Wednesday, January 9, 2013

မေတ္တာသက်ဝင် ချစ်ခင်စေသည်တဲ့

 တစ်နေ့ သ၌ ကျွန်တော်နေထိုင်ရာ ရန်ကုန်မြို့  ၊ တောင်ဥက္ကလာရှိနေအိမ်သို့  အသက် (၂၁)ခန့် အရွယ် မိန်းကလေးတစ်ဦးရောက်ရှိလာခဲ့လေ၏။ထိုမိန်းကလေး၏ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာဖြစ်၏။သို့ ရာတွင် သူ၏မျက်လုံးအစုံမှာ သမင်မျက်လုံးဟုဆိုတတ်ကြသော မျက်လုံးမျိုးဖြစ်၏။ပြုံးသောအခါတွင်မူ တရုတ်မလေးများပြုံးလိုက်သည့်အခါ တွေ့ ရတတ်သော ချစ်စဖွယ်နှုတ်ခမ်းလေးများကိုပိုင်ဆိုင်ထားသူဖြစ်၏။ထိုသမင်မျက်လုံးနှင့် တရုတ်ဆန်ဆန် နှုတ်ခမ်းလေးများကြောင့်ပင်လျှင် ထိုမိန်းကလေးသည် ရွက်ကြမ်းရေကျိုမျှသာဖြစ်သော်လည်း ချစ်ခင်နှစ်လိုဖွယ်ကောင်းနေတော့၏။ထိုမိန်းကလေး၏အမည်မှာ
မရတနာဟူ၍ဖြစ်၏။မရတနာ၏ဖခင်သည်  ကျွန်တော်နှင့် လွန်စွာရင်းနှီးသောသူဖြစ်ခဲ့ဖူး၏။မရတနာသည် ကျွန်တော့်အား အစ်ကိုအရင်းတစ်ဦးသဖွယ် သံယောဇဉ်တွယ်လျက်ရှိလေ၏။
ယင်းတွင် အရေးအကြောင်းကြုံလာတိုင်း ကျွန်တော့်ထံသို့  အပြေးရောက်လာလေ့ရှိသည်။ထိုသို့ လာတိုင်းလည်း ကျွန်တော်အတွက် ရှမ်းခေါက်ဆွဲ ၊ဆန်စီးများကို ၀ယ်လာလေ့ရှိ၏။


ကျွန်တော်နှင့် မရတနာတို့ သည် စားစရာများကို ၀ိုင်းဖွဲ့ ၍ မြိန်ရှက်စွာစားသောက်လေ့ရှိ၏။ယခုလည်း မရတနာသည် ဖော့ဘူးအသွယ်သွယ်ဖြင့် ကျွန်တော့်ထံသို့ ရောက်လာခဲ့
လေ၏။ကျွန်တော်က – “မရတနာ … နင်ငါ့ဆီကို ရှမ်းခေါက်ဆွဲတွေ ၊ဆန်စီးတွေ ၀ယ်လာတာဟာ စေတနာသက်သက်တော့ မဖြစ်နိုင်ဘူး၊ဘာအပူတွေ ၊ ဘာဒုက္ခတွေသယ်လာသေးသ
လဲ ပြောစမ်းပါဦး”ဟု မေးလျှင် မမြမေက ဟီးခနဲတစ်ချက်ရယ်လိုက်ရင်း – “အစ်ကိုကလည်း အကုန်လုံးကိုကြိုပြီး သိနေတော့တာပဲ”ဟုပြန်၍ပြောလေ၏။ထို့ နောက် မရတနာက ဆက်


လက်၍ “နားနဲ့ မနာ ၊ဖ၀ါးနဲ့ သာ နာပါတော့ အစ်ကိုရေ၊ညီမမှာ တိုင်ပင်စရာ ၊အပူကပ်စရာဆိုလို့  အစ်ကိုပဲရှိတာ ၊ ညီမမှာ ချစ်သူတစ်ယောက်ရှိတယ်အစ်ကိုရဲ့ ။ကျော်ကျော်တဲ့…၊သူနဲ့ 
ညီမနဲ့ က GTC [BE] မှာ 

အတူတူတက်ကြတယ်။ကိုယ့်ငါးချဉ်မို့ လို့ ချဉ်တာတော့မဟုတ်ပါဘူး၊ရုပ်ကလည်းချောတယ် အစ်ကိုရဲ့  ။ ညီမနဲ့ သူနဲ့  မေတ္တာမျှနေကြတာ ၃ နှစ်လောက်ရှိပြီ။
သူက ရိုးလည်းရိုး ၊ အေးလည်းအေးပါတယ်။ဒါပေမယ့် ညီမတို့ ကျောင်းက ကောင်မလေးတွေကလည်း သူ့ ကို ၀ိုင်းပြီး မျက်စိကျနေကြတယ်။နည်းမျိုးစုံနဲ့ ချည်းကပ်နေကြတယ်၊အဲဒီ
တော့ ညီမမှာ အရမ်းစိတ်ပူရတာပေါ့ အစ်ကိုရယ် ၊ တစ်ခါတလေ အခန့် မသင့်လို့  ညီမနဲ့ သူနဲ့  စိတ်ဆိုးကြတဲ့အခါဆိုရင် ကြားက၀ိုင်းပြီး အပြီးပြတ်သွားအောင်ပို့ ပေးတတ်ကြသေး

