Tuesday, October 2, 2012

သော်က စေတိတော်ကြိး ဘက်စုံမွမ်းမံ တည်ဆောက်လှုဒါန်းမှုများ








             
                    

ပြည်လုံးချမ်းသာ သော်က စေတီတော်မြတ်ကြိး၏ နာယက ဂေါပက အဖွဲ.များသည် သြ၀ါဒစရိယ ဆရာတော်ကြီးများ ၏ သြ၀ါဒ ကို ခံယူလျှက် စေတီတော်ကြိး၏ မြောက်ဘက်ခြမ်း ချိုင်.၀င်ပျက်စီးနေသော ရင်ပြင်တော်ကြိးအား သာသနာ. ဟိတကာရိ စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ အမှုးပြုသော အလှုရှင်များမှ စုပေါင်းလှုဒါန်းငွေ (၂၇၂၀၉၀၀)ကျပ်ဖြင်.မွမ်းမံခြင်း....မ-ယ-က (ထိုစဉ်က) ..စည်ပင်..ဂေါပက တို.ပူးပေါင်းကာ ကမ်းနားမုခ်ဦးတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း..တံတားမှ ဘုရားထိ ကျောက်ခင်းလမ်း ဖြစ်အောင် ဆောင်ရွက်ခြင်းတို.စတင်လုပ်ဆောင်ခဲ့ပါသည်....၁၀၁ နှစ်ပြည်. (၂၀၀၈ ခုနှစ်) ဗုဒ္ဓပူဇနိယ ပွဲတော် မတိုင်မီ စေတီတော်၏ အရပ်ရှစ်မျက်နှာတွင်..ဂြိုဟ် ရှစ်ခွင်နှင်. နေ.နံ ဘုရားများ တည်ထား ပူဇော်ခြင်း...လောကဥသျှောင် တံခွန်တိုင် လှုဒါန်းပူဇော်ခြင်း...အမိတ ရန်ကင်း သူရိန် နဂါးရုံ ဘုရား လှုဒါန်းပူဇော်ခြင်း ...ရင်ပြင်တော် ပတ်လည်၌ မူလတည်ထားပြီး စေတီ ၇ ဆူတွင် ၁၇ ဆူ ထပ်မံ ဖြည်.စွက်ကာ အိမ်မဲမြို. နယ်လှည်. သာသနာပြု သစ္စာအဓိဌာန် တကော ဆရာတော်ဘုရားကြိး ဦးစီး၍ အလှုရှင်များက ၂၄ ဆူပြည်.တည်ထားပူဇော်ခြင်း ....ဗောဓိပင် ဘုရားလေးဆူ ပူဇော်ခြင်း....တောင်ဘက်-မြောက်ဘက်-အနောက်ဘက် တို.၌ လှေခါးသစ်များ တပ်ဆင်ခြင်း...စသည်တို.ကို လုပ်ဆောင်နိုင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ၁၀၁ နှစ်ပြည်. ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ရေစက်သွန်းချ အမျှပေးဝေနိုင်ခဲ့ကြပါသည်........ထို.ပြင် မူလ အရံစေတီတော် ၇ဆူအနက် မြောက်ဘက်မျက်နှာ ရှိ စေတီတစ်ဆူမပါ ကျန် ၆ ဆူကို ပြုပြင်မွမ်းမံခဲ့ကြပါသည်....၂၀၀၉ ခုနှစ် ၁၀၂ နှစ်ပြည်. ပွဲတော်မတိုင်မီ ဆရာတော်ကြီးများ ၏ သြ၀ါဒ ကိုခံယူလျှက် တကောဆရာတော် ဦးဝိလာသ ဦးဆောင်ကာ စေတီတော်ကြီး၏ ဥာဏ်တော် မြှင်.တင်ခြင်း ထီးတော်ကြီးတွင် ဒုတိယဆင်. စတီးရွှေထီးတော် ထပ်ဆင်. လှုဒါန်းခြင်း စိန်ဖူးတော် အသစ် မွမ်းမံလှုဒါန်းခြင်း ဘုရားပရ၀ုဏ် အရှေ.တောင်ထောင်. ရှိ ပျက်စီးယိုယွင်းနေသော ဘုန်းတော်ကြိးကျောင်းဟောင်း ကိုဖျက်ကာ အနောက်မြောက်ထောင်.တွင် ၀ိဇ္ဇာမယ ဘုန်းတော်ကြီးကျောင်းသစ်ကို အများကောင်းမှုဖြင်.   တည်ဆောက်ခြင်းတို.အား တစ်လအတွင်း ပြီးအောင် အင်တိုက် အားတိုက် တည်ထားပူဇော်နိုင်ခဲ့ကြပြန်ပါသည်....ထိုသို.စေတိတော်ကြိး မွမ်းမံပြင်ဆင်ရာတွင် နယ်သူ နယ်သား အပေါင်းတို.သည် တတ်စွမ်းသော အလှုတော်ငွေများသာမက ကိုယ်တိုင်ကိုယ်ကျ လုပ်အားဒါန များဖြင်.