Wednesday, October 10, 2012

ဘဂါၤလီတို.၏  အကြမ်းဖက် စော်ကားသော လုပ်ရပ်မျာ



ဘင်္ဂလာတွင် အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးနှင့် ဒေသခံများအား တနင်္ဂနွေနေ့က စတင်မီးရှို့ဖျက်ဆီး သတ်ဖြတ်နေခြင်းမှာ ယခုအခါ ပိုမိုများပြားလာနေကြောင်း  ဆှိသည်။ဖြစ်စဉ် စတင်ဖြစ်ပွားသောနေ.က ဗုဒ္ဓဘာသာ ၀င်တို.၏ ဂရုဓမ္မ အခါတော်နေ.ဖြစ်သောတော်သလင်းလပြည်.နေ.ဖြစ်သည်..


ယင်းအကြမ်းဖက်မှု (၂၄) နာရီအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ဆောင် မီးရှို့ဖျက်ဆီးခံရခြင်း၊ တန်ဖိုးမဖြတ်နိုင်သော နှစ်ပေါင်း (၃၀၀)ကျော်ကြာ ရှေ့ဟောင်းဘုရားပုထိုးတော်များ မီးရှို့ဖျက်ဆီး လုယက်ခံရခြင်း၊ ဘုန်းတော်ကြီးတစ်ပါး ရက်စက်စွာ အသတ်ခံရခြင်း၊ လုံခြုံရေးတပ်ဖွဲ့နှင့် သောင်းကျန်းသူများ အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံ၊ သောင်းကျန်းသူများနှင့် ရဲလုံခြုံရေး စုစုပေါင်း (၂၀)ကျော် သေဆုံးရခြင်းနှင့် ဒဏ်ရာရရှိသူများ (၆၀)ကျော်အထိ ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။


ဘင်္ဂလာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းပစ်ခတ်မှုကြောင့် အိုခီးယားမြို့နယ်၊ နတ်ချောင်းဆရီမြို့နယ်နှင့် ၀ါးခွတ်ချောင်းမြို့နယ်တို့တွင် အကြမ်းဖက်သောင်းကျန်းသူပေါင်း (၁၀)ကျော်ခန့် သေဆုံးသွားပြီးဖြစ်ကြောင်း ဒေသအတွင်းသတင်းများ ထွက်ပေါ်နေသည်။


ယင်းဖျက်ဆီးခံ ဘုန်းတော်ကြီးကျောင်းများမှာ ပန်းဝါမြို့နယ်တွင် (၁၂)ကျောင်း၊ သမုတ်သိမ် (၂)ဆောင်နှင့် လျောင်းတော်မူ ဘုရားကြီးတစ်ဆူ၊ အိုခီးယားမြို့နယ်တွင် (၄)ကျောင်း၊ နတ်ချောင်းဆရီမြို့နယ်၊ တာခ်နာမြို့နယ် ၀ါးခွတ်ချောင်းဒေသ၊ မူရိစာဒေသ၊ စစ်တကောင်းခရိုင်၊ ပိုတီယာတွင် မာရာမာကြီး ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းနှင့် ဟိန္ဒူအဆောက်အအုံများနှင့် စုစုပေါင်း နေအိမ်(၁၀၀)ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အိုခီးယားမြို့နယ် စေတီတောင်ကျေးရွာ (ဇာတီမူရ)တွင် ဘုန်းတော်ကြီးတစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် စေတီတော်တစ်ဆူ ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ဒေသထုတ် အင်တာနက်စာမျက်နှာများက ဆိုသည်။

အိုခီးယားမြို့နယ်၊ ကုတ်ဘာဇာ(ကုတ်ဈေး)နယ်မြေတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးရန် သောင်းကျန်းသူများ ချီတက်လာချိန်တွင် လုံခြုံရေးရဲများက ပစ်ခတ်ဖြိုခွင်းခဲ့ရကြောင်း၊ နတ်ချောင်းဆရီမြို့နယ်တွင် သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ တိုက်ပွဲရင်ဆိုင်ဖြစ်ပွားခဲ့ကြောင်းနှင့် သောင်းကျန်းသူများက လုံခြုံရေးကားများအား ကြားဖြတ်ပစ်ခတ်မှုများ နေရာအများအပြားတွင် ရှိခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။


ဘင်္ဂလာအစိုးရအနေဖြင့် တနင်္ဂနွေနေ့နံက် ညဥ့်(၁၂)နာရီကျော်တွင် အကြမ်းဖက်သမားများက ပန်းဝါမြို့အား သောင်းကျန်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယင်းဒေသအတွင်း ပုဒ်မ(၁၄၄)ထုတ်ပြန်ထားခဲ့သော်လည်း ယမန်နေ့က တစ်ရက်လုံး ဆက်လက်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
                               

ကော့စ်ဘဇားမြို့အတွင်းတွင် အကြမ်းဖက်သမားများက သောင်းကျန်းရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးစစ်တပ်ကား (၁၀)စီးခန့် ယမန်နေ့ တစ်ညဥ့်လုံး ထိမ်းသိမ်းထားခဲ့၍ အကြမ်းဖက်မှုများ မဖြစ်ပေါ်ခဲ့ပေ။

ယမန်နေ့က ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့ နံနက်ပိုင်းတွင် ပန်းဝါသို့ရောက်ရှိလာပြီး ပဋိပက္ခအဖြစ်မှန်အား လေ့လာရန်စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။
                               

အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့၏ အီစ္စလာမ်ဘာသာ ကျမ်းစာအုပ်အား မာရာမာကြီးလူငယ်တစ်ဦးက မလေးမစားလုပ်၍ ဗုဒ္ဓဘာသာ အဆောက်အဦးများကို ဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ မာရာမာကြီး လူငယ်က ၎င်းတို့ငွေပေးပြီး အတင်းအဓမ္မခိုင်းစေ၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ယင်းလူငယ် မိသားစုအား ရဲတပ်ဖွဲ့မှလုံခြုံရေးအတွက် ထိန်းသိမ်းထားကြောင်း ဒေသအတွင်း ကောလဟာလ သတင်းများ ပျံ့နှံ့နေသည်။
                            
                                
ဘင်္ဂလာမှ လက်ရှိအာဏာရ အာဝါမီလိဂ်ပါတီ၊ အတိုက်အခံပါတီများက သောင်းကျန်းသူများကို ရှုချပြီး တရားဥပဒေအရ အရေးယူရန် ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သူများဘက်က ယခုဖြစ်ပေါ်နေသော အခြေအနေထက် တိုးမြှင့်လုပ်ဆောင်ရန် လျှို့ဝှက်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
သတင်းရင်းမြစ်တို.၏ မူရင်း Link အချို. 
http://coxsbazarnews.net/?p=12953
https://www.facebook.com/groups/shwekyon/permalink/277640142348453

 

No comments:

Post a Comment