Friday, January 18, 2013

မြို.သား တစ်ဦးရဲ. ဥပဒေ ပညာပေး စာအုပ် မိတ်ဆက်


                                   
        

အများပြည်သူအတွက် တရားဥပဒေ ဆိုင်ရာ အသိပညာပေးလက်စွဲစာအုပ် ကောင်းတစ်အုပ်လို့
ဆိုနိုင်မယ့် စာရေး ဆရာဟန်မြင့် (၀ါးခယ်မ)ရဲ့ စာအုပ် ဖြစ်ပါတယ်။


ဒီစာအုပ်ထဲမှာ စာဖတ်သူတွေသိရှိ လေ့လာသင့်တဲ့ တရားဥပဒေပြဌာန်း ချက်အဆို၊ အမိန့်ညွှန်
ကြားချက်တွေကို အကြောင်းအရာတစ်ခုစီအလိုက် စီရင် ထုံးလမ်းညွှန်ချက်တွေ၊ ဥပမာတွေနဲ့
ဖော်
်ပြထားတာကြောင့် ဥပဒေပညာရှင် တွေ၊ လေ့လာသူတွေသာမက သာမန် အရပ်သားတွေ
လည်း အချိန်တိုအတွင်း လေ့လာသိရှိနိုင်၊ အသုံးဝင်နိုင်ပါလိမ့် မယ်။


ခေါင်းစဉ် ၁၅ ခုပါဝင်ဖော်ပြထားတဲ့ ဒီစာအုပ်ရဲ့ရှေ့ပိုင်းမှာ 'သမိုင်းကပြော သော ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံ တော်အလံ'၊ 'နိုင်ငံတော်အလံလွှင့်ထူမှု နှင့် ပတ်သက်၍ သတိပြုရမည့်အချက်
များ'၊ 'သမိုင်းတွင်သည့် မြန်မာ့တရားစီရင်ရေး၏ အနှစ်သာရ'၊ 'တရားရေး မဏ္ဍိုင် မယိမ်းယိုင်စေဖို့'၊
'နိုင်ငံတော်က နိုင်ငံသားများ၏ နစ်နာဆုံးရှုံးမှုများကို ကုစားပေးခြင်း'၊ 'အများပြည်သူ သိရှိထား
သင့်သော တရားရုံးများသို့ မထီမဲ့ မြင်ပြုမှု အက်ဥပဒေ'နဲ့ 'ကလေးသူငယ် များ စစ်မှုထမ်းခြင်းမှ
ကာကွယ်ခြင်း'တို့ ပါဝင်ထားပါတယ်။


ဒီအကြောင်းအရာတွေထဲမှာ အရေး ပါတဲ့ အဆိုအမိန့်တွေကို အလျဉ်းသင့်သလို ဖော်ပြသွားပြီးလေ.လာ သူတွေ အကျွမ်းတ၀င်သိရှိထားသင့်တာတွေကို ထည့်သွင်းပေးထားတာကြောင့် ဖတ်ရှုရ 
 ကျိုးနပ်မှာပါ။


စာအုပ်ခေါင်းစဉ် 'တရား ရေးမဏ္ဍိုင် မယိမ်းယိုင်စေဖို့' ကတော့ 'အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊
ဥပဒေပြု ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး၊ လူမှုဖူလုံ ရေး၊ နိုင်ငံရေး၊ အပြည်ပြည်ဆိုင်ရာဆက် ဆံရေး၊ 
လူ့အဖွဲ့အစည်း အရပ်ရပ်တိုင်းတွင် မရှိမဖြစ် အခြေခံလိုအပ်ချက်မှာ တရားဥပဒေစိုးမိုးမှု (Rule of
Law) ဖြစ် ကြောင်း'နဲ့ တရားစီရင်ရေးကဏ္ဍမှာ အထူးလိုအပ်နေကြောင်း တင်ပြထားတဲ့
ဆောင်းပါးပဲဖြစ်ပါတယ်။
'လမ်းညွှန်များ ကောင်းစေကာမူ၊ ဆောင်ပုဒ်များ ထက်မြက်စေကာမူ လူမ လိုက်က မရောက်မပြီး


