Wednesday, January 30, 2013

ဧရာဝတီရဲ. မရှုမလှ အရှုံးအတွက် ထိုသို. ခံစားခဲ့ကြရသည်

ဧရာဝတီ၏ ၂၀၁၃ ရာသီ ပထမဆုံး ရှုံးပွဲ(ကမ္ဘောဇ ၃-ဧရာဝတီ ၀) နှင်. ပတ်သက်၍ ဧရာဝတီ ပရိသတ် များ စုစည်းနေသော Facebook ပေါ်ရှိ We Love AUFC Group တွင် ခံစားခဲ့ကြရသည်များကို ရင်ဖွင်.ရေးသားခဲ့ကြသော ပရိသတ် များ၏  ရင်တွင်းဖြစ်များ စုစည်းပေးထားခြင်း ဖြစ်ပါသည်...



 မင်္ဂလာပါဧရာဝတီ..( Ayeyawady United FC )
မင်းကိုငါ သတိထားမိခဲ့တာ မင်းအသိမကြွယ်သေးခင် Delta United ဆိုတဲ့ ဘ၀တည်းကပါ
မင်းအပေါ်ငါဘယ်လောက်ထိရူးသွပ်မြတ်နိုးတန်ဖိုးထားတယ်ဆို ငါ့ကိုယ်စောင့်နတ်နဲ့ ငါသာအသိဆုံးပါ
မင်းကြောင့်ပဲ ငါငယ်ငယ်တည်းက အိပ်မက်ခဲ့ရတဲ့ အောင်မြင်ခြင်းရဲ့ချိုမြိန်မှုတွေကိုလည်းဘောလုံကွင်းထဲမှာ
ခံစားခဲ့ရတယ်။ အားကျတဲ့ ကစားသမားတွေ နည်းပြတွေနဲ့ လည်း ရင်းနှီးနွေးထွေးခဲ့ ရတယ်…
မင်းအပေါ်ကို ငါ့လို ပဲ ထပ်တူ တန်ဖိုးထားတဲ့ မိသားစုလေးတစ်ခုကိုလည်း မင်း ဖန်တီးပေးခဲ့ တယ်…..
ကျေးဇူးပါ ဧရာဝတီ…
စည်းလုံးကြံ့ခိုင်တဲ့ ဗျူဟာ နဲ့  မြက်ခင်းထက်မှာ မင်းကစားပုံတွေကြည့်ရင်း ငါအားမလိုအားမရဖြစ်ရခဲ့ရဖူးသလို
ပြင်းထန်တဲ့ပေါက်ကွဲချက်တွေနဲ့  မင်းဖန်ဆင်းလာတဲ့ ရွှေရောင်နေ့ရက်တွေကို တော့ပီတိအပြည့်နဲ့ ငါ အရသာခံ
ကြည့်ရှုခွင့်ရခဲ့ဖူးတယ်။ အားမာန်အပြည့်နဲ့ မင်းရဲ့တပ်သားတွေဟာလည်း ကိုယ်စွမ်ဥာဏ်စွမ်းရှိသမျှ
ကြိုးစားခဲ့ကြရင်း သူတို့ရဲ့ချွေးစက်တွေခွန်အားတွေ အညံ့မခံတတ်တဲ့ ဧရာဝတီစိတ်ဓာတ်တွေနဲ့ 
ငါတို့ ကိုပျော်ရွင်ခြင်းတွေ ပေးခဲ့ကြဖူးတယ်။
မင်းအတွက်ကြောင့် ငါတို့တွေ ၀င့်ကြွားခဲ့ရဖူးတယ်…မင်းအတွက်လည်း ဂုဏ်ယူလို့ မဆုံးဖြစ်ခဲ့ကြဖူးတယ်…
မင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုနားစွင့်ရင်း မင်းကိုလည်း ငါတို့ တွေ အများကြီးမျှော်လင့်ထားတာ
