Wednesday, October 3, 2012

ဝါးခယ်မ ဇာတိဖွား ကောလိပ်စိန်

                  ဂရိတ် ဦးဖိုးစိန်နှင်. နှစ်၂၀ ကျော် တွဲဖက်ညီ ရပ်တည်ပေးခဲ့သော
        ဘ၀အားမှန်ကန်စွာပိုင်းခြား ရပ်တည်နိုင်ခဲ့သူ
              
မြန်မာပြည်ဘုရင်ခံများ၏ ရွှေတံဆိပ်ရှင် 

                                                                 ကောလိပ်စိန်    


ဂရိတ် ဦးဖိုးစိန် နှင့် ကောလိပ်စိန် တို.၏ ကကွက်
                               

 ပြီးခဲ့သည်. လပိုင်း များက ဂရိတ်ဦးဖိုးစိန်ကြီး၏ နှစ်
၁၃၀ပြည်. ဂုဏ်ပြုတင်ဆက်ပွဲကြီးကို စိန်မဟာသဘင်မှ ဦးစီးပြီးဦးဖိုးစိန်ကြီး၏
မျိုးဆက်များမှအမျိုးသားဇာတ်ရုံကြီးတွင် ထူးထူးခြားခြားတင်ဆက်သွားခဲ့ပါသည်...လက်မှတ်တစ်စောင် သောင်းချီရောင်းသော်လည်း အားပေးသူများက နှစ်ရက်လုံး များပြားစွာ အားပေးချီးမြှင်.ခဲ့ကြပါသည်....ကဇာတ်ရုံအသုံးပြုခပင်လျှင် တစ်ည ၁၀ သိန်း ကျသင်.သောရုံကြီးတွင် လွန်ခဲ့သော နှစ် ၁၃၀ ခန်.က လူတစ်ယောက်ကို အကြောင်းပြုပေါ်ပေါက်ခဲ.သော ခမ်းနားသည်.ပွဲက ထိုသူ၏ ဂုဏ်ကို ထင်ရှားစွာဖော်ပြနေသလိုပင်....သို.သော် ထိုပညာရှင်ကြီးနှင်. နှစ်၂၀ ခန်. အနုပညာအထောက်အပံ. ပေးခဲ့သူ..မင်းသမီးကြီးတစ်ဦးကတော. ......

                                      

