Thursday, January 17, 2013

ဧရာဝတီ ယူနိုက်တက်ရဲ. ဒုတိယ ပွဲ



ပထမဆုံးပွဲမှာ သရေ ကျထားတဲ့ ဧရာဝတီ အသင်းရဲ. ဒုတိယပွဲမတိုင်မှီ ထင်မြင်ချက်လေးတွေပါ

 နိုင်ငံခြား ကစားသမား ၃ ဦးခေါ်ထားတဲ့ (သူတို.ရေးချိန်က မက်ဆီဒိုးနီးယား နောက်ခံလူ မာယန်ကို စာမချုပ်ရသေးပါဘူး) ဧရာဝတီအနေနဲ. အဝေးကွင်းမှာ နေပြည်တော်ကို အနိုင်ရဖို.ဆိုတာ မလွယ်ပါဘူး....နေပြည်တော် ဟာ ဧရာဝတီနဲ. ဆုံတွေ.တိုင်း အသာမရခဲ့ပေမယ်. အိမ်ကွင်း အားသာချက်နဲ. ဧရာဝတီကို အကောင်းဆုံး ရင်ဆိုင်သွားမှာပါ...ခြေစွမ်းညီတဲ့ အသင်းတွေ ဖြစ်တဲ့အတွက် သရေနဲ. ပြီးမှာပါ
Channel -Weekely Sports Journal


အဖွင်.ပွဲစဉ် သရေကျခဲ့တဲ့ ၂သင်းတွေ.မှာပါ...နည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်း လက်ထက်မှာ တိုးတက်မှုတွေ ရှိလာပေမယ်. နိုင်ပွဲရှာတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို အဖွင်.ပွဲစဉ်က သက်သေပြနေပါတယ်...လူမစုံတဲ့ ဧရာဝတီအနေနဲ. ပြီးခဲ့တဲ့ ရာသီကလို လုပ်ပြဖို. မလွယ်ပါဘူး...နေပြည်တော် အနိမ်.ဆုံး သရေကစားမှာပါ....
Premier Eleven - Sport Journal

နေပြည်တော်ဟ
ာ ဒီနှစ် အတော်ပြင်ဆင်ထားတဲ့အသင်းပါ...နည်းပြ မျိုးလှိုင်ဝင်းရဲ. ဧရာဝတီ ခံစစ်ကို ဘယ်လိုထိုးဖောက်မယ်...တန်ပြန်တိုက်စစ် ဘယ်လိုလုပ်မယ်ဆိုတာတွေကို စောင်.ကြည်.ရမှာပါ...နေပြည်တော် ကပ်နိုင် နိုင်ပါတယ်
သော်မောင်မောင်-ဦးထွန်းထွန်းဦး
 For Sport Channel


ရေးထားတာလေးတွေ သုံးသပ်လိုက်ချိန်မှာ ပထမ တစ်ခုက ဧရာဝတီထက် တစ်ဖက်အသင်းအပေါ်ပဲ မူတည် ထားတာက်ုတွေ.ရပါတယ်...နောက်တစ်ခုက နေပြည်တော် အနိမ်.ဆုံး သရေ သဘောမျိုး တွက်ထားကြပါတယ်..ပြီးခဲ့တဲ့ နောက်ဆုံးတွေ.ဆုံမှု (ဧရာဝတီ - နေပြည်တော်) ကလည်း ၂-၂ သရေကျထားတာ ဖြစ်ပါတယ်….

ဇန်န၀ါရီ ၁၃ ရက် တနင်္ဂနွေနေ. နေပြည်တော် အိမ်ကွင်း (ပေါင်းလောင်း) တွင် ကစားခဲ့ပြီးသည်.နောက် အားလုံးမှန်းဆ ထားခဲ့သည်.အတိုင်း သရေရလဒ်ဖြင်. ၂ သင်းလုံး ကျေနပ်ခဲ့ကြ ရသည်…ထိုပွဲကို Soccer Myanmar တွင် ဤ သို.ရေးသားခဲ့ပါသည်