ယနေ့ ထိပါပဲ……ဒါပေမယ့်ထင်သလိုဖြစ်မလာခဲ့ခြင်းကို ငါ အဖြေရှာဖို့ ဥာဏ်မှီသလောက်ကြိုးစားကြည့်မိတယ်
မင်းကျောခိုင်းခဲ့တဲ့..သက္ကရာဇ် ၂၀၁၂ ကပဲ မင်းကို ဒဏ်ခတ်ခဲ့တာလား ……
အသင်းရဲ့ပုံရိပ် ကစားသမားအချို့ဆုံးရှုံးခဲ့ရခြင်းက မင်းရဲ့စိတ်ဓာတ်ကိုနာမကျန်းဖြစ်စေခဲ့တာလား
အသေအချာတော့ ငါ မသိရိုးအမှန်ပါ..
ရာသီသစ်တစ်ခုကို စတင်ဖို့ပြင်ဆင်နေစဉ်ကတည်းက မင်း ခင်းကျင်းပြသမယ့် ဗျူဟာ အသစ်တွေကို ငါ
အငမ်းမရမျှော်လင့်နေမိခဲ့တာ……..
ဒါပေမယ့်မင်းအပေါ်ကို စိတ်မဆိုးရက် အပြစ်မတင်ရက်စွာနဲ့ မင်းကျဆုံးခန်းတွေအလယ်မှာ မင်းနဲ့ အတူ
ငါတို့ မျက်ရည်လည်ခဲ့ ရဖူးတယ်….
မင်း ရာသီသစ်အတွက် တိုက်ပွဲ ၀င်ခဲ့ တာ ၅ ကြိမ်မြောက်ခဲ့ပြီ…မင်းကစားခဲ့တဲ့ ပြိုင်ပွဲ(၂)ပွဲကို ငါမင်းနဲ့ အတူ
စီမျောခဲ့ဖူးတယ်……မျှော်မှန်းထားသလောက် မင်းဆီက တုန့် ပြန်မှုကို မရခဲ့ ဘူး…..
မင်းလုပ်ပြနိုင်ခဲ့တာက
မနောမြေ ၀ - ၀ ဧရာဝတီ
နေပြည်တော် ၁ - ၁ ဧရာဝတီ
မကွေး ၂ - ၂ ဧရာဝတီ
မင်းကစားခဲ့ တဲ့ ရလဒ်တွေကို ကြည့်ရင်း အရင်က မင်းယူဆောင်ပေးခဲ့ဖူးတဲ့  စံချိန်ရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုများ
ငါတို့ အတွက် ဒုတိယံမိဆောင်ကျဉ်ပေးဖို့ ကြံရွယ် နေတာလားလို့
တိတ်တခိုးမျှော်လင့်ဖူးတယ် ဧရာဝတီ…
ပဉ္စမမြောက် မင်းရဲ့တိုက်ပွဲကိုတော့ ဖန်သားပြင်ထက်မှာကြည့်ရှုရင်း မင်းရဲ့ တာဝန်မကျေမှုတွေက
အထွဋ်အထိတ်ကို ရောက်ရှိခဲ့ ပြီဆိုတာသေချာသွားခဲ့ပြီ…
မနှစ်က ဗိုလ်လုပွဲမှာ မင်းချော့သိပ်ခဲ့ တဲ့ ချာတိတ်လေးတွေ က မင်းကို အတားအဆီးမဲ့ စွာ ထိုးနှက်ခဲ့ပြီ…….
(၃-၀) ဆိုတဲ့ အရှုံးရလဒ်က ငါတို့ တွေ အတွက်တော့ပြင်းထန်လွန်းတဲ့ ဒဏ်ခတ်မှုကြီးပါပဲ …….
အထိန်းအကွတ်မရှိ….စွဲမက်ဖွယ်မရှိ….စုတ်ပျက်နေတဲ့ မင်းရဲ့ဗျူဟာတွေက အထင်းသားပေါ်လွင့်ခဲ့ပြီဧရာဝတီ။
