Monday, January 21, 2013
၂၀၁၂ ဒီဇင်ဘာ ၃၀ ..၀ါးခယ်မ အ-ထ-က (၁) ဆရာကန်တော.ပွဲအခမ်းအနား
ဆောင်းနံနက်ခင်းကတော. ဆောင်းပီသရုံလေး (ထိုရက်က)ခပ်မြမြ အေးနေသည်…
 အရှေ.ပိုင်းထက် ပိုတိတ်ဆိတ် နေတတ်သည်. မြို.လေး၏ အနောက်ပိုင်းက ဒိနေ.တော. သာမာန်ထက် ထူးထူးခြားခြား လှုပ်လှုပ်ရွရွ
ကျောင်းကြီး ပတ်ဝန်းကျင် တစ်ခုလုံး မြို.လေးတွင်မြင်လေ.မြင်ရထ သိပ်မရှိသော ကားကြီး ကားကောင်းများ က တန်းစီနေသလို ဆိုင်ကယ်အတော်များများ ကလည်း ယခင်ရက်များထက် သွားလာလှုပ်ခတ်…
အချို.ကတော. ရိုးရာမပျက် အဖွဲ.လိုက် လမ်းလျှောက်သူတို.ကလျှောက်…..ဆိုက်ကားရသ အပြည်.အ၀ ခံစားသူတို.ကခံစား
နံနက် အစောပိုင်း က ကျောင်းကြီးရှိ ဒေါ်ပိုက်မိ ခန်းမ တွင် ကျင်းပပြုလုပ်သော ၀ါးခယ်မမြို. အထက ၁ တွင် တက်ရောက်..တာဝန်ထမ်းဆောင်..လုပ်ကိုင်ခဲ့ကြဖူးသော ကွယ်လွန်သွားကြရှာပြီ ဖြစ်သည်. ကျောင်းသား/ကျောင်းသူဟောင်းများ.  ဆရာကြီး/ဆရာမကြီး များအား ရည်စူးသည်. အာရုဏ်ဆွမ်း အလှုကိုတော. သက်ဆိုင်ရာ ကော်မတီဝင်များ…ဆရာကြီး/ဆရာမကြီးအချို. နှင်. ကျောင်းသား/ကျောင်းသူ အနည်းငယ်တို.တက်ရောက် ကုသိုလ်ယူ တရားနာခဲ့ကြသည်….
အလင်းရောင်တစ်ဖြေးဖြေး ရင်.လာသည်နှင်.အမျှ ကျောင်း၏ စုဝေးခန်းမ အတွင်း ၀ါးခယ်မမုန်.ဟင်းခါးဖြင်. ဒါနပြုရာနေရာသို. ဆရာကြီး/ဆရာမကြီးများ…ကျောင်းသား/ကျောင်းသူများ ရောက်ရှိလာနေကြပြီး ဒါနမြောက်အောင် သုံးဆောင်ကြရင်း သာကြောင်း/မာကြောင်း…တွေပြော..အတိတ်ဟောင်းတွေ တမ်းတ…ကိုယ်.ဆရာကြီး/ဆရာမကြီးတွေကို ဂရု တစိုက်ကျွေးမွေးပြုစုလို.  …တစ်ချို.ကတော. ကိုယ်.ငယ်ဘ၀ ကျေးဇူးရှင် ဆရာကြီးအချို.ကို တတ်နိုင်သမျှလေး လှုဒါန်းပူဇော်ရင်း ကွန်ကရစ်ကြမ်းခင်းပေါ် ညွတ်တွား ပူဇော်လို. ….
အချို.သော ဆရာမ တို.က ကိုယ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော…မရောက်တာကြာသော ကျောင်းတွင်းလှည်.လည်ကြည်.ရှုလျှက်………
.
ဆရာအချို.ကတော. ကျောင်း၏ ဘုရားခန်းလေးထဲက ဗုဒ္ဓဆင်းတုတော်အား ညွတ်တွားခယရင်း……….
ကျောင်းသား/ကျောင်းသူ အတော်များများကတော. မတွေ.တာကြာသော..မမြင်တာကြာသော..ဆုံနိုင်ခဲသည်. သူငယ်ချင်းများ စုဝေးရင်း အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြ….
သတ်မှတ်အချိန်ကျတော. အားလုံးခန်းမအတွင်းဝင်ရောက်….မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုး…အချက်အလက်တွေဖြည်. ..လက်ဆောင်ပေးသော ဆရာကန်တော.ပွဲ အမှတ်တရ ပြက္ခဒိန် လေးတွေယူ….ဆရာကြီး/ဆရာမကြီးတို.၏ လိပ်စာစာအုပ်တို.ကို အမြတ်တနိုး လက်ခံ (အချို.ကတော. နောက်ကျသွားလို.မရ)………..ကန်တော.ပွဲ ကျင်းပမည်. ခန်းမဆောင်အတွင်း  ကဗ္ဗလာ ခင်းတို.အထက် တစ်ဝက်မက က ကျောင်းသူဟောင်းတို.ပြည်.နေပြီး ကျန်နေရာကတော. ကျောင်းသားဟောင်းတို.အတွက်………..
