Sunday, January 6, 2013

ထာဝရ ဥယျာဉ်တော် တမ်းချင်းများ


( ၄ )
သခင်မ.....
သခင်မအတွက် ပြည်.စုံစွာ ဖန်ဆင်းပေးနိုင်သော
ထာဝရ ဥယျာဉ်မှုး တစ်ဦးဦးထံ
ကိုယ်တော်တိုင်....
ကြည်ဖြူစွာ အပ်နှံ မည် ဆိုပါကလည်း
ကျွနုပ် ၏ ရင်တွင်းသို.
ခပ်နွမ်းနွမ်း ပွင်.ဖတ်တစ်ခု
ခြွေချ ပေးထားခဲ့ပါ....
ဘ၀၏ နေ၀င်ချိန်များတိုင်
တစ်ခုတည်းသော
ပိုင်ဆိုင်တွယ်ငြိရာ အဖြစ်
(ထို ဆုလာဘ်တော်အား )
ထွေးပွေ.ခွင်. ပြုတော်မူပါ...

သခင်မ၏ ဥယျာဉ်တော်ကို
ထိုသူထံ
ဝကွက် အပ်နှံပြီးပါလျှင်
ကျွနုပ်၏
ဇီဝိန်မဲ. ခန္ဓာ ကိုယ်အား
အရှင်.ခြေတော်ရင်းတွင်
ဆက်လက် တည်နေခွင်.ပြုတော်မူပါ......




ကျွနုပ်၏
အရိုး အသားတို.မှ ဖြစ်သောမြေဆီဓါတ် တို.ဖြင်.
အရှင်. ဆူးခက် နွယ်ပင် တို.ကို
ပိုမို ခိုင်မာရှင်သန်စေအံ.
ကျွနုပ်၏
ရိုးတွင်း ခြင်ဆီတို.မှ ဖြစ်သော
မြေဆီဓါတ်တို.ဖြင်.
အရှင်. ပွင်.ဖူး ၀တ်ငုံ ချပ်လွှာတို.အား
ပိုမို ရွှန်းလဲ့ တောက်ပစေအံ. ........။

သခင်မ.....


ဘ၀ ၏ အနာဂတ် နန်းတော်ကို
တည်ကြည်သော သစ္စာ အုတ်ချပ်
ခိုင်ခံ.သော မေတ္တာ ရွှံ. စေး သက်သက်တို.ဖြင်.သာ
မတည်ဆောက်နိုင်မှန်းသိပါ၏
အနာဂတ် တစ္ဆေ ၏ လွှမ်းမိုးမှု ကင်းနိုင်ရန်
အခြားသော အရာများစွာတို.၏
အထောက်အမ တို.လိုအပ်မှန်းသိပါသည်....သခင်မ
ထို.ကြောင်.
တော်မ၀င်သူတို.၏
လားရာအတိုင်းသာ
ခြေဦးတည်ထားခဲ့ပါသည်...

သို.သော်.......
မအေးချမ်းစွာဖြင်.
ဆက်တည်နေပါအုံးမည်...
နိုင်သမျှသော
ယုယပျိုးထောင် စောင်.ရှောက်ခဲ့မှုတို.အတွက်
ဖျက်ကနဲချွေခြ ပေးမည်.
စာနာမှုတစ်ချက်ကိုသာ
အမြင်.ဆုံး ပိုင်ဆိုင်မှုအဖြစ်
မျှော်လင်.ထားပါသည်.....



သခင်မ.....
မြူးတူး တော်မူပါ....
လွတ်လပ် ကြည်နူးတော်မူပါ.....
ရွှင်ပျ လှပ တော်မူပါ......
စိမ်းလန်း ပျံ.လွင်. တော်မူပါ......
ချိုမြိန် အေးမြတော်မူပါ.......
သာယာ နွေးထွေး တော်မူပါ.........
ကြည်လင် ဆွတ်ပျံ.တော်မူပါ.......

( ကျွနုပ်တွင် ထာဝရဥယျာဉ်တော် တစ်ခု ရှိနေပါသည်...ပျိုးပင်ငယ်များဘ၀မှ လှပ
ပြည်.စုံ လာသော ယခုချိန်ထိ မိမိဘာသာ အဆိုပြု ခန်.အပ်ခဲ့သော ယာယီ
ဥယျာဉ်မှုး တာဝန်ကို တတ်နိုင်စွမ်း ရှိသမျှ ထမ်းဆောင်ခဲ.ထမ်းဆောင်ဆဲ
ထမ်းဆောင်သွားမည်ဖြစ်ပါသည်...မည်သို.သောအကြောင်းနှင်.မျှ ဥယျဉ် ပိုင်ရှင်
ဘ၀ ကိုမရောက်နိုင်မှန်း သေချာလှသော်လည်း ကျေနပ်နေပါသည် မသိမ်းပို က်
ရဲသလို (သိမ်းပိုက်ခွင်.လဲမရှိပါ ) စွန်.လဲ
မစွန်.လွှတ်ရက်ပါ..မိမိဖြည်.ဆည်းပေးနိုင်စွမ်းတို.ကိုသာ အားမလိုအားမရ
ဖြစ်နေရပါသည်... ဥယျာဉ်တော် မြေပြင် သက်တမ်း နှစ် ၂၀ ပြည်.ရန် ရက်၂၀ အလိုမှစ၍ အပိုင်း၂၀ ခွဲဖွဲ.သီကာ မိုးပြိုအိမ်မက်ကဗျာ Group တွင် ရက်၂၀ တိတိ ရင်ကိုဖြန်.ခင်းပြခဲ့သည်များကို.အပိုင်း ၄ ပိုင်းဖြင်. ပြန်လည် စုစည်း ဖော်ပြခြင်းဖြစ်ပါသည်...စကားလုံးဖြင်.ဖွဲ.သီနိုင်စွမ်း ယခုမျှသာ
ဖြစ်သော်လည်း ကြည်.တတ်သူတို.အဖို. ပိုမြင်နိုင်စွမ်း
ရှိကြပါလိမ်.မည်...ကျွနုပ်၏ ဥယျာဉ်တော်ကား ယခု စကားလုံးများကို လည်းကောင်း
ကျွနုပ်၏ ၇င်ကိုလည်းကောင်း မြင်နိုင်မည် မဟုတ်ပါ မြင်ခွင်.လဲ
ပြုမည်မဟုတ်ပါ...တကယ်တော. ..................)


 

No comments:

Post a Comment