အသင်းတစ်သင်းရဲ့ အဓိကအစိတ်အပိုင်း ကွင်းလယ်က အတက်အဆင်းမှန်မှန်နဲ့ ကစားကွက်ကိုဖန်တီး
ဖျက်တောက်ပြီး တစ်ဘက်အသင်းရဲ့ကစားပုံကို အသာစီးနိုင်ဖို့ဝေးစွ ပြိုင်ဘက်အသင်းရဲ့ Playmaker
တွေကိုတောင် အသင်းရဲ့ အန္တရာယ်ဇုန်ထဲကို စိတ်ကြိုက်ဝင်ရောက်ချယ်လှယ်ဖို့ခွင့်ပြုနေကြတယ်…….
နောက်တန်းစကားပုံကရော တည်ငြိမ်မာကျောခြင်းတွေပျောက်ဆုံးသွားပြီလား?
Zonal Marking ကစားတာလား Man Marking ကစားတာလား ဘယ်လိုနည်းစနစ်တွေနဲ့
ကစားနေသလဲတော့မသိ.. တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို သေသေသပ်သပ်နဲ့ ဇွဲကြီးစွာ
ကြိုးစားဖျက်ထုတ်တတ်တဲ့ ဧရာဝတီကို မင်းဘယ်မှာထားခဲ့ပြီလဲ….
အဆိုးဆုံးကတော့ တိုက်စစ်ပိုင်းပါပဲ…အရင်ကလိုမျိုးပေါက်ကွဲမှုပြင်းထန်တဲ့ ဧရာဝတီရဲ့ တန်ပြန်တိုက်စစ်
ဆိုတာကို အစအနတောင် ငါတို့ ရှာမတွေ့ တော့ဘူး….
ကစားသမားအသစ်တွေနဲ့  အဟောင်းတွေ အသားမကျသေးလို့ပါဆိုတဲ့ စကားနဲ့မင်းဖုံးကွယ် ဟန်ဆောင်ထားတယ် ဧရာဝတီ…….
မင်းအတွက် တန်ဖိုးကြီးတဲ့ကစားသမားကောင်းတွေ အများကြီးမလိုအပ်ပါဘူးးးး
မင်းအတွက်လိုအပ်တာ အာမာန်အပြည့်နဲ့တိုက်ပွဲဝင်မယ့်စိတ်ဓာတ်ကောင်းတစ်ခုဆိုတာ
မင်းလည်းအသိပါ ဧရာဝတီ…….
ဒီပုံစံနဲ့ ငါတို့ AFCကို ဘယ်လိုဝင်ပြိုင်မှာလဲ …..
ငါတို့ မနမ်းရှိုက်ရသေးတဲ့  MNL ဆုဖလားကြီးကိုရော ဘယ်လိုရယူနိုင်မှာလဲ…..
မင်းအတွက် ငါတို့တွေကြေကွဲစို့နစ်နေရတဲ့အကြောင်း…
မင်းရဲ့ရွှေရောင်နေ့ရက်တွေ မှေးမှိန်စပြုလာပြီဆိုတဲ့အကြောင်း…..
မင်းအပေါ်မှာ ငါတို့စိတ်မပျက်ဘူးဆိုတဲ့အကြောင်း……..
မင်းကောင်းကောင်းဆိုးဆိုး မင်းဘက်ကအမြဲရှိနေမယ်ဆိုတဲ့အကြောင်း……
ငါမင်းကို ရင်ဖွင့်ပြခြင်တယ် ဧရာဝတီ……
ငါတို့ကို ခရီးကြမ်းတွေက စောင့်ကြိုနေတယ်ကွာ..
အမြန်နေကောင်းပါတော့ ဧရာဝတီရယ်…..       Feeling of Dat Tha



