Tuesday, January 22, 2013
စတုတ္ထအကြိမ် ၀ါးခယ်မ GTI ဆရာကန်တော.ပွဲ
ယခင် နှစ်တွေကတော. ၀ါးခယ်မ မှာပဲ သွားရောက်ပြုလုပ်ခဲ့ကြပေမယ်. ဒိနှစ်မှာတော. ကျောင်းသားဟောင်းတွေ ပိုမို လွယ်ကူ များပြားစွာ တက်ရောက်နိုင်ဖို. ၇န်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တာလို. သိရပါတယ်…….စတင်ပြုလုပ်စဉ်ကတော. ၂၀၀၀-၂၀၀၂ ကျောင်းသားအများစုပါဝင်ပြီး နောက်ပိုင်းမှာတော. အငယ်တန်းတွေ ကိုပါ ထည်.သွင်းလာခဲ့ပါတယ်..ဒါပေမယ်. အငယ်တန်းတွေအနေနဲ. ဒီပွဲရဲ. သတင်းကို မသိကြတာ များတာကြောင်. ပါဝင်နိုင်မှု အားနည်းသေးတယ်လို.သိရပါတယ်
ကန်တော.ပွဲကို အဲဒီမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး ညစာစားပွဲကိုပါ တင်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါတယ်
အကန်တော.ခံဆရာတစ်ဦးရဲ. “အလုပ်တစ်ခုမှာ ငါမရှိရင်မဖြစ်ဘူးဆိုတာ လူတော်မဟုတ်ဘူး.. ငါမရှိလဲ ဒီအလုပ် ဆက် run နိုင်အောင် ထားခဲ့နိုင်မှ လူတော်လို့ခေါ်တယ် “ ဆိုတဲ့ဆုံးမ စကားကိုတော. ကျောင်းသားအတော်များများ သဘောကျခဲ့ကြပါတယ်
ဆရာ..ဆရာမ ၄၀ နီးပါး တက်ရောက်အကန်တော.ခံခဲ့ကြပြီး တစ်ဦးကို ကျပ် တစ်သိန်းနှုံး ကန်တော.ခဲ့တာလို.သိရပါတယ်  ဆရာ..ဆရာမတွေကို ၇န်ကုန်လာရောက်ဖို.တည်းခိုဖို. အားလုံး ကော်မတီက စီစဉ်ပေးခဲ့ပါတယ်တဲ့..အကန်တော.ခံ ဆရာ…ဆရာမအတော်များများ ကတော. အဲဒီပွဲအပြီးမှာ မိမိတို. အစီအစဉ်နဲ. (၀ါးခယ်မက လာတဲ့ကားနဲ.)ကျိုက်ထီးရိုး ဘုရားဖူးသွားခဲ့ကြတယ်လို. သိရပါတယ်…
ဒါလေးကတော. အဲ့ဒီပွဲ ကို 5 Plus ကနေ လွှင်.သွားတဲ့ Video file လေးသွားကြည်.နိုင်မယ်. Link ပါ..Wakema GTI Group @ Facebook က ရတာပါ
https://docs.google.com/file/d/0B42CdFfA_0Koemowak93VUdrZVk/edit?pli=1
Photo by Wai Phyo Kyaw & Kyaw Soe Hein @ Facebook
1 comment:
  1. လာလည်သွားပါတယ်..ခင်ဗျာ။ကျွန်တော်က ၀ါးခယ်မ GTI မှာ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်တုန်းက ပညာသင်ကြားခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်ပါ။ဒါပေမဲ့ဆရာကန်တော့ပွဲကိုမရောက်ဖြစ်ခဲ့ပါဘူး။ခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
    ReplyDelete