လည်းလာရောက်ကုသိုလ်ယူခဲ့ကြသည်..ထိုကုသိုလ်ရှင်တို.အား နာယက ဂေါပက နှင်. စေတနာရှင်တို.က သတ်သတ်လွတ် ထမင်းဟင်း အာဟာရဒါန မုန်.ပဲသားရေစာ အချိုရည်တို.ဖြင်. ဧည်.ခံ လှုဒါန်းခဲ့ကြသည်...စေတီတော် ဥာဏ်တော် မြှင်.တင်ခိုက် မြောင်မြ ခရိုင် လယ်ယာ ဖွံ.ဖြိုးရေး မန်နေဂျာ ဦးမျိုးမြင်. မိသားစုက ဘိုးဘိုးအောင် ဘိုးမင်းခေါင် ဦးဂျာအေး မူလဘုရားတည်မိဘုရားကြိး ရုပ်တုပုံတော်နှင်. ဓါတ်နန်းများ တည်ထားခဲ့ပါသည်.တန်ဘိုး ၃၂ သိန်းဖြစ်ပါသည်..မီးအဆင်မပြေမှုအတွက် သော်ကဇာတိ စက်မှု ၁ ညွှန်ချုပ် ဦးသိန်းအောင်မိသားစုက ၃၄ သိန်းတန် 25 KVA မီးစက်နှင်. စေတီတော်အုတ်စီပတ်လမ်းအတွက် ကြွေပြား ဘိလပ်မြေ (၃၄၉၇၀၀၀ )တန်ဘိုးလှုဒါန်းခဲ့ပါသည်..ထို.ပြင်ဘုန်းတော်ကြီးကျောင်းနှင်. လာရောက်ဖူးမျှော်သူတို. အဆင်ပြေစွာသုံးစွဲနိုင်ရန် ၁၅ သိန်းတန် စက်ရေတွင်း တစ်တွင်း ကိုလည်း စုပေါင်းလှုဒါန်းခဲ့ကြပါသည်....တည်ဆောက်ခဲ.သည်.အထဲတွင် သော်က ဘုရားကြီးကျောင်းအစားတည်ဆောက်ပေးခဲ့သော တန်ဘိုး ၁၅၂၂၇၅၀၀ ကုန်ကျခဲ့သည်. ၀ိဇ္ဖာမယ ကျောင်းတော်လည်းပါပါသည်..မဟာရံတံတိုင်း အပြင်ဘက် အရှေ.တောင်ထောင်.အရပ်မှ အတွင်းဘက် အနောက်မြောက်ထောင်.တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်..၀ါးခယ်မမြို.နယ်မှ အလှုရှင်များနှင်. တကောဆရာတော်ကြီး၏ တပည်. ပန်းရံ လက်သမားအဖွဲ. ကောင်းမှုဖြစ်ပါသည်...ဘုရားပွဲတော် လာရောက်သူများနားနေနိုင်ရန် စေတီတော် အနောက်ဖက်မျက်နှာရှိ ဇဗူဒီပ တန်ဆောင်းတော်ကိုလည်း ၃၅၀၁၂၉၂ အကုန်ကျခံ မွမ်းမံခဲ့ပါသည်...၂၀၁၀ ပြည်. ၁၀၃ ကြိမ်မြောက် ပွဲတော် မတိုင်ခင် သုမာလာသံတန်ဆောင်း ကိုလည်း ၂၁၇၄၁၀၀ အကုန်ကျခံ လှုဒါန်းပြီး ၁၀၃ ကြိမ်မြောက်ပွဲတော် တွင် ရေစက်ချ လှုဒါန်းခဲ့ပါသည်..လှေကားများ တပ်ဆင်ရာတွင် တစ်စင်းလျှင် အလှုငွေ ၁၈၀၀၀၀ ဖြင်. တစ်ဦးချင်းစီက တာဝန်ယူလှုဒါန်းခဲ့ပြိး ၁၀၁ နှစ်ပြည်.ပွဲတော်တွင် ရေစက်ချလှုဒါန်းခဲ့ကြပါသည်..အရံစေတီတော် ၁၇ ဆူ လှုဒါန်းရာတွင် တစ်ဆူလျှင် ကျပ် ၈၀၀၀၀၀ ဖြင်. အလှုရှင် ၁၅ ဦး (ဦးကိုကိုလေးမိသားစု ၃ ဆူ) က လှုဒါန်းခဲ့ပါသည်...မူလအရံစေတီတော် ၆ ဆူကိုလည်း အလှုရှင် ၆ ဦးက တစ်ဆူလျှင် ၃၀၀၀၀၀ နှုံးဖြင်. ပူဇော်ခဲ့ကြပါသည်...ဗောဓိပင်ရင်း ဘုရားလေးဆူကို တစ်ဆူလျှင် ၃၀၀၀၀၀ ဖြင်. အလှုရှင် ၄ ဦးက လှုဒါန်းခဲ့ကြပါသည်....နဂါးရုံ    ဘုရားကိုမူ                  ဦးကင်မင်း-ဒေါ်ကြင်ပိုင်တို.အားရည်စူး၍ ၃၀၀၀၂၇၅ အကုန်ကျခံ လှုဒါန်းခဲ့ကြပါသည်...ဂြိုဟ် ရှစ်ခွင်နှင်. နေ.နံ ဘုရားများကိုမူ အလှုရှင် ၈ ဥိးတို.က ၄၂၀၀၀၀ ဖြင်. ၁၀၁ နှစ်ပြည်. ပူဇော်ပွဲတွင် လှုဒါန်းနိုင်ခဲ့ကြပါသည်.......

No comments:

Post a Comment