အမှန်အတိုင်းပြောရရင် ငါဧရာဝတီတိုင်းသားတစ်ယောက်မဟုတ်ပါဘူး။ဒါပေမယ့်ငါဧရာဝတီကိုအား
ပေးခဲ့တယ်။အရင်ကပုံရိပ်ကစားသမားတွေမရှိလို့ရှံးတယ်လို့လက်ခံရပေမယ့်အခုတော့ဘာတွေဖြစ်ကုန်တာလဲ။ဧရာဝတီဆီက ထွက်သွားတဲ့နာမည်ကြီးကစားသမားကိုပြန်လွမ်းတာမဟုတ်ပေမယ့် ဘာတွေဖြစ်နေတာလဲဆိုတာကစားသမားတွေနဲ့နည်းပြတွေဆီက ဘာတွေဖြစ်နေတာပါဆိုတဲ့စ
ကားတွေကိုကြားချင်ပါတယ် ဧရာဝတီ။တကယ်တမ်းကျတော့အသင်းမှာဖော်ဇော်ဦးတို့လိုအတွေ့အ
ကြုံရင့်ကစားသမားတွေရှိသလို လူငယ်ခြေတက်ကစားသမားတွေဖြစ်တဲ့ညီညီမင်းတိုလို့စိုးကျော်
ကျော်တို့လိုကစားသမားတွေရှိရဲ့သားနဲ့ဘာတွေဖြစ်နေတာလဲလို့အော်မေးလိုက်ချင်ပါတယ်။ဖန်ကလပ်လေးကိုစနစ်တကျဖွဲ့ပြီးကာမှအသင်းကဘာလို့နိုင်ပွဲမရသေးတာလဲဧရာဝတီတိုင်းသားတစ်
ယောက်မဟုတ်တဲ့ငါတောင် တော်တော်လေးဝမ်းနည်းနေပြီဆိုရင်ဖန်ကလပ်က ငါသူငယ်ချင်းတွေဘယ်လောက်ဝမ်းနည်းနေမလဲငါတောင်ကိုယ်ချင်စာလို့ရပေမယ့်မင်းကတော့
ကိုယ်ချင်စာတတ်ပါ့မလားဧရာဝတီ။ဖန်ကလပ်လေးကိုဦးဆောင်လုပ်နေတဲ့ကိုဇော်မင်းလွင်လည်း
ကွင်းထဲမှာမေးမြန်းရတာတွေ။အတွင်းရေးမှုးလုပ်နေတဲ့သူငယ်ချင်းလေးမေစိုးရဲ့ငိုသံတွေနဲ့ကျုန်တဲ့
ဖန်ကလပ်မန်ဘာတွေနဲ့ဧရာဝတီတိုင်းကပရိတ်သတ်တွေကိုမင်းအမြန်ဆုံးကိုယ်ချင်စာတတ်ပါစေလိုဆုတောင်းပါတယ်ဧရာဝတီ။(မှတ်ချက် ဖန်ကလပ်ထဲကသူငယ်ချင်းတွေခံစားနေရတာကိုမကြည့်
နိုင်တော့လို့ရေးထားတာပါ။)     Scene of

