![]() |
ဆရာကြီး ဦးလှအေး သြ၀ါဒ စကားပြောကြားစဉ် |
ထိုနေ.က ဆရာကန်တော.ပွဲတွင် တက်ရောက်လာသော ဆရာ/ဆရာမ အားလုံး
၇၀ ကျော်အား တစ်ဦးလျှင် ၃ မိနစ်မျှ သြ၀ါဒ စကားပြောကြားစေသော အစီအစဉ်ပါဝင်ခဲ့ပါသည်...ဆရာ/ဆရာမ
အားလုံးပြောစေလိုသော ဆန္ဒဖြင်. ကော်မတီမှ စီစဉ်ခြင်းဖြစ်သော်လည်း တကယ်က ၃ မိနစ်အတိပြောလျှင်ပင်မိနစ်၂၀၀
ဆိုတော. နောက်ဆုံး အစီအစဉ်ပြောင်းလိုက်ရပြီး ဆရာအတော်များများ ပြောကာ ဆရာမ အားလုံးကိုယ်စား
ဆရာမ ဒေါ်စန်းမြ က ချမ်းမြေ.ပါ စေ သီချင်းဖြင်.သာ
အားလုံးကို ဆုမွန်ခြွေပေးခဲ့သည်...
![]() |
ဆရာကြီး ဦးတက်ထွတ် (ထွဋ်) |
ဆရာကြိး ဦးတက်ထွတ် ကပြောကြားရာမှာ သူ.အနေနဲ. ရန်ကုန်
စုရပ်ဖြစ်တဲ့ AK ဆေးဆိုင်ရှေ.ရောက်တည်းက ရောက်ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ တပည်.ဟောင်းတွေ
တော်တော်များများတွေ. လိုက်ရလို. အတော်လေး အာတက်သွားကြောင်း..ခုလက်ရှိ လုပ်ကိုင်နေကြတဲ့
ကျောင်းသားဟောင်းတွေမှာ ၃၀/၄၀ တန်းလောက်တွေအနည်းဆုံး ရောက်ရှိနေကြပြီဖြစ်လို.
တစ်ချိန်မှာ မြို.မိ မြို.ဖိ တွေဖြစ်လာမှာဖြစ်ကြောင်း လက်ရှိမြို.အရေးဦးဆောင်ပေးနေသူမှာ
သက်တမ်းအရ ၇၂ နှစ်ရှိနေပြီမို. သူ.လို လုပ်နိုင်ကြဖို.လိုကြောင်း..မြို.မှာ ပရိယတ္တိ
စာသင်တိုက်ကြီး တစ်ခု ပေါ်ပေါက်လာစေလိုကြောင်း ...လူပုဂ္ဂိုလ်..အယူအဆ..အဖွဲ.အစည်းတိုင်းမှာနေထွက်ချိန်
/နေ၀င်ချိန် ဆိုတာရှိကြောင်း....ဆရာကြီးတို.ကတော. နေ၀င်ချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်း
ရှိတ်စပီးယား ရဲ. စာတွေကိုပါကိုးကားပြောကြားသွားခဲ့ပါတယ်.
![]() |
ဆရာ ဦးကျော်သန်း |
ဆရာကြီး ဦးလှခင်ကတော. ကန်တော.တဲ့ တပည်.တွေအတွက် ဆုပေးပါတယ်...ဒါဟာ
မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်း...ဒီအစီအစဉ်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက စတင်
စီစဉ်နေတာ ဖြစ်တယ်လို.သိရကြာင်း ...ဒီဆရာကန်တော.ပွဲ မှာ ကျေးဇူး အထူးတင်တာကတော. လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၀ လောက်က လုပ်ဖော်ကိုင်ဖက် တွေနဲ. ပြန်တွေ. ရလို.ဖြစ်ကြောင်း အင်မတန် ၀မ်းသာ
ပီတိ ဖြစ်ရကြောင်း ..မမျှော်လင်.ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ တပည်.ဟောင်းတွေကိုပါ
AK စုရပ်မှာတည်းကိုက တွေ.လိုက်ရလို.အလွန်ပိတိဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်
![]() |
Wheel Chair နှင်.လာခဲ့ရသော ဆရာမ ဒေါ်မူမူ |
ဆရာမ ဒေါ်မူမူကတော. Wheel Chair ပေါ်ကနေပဲ ခရစ်စယာန် ဘာသာဝင်ပီပီ
ဘုရားသခင် ကောင်းချီးပေးပါစေ ကနေ စပြီး ဘာမှမစီစဉ်ထားပဲ စကားပြောရမယ်ဆိုတာသိရတော. ဘာပြောရမှန်း
မသိဖြစ်နေကြောင်း ၀မ်းသာကြောင်း နောင်နှစ် အကန်တော. ခံနိုင်အောင်လည်း ၀ိုင်းဆုတောင်းပေးကြပါ
ဆိုပြီး Thak You So Much နဲ. နိဂုံးချုပ်ပါတယ်
![]() |
သစ္စာပြု ဆုတောင်းပေးနေသော ဆရာ ဦးကျော်ဝင်း |
ဆရာဦးကျော်ဝင်းကတော. တစ်မူထူးခြားပါတယ်..ဗုဒ္ဓဘာသာဝင်