အကန်တော.ခံစင်မြင်. ဘယ်ဘက်ထောင်.ရှိ ဖျော်ဖြေရေးအဖွဲ.က ကျရာတာဝန် ကျေပြွန်စွာ ထမ်းဆောင်နေသလို  အပြင်ဘက် စင်မြင်.ထက်က စည်တော်အကက လည်း တက်တက်ကြွကြွ ကပြလို.
ထို.နောက်တွင်တော. ရှေ.ဆုံးမှ ပန်းဖလားကိုင် တစ်ဦးဦးဆောင်လာသော အကန်တော.ခံ ဆရာကြီး/ဆရာမကြီးတို. ခန်းမဆောင်အတွင်းလှမ်းဝင်လာကြသည်…..ပန်းဖလားအနောက်က ဆရာမကြီးများကလည်း ဖလားထဲက ပန်းတို.နှင်.အပြိုင် အပြုံးပန်းတွေ ဝေလို. ………နောက်ကတော.ဆရာကြီးများ….
ဝင်ရောက်လာသော ဆရာမများကို တပည်.များက ငေးမျှော် ကြည်.ရှုလို. …ဆရာမတွေကလည်း တပည်.တွေကို လှမ်းကြည်.လို. အချို.ကတော. အရင်လို တက်ကြွခန်.ထည်ဆဲ..အချို.ကတော. ဇရာ၏ ဒါဏ်ချက်တွေနဲ.…လွန်စွာရင်းနှီးခဲ့ကြသူချင်း ..မျက်လုံးချင်း…နှုတ်ခမ်းချင်း…နှလုံးသားချင်း အပြုံးတွေ ဖလှယ်လို. …နောက်တော. စကားလုံးတွေနဲ.ပါ နှုတ်ဆက်… လက်တွေနဲ.ပါ ထိကိုင်လိုကြ…ဒါပေမယ်.လည်း နောက်က အတန်းလိုက်ပါလာနေကြတဲ့ ဆရာတွေကလည်း ရှိနေသေးတော. ….
 အချို.ဆရာကြီးတွေကတော. အချင်းချင်းကူတွဲလို. ..အချို.ကတော. ကျောင်းသားတွေက ဖေးမလို….Wheel Chair နှင်. ၀င်လာသည်. ဆရာဦးသန်းရ ကိုမြင်ခွင်. ရလိုက်ကြသည်.အခိုက်..ရင်တို.က လှိုက်ကနဲ…
ဆရာမတွေအားလုံး အကန်တော.ခံ စင်မြင်.ပေါ် နေရာယူလို. ..ဆရာတွေကတော. စင်မြင်.ရှေ. စီစဉ်ထားသည်.နေရာတွင် နေရာယူအပြီး ဖျော်ဖြေရေး အဖွဲ.၏ ၀ါးခယ်မ ဟုခေါ်ပါသည် ဆိုသည်. အဖွဲ.လိုက် သီချင်းသံ တက်ကြွဖွယ် လွင်.ပျံလို. လာနေသည်….
နောက်တော.လည်း အခမ်းအနား တစ်ခု ကျင်းပရိုး ကျင်းပစဉ်အစီအစဉ်များ….
ကော်မတီ ၀င်များထဲမှ ဒေါက်တာသက်ရှည်က စကားပြောကြားခဲ့သည်…
 ဆရာကန်တော.ပွဲ ကျင်းပနေချိန်တွင်မှ ဆရာမတစ်ဦးက လက်တွန်းဘီးတပ် ကုလားထိုင်ဖြင်. ၀င်ရောက်လာခဲ့သည်…ဆရာမ ဒေါ်မူမူ …အင်မတန်ရိုးသားအေးဆေးသော အင်္ဂလိပ်စာဆရာမ ကြီး..အမဖြစ်သူဆရာမကြီး ဒေါ်မာဂရက်ကလည်းဆုံးပါးသွား..အိမ်ထောင်ဖက်ကလည်း လွင်.ကြွေ…သားတစ်ဦးကလည်း လူ.လောက ကိုစွန်.ခွာ..ရှိနေသေးသည်.သမီးတစ်ဦး (ကျွန်တော်တို.သူငယ်ချင်း) ကလည်း ငယ်စဉ်ကပင် အရမ်းကျန်းမာသန်စွမ်းသူမဟုတ်လှသည်.အပြင် မိခင်ကျန်းမာရေးအတွက်သာ အချိန်အားလုံးကသုံးပြုပေးနေရသူ…..ထိုသောအခါ…………….သို.သော် ဆရာမကြီး၏ မျက်နှာကား ထိုလောကဓံ တို.ကို အဖက်မတန်သလို အေးဆေးချမ်းမြေ.နေဆဲ..(သို. ပေမယ်. သောက ကတော.ပါးပါးလေးလွှမ်းနေပုံရသည်…..ကန်တော.ပွဲမပြီးမှီ ဆရာမကြီး ကျန်းမာရေးကြောင်. ကော်မတီမှ အိမ်ပြန်ပို.ပေးခဲ့ပါသည်)