 


ကဲ ဘာလုပ်ကြမတုံး ဧရာဝတီ ၊ ရောင်းလိုက် ၀ယ်လိုက် ပြောင်းလိုက် လုပ်လိုက်တဲ့အကျိုးကျေးဇူးက တော. ၄ ပွဲကစား ၃ပွဲသရေ ၁ပွဲရှုံး ၊ ကောင်းပါ. ကျုပ်တို.ကတော. အဖြေကူရှာရတော.မယ်ထင်တယ်၊
၁ -ကစားသမားတွေက နိုင်ချင်စိတ်မ၇ှိလို.လား၊ရေသာခိုနေတာလား၊ဒါမှမဟုတ် အခြားအသင်းက လူတွေရဲ. အရည်အသွေးကို မမှီတာလား၊တစ်ယောက်ကစားပေါက် တစ်ယောက်မသိသေးတာလား၊သိဖို.ရော ဘယ်နှစ်လလောက် အချိန်ယူဖို. အစီအစဉ်ရှိလဲ
၂-နည်းပြချုပ် ကခုထိကစားသမားတွေရဲ. ကစားပေါက်ကိုမသိလို.လား၊နေရာမှန်လူမှန်မသုံးနိုင်သေးတာလား၊သူသုံးရက်နဲ. ကစားသမားတွေက မကစားနိုင်တာလား၊သူသုံးချင်တဲ့ကစားသမားမျိုးအသင်းမှာမရှိတာလား၊
၃-ပိုင်ရှင်တွေဘက်က နည်းပြအဖွဲ. လိုချင်တဲ့သူ၊၀ယ်ချင်တဲ့ကစားသမား ပေးဝယ်ခွင်.သုံးခွင်.ပြုထားလျှက်နဲ. ဒီလိုတွေဖြစ်နေတာလား၊ဒါမှမဟုတ် ဒီအခွင်.အရေးတွေ နည်းပြ အဖွဲ.အပါအ၀င် နည်းပြချုပ်တို.မှာ ရှိမနေတာလား
ခုလက်ရှိရလဒ်ကို ဘယ်လိုပြောင်းကြမလဲ၊ခုပြောပြောနေကြတဲ့ အထိုင်မကျသေးလို.ပါ၊အထိုင်မကျသေးလို.ပါ ဆိုတာကြီးက ဘယ်တော.လောက်အထိုင်ကျမလဲ ဆိုတာလည်းသိချင်ပါရဲ.
ဒါမှမဟုတ်ပရိသတ် အားပေးတာနည်းလို.၊ ပရိသတ်စိတ်ဝင်စားမှုနည်းလို. ဒီလိုဖြစ်နေတယ်လို.များ ပြောမလား
သိလည်းသိ၊ပြောလည်းပြောရဲ သူများဆီကို အသံလေးတွေတော. ကြားချင်တယ်ဗျ
ခုတော.ကျုပ်တို.နဲ့ ၇တနာပုံ ပြိုင် နေသလားမှတ်ရတယ် ခုကျုပ်တို.အသင်း ရဲ. အဆင်.ကရော အောက်မှာ ဘယ်နှစ်သင်း ရှိသေးလဲ ၄ပွဲကစား ၃မှတ် ပေးဂိုး ၆ဂိုး ရဂိုး ၃ဂိုး ကောင်းပါ.ဗျာ..   Thought of Ko Shwe Min

 နင့်အတွက်ကြောင့် အချစ်ဆုံးချစ်သူကလည်း လမ်းခွဲတာခံ ခဲ့ရဖူးတယ် ဒါပေမယ့် ငါမျက်ရည်မကျခဲ့ဖူးဘူး ဘာလို့လဲဆို နင်ကိုပိုချစ်လို့ ဧရာဝတီ ဒါပေမယ့် နင်အခုလို ရှုံးနှိမ့်မှုတွေနဲ့ကြုံနေရင်တော့ ငါအရမ်းဝမ်းနည်းတယ် ငါတစ်ယောက်တည်း ကြိတ်ကြိတ်ပြီးငိုနေမိတယ်ကျေးဇူးပြုပြီး ငါခဏခဏ မငိုပါရစေနဲ့နော်..... Request of Maysoe Paingoo





ဧရာဝတီယူနိုက်တတ်အသင်းသည် ယခုနှစ်ရာသီတွင် နိုင်ပွဲရရှိသေးခြင်း မရှိသေးသော်လည်း ရှုံးပွဲ စတင် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ :D .... Mg Toee 's Voice




ဧရာဝတီရေ ..................ဒါ ပရိသတ် တွေကို ကိုယ်စားပြု နေကြသူ အချို.ရဲ. ရင်တွင်းဖြစ် စစ်စစ် တွေပါ

No comments:

Post a Comment