သာ ရှိပါချေဦး မည်'ဆိုတဲ့ အသိပေးချက်မျိုးနဲ့အတူ စီရင်ထုံးတွေကိုလည်း ပူးတွဲဖော်ပြထားတာကို
တွေ့ရမှာပါ။




ဒါကြောင့်လည်း "ဟန်မြင့် (၀ါးခယ်မ) ရဲ့ စာအုပ်ဟာ ကျမ်းငယ်တစ်ဆူမဖြစ်ပေ မယ့် သူတင်ပြတဲ့ 
အကြောင်းအရာ တစ်ခုချင်းအပေါ်မှာ ပြည့်စုံတဲ့ဥပဒေ ပညာ အလင်းမျက်စိကို မခြွင်းမချန်ဖော်ပြ
ထားတဲ့ အတွက် ဥပဒေပညာရှင်များ၊ ဥပဒေသုတေသီများ၊ ဥပဒေလေ့လာသူများမှအစ သာမန်
အရပ်သားများပင် နားလည်လွယ်အောင် ကြိုးစား၍စုဆောင်း ရှာဖွေတင်ပြထားတဲ့ စာအုပ်ကောင်း
တစ်အုပ်ဖြစ်ပါတယ်"လို့ ရဲမှူးကြီး စစ်အေး(ငြိမ်း)၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေး အဖွဲ့ခေါင်း
ဆောင်က အမှာစာမှာ ဆိုထားပါတယ်။


စာအုပ်ရဲ့နောက်ပိုင်းမှာ 'ကိုယ်အင်္ဂါ အစိတ်အပိုင်း အမှန်တကယ်လှူဒါန်း ခြင်း'၊ 'လူကုန်ကူးမှုနှင့်
ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေ'၊ 'လူကုန်ကူးမှုနှင့် သတင်းဖော်ပြချက်'၊ 'လူကုန်ကူးခံရသူ နှင့်
နစ်နာကြေး'၊ 'လူကုန်ကူးမှုနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသမှု'၊ 'ကလေးသူငယ်များ
အပေါ် လိင်မှုဆိုင်ရာ မဖွယ်မရာပြုလုပ်မှုကို လေ့လာသုံးသပ်ခြင်း'၊ 'လူကုန်ကူးခံရ သူများ
စောင့်ရှောက်ရေးဂေဟာ (မေတ္တာ ဥယျာဉ်)' နဲ့ 'လူကုန်ကူးမှုနှင့် ကလေး သူငယ် ၀န်ဆောင်မှု'
တို့ကို ဖတ်ရှု ရမှာပါ။


အထက်က ဆောင်းပါးတွေဟာလည်း လူတိုင်းသိထားသင့်တဲ့ ဥပဒေ အကြောင်းအရာတွေ၊ 
သတိမူသင့်တဲ့ အဖြစ်အပျက်တွေ၊ လေ့လာသင့်တဲ့ ဥပဒေပုဒ်မတွေ ပါဝင်တာကိုတွေ့ရပြီး
ရှေ.
ပိုင်းမှာပါဝင်ထားတဲ့ 'အများပြည်သူ သိရှိထားသင့်သော တရားရုံးများသို့ မထီမဲ့မြင်ပြုမှု
အက်ဥပဒေ' ကလည်း လက်မလွှတ်တမ်း ဖတ်သင့်တဲ့ဆောင်း ပါးပါပဲ။


ဒီစာအုပ်ကို နေမျိုးစာပဒေသာ စာအုပ်တိုက်က ၂၀၁၂၊ စက်တင် ဘာလ မှာ ပထမအကြိမ်အဖြစ်
ထုတ် ဝေထား ပြီး တန်ဖိုးကျပ် ၃,၀၀၀ ဖြစ်ပါတယ်။


From http://www.myanmar.mmtimes.com

No comments:

Post a Comment