အရွယ်ရ ဆရာတစ်ဦးပီပီ သရဏဂုံ ၃ ပါးကို အရင်ဆောက်တည်ပြီး သစ္စာဆိုကာ ကိုယ်၏ ကျန်းမာခြင်း
စိတ်၏ ချမ်းသာခြင်းတို.နဲ. ပြည်.စုံကြစေဖို. ဆုတောင်းပေးခဲ့ပါတယ်
![]() |
ဆရာ ဦးလှကြွယ် |
ဆရာဦးလှကြွယ်ကတော. ပျက်စီးနေတဲ့ ကျောင်းစာကြည်.တိုက်ကြီးကို
ပြင်ဆင်ဖို.အဓိကထားပြောကြားသွားခဲ့ပါတယ်
ဆရာတစ်ဦးကတော. အခြားကျောင်းတွေမှာ ဆရာများကိုယ်စား တစ်သီး..ဆရာမ များကိုယ်စား တစ်သီး လောက်သာသြ၀ါဒ စကားပြောကြားခိုင်းပြီး ဒီမှာတော. အားလုံးပြောစေတာထူးခြားကြောင်း ထည်.သွင်းပြောကြားသွားပါတယ်
ဆရာတစ်ဦးကတော. အခြားကျောင်းတွေမှာ ဆရာများကိုယ်စား တစ်သီး..ဆရာမ များကိုယ်စား တစ်သီး လောက်သာသြ၀ါဒ စကားပြောကြားခိုင်းပြီး ဒီမှာတော. အားလုံးပြောစေတာထူးခြားကြောင်း ထည်.သွင်းပြောကြားသွားပါတယ်
![]() |
ဆရာမ ဒေါ်စန်းမြ |
နောက်..ဆရာ တစ်ဦးကတော. ၀ါးခယ်မဟာ ရေခံမြေခံ ကောင်းတဲ့ဒေသဖြစ်ကြောင်း
ဝါးခယ်မဖွား နာမည်ကျော်များရဲ. ထူးခြားမှု အနည်းငယ်စီနဲ.ပြောသွားခဲ့ပါတယ်...ရွာစားကြီး
ဦးဟံပ ...ရန်ကုန်ပထမဆုံးမြို.တော်ဝန် ..စတာတွေကနေ နောက်ဆုံး မဲသဝေါ တိုက်ပွဲမှာ စွမ်းစွမ်းတမံ
တိုက်ခိုက်ခဲ့လို. ဗိုလ်မှုးကြီး အံ.ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ. အံ.ကျော် ကုန်းလို နာမညပေးထားခဲ့ကြောင်းတွေကအစ
ပြောကြားသွားခဲ့ပြီး နောက်လူတွေအားလုံးလည်း ထူးချွန်စေဖို. ပြောကြားသွားခဲ့ပါတယ်
မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား ဆိုတဲ့ စကားနဲ.လည်း ဆရာတစ်ဥိးက သြ၀ါဒ ပေးခဲ့ပါသေးတယ်
မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား ဆိုတဲ့ စကားနဲ.လည်း ဆရာတစ်ဥိးက သြ၀ါဒ ပေးခဲ့ပါသေးတယ်
![]() |
ဆရာဦးရဲမြင်. |
ဗိုလ်ရဲ(ဆရာဦးရဲမြင်.)ကတော. ထုံးစံအတိုင်း Tone
Color ရင်.ရင်. Key မြင်.မြင်.နဲပဲ သတိပေး ဆုံးမသွားခဲ့ပါတယ် ...မြို.မှာ အချို. ငါတကောကော
ကောနေကြကြောင်း ..၀ါးခယ်မအကြောင်း ဘာမှမသိပဲ လူငယ်တွေက လူကြီးဖြစ်လာနေကြကြောင်း..တောင်ကြီးပညာရေး
ကောလိပ်မှာ သင်တန်းတစ်ခုသွား၇တော. အရမ်းဂရုစိုက်ခံရလို. ဘာဖြစ်လို.လည်းမေးတော. ခင်နှင်းယု
ကိုကြိုက်လို. သူ.မြို.သားကို ဂရုစိုက်ကြကြောင်း..ကျောင်းပြင်ပ ပညာရေး ဆောင်ရွက်မှုတွေကို
တာဝန်ထမ်းဆောင်စဉ် စော်ကားမှုတွေကို ခံပြီး တွန်းတွန်း တိုက်တိုက် လုပ်လာခဲ့ကြောင်း....နုနယ်တဲ့ဘဝ
မှာအခြေခံကျကျ သင်ပေးမှ တစ်သက်လုံး ပါသွားမှာဖြစ်ကြောင်း...ခုလက်ရှိ တပည်.ဟောင်းတွေဟာ
မိဘတွေဖြစ်နေကြပြီမို. လူငယ်တွေ ညံ.ခြင်းဟာ မိဘများညံ. လို.ဖြစ်ကြောင်း ..ဆယ်တန်း ညကျောင်းသင်ချိန်မှာ
Allow ကို ကလေးတော်တော်များများက အလိုး လို.အသံထွက်နေကြတာ သက်ဆိုင်သူတွေ ဘယ်လောက် အားနည်းတယ်ဆိုတာကိုပြနေကြောင်း.....စိတ်ပါလက်ပါ
ပြောကြားသွားခဲ့ပြီး နောက်ဆုံးမှာ နိဗ္ဗာန်မဂ်ဖိုလ် ကို မပငိမပန်းစောစီးစွာ ရောက်နိုင်ပါစေကြောင်း
ဆုတောင်းနဲ. ပိတ်ခဲ့ပါတယ်
No comments:
Post a Comment