Saturday, January 5, 2013

နှစ်ဦိးဆုမွန် နှင်. SS Avenue ၏ ပညာသင်ထောက်ပံ.ရေး အစီအစဉ်


မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေခင်ဗျာ...........

မအားမလပ်သဖြင်. နှစ်ဦးဆုမွန်
ခုမှပြုရသည်.အတွက်တော. တောင်းပန်ပါသည်....
တကယ်တမ်းကတော.ကျွန်တော်တို. ဗုဒ္ဓဘာသာသည် ဆုတောင်းရုံဖြင်. ရတတ်သော သဘောမျိုးမဟုတ်ပဲ ကိုယ်တိုင်ကျင်.ကြံအားထုတ်မှသာ အောင်မြင်နိုင်သော သဘောဖြစ်ပါသည်.....ထို.ကြောင်. ကျွန်တော်တို.အားလုံး ခုရောက်ရှိစပြုနေပြီဖြစ်သော ၂၀၁၃ ၏ နေ.ရက်များအားလုံး နှစ်ဆုံးသည်.တိုင်မင်္ဂလာရှိသော...မွန်မြတ်သော...လူမျိုးအတွက်...နိုင်ငံအတွက်...ဘာသာအတွက် အမှန်တကယ်အကျိုးပြုနိုင်သော အတွေးအခေါ်...အကျင်.အကြံ..အပြု အမူတို.ဖြင်. မင်္ဂလာရှိသော ၂၀၁၃ ကိုဝိုင်းဝန်းတည်ဆောက်ကြပါစို. .........



Facebook ပေါ်တွင် ရှိနေကြသော ၀ါးခယ်မမြို.သားများအဓိကပါဝင်ဖွဲ.တည်ထားသည်. Secluded Serene Avenue of WKA Group အနေဖြင်. ပြီးခဲ့သည်. ၂၀၁၂ အတွင်းတွင် ၀ိဝါဒကွဲပြားစရာ မလိုသော မြို.လေး၏ ကောင်းကျိုးရှိမည် ထင်သည်.အရာတို.အနက်မှ ကိုယ်စွမ်းနိုင်သည်တို.ကို အခြားစေတနာပြည်. ထမ်းဆောင်နေကြသူများနည်းတူ တစ်ပိုင်တစ်နိုင် ၀င်ရောက်ထမ်းပိုးခဲ့ပါသည်... ၀ါးခယ်မ သကျမဟာသီရိဘုရားကြီးဝင်းအတွင်းဖွင်.လှစ်ထားသော အာရောဂျ တံခွန်ပရဟိတအခမဲ့ ကုသိုလ်ဖြစ်ဆးခန်းအတွက် လှုဒါန်းခြင်း...လှေကျင်း ပရဟိတကျောင်းမှ ဝေးလံသောဒေသဖွားချှို.တဲ့တိုင်းရင်းသားကလေးငယ် ၄၈ ယောက် (မူလတန်းမှ အထက်တန်းအထိ)၏ တစ်နှစ်စာကျောင်းအပ်စရိတ်..စာရေးကိရိယာ (ဗလာစာအုပ်မပါ)..ထီး...ဆယ်တန်းကျောင်းသား ၄ဦးအတွက် တစ်နှစ်စာ ကျုရှင်ခ စသည်တို.အတွက် လှုဒါန်းခြင်း......၀ါးခယ်မအသင်း (ရန်ကုန်)၏၀ါဆိုသင်္ကန်းကပ် တွင် သံဃာတော်များအတွက် ၀တ္တုငွေ လှုဒါန်းပေးခဲ့ခြင်း စသည်. ဇီဝိတဒါန...ပညာဒါန..ကုသိုလ်ဒါနများကို Group ၏ Member များ...Member မဟုတ်သော်လည်းဤ ကောင်းမှုများကိုစိတ်ဝင်စားသည်.ဇာတိဖွားများ..အနွယ်ဝင်များ..ဇာတိဖွားမဟုတ်သူများ၏ပူးပေါင်း ပါဝင်မှု ..Group Collector များ၏ ကြိုးပမ်းမှုဖြင်. ဆောင်ရွက်နိုင်ခဲ့ပါသည်....

ယခုနှစ်သစ်တွင်လည်း ရှေ.တစ်လှမ်းတိုးသည်.အနေဖြင်.၀ါးခယ်မ GTI မှ မအူပင်သို.GTC မှီပါလျှက် မတက်ရောက်နိုင်သူ တစ်ဦးကို ယခု ၂၀၁၃ ဇန်န၀ါရီလ မှ စ၍ တစ်လလျှင် ပညာသင်စရိတ် ၇၀၀၀၀ ကျပ်ဖြင်. ၂နှစ်တိတိ ထောက်ပံ.၇န်သဘောတူပြီး စတင်ထောက်ပံ.ခဲ့ပါသည်...စည်းကမ်းချက်များ ရှင်းလင်းပြီး လက်မှတ်ထိုးသဘောတူခြင်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ.မွန်းလွဲပိုင်းက ဘုရားကြီးအတွင်း မဟာပုည တန်ဆောင်းတွင် ကျင်းပခဲ့ပါသည်...ထိုနေ.က ဆယ်တန်းကို ၂၀၁၀ ခုနှစ်က ၄၁၅ မှတ်ဖြင်.အောင်မြင်ပြီး လက်ရှိမအူပင် TU တွင်Civil major ဖြင်.ပညာသင်ကြားနေသည်. ထိုကျောင်းသား....ကျောင်းသား၏ မိဘ....ထိုကျောင်းသား၏လိုက်နာမှုများအားတာဝန်ခံမည်. အားကာမှတစ်ဦး...Group Collector ၃ ဦး တက်ရောက်ခဲ့ပါသည်....တစ်ခုရှိသည်က ကျွန်တော်တို.အနေဖြင်.ငွေကို သိန်းရာဂဏန်းမတည်..အညွန်.ကိုသာ ထောက်ပံ.ရလောက်အောင်မစွမ်းနိုင်သည်.အတွက် ကျွန်တော်တို. Group ၏ Donation များကို စိတ်ပါလက်ပါ ကူညီလေ.ရှိသော Main Donor တစ်ဦးကိုအခြေပြုပြီး ၁၀၀၀၀ တတ်နိုင်သူက ၁၀၀၀၀ ..၅၀၀၀ တတ်နိုင်သူက ၅၀၀၀ (member မဟုတ်သူများအပါအ၀င်)..ကျွန်တော်တို.Collector ၇ ဦးအနက် ညီမ Brani က ၁၀၀၀၀ ကျန်သူများက ၅၀၀၀ စသည်ဖြင်. လစဉ်ထည်.၀င်ကြေးများ စုပေါင်းထောက်ပံ.ခြင်း ဖြစ်ပါသည်..ယခုလက်ရှိ စိတ်ဝင်စားသူအချို.လည်း ထပ်မံ ၀င်ရောက်လာသဖြင်. ရရှိငွေပေါ်ကြည်.ပြီး နောက်ထပ်ထောက်ပံ.နိုင်ရေးကြိုးစားသွားမည်ဖြစ်ပါသည်....

 

No comments:

Post a Comment