Wednesday, January 30, 2013

ဧရာဝတီရဲ. ၂၀၁၃ MNL ရာသီ ပထမဆုံး ရှုံးပွဲ

ပြီးစီးခဲ့ပြီဖြစ်သော MNL စတုတ္ထ ပွဲ ဖြစ်သည်. ဧရာဝတီ နှင်. ကမ္ဘောဇ တို.ပွဲ မတိုင်မှီက မည်သို. မှန်းဆခဲ့ကြသည်ကို ပြန်ကြည်.ရသော်

တောင်ကြီးတွင် လေ.ကျင်.ခန်း ဆင်းနေသော ဧရာဝတီ (AUFC Photo)
  မြန်မာ.အလင်း သတင်းစာက ပွဲစဉ် ၃ တွင် ပထမဆုံးအနိုင်ရထားသော ကမ္ဘောဇ အသင်းမှာ ဧရာဝတီ အသင်းနှင်. ပွဲကြပ် တစ်ပွဲထပ်မံ ကစားရမည်ဖြစ်သည်...ဧရာဝတီ အသင်းမှာ ၃ ပွဲလုံး သရေကျထားသဖြင်. ပထမဆုံးအနိုင်ရရန် ကြိုးစား မည်ဖြစ်ရာ ကမ္ဘောဇ အသင်းအနေဖြင်. ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်..ပြီးခဲ့သည်.ရာသီက ၂ကျော.လုံး ဧရာဝတီကိုအနိုင်ကစားထားပြီး ရှုံးထွက်ပွဲတွင် ဧရာဝတီက အနိုင်ယူထားသည်...လို.သုံးသပ်ထားပါတယ်

Premier Eleven မှာ က ဧရာဝတီတို. ၃ပွဲဆက် သရေကျထားပြီး နိုင်ပွဲ Luck ပျောက်ဆုံးနေပါတယ်...KBZ အသင်းကတော. ပွဲစဉ် ၃ မှာ နိုင်ပွဲစရတာကြောင်. စိတ်ဓါတ်ပိုင်းက ဧရာဝတီထက် သာနိုင်ပါတယ်.....ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့ရတဲ့ ရှုံးကြွေးကို KBZ တို.ပြန်ဆပ်ဖို.ကြိုးစားမှာ သေချာပါတယ်...အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ. ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး အနိုင်ဆိုရင်တော. အိမ်၇ှင်ပဲ ဖြစ်မှာပါ လို. ရေးသားထားပါတယ်

KBZ နည်းပြ ဆီဗာဂျီကတော. ဧရာဝတီနဲ.ပွဲမှာ ဒုတိယမြောက် နိုင်ပွဲ ကိုရယူနိုင်ဖို.မျှော်လင်.ထားပါတယ်...ဧရာဝတီ အသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်ပေမယ်. အမှတ်ပြည်.၇ဖို.မျှော်လင်.ထားပါတယ် လို.ပြောခဲ့သလို

kbzfc .com မှာတော. လာမယ်. တနင်္ဂနွေနေ့ အိမ်ကွင်းဖြစ်သည့် KBZ ကွင်းတွင် ဧည့်ခံရမည့် ပြိုင်ဘက် ဧရာဝတီကို အနိုင်ယူရန် ခက်ခဲသည့် အသင်းကောင်း တစ်သင်းဟု ချီးကျူးပြောကြားခဲ့ကြောင်းSM ကရေးသားဖော်ပြခဲ့သည်...."ဧရာဝတီဟာ ဒီရာသီမှာ သူတို့အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ သီဟစည်သူကို လက်လွှတ်ခဲ့ပြီး ကစားသမား အသစ်တွေ အများကြီး ပြန်ထည့်ထားတယ်။ နိုင်ငံခြားသား တွေကလည်း တိုက်စစ်က လီအန်ဒရိုက လွဲလို့
လူသစ်တွေပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အသင်းကောင်း တစ်သင်း ဖြစ်နေဆဲ ဆိုတာ သေချာပါတယ်။ (၃)ပွဲ ကစားအပြီးမှာ (၃)မှတ် ရထားတယ် ဆိုတာက သူတို့ကို အနိုင်ယူဖို့ ခက်ခဲတယ် ဆိုတာကို ပြနေတာပါ..ပီးခဲ့တဲ့ အပတ်က နေပြည်တော်ကို နိုင်လိုက်တာဟာ ကျွန်တော်တို့ကို ယုံကြည်မှု ပိုပြီး အားကောင်းလာစေခဲ့တယ်။ လက်ရှိ အချိန်မှာတော့ အသင်းအနေနဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ပြီး လာမယ့် ပွဲမှာ (၃)မှတ် ရယူနိုင်ဖို့ကိုပဲ အာရုံထားပါတယ်။ ဒါမှသာ ထိပ်ဆုံးက အသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်မှာပါ" လို. ဆီဗာဂျီ ကပြောကြားခဲ့ပါတယ်တဲ့......



