Friday, October 19, 2012

ချစ်သူရေ ..........မှတ်မိသေးလား

ချစ်သူရေ.....

မှတ်မိသေးလား

...
အဲ.ဒီညက ကြယ်တွေစုံတဲ.ညလေ
သူတို.ရဲ. မယ်လိုဒီမဲ. ကပွဲ
တိတ်တိတ်လေး ဆင်နွဲနေခိုက်
ငိုရှိုက် ခြေသံပြင်း .... ရင်ကိုနင်းလိုက်သလိုပဲ
ချစ်သူကိုလောင်မြိုက်နေတဲ.မီး
အပြီးထိတော. မဟုတ်ပေမယ်. တစ်ဖြေးဖြေးချင်းလျှော.ချ
ဖေးမတော. ပေးနိုင်ခဲ့တဲ့ညပေါ. ......
ချစ်သူရေ.....
မှတ်မိသေးလား
ကိုယ်.ရဲ. ပထမဆုံးအဖြူရောင်အနမ်းပွင်.
ချစ်သူလက်ဖမိုးပေါ်ခြွေချခွင်.
(တကယ်တော.အဲဒီညနေခင်းလေးဟာ)
ကိုယ်.ဘ၀ရဲ. အလင်းပါ
ကိုယ်.ညရဲ. လမင်းပါ
ကောင်းကင်ဘုံရဲ. မြစ်တစ်စင်းပါ
ပျော်ရွှင်မှုနဲ. လွတ်လပ်ခြင်း ရသ
ပျောက်ရှနေတဲ. မင်းနဲ.
ရင်ခုန်ဖွယ် အလှအပ
သံယောဇဉ် ဂီတတွေကို ယစ်မူး.... ကျုးရင်.ချင်နေတဲ.ငါ
ဆုံမှတ်ကို သိပ်ကြာကြာ မရှာလိုက်ကြရဖူးလေ.......
သံမဏိသားရောင်ထနေတဲ. စည်းဝိုင်းတွေကြားကပြေးထွက်
ထွေးပွေ.ရက်တဲ. ငါ.ကိုယ်ငါ
လိပ်ပြာသိပ်မသန်.ပေမယ်.
လွတ်လပ် ကြမ်းရှ မြူးကြွ
ဒါမှ ဘ၀ကွယ်. ချစ်သူရဲ. ......
ချစ်သူရေ....
မှတ်မိသေးလား
အဲဒီနေ.က အပြာရောင် စုတ်ချက်အောက်က
ပန်းသွေးကြွယ် နတ်သမီးတစ်ပါးရဲ.အလှ
ဘ၀ တစ်ခုလုံး ခဏရပ်သွားတယ်
တကယ်က အဲဒိစုတ်ချက်
နှစ်လုံးသွေးကို တစ်စက် တစ်စက် ထွက်လောက်အောင်ကို ပါပဲကွယ်....
ချစ်သူရေ.....
မှတ်မိသေးလား
စေတန် နဲ. အာဒံ ဘယ်သူတရားခံမှန်းမသိတဲ.
အဲဒီသစ်သီးရဲ. ရသ
မြမြလေးထက်မက ချိုမြိန်
နတ်ဘုရားတို.ရဲ.စည်းစိမ်ဆိုတာနဲ.တောင်
မလဲနိုင်လောက်အောင်မွတ်သိပ်
တိုးတိတ်စွာပမ်းလျ
ငါတို.၇ဲ. ညလေးက
(အဲ.ဒီ ကားနံရံထက်မှာ ရှိတဲ. နှင်းဆီ ပွင်.လေးတွေတောင်)
ခေါင်းငုံ. မျက်လွှဲ ရှက်ဝဲ၀ဲ ဖြစ်ကုန်ကြရဲ. ......
ချစ်သူရေ...
အေးလိုက်တာကွယ်
ဒီညလည်း ကြယ်တွေစုံနေပြန်ပြီလေ
ဒုတိယနဲ. နောက်ဆုံး အနမ်းဖြူ
ကြည်ဖြူစွာ ခြွေခွင်.ပြုပါအုံးနော်
ကိုယ်.ရဲ. အေးစက်စက် ညာလက်
ချစ်သူ...ထွေးဆက်ထားပေးပါ
(နှစ်လုံးသား တစ်နေရာကတော. နွေးနေဆဲပါကွယ်)
လက်ကျန် ခန္ဓာကိုယ်ရဲ. အပူငွေ.
ချစ်သူကိုထွေးပွေ.ပေးချင်ရဲ.
အနာဂတ်အတွက် ရသလောက်လေးပေါ.
(တကယ်လို. သူတို.တွေရောက်လာခဲ့ရင်လေ)
ကိုယ်.ရဲ. သက်မဲ.ရေခဲရုပ်
ချစ်သူ..ဖြုတ်ချ ထားခဲ့ပါကွယ်
ဟိုးးးးးးးးးးး အေးခဲပင်လယ် အခြေအောက်
ပျောက်နေတဲ. အိမ်မက်တွေ ပြန်ရှာတွေ.တဲ.တစ်နေ.
အရင်လိုပြန် ထွေးပွေ.ပါရစေနော်

 BY  Zawmin Lwin  @ မိုးပြို အိမ်မက်ကဗျာ Group


No comments:

Post a Comment