Friday, January 18, 2013

၂၀၁၃ MNL ရာသီဦး တမူထူးသော ရင်တွင်းဖြစ်များ


 “ဒီရာသီ မ,စခင် အသင်းကြီးတွေက ကမ်းလှမ်း ခဲ့ပါတယ်။ ရတနာပုံ အသင်းက နှစ်တိုင်း အသင်းကြီး တစ်သင်း အဖြစ် ရပ်တည်နိုင်သလို အောင်မြင်မှု အစဉ်အလာ ရှိတဲ့ အသင်းကောင်း တစ်သင်းဖြစ်လို့ ရွေးချယ် ခဲ့တာပါ။ ကျွန်တော့် ဘက်က အကောင်းဆုံး ကြိုးစား သွားမှာဖြစ်သလို ပရိသတ်တွေလဲ လက်ခံ ကြိုဆို ကြမယ်လို့ ယုံကြည်ပါတယ်”
(ဧရာဝတီမှ ရတနာပုံသို.ပြောင်းရွှေ.ခဲ့ပြီးနောက် Yadanarbon Website သို.ပြောကြားခဲ့သည်. သီဟစည်သူ၏ စကား)



 တစ်ဦးနဲ. တစ်ဦးခွဲရမယ်ဆိုရင် အမြင်မကြည်မှုတွေ ရှိတတ်ပါတယ်….အသင်းပိုင်ရှင်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင်. ကိုယ်တိုင် ကတော. ကျွန်တော်.ကို  ဇေယျာရွှေမြေ အသင်းမှာ ကစားခဲ့တဲ့အတွက် အမြဲတမ်းဂုဏ်ယူကြောင်း ….အကောင်းဆုံးခွဲခွာမှု ဖြစ်ပြီး အသင်းသစ်မှာအောင်မြင်မှု ရပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးနေတယ်လို. ပြောခဲ့ပါတယ်…ဇေယျာရွှေမြေ  ပရိသတ်တွေကို ကျွန်တော်.အနေနဲ.  ကိုယ်စိတ် နှစ်ပါးနဲ. ပြစ်မှားမိခဲ့သည် ရှိသော် တောင်းပန်လိုပါတယ်..ရန်ကုန်ပရိသတ်တွေကိုတော.  ကျွန်တော.အပေါ်အရမ်းကြီးမျှော်လင်.မထားပါနဲ. …ဒါဏ်ရာက နိုးထလာတာကြောင်. ချက်ချင်းအထိုင်ကျမှာ မဟုတ်သေးပါဘူး…စိတ်ရှည်သည်းခံပြီး စောင်.မျှော်ပေးဖို. ပြောချင်ပါတယ်
                                          (  ဇေယျာရွှေမြေ အသင်းမှ ရန်ကုန်ယူနိုက်တက်သို.ပြောင်းရွှေ.ခဲ့အပြီး Channel Weekely Sports Journal နှင်. အင်တာဗျုးတွင်ပြောကြားခဲ့သော ကျော်ကိုကို၏ ရင်တွင်းဖြစ်)


 စာချုပ်သစ် ချုပ်ဖို.ကိစ္စကတော. အဆင်မပြေတော.ပါဘူး..စာချုပ်သက်တမ်းက ၂၀၁၅ ထိ ကျန်သေးတာမို. လျော်ကြေး ကိစ္စတွေပဲ ဆက်ညှိုနှိုင်းရပါတော.မယ်…လစာငွေလျှော.ယူပြီး အသင်းမှာ ဆက်ကစားဖို. စီစဉ်ခဲ့ပေမယ်. အသင်းက အလိုမရှိတော.တာကြောင်. ကစားသမားဘ၀ကနေ အနားယူဖို. ဆုံးဖြတ်ခဲ့တာပါ…တစ်ခြားအသင်းကို မပြောင်းရွှေ.ချင်တာကလည်း ကျွန်တော်က ရန်ကုန်အသင်းကလွဲပြီး ဘယ်အသင်းမှာမှ မကစားချင်လို.ပါ…
                           { ၂၀၀၉ မှစ၍ ၇န်ကုန်ယူနိုက်တက်တွင်ကစားခဲ့ပြီး ယခု ၂၀၁၃ ရာသီတွင်  အသင်း၏ ငြင်းပယ်ခြင်းခံခဲ့ရသူ မျိုးမင်းထွန်း၏ ရင်ဖွင်.သံ (သို.သော် နောက်ပိုင်း သတင်းများအရ သူ.ကို တစ်နှစ် ကစားသမားလစာအတိုင်းပေးထားမည်ဖြစ်ပြီး နောက်ပိုင်းတွင် နည်းပြအဖြစ်ကူးပြောင်းနိုင်ရန် အသင်းက စီစဉ်ပေးမည်ဟု သိရသည်)}


