Saturday, January 12, 2013

လျှာရှည် ကြီး


အိမ်နားက သရဲအကြောင်းတွေ ပြောပြမယ်ဆိုပြီး သက်ထား အိမ်နားက သရဲအကြောင်းတစ်ပုဒ်ရေးလိုက်တာ
အခုထိ တင်လို့ မရဘဲ အဲဒီနေ့ ကတည်းကနေ စပြီး သက်ထား အသည်းအသန်နေမကောင်းဖြစ်သွားပါတယ်…။ ပြန်သက်သာလာကာစ ချက်ချင်း သရဲအကြောင်းတွေ တင်ရင်မကောင်လို့ တခြားအကြောင်းအရာတွေပဲ လျှောက်လုပ်နေမိတာပါ…။ အခုကစပြီး သရဲ အကြောင်း စပြောပါတော့မယ်…။

၁၉၉၂ခုနှစ်လောက်က ရန်ကုန်မြို့ ဗဟန်းမြို့ နယ် တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမီးပွိုင်.နားမှာ ပန်းခြံလေးတစ်ခုရှိပါတယ်…။ အဲဒီပန်းခြံလေးထဲမှာ ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်းလေးကို ကူးဖို့ တံတားတစ်စင်းရှိပါတယ်…။ အဲဒီတံတားပေါ်မှာ နားနေဖို့ ဆောက်ထားတဲ့ အိမ်လေးတွေ ရှိပါတယ်…။ အ.မ.က ၂ ဗဟန်းမှာ ကျောင်းသွားတက်ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေက ကျောင်းက ပြန်တဲ့ အချိန်တိုင်း အဲဒီ ပန်းခြံလေးထဲမှာ ၀င်ရောက်ဆော့ကစားလေ့ရှိပါတယ်…။ ကျောင်းချိန်က နှစ်ချိန်ကျောင်းဖြစ်ပြီး မနက်ပိုင်း ၇ နာရီကနေ ၁၂ နာရီနဲ့ ၁၂ နာရီကနေ ၅ နာရီအထိပါ…။ မနက်ပိုင်း ကျောင်းပြန်တဲ့ ကလေးတွေရော ညနေပိုင်း ကျောင်းပြန်တဲ့ ကလေးတွေရော အဲဒီပန်းခြံလေးထဲမှာ ၀င်ရောက်ဆော့ကစားကြပါတယ်…။ တစ်ညနေ ကျောင်းအပြန် ၀င်ဆော့တဲ့ ကလေး တစ်ယောက် မျက်လုံးကြီးပြူး လျှာအရှည်ကြီး ထွက်လာပြီးတော့ ပြူးကြောင်ကြောင်လိုက်ကြည့်နေပါတယ်…။ ကလေးရဲ့ လျှာဆိုပေမယ့် အဲဒီအချိန်က လက်လေးလုံးစာလောက်ကို ရှည်ထွက်နေတာပါ…။ ကျန်တဲ့ ကလေးတွေရဲ့ လည်ပင်းကို လိုက်ညှစ်နေပါတယ်…။ ကျန်တဲ့ ကလေးတွေက ရဲကြီး ရဲကြီးလို့ အော်ပြီး ထွက်ပြေးကြပါတယ်…။
အဲဒီကလေးကို အိမ်ကို ပြန်ခေါ်လာတဲ့ တစ်လမ်းလုံးလဲ အဲဒီအတိုင်းပါပဲ …။ ဘာမှ စကားမေးလဲ မရတော့ပါဘူး…။ ဒါနဲ့ မိုးကုတ်ကျောင်းကို ခေါ်သွားတော့မှ ဘုန်းကြီးကျောင်းထဲ မ၀င်ခင် အ၀မှာပဲ ကလေးက မေ့သွားပါတယ်…။ လျှာလဲ မထွက် မျက်လုံးလည်း မပြူတော့ပါဘူး…။ ဆရာတော်က ပရိတ်ရည်ကို ပါးစပ်ထဲ ၀င်ပစေလို့ ပြောလို့ အတင်းပါးစပ်ဖြဲတိုက်ရပါတယ်…။ ပရိတ်ရည်ဝင်သွားတော့မှပဲ သတိပြန်ရလာပြီး ကြောက်တယ် ကြောက်တယ်…လို့ ပြောပါတယ်…။တံတားလေးပေါ်မှာ ဆော့နေတုန်း ရေထဲကနေ ဖြူဖြူအကောင်ကြီး တက်လာပြီး သူ့ ကို အတင်းလိုက် ၀င်နေတယ်လို့ ပြောပါတယ်…။ အဲဒီနောက်ပိုင်း အဲဒီပန်းခြံကို ဘယ်ကလေးမှ မသွားကြတော့ပါဘူး…။ အခုတော့ ထမင်းဆိုင်တစ်ခုဖွင့်ထားတာ တွေ့ ပါတယ်…။ သရဲ မခြောက်ဘူးလား ခြောက်လားတော့ မသိတော့ပါဘူး…။

Written by သက်ထား ...ပေတလောကကိုစိတ်ဝင်စားသူများ @ facebook

No comments:

Post a Comment