တကယ်ကစားခဲ့ကြတဲ့ ပွဲမှာတော. ဧရာဝတီ ဟာ ထင်မှတ်ထားတာထက် ပိုဆိုးတဲ့ ရလဒ် မျိုးကြုံ ခဲ့ရပါတယ်
ပွဲကစားကြပုံများကိုရေးသားကြပုံ များတွင်


 မြန်မာ.အလင်းကတော.

 " MNL Myanmar ၂ဝ၁၃ အမှတ် ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကိုယနေ့ညနေပိုင်းက ဆက်လက် ကျင်းပရာ ကမ္ဘောဇအသင်းနိုင်ပွဲရသွား ပြီး မကွေးနှင့် မနောမြေတို့ သရေကျ
သွားသည်။
(KBZ ကွင်း)
ကမ္ဘောဇ - သုံးဂိုး
(ကမ္ဘောဇ၊် ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦး-တစ်ဂိုးစီ)
ဧရာဝတီယူနိုက်တက် - ဂိုးမရှိ
ပွဲစဉ်(၃)တွင် နေပြည်တော်ကို အနိုင်ကစားပြီး နိုင်ပွဲစတင်ရရှိခဲ့သည့် ကမ္ဘောဇအသင်းမှာ ယခုပွဲတွင် ခြေ စွမ်းပြပြီး နိုင်ပွဲဆက်ခဲ့သည်။ နိုင်ပွဲ လုံးဝမရသေးဘဲ သုံးပွဲဆက်သရေကျ
ထားသည့် ဧရာဝတီအသင်းမှာ အဝေး ကွင်းတွင် ကမ္ဘောဇအသင်းကို ဂိုးပြတ်
ရှုံးနိမ့်ကာ ပထမဆုံး ရှုံးပွဲဖြင့် စတင် ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘောဇအသင်းမှာ
နိုင်ပွဲဆက်ရေးအတွက် နိုင်ငံခြား သားကစားသမားလေးဦး အပါအဝင် ဝင်းမင်းထွဋ်၊ စိုးမင်းဦး၊ ကျော် ဇေယျာဝင်း၊ ကျော်ဇင်ထက်တို့ဖြင့် လူစုံအသုံးပြုခဲ့ပြီး ပွဲစပြီး မကြာခင်မှာ
ပင် နူနက်ဇ်က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့သည်။
ဂိုးရပြီးနောက်ပိုင်းတွင်ကမ္ဘောဇအသင်းကစားပုံပိုကောင်းလာပြီးဧရာဝတီကိုဖိကစားနိုင်ခဲ့သည်။ ၃၅ မိနစ်တွင် ကွင်းလယ်လူ ကျော်ဇေယျာ ဝင်းက ဧရာဝတီနောက်ခံလူ ဇော်ဇော်
ဦးအမှားမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့ သည်။ ဒုတိယပိုင်းတွင် ဧရာဝတီတို့
ချေပဂိုးရရန် ကြိုးစားသော်လည်း ဆန္ဒ စောနေ၍ အရာမထင်ခဲ့ပေ။ ကမ္ဘောဇ
အသင်းအတွက် ပွဲသိမ်းဂိုးကို ၈၆ မိနစ် တွင် တိုက်စစ်မှူး စိုးမင်းဦးက သွင်းယူ
ပေးခဲ့သည်။
(သုဝဏ္ဏကွင်း)
မကွေး - နှစ်ဂိုး
(မူရီလို-ပယ်နယ်တီနှင့် ကိုကိုနိုင်)
မနောမြေ - နှစ်ဂိုး
(အက်စလေ)
ပွဲစဉ်(၄)အပြီးတွင် ဇေယျာရွှေမြေ က ပထမ၊ ရန်ကုန်က ဒုတိယ၊ ကမ္ဘောဇ က တတိယနေရာတို့တွင် ရပ်တည်နေ သည်။ " ...ခုလို ရေးသားခဲ့ပြီး 

