏ္ဍိတာရုံကျောင်းရှေ. ၊ သဒါကြည်ဖြူ ဆွမ်းလောင်းမဏ္ဍပ်ရှေ. ၊ မြို.မကျောင်းရှေ. ၊ မြို.တစ်ဖက်ကမ်း ရွာသစ်ရပ်ကွက် တို.တွင် ဘာသာနေ.အထမ်းအမှတ် စတုဒိသာ ကျွေးမွေးပွဲများ ၊ နိဗာန်ဈေးများ ဖွင်.လှစ် ကောင်းမှု ကုသိလ်ပြုကြမည်ဖြစ်ပါသည်။ ထို.နောက် ညနေ ၅ နာရိခန်.မှစ၍ မြို.သူမြို.သား ၇ ရက်သားသမီးများ ၊ မြန်မာနိုင်ငံသူ/နိုင်ငံသားများ ၊ ကမ္ဘာသူ/သား များ အေးချမ်းစေ၇န် ၊ ဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် ရဟန်းသံဃာတော်များမှ မြို.အတွင်း မော်တော်ကားဖြင်. လှည်.လည်၍ အန္တရာယ်ကင်း မေတ္တာသုတ် ရွတ်ဖတ်ခြင်းနှင်. မေတ္တာပို. ရွတ်ဆိုခြင်းများ ပြုလုပ်မည်ဖြစ်ပါသည် ။
No comments:
Post a Comment