 ကျွန်တော့် ရဲ့  Facebook Wall ပေါ်တွင်ကျွန်တော်မသိသောအကြောင်းအရာများကို တင်ပြီး ကျွန်တော့် ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သွားသည်များကို တွေ့ ရပါတယ်ဗျာ အဲ့ ဒါတွေက ကျွန်တော် နဲ့ လုံးဝမှမဆိုင်ပါဘူး အမှန်အတိုင်းပြောရရင် ကျွန်တော် Online ပေါ်သိပ်မတက်ဖြစ်ပါဘူး Facebook ကိုလုံးသိပ်မသုံးတတ်သေးပါဘူး အဲ့ ဒါကြောင့် သုံးတတ်သူ အသိတစ်ယောက်ကိုပေးထားခဲ့ ပါတယ် သို့ ပေမယ့် ခုလိုကျွန်တော် ယုံကြည်လို့ ပေးအပ်ထားတဲ့ ကျွန်တော့် ရဲ့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးကျွန်တော့် ရဲ့ ဒီ Wall ပေါ်မှာ လုပ်ကြံပြောဆိုထားတွေကြောင့်  ကျွန်တော် ဒီ Account ကိုပြန်ယူပြီး ဒီနေရာကနေ အရင်တင်ခဲ့ သည့် အကြောင်းအရာများသည် မဟုတ်မမှန်ကြောင်း ကျွန်တော်နှင့် မသက်ဆိုင်ကြောင်းကို အားလုံးသိအောင် ပြောကြားလိုပါတယ် ဗျာ ..

                                                                                              လေးစားစွာဖြင့် 
                                                                                              Saw Eai Htoo
(ယခုရက်ပိုင်းအတွင်း Facebook ရှိ Friend များကို ရိုင်းပျ သော အသုံးအနှုံးများ ပြောကြားခဲ့သည်.ကိစ္စရပ်အတော်များများ ဖြစ်ပွားအပြီး မိမိ Facebook တွင် ပြန်လည် ဖြေရှင်းခဲ့သော ရန်ကုန် ဂိုးသမား တစ်ဦးဖြစ်သော  စောအယ်ထူး၏ Status)


၂၀၀၉ စက်တင်ဘာမှာ ရတနာပုံနဲ့ ပတ်သက်ခဲ့ပြီး နောက်ပိုင်း၊ ငွေကြေးကိစ္စ ဘာတစ်ခွန်းမှ တောင်းဆိုသံ မကြားခဲ့ရဘဲ ရတနာပုံဆိုတဲ့ စိတ်ဓာတ် အပြည့်ရှိခဲ့တဲ့ မန္တလေးသား ညီငယ် နှစ်ယောက် - ဟိန်းသီဟဇော်နဲ့ စိုးကျော်ကျော်တို့ ဧရာဝတီ ယူနိုက်တက် အသင်းကို ပြောင်းသွားတဲ့ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ယုံကြည်ပါတယ် .... ညီငယ်တို့ရဲ့ ရင်ထဲမှာ ရတနာပုံတံဆိပ်က သံမှိုရိုက်ထားသလို စွဲကပ်နေပါလိမ့်မယ်။
                                                   (  Yadanarbon FC ၏ Official Facebook Page တွင် ၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်က တင်ထားသော Status)


                            
 Ok ပြန်လာမှာပါ  ကျွန်တော်.ရင်ထဲမှာ ၇တနာပုံပဲရှိတယ် (၂၀၁၃ ဇန်န၀ါရီ ၁၁ ရက် ၉း၀၁ pm)အဆင်ပြေတယ်လို.တော. မဟုတ်ပါဘူး..ကစားချင်တဲ့အသင်းမှာ မကစားရတော. ကိုယ်.ကိုကိုယ်ပဲ ပျော်အောင်နေရတယ် (၂၀၁၃ ဇန်န၀ါရီ ၁၂ ၁၀း၃၀pm)

(ရတနာပုံမှ ဧရာဝတီသို. ပြောင်းရွှေ.လာရသော Hein Thiha Zaw ၏ Facebook Wall မှ Comment Chat များယခုအချိန်အထိ ထိုစာသားများ ရှိနေ/မနေတော. မသိပါ..လိုအပ်ပါက Screen Shot များတော.ရှိပါသည်)
 
 

No comments:

Post a Comment