နောင်တစ်ချိန်တွင် ကောလိပ်စိန် ဟုအမည်တွင်မည်. ဒေါ်မြလွင်ကို ၁၂၆၈ (၁၉၀၆ ခုနှစ်ခန်.) ၀ါခေါင်လဆန်း ၁၀ ရက်သောကြာနေ. တွင် ဦးဖိုးရုန်း-ဒေါ်မှန် တို.မှ ၀ါးခယ်မမြို.အနီး ထီးပနန်းရွာလေးတွင် မွေးဖွားခဲ့ပါသည်.....မွေးချင်း ၈ ယောက်အနက် အငယ်ဆုံး အထွေးဆုံး သမီးလေးဖြစ်ပြီး သောကြာနေ.တွင်မွေးဖွားခဲ့သူ အားဖခင်က မဟင်္သာ ဟု အမည်ပေးခဲ့ပါသည်.....တောက်မည်.မီးခဲ တရဲရဲ ဆိုသကဲ့သို. ငယ်စဉ်ကပင် အဆို အက ၀ါသနာပါသဖြင်. အသက် ၁၂ နှစ် အရွယ် ၌ မြစ်ဝကျွန်းပေါ် ဒေသ တစ်လျှောက် တောမင်းသမီးလေးအဖြစ် လှည်.လည်ကပြနိုင်ခဲ့ပါသည်.....ထိုစဉ် ရန်ကုန်မှ အငြိမ်.ဆရာ ဦးဖိုးသင်မှ တွေ.မြင် စင်တင်ပြီး မြလွင် အမည်ဖြင်. အငြိမ်.ကလာခဲ့ရာမှ တစ်နှစ်ခန်.အကြာတွင် အထူးကျော်ကြားလာပြီး ကောလိပ်ကျောင်းသားများ အကြိုက် ကပြနိုင်သောကြောင်. ကောလိပ်စိန် ဟူသောဘွဲ.ကို ရရှိ လာခဲ့ပါသည်......သို.နှင်. ၁၂၈၂ (၁၉၂၀ ခန်.) ခုနှစ်တွင် မင်းသားကြီး ဂရိတ် ဦးဖိုးစိန်၏ စိန်မဟာသဘင်သို.ရောက်ရှိခဲ့ပြီး ယိမ်းခေါင်းဆောင်အဖြစ် စတင်ပါဝင်ကာ အနုပညာ ၀မ်းစာဖြည်.တင်းခဲ့ပါသည်...ရုပ်သွင် သာမက အရည်အချင်းပါပြည်.စုံသော ၀ါသနာကလည်းရင်.သန် ဗီဇကလည်းမှန်သော(ဒေါ်) မြလွင် သည် အသက် ၁၉ နှစ်အရွယ်မှာပင် ဦးဖိုးစိန်ကြီးနှင်. လိုက်ဖက်ညီအောင် တွဲကနိုင်စွမ်း ရှိလာခဲ့သည်....ကောလိပ်စိန် သည် အိုးစည်ယိမ်း လင်ကွင်းတီးအက ၌ ပိုမိထင်ပေါ်လာသည်....အိုးစည်တီးသမား ၁၆ ယောက်အလည်တွင် ကောလိပ်စိန်က မြန်မာ.နန်းတွင်း ၀တ်စုံဝတ်ကာ သိုးမွေးရောင်စုံ တစ်လံကျော်တပ်ထားသော လင်ကွင်းကို စည်းဝါး မှန်စွာတီးလျှက် ညက်ညောယဉ်ကျေးစွာ ကသောအကမှာ အထူးနာမည်ကျော် လူကြိုက်များခဲ့သည်.....အရည်အချင်းနှင်. ပြည်.၀သလို ရုပ်ရည်ကလည်း အသားဖြူဖြူ မျက်ခုံး မျက်လုံး လှလှ နှာတံပေါ်ပေါ် 
အရပ်နှင်.ကိုယ်လုံးကိုယ်ထည်က အချိုးညီ ထိုအချက်ကလည်း အားလုံးနှစ်သက်ဖွယ် အထောက်အပံ.တစ်ခုဖြစ်ခဲ့သည်.....ဇာတ်ခုံပေါ် ဇာတ်အ၀တ်အစားများ ဆင်ယင်လိုက်သော အခါတွင်မူ လုံးကြီးပေါက်လှ ခံ.ညားသော မိန်းမကြီး တစ်ဦးအသွင်မြင်ရပေသည်.....ထိုစဉ်ကမြန်မာပြည် ဘုရင်ခံများဖြစ်သော ဆာဟာကုတ်ဘတ္တလာ ...ဆာကရက်ဒေါက်....ဆာချားအင်းနစ်တို.မှ ရွှေတံဆိပ်များ ကို သူ၏ အနုပညာအတွက် ချီးမြှင်.ခဲ့သလို မန္တလေး မဟာဝန်ရှင်တော်မင်းကြီး...အာဂါခန် မင်းသားကြီး၏ သားတို.ကလည်း ရွှေတံဆိပ်များ ချီးမြှင်.ခဲ့ကြသည်.....မင်းသားကြီးဦးဖိုးစိန်၏ နှစ် ၅၀ ခန်.သော အနုပညာသက်တမ်း တစ်လျှောက် ကောလိပ်စိန်လောက် မည်သူကိုမှ စိတ်တိုင်းမကျ ..ကြာကြာတွဲမက ခဲ့ပေ...ကောလိပ်စိန်သည် ဇာတ်ကရာနေရာတွင်သာမဟုတ်ပဲ ဇာတ်ခုံပြင်..ယိမ်းသင်..အ၀တ်အစားချုပ် ဒါရိုက်တာလုပ် ဇာတ်ကိုဦးစီး စသည်တို.တွင်ပါ ဦးဖိုးစိန်ကြီး၏ အားကိုးခြင်းကိုခံရသည်အထိ ကျွမ်းကျင်ခဲ့သည်.....ထို.အပြင် ဇာတ်၏ သဘောအရ ကပြသည်.နေရာတွင် လမိုင်းကပ်ပြီး ဇာတ်တိုက်ထားသည်ထက်ဦးဖိုးစိန်ကြီးကပိုမို ချဲ.ထွင် ပြောဆို ငိုချင်းတို.တွင် မတိုင်ပင်ထားပဲ မှီအောင်လိုက်နိုင်စွမ်းရှိသူလည်းဖြစ်သည်.. ယခင်က ဇာတ်အဖွဲ.ကြီးများသည် ထိုးဇာတ်..သမိုင်း..ဒဏ္ဍာရီ စသည်တို.ကိုသာ ကပြလေ.ရှိပြီး ဗုဒ္ဓ၀င် ဇာတ်တော်များကိုမူ မကပြရဲကြပေ
