Monday, October 1, 2012

သော်က စေတိတော်၏ စိန်ဖူးတော်နှင်. ထီးတော်မြတ်

                             (  နောက်ဆုံးတင်လှုပူဇော်ထားခဲ့သော စိန်ဖူးတော် )
ဘုရား ကို ပြန်လည် တွေ.ရှိ ပူဇော်ခွင်. ရစေခဲ့သော ဒုတိယမြောက် ဘုရားဒါယကာ ဦးရွှေ ကိုင်း သည် သားဖြစ်သူရှေ.နေ ဦးမောင်ကြီး ကွယ်လွန်ခဲ့သဖြင်. စေတီတော်ကြိး ရည်မှန်း ဥာဏ်တော် မရောက်မီ အပြီးသတ် ထီးတော် တင်လှု ခဲ့ရခြင်းဖြစ်ရာ စေတီတော်ကြီး ပြီးပြည်.စုံရန် ၂၀၀၈ ခုနှစ် ၁၀၂ နှစ်ပြည်. ဗုဒ္ဓပူဇနိယ ပွဲတော် မတိုင်မီ ဆရာတော်ကြီးများ၏ သြ၀ါဒ ကိုခံယူလျှက် အိမ်မဲမြို. သစ္စာဓိဌာန် နယ်လှည်. သာသနာပြု တကောဆရာတော် ဦးဝိလာသ ၏ ဦးဆောင်မှုဖြင်. နာယက..ဂေါပက အဖွဲ.များသည် မူလစေတီတော်ကြီး၏ ဥာဏ်တော် မြှင်.တင်ခြင်း ... .စိန်ဖူးတော် အသစ်ထပ်မံမွမ်းမ့လှုဒါန်းခြင်း ....၀ါးခယ်မမြို. မြသိဒ္ဓိ ဆန်စက်ပိုင်ရှင် ဦးကိုကိုလေး+(ဒေါ်ကြင်လှိုင်) မိသားစုတို.၏ လှုဒါန်း ပူဇော် မှုဖြင်. ထီးတော်ကြီးတွင် ဒုတိယဆင်. Steel ရွှေထီးတော်ကြီး ထပ်ဆင်. ဖြည်.စွက် ပြုပြင် လှုဒါန်းခြင်း.တို.ပြုလုပ်ခဲ့ပါသည်...ဒုတိယ ဒါယကာ ဦးရွှေကိုင်း လှုဒါန်းပူဇော်ခဲ့သော စိန်ဖူးတော်မှာ မသမာသူများ ခိုးယူခံရသဖြင်. သစ်သားဖြင်. အစားထိုးပူဇော် ထားခဲ့ရာမှ နှစ်ကြာလာသောအခါ ပျက်စီးယိုယွင်းလာသဖြင်. သာသနာ.ဟိတကာရီ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ စန္ဒောဘာသ ဆရာတော်ကြီးမှ သံကြိုးတိုင် ကမ်းနားလမ်းနေ (ဦးကင်မင်း)+ဒေါ်ကြင်ပိုင်..မောင် .ညီမ.သား.သမီး.မြေး (မက်စ်ကော. Company ) တို.အားတိုက်တွန်းမေတ္တာရပ်ခံရာ (ဦးကင်မင်း)+ဒေါ်ကြင်ပိုင် မိသားစုနှင်. အများကောင်းမှုပေါင်းကာ ကြေးသွန်းပုံသွင်းထားသော စိန်ဖူးတော် ကို ရတနာများ မွမ်းမံ စီချယ်ပြီး ၁၃၆၅ ကဆုန်လပြည်.နေ. (၁၅.၅.၂၀၀၃) ကြာသပတေးနေ.တွင် စိန်ဖူးတော်သစ်တင်လှုပွဲ ကိုစည်ကားစွာကျင်းပနိုင်ခဲ့ပါသည် ...စိန်ဖူးတော် တန်ဘိုးမှာ ၇ သိန်းကျော် ကုန်ကျခဲ့ပြီး လှုဒါန်းမှု အစုစု ကုန်ကျငွေမှာ ကျပ် သိန်းနှစ်ဆယ်ကျော်ဖြစ်ပါသည်..အသစ် မွမ်းမံ တင်လှုသော စိန်ဖူးတော် မှာမူ ရွှေစင် ရွှေသား ၃၁ ကျပ် ၂ ပဲ ၂ ရွေ့းသားကို ရွှေပြားခတ်ကာ မူလစိန်ဖူးတော် လုံးအား ငုံ၍ ရွှေဖယုံသီး သဏ္ဍာန် မွမ်းမံ ပြင်ဆင်ထားပြီး စိန်.မြ.ပတ္တမြား န၀ရတ် ကိုးပါးရတနာများ ထပ်မံစီခြယ်လျှက် ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် ၀ါးခယ်မမြို.နယ်မှ အလှုရှင် အများကောင်းမှုဖြင်. ကျပ် ( ၁၇၉၉၃၁၂၅ ) အကုန်ကျခံ လှုဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်..စေတီတော်၏ မူလ ထီးတော်ကြီးမှာ ကနက္ကဒါန် ထီးပုံသဏ္ဍာန်ဖြင်. ထီးပွင်. နှစ်ဆင်.ပါသော ထီးတော်ကြီးဖြစ်ပါသည်..ယင်းနှစ်ဆင်.၏ အလည်တွင် ဒုတိယဆင်. ထီးပွင်.ကို အသစ်ပြုလုပ် မွမ်းမံဖြည်.စွက်ခဲ့ပါသည်...ထီးတော်ကြီး၏ အမြင်.မှာ ၅၇ ပေ ၁၀ လက်မ ဖြစ်ပြီး အသစ်တပ်ဆင်ထားသည်. ပိန္တွဲတိုင် သံမဏိချောင်းမှာ လုံးပတ် ၂ လက်မ အရှည် ၅၁ပေ ၄လက်မ ရှိသည်..ဒုတိယဆင်.ထီးပွင်.တန်ဘိုးမှာ (၈၂၀၀၀၀) ဖြစ်ပါသည်..မူလထီးတော်ကြီးမွမ်းမံခြင်း ရွှေသင်္ကန်း ကပ်လှုခြင်းတို.အတွက် ကျပ်( ၁၇၄၆၅၀၀၀) နှင်. ဖောင်းရစ် ကြာမှောက်ကြာလံ ငှက်ပျောဖူး ဥာဏ်တော် မြှင်.တင်ခြင်းအတွက် ငွေကျပ် (၁၀၉၀၄၈၀၀) ကုန်ကျခဲ့ပြီးအများကောင်းမှုဖြင်. လှုဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်..ယခု လက်ရှိစေတီတော် ၏ ဥာဏ်တော်မှာ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၁၆၂ ပေ (၁၀၈တောင်)ဖြစ်ပါသည်                           