အဖွင့်ပွဲများတွင် သရေကျခဲ့သည့် အသင်းနှစ်သင်း ဖြစ်သောကြောင့် ယခုပွဲတွင် ပထမဆုံး (၃)မှတ်ကို ရယူနိုင်ရေးအတွက် နှစ်သင်းစလုံး အားထည့် ကစားခဲ့သော်လည်း သရေရလဒ် ထပ်မံ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် ပွဲပယ်ခံထားရသည့် ကိုနေး ပါဝင်လာခြင်း မရှိခဲ့ပဲ တိုက်စစ်မှူးသစ် မာရှယ်နှင့် ကိုရီးယား ကွင်းလယ်လူ နှစ်ဦးဖြစ်သည့် ကင်နှင့် ဂျောင်တို့ကို ဇော်ထက်အောင်၊ ဇော်လင်း၊ ချစ်စမ်းမောင်၊ မိုးဝင်း၊ မင်းမင်းထွန်း စသည့် အဓိက ကစားသမား များနှင့် ပွဲထွက် လာခဲ့သည်။ နိုင်ငံခြားသား (၄)ဦးစလုံး အသုံးပြုခဲ့သည့် ဧရာဝတီတွင် နောက်ခံလူသစ် မာဂျန် ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး လီအန်ဒရိုမှာမူ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရာတွင် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်မပြ နိုင်ခဲ့ပေ။
နေပြည်တော်သည် အဖွင့်ပွဲတွင် ခြေစွမ်း ပြနိုင်ခဲ့သည့် အတိုင်း ဧရာဝတီ အပေါ် ဖိကစား နိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း အတွဲအဖက် မမိသောကြောင့် အလွယ်တကူ ဂိုးမရခဲ့ပေ။ ဧရာဝတီတွင်လည်း တိုက်စစ်ပိုင်းရှိ နိုင်ငံခြားသားများ အသင်းနှင့် အထိုင်မကျ သေးသောကြောင့် ခြေစွမ်းပြနိုင်ရန် ခက်ခဲခဲ့သည်။ အဖွင့်ဂိုးကို ပွဲချိန် (၄)မိနစ်ကတည်းက ဧရာဝတီတို့ ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောမှ တဆင့် နောက်ခံလူ မာဂျန်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ စောစောစီးစီး အဖွင့်ဂိုး ပေးလိုက်ရသော်လည်း နေပြည်တော်တို့ ကစားကွက် ပျက်သွားခြင်း မရှိဘဲ ဧရာဝတီအပေါ် ဖိအားပေး နိုင်ခဲ့သည်။ သို့သော် အဆုံးသတ် အားနည်းခြင်းနှင့် ဧရာဝတီ ခံစစ်ကြောင်း၏ အမှားအယွင်း နည်းပါးခြင်း များကြောင့် ပထမပိုင်းအတွင်း ချေပဂိုး ရရှိခဲ့ခြင်း မရှိပေ။ နေပြည်တော် အသင်းအတွက် အဖိုးတန် ချေပဂိုးကို ကွင်းလယ်လူ ဇော်ထက်အောင်က ပွဲချိန် (၇၄)မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းကာ ရယူပေးခဲ့ခြင်း ဖြစ်သည်။ လက်ကျန် ပွဲချိန်များတွင် နှစ်သင်းစလုံး အနိုင်ဂိုး ရရှိရေးအတွက် ကြိုးစားကြသော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသောကြောင့် သရေရလဒ်နှင့်သာ ပွဲပြီးဆုံးခဲ့သည်။


ထို.ကြောင်. ၂၀၁၃ MNL ဒုတိယပွဲစဉ်များ အပြီးတွင် ဧရာဝတီ အသင်းသည် ရဂိုး ၁  ပေးဂိုး ၁ ရမှတ် ၂ မှတ် ရရှိထားပြီး နောက်ခံလူ မာဂျန် က ၁ ဂိုးသွင်းယူပေးထားပါသည်….

ဓါတ်ပုံများအတွက် AUFC Page @ Facebook ကို အထူးကျေးဇူးတင်ပါသည်

 

No comments:

Post a Comment