 ထို.နောက်တွင်တော. တစ်ချိန်ကကျောင်းသူ ခုတော.ကျောင်းအုပ်.. သူမ ပူဇော်သည်. ရတုတစ်ပုဒ်က ကျောင်းသားဟောင်း တစ်ဥိးကိုယ်တိုင် ရေးသားဖွဲ.သီ ခဲ့သည်တဲ့…အဓိက ကတော. ဆရာများ၏ ဂုဏ်ပုဒ် ဖော်ထုတ်ချီးကျုးထားသည်များ…..(ဘိုကလေးမြို.နယ် မြင်းကကုန်း ကျောင်းအုပ် ဒေါ်သင်းသင်းလဲ့ မှ ရါတ်ဆို ပူဇော်ပါသည်)
ပြီးသည်.နောက်  အာစရိယ နွယ်ဝင် ဆရာသခင်တို.သို. ကန်တော.ချိုးဖြင်. ညွတ်တွားပူဇော် ကန်တော.ခဲ့ကြသည်
 ထို.နောက်တစ်သက်လုံးနီးပါး ပီတိ သက်သက်ဖြင်.သာ ဘ၀ကို ဆောက်တည်ခဲ့ကြသော အကန်တော.ခံ ဆရာကြီး..ဆရာမကြီး ၇၀ ကျော်တို.အား တပည်.သားသမီးများက စိတ်အားထက်သန်စွာ စုစည်းလှုဒါန်းကြသော တစ်ဦးလျှင် ငွေကျပ် ၅ သိန်း  မျက်နှာသုတ်ပ၀ါအကြီး တစ်ထည်  သွားတိုက်ဆေး ဆေးဝါးပစ္စည်း အစရှိသည်တို.ကို ကိုယ်ထိလက်ရောက် ပူဇော်ချီးမြှင်.ခဲ့ကြသည်…
ပြီးသည်.နောက်ဝယ် ဆရာကြီးများ.က တပည်.ဟောင်းတို.အား ဆုံးမ သြ၀ါဒ စကားပြောကြားခဲ့ကြသည် (ထိုအကြောင်းကို မှတ်မိသ၍ သီးသန်.ဖော်ပြပါမည်)..
ဆရာမအားလုံးတို.ကိုယ်စား ဆရာမ ဒေါ်စန်းမြက ချမ်းမြေ.ပါစေ သီချင်းကို တီးဝိုင်းနှင်. တွဲဖက်ဆုတောင်းဖျော်ဖြေပေးခဲ့သည်
ထို.နောက် ရန်ကုန်ကျောင်းသားများကိုယ်စား ကိုအောင်ကြီးက ကျေးဇူးတင်..၇ှင်းလင်းစကားပြောကြားခဲ့ပြီး နောင်နှစ်ပွဲများစီစဉ်နိုင်ရန်ကိစ္စလည်း ပြောကြားခဲ့သည်
ထို.နောက် ကျောင်းသားတစ်ဦးမှ ကိုယ်တိုင်အဆိုပြု ပြောကြားခဲ့ရာ …မိမိမှာ မန္တလေးကျောင်းတွင် နေရင်း ကျောင်းကြီးတွင်ပညာသင်ကြားခဲ့ရသူဖြစ်ကြောင်း…ဆယ်တန်းကို ၃ နှစ်တိုင် ကြိုးစားအောင်မြင်နိုင်ခဲ့ခြင်းမှာ ဆရာ..ဆရာမကြီးများ၏ စာနာ ထိန်းကျောင်းသင်ပြမှုများကြောင်. အဓိက ဖြစ်ကြောင်း…၀ါးခယ်မမြို.သားများသည် အခြားသူများထက် မိမိအပေါ် ကျေးဇူးရှိသူများဖြစ်ကြောင်း…မြို.သူ မြို.သားတို.၏ ဆွမ်းဖြင်. ရှင်သန်ခဲ့ရခြင်းအတွက် မြို.သူမြို.သာူးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း…မိမိမှာ ဘဲချောင်းကျေးရွာမှ ကိုမျိုးအောင် ဖြစ်ပါကြောင်းဖြင်. အထူး စိတ်အားထက်သန်စွာ ပြောဆိုသွားခဲ့သည်
 ထို.နောက်တွင်တော. အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး အကန်တော.ခံ ဆရာကြီး..ဆရာမကြီးတို. နှင်. အခမ်းအနား တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ အားလုံးတို.အား ကျောင်းကြီး စုဝေးခန်းမ နှင်. ကျောင်းရှေ. မြက်ခင်းပြင်တို.တွင် နေ.လည်စာဖြင်. ဧည်.ခံခဲ့ပါသည်….
No comments:
Post a Comment