..သို.ရာတွင် ဦးဖိုးစိန်ကြီးက 
ဆရာတော်ကြီးများကို လျှောက်ထားပြီး နာမည်ကျော် မဟာဗုဒ္ဓ၀င်တော်ကြီးကို အခန်းစဉ်အလိုက် ကပြ ဓါတ်ပြားသွင်းရာ၌ လည်း ဖွားတော်မူခန်းတွင် မယ်တော်မာယာအဖြစ် ပါဝင်ကပြခဲ့သော ကောလိပ်စိန်၏ အရည်အချင်းမှာလည်း အားလုံးချီင်္းကျုးစရာ ဖြစ်ခဲ့သည်.... ဦးဖိုးစိန်ကြီးနှင်. ဇာတ်သဘောအရ သားပြောမယားပြောပြောနေကြရသော်လည်း မိမိသည် ဦးဖိုးစိန်ကြီးနှင်. ဘာမှမဆိုင် အပျိုသာဖြစ်ကြောင်းကိုယခုခောတ်လိုကာလဟာလများထွက်မလာစေရန် တေးထပ်ဖြင်.ကြိုတင်ရှင်းလင်းထားခဲ့သည်.....( ကောလိပ်စိန်...အပျိုကြီးမို. ....တစ်ကိုယ်တည်း ယခုတိုင်....ဓါတ်စက်တွင် အများနော် ကြိုက်အောင်ပ...မယားခေါ်လိုက်ပေမယ်. ..လုံးလုံးသူမဆိုင်......)..ထိုသီချင်းကပင် အတိတ်ဆောင်လေသလားမသိ...အရည်အချင်းကော ရုပ်ရည်ပါ ပြည်.စုံသော ကောလိပ်စိန်သည် သေတပန် သက်တစ်ဆုံးအပျိုကြီး ဘ၀ နှင်. အရိုးထုတ်သွားခဲ့သည်..
                            ကောလိပ်စိန် . ဦးဖိုးစိန် သမီး နယ်လီစိန် ..ကဲနက်စိန် သမီး နယ်လီစိန်
...ဒုတိယကမ္ဘာ စစ်ကြီး မြန်မာနိုင်ငံ သို.ရောက်လာသောအခါဇာတ်သဘင်အားလုံး တစ်ခောတ်သုဉ်းရလေသောအခါ ကောလိပ်စိန်လည်း မိမိ ရပ်ရွာသို.သာ ပြန်လည် နားနေခဲ့ရလေသည်. ....ထိုစဉ်က အသက် ၃၅ နှစ်အရွယ်သာရှိသေးသည်.....စစ်အတွင်း ၀ါးခယ်မ ၌ နေထိုင်နေစဉ် ရှိရင်းစွဲ လေနာက ပိုမိုပြင်းထန်လာသည်...ရတနာသုံးပါးကို စွဲမြဲစွာ ကြည်ညိုသူဖြစ်သည်.အလျှောက် ဝေဒနာခံစားရခိုက် သတိသံဝေဂ များ အထူးရရှိလာပြီး ထီးပနန်းဆရာတော် ဦးကုသလထံ " တပည်.တော်မ သဘင်အလုပ်ဖြင်. အသက်မမွေးတော.ပါ အရှင်ဘုရားအား လှုဒါန်းပါသည်ဘုရား" ဟုဆိုကာ တတိယ အရွယ်၏ ရပ်တည်ချက်ဖြင်. အနုပညာသည်ဘ၀ကိုပြတ်သားစွာ ဆုံးဖြတ် စွန်.လှုခဲ့ပါသည်...ထိုအကြောင်းကို ဦးဖိုးစိန်ကြီးကိုပင် တိုင်ပင် အသိပေးခြင်း မရှိပဲ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းကြောင်. သိရသောအခါ လွန်စွာ အံ.သြခဲ့ပါသည်....ထို.နောက် ဒေါ်မြလွင်သည် သဘင်သည် အလုပ်ကို လုံးလုံး စွန်.လွှတ်ပြီး မြေပိုင်ရှင် ဒေါ်မြလွင်အဖြစ် ၀ိပဿနာ တရားတို.ကိုသာ ကျင်.ကြံအားထုတ်ပြီး အသက် ၅၁ အရွယ် ၁၉၅၈ နိုဝင်ဘာ ၂၀ ရက် တွင် ၀ါးခယ်မမြို. လမ်းသစ်လမ်း မိမိနေအိမ်တွင်ပင် ကွယ်လွန်သွားခဲ့ပါသည်....ငယ်ရွယ်နုပျိုစဉ်မိမိဝါသနာ အတိုင်း ထူးချွန် အောင်မြင်စွာနေထိုင်သွားခဲ့သလို သံသရာအတွက် ဆုံးဖြတ်ချက်ကိုလည်း အချိန်မှီချပြီး လုံလောက်အောင်ကြိုတင်ပြင်ဆင်သွားနိုင်ခဲ့သူဖြစ်လေသည်.....

 
(ကောလိပ်စိန် ဒေါ်မြလွင်၏ တစ်ဦးတည်းသော တပည်.ဖြစ်သူ ဦးမောင်မောင်ခင် ၏ ရွှေ၇တုမဂ္ဂဇင်းပါ အချက်အလက်များနှင်. နှစ်၁၃၀ပြည်. တင်ဆက်ပွဲမှ အချက်အလက်များကို အဓိကထား မှီငြမ်းပါသည် )
 

No comments:

Post a Comment