Soccer Myanmar မှာတော.   ပြီးခဲ့သည့် နေပြည်တော်နှင့် ပွဲစဉ်တွင်မှ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည့် ကမ္ဘောဇ အသင်းသည် ယခုတစ်ပတ်တွင် ဧရာဝတီကို အိမ်ကွင်းတွင် ဂိုးပြတ် အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ အဖွင့်ပွဲ၌ပင် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် ကမ္ဘောဇသည် ပွဲစဉ် (၃) အရောက်တွင်မှ နိုင်ပွဲ စတင်ရရှိခဲ့ပြီး ယခု ပွဲစဉ်(၄) အရောက်တွင် မြန်မာနေရှင်နယ်လိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် ဧရာဝတီကို အိမ်ကွင်း၌ အနိုင်ကစားခဲ့ခြင်း ဖြစ်သည်။ (၃)ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲမရှိခဲ့သည့် ဧရာဝတီမှာမူ ကမ္ဘောဇနှင့် အတွေ့တွင် ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ကမ္ဘောဇ အတွက် ပွဲအစ (၂)မိနစ်မှာပင် နူးနက်ဇ်က အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ နူးနက်ဇ်၏ ဧရိယာ အပြင်မှ ပြင်းထန် အားပါလှသည့် ပြစ်ဒဏ်ဘော ကန်သွင်းချက်ကို ဧရာဝတီ ဂိုးသမား ပြည့်ဖြိုးဦး တားဆီးရန် မည်သို့မျှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။ ပွဲအစမှာပင် ဦးဆောင်နိုင်ခဲ့သည့် ကမ္ဘောဇသည် နောက်ပိုင်းတွင်လည်း ဧရာဝတီအပေါ် ဆက်တိုက် ဖိအားပေးခဲ့သည်။ ဧရာဝတီမှ နန္ဒလင်းကျော်ချစ်၊ လီအန်ဒရို၊ ဒိုမီနစ်တို့၏ ထိုးဖောက်မှုများမှာလည်း မည်သို့မျှ အရာမထင်ခဲ့ပေ။ ပွဲချိန် (၃၆)မိနစ်တွင်မူ ဧရာဝတီ နောက်ခံလူ၏ မှားယွင်းမှုမှ ကျော်ဇေယျာဝင်း ဘောလုံးရသွားပြီး ဂိုးသမား ပြည့်ဖြိုးဦးကိုပါ လိမ်ခေါက် ကန်သွင်းခဲ့သောကြောင့် ဧရာဝတီတို့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရ ပြန်သည်။ ထိုဂိုးမှာလည်း ဧရာဝတီ နောက်ခံလူများ၏ မလိုအပ်သည့် မှားယွင်းမှုကြောင့် ခွင့်ပြုခဲ့ရခြင်း ဖြစ်ပြီး ချေပဂိုး ပြန်လည် ရရှိရန် ကြိုးပမ်းနေခဲ့သည့် ဧရာဝတီအတွက် နစ်နာစေခဲ့သည်။ ဧရာဝတီသည် ယခုပွဲစဉ်အထိ အကောင်းဆုံး တိုက်စစ် အတွဲအစပ်များကို ဖော်ဆောင်နိုင်ခြင်း မရှိသေးဘဲ နေပြည်တော်မှ ပြောင်းလာခဲ့သည့် ဘရာဇီး တိုက်စစ်မှူး လီအန်ဒရိုမှာလည်း လူပိုတစ်ဦးသဖွယ် ဖြစ်နေခဲ့သည်။ ဧရာဝတီ၏ အားသာချက် ဖြစ်သည့် ပြစ်ဒဏ်ဘော ကန်တင်မှုများ ကိုလည်း ကမ္ဘောဇ နောက်ခံလူများ အကောင်းဆုံး ပိတ်ဆို့ နိုင်ခဲ့သောကြောင့် ဧရာဝတီတို့ ယခုပွဲတွင် ဂိုးမရရှိ ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဇအတွက် ပွဲသိမ်းဂိုးကို ပွဲချိန် (၈၆)မိနစ် အရောက်တွင် တိုက်စစ်မှူး စိုးမင်းဦးက သွင်းယူပေးခဲ့ပြီး ကမ္ဘောဇ၏ ဒုတိယမြောက် နိုင်ပွဲကို ပီပြင်စေခဲ့သည်။ ကမ္ဘောဇသည် ယခုပွဲ အနိုင်ကြောင့် ရမှတ် (၇)မှတ်ဖြင့် အမှတ်ပေး ဇယား တတိယနေရာသို့ တက်ရောက် နိုင်ခဲ့ပြီး ယမန်နေ့က ဇေယျာရွှေမြေကို ရှုံးနိမ့်ကာ ဒုတိယနေရာသို့ ရောက်ရှိနေ ခဲ့သည့် ရန်ကုန် ယူနိုက်တက်နှင့် (၂)မှတ်သာ ကွာဟသည့် အနေအထားတွင် ရောက်ရှိလာခဲ့သည်။......................ခုလိုရေးသားခဲ့ပါတယ်


လက်ရှိအနေအထားမှာတော. ဧရာဝတီဟာ အဆင်. ၉ အထိ ဆင်းပေးလိုက်ရပြီး အောက်မှာ ရက္ခပူရ သာရှိပါတော.တယ်

 

No comments:

Post a Comment