                         
                               
ရွှေထီးတော် စိန်ဖူးတော် တင်လှု ပူဇော်ပွဲ အခမ်းအနားကို သာသနာသက္ကရာဇ် ၂၅၅၂ မြန်မာသက္ကရာဇ် ၁၃၇၀ ပြည်. ပေါင်းလဆန်း ၈ ရက်အင်္ဂါနေ.(၃.၃.၂၀၀၉)မှ တပေါင်းလပြည်.ကျော် ၁ ရက် (၁၁.၃.၂၀၀၉) ထိ ၉ ရက်တိုင်တိုင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်     ..ထိုပွဲတော်တွင် စိန်ဖူးတော်မြတ်..ရွှေသက်န်း လုံးတော်ပြည်. ပူဇော်ထားသော ထီးတော်..ငှက်ပျောဖူး ဖောင်းရစ် ကြာမှောက်ကြာလှန် မွမ်းမံလျှက်ဥာဏ်တော်မြှင်.တင်ခြင်း ..၀ိဇ္ဇာမယကျောင်းဆောင်အပါအ၀င် ရေစက်သွန်းချ လှုဒါန်းခဲ့သော တန်ဘိုးစုစုပေါင်းမှာ (၁၀၇၁၇၄၇၉၂) သိန်းတစ်ထောင်.ခုနှစ်ဆယ်.တစ်နှင်. ခုနှစ်သောင်းလေးထောင်ခုနှစ်ရာ ကိုးဆယ်နှစ် ကျပ် ဖြစ်ပါသည်...ရေစက်သွန်းချပွဲကို ၂၀၀၉ မတ်လ ၁၅ ရက်နေ.က ကျင်းပနိုင်ခဲ့ပါသည်..

No comments:

Post a Comment