တယ်။ဒီနောက်ပိုင်းမှာလည်း သူက ညီမအပေါ် ခပ်စိမ်းစိမ်းဖြစ်လာသလိုပဲ၊ညီမသူ့ ကို အရမ်းချစ်တာပါ အစ်ကိုရယ် ၊ အဲဒါ ညီမအပေါ် သူ့ မေတ္တာတွေ ခိုင်သထက်ခိုင် ၊မြဲသထက်မြဲ
အောင် အစ်ကိုရဲ့ ပညာနဲ့ ကူညီပါဦး”ဟု တတွတ်တွတ်ပူဆာလေတော့၏။


ကျွန်တော်ကလည်း မရတနာအားကြည့်၍ ခေါင်တဆတ်ဆတ်ညိတ်ရင်း – “နင့် ရှမ်းခေါက်ဆွဲ တွေ၊ဆန်စီးတွေ
က ငါ့ကို ကျွေးချင်လို့ မဟုတ်ဘဲ ကျော်ကျော်အတွက် ၀ယ်ရတာကိုးဟဲ့..”ဟု ပြောလျှင် မရတနာသည် ရှယ်ရယ်ရယ်ရင်း ခေါင်းငုံ့ သွားလေ၏။ထို့ နောက် ကျွန်တော်က စီးကရက်ကို ရှိုက်

ဖွာ၍ မီးခိုးများကို ကောင်းကင်ဆီသို့  မှုတ်ထုတ်လိုက်ပြီးနောက် -” ဒီလိုဟဲ့ …၀ီကာလို့ ခေါ်တဲ့ အနောက်တိုင်း ဂမ္ဘီရပညာရှင်ကြီးတွေ စီရင်ပေးလေ့ရှိတဲ့ မေတ္တာသက်ဝင် ချစ်ခင်စေတဲ့
နည်းတစ်နည်းရှိတယ်။လင်ပန်းတစ်ချပ်ထဲမှာ သဲသန့် သန့်  ဖြန့် ခင်းပြီးထည့်ရမယ်။အဲဒီသဲအပေါ်မှာ ကိုယ့်ရဲ့ လက်ညှိုးနဲ့ မေတ္တာသက်ဝင်စေချင်သူရဲ့ နာမည်ကို ရေးရမယ်။ကျော်ကျော်
ဆို ကျော်ကျော် ၊ အီစွတ်ဆို အီစွတ်ပေါ့ကွယ် ၊ အဲဒီလိုရေးရမယ်။ အဲဒီနာမည်အပေါ်မှာ အဖြူရောင် နှင်းဆီပန်းလေးတစ်ပွင့်တင်ရမယ်..”ဟုပြောလျှင် မရတနာက ကြားဖြတ်၍ -”အဖြူ
ရောင်နှင်းဆီက ရှာရခက်တယ် အစ်ကိုရဲ့ ၊ ပလတ်စတစ်နှင်းဆီ အဖြူရောင်ဆိုရင်ကော ရမလား..”ဟုမေးလေ၏။ထိုအခါကျွန်တော်က – “အေး .. ပန်းအစစ်နဲ့ လုပ်ရင် နင့်ဆီကို ချစ်သူ

အစစ်ရောက်လာမယ် ၊ ပလတ်စတစ်ပန်းနဲ့ လုပ်ရင်တော့ နင့်ဆီကို  ပလတ်စတစ်ချစ်သူပဲရောက်လာလိမ့်မယ်..” ဟုပြောလိုက်သောကြောင့်မရတနာသည်လည်း ပါးစပ်ပိတ်ကာ ဇက်ကလေးပုသွားလေ၏။


 ထို့ နောက် ကျွန်တော်က ဆက်လက်၍ – “အဲဒီနှင်းဆီပေါ်မှာတော့ ရေခဲတုံးတစ်တုံး တင်လိုက်ရမယ်တဲ့။ရေခဲတုံးက အုတ်ခဲတုံးအရွယ်လောက်ပေါ့ဟယ်၊အဲဒီ
အစီအရင်ကို ကိုယ့်ရဲ့ အိပ်ယာပေါ်မှာလုပ်ရမယ်။ညသန်းခေါင် အချိန်မှာ လုပ်ရမယ်။ရေခဲတုံးဟာ တဖြည်းဖြည်း အရည်ပျော်ကျလာပြီး အေးစက်ကြည်လင်နေတဲ့ ရေစင်တွေဟာ အဖြူ
ရောင် နှင်းဆီပန်းကလေးကို ဖြတ်ပြီး သဲပြင်ပေါ်က နာမည်ပေါ်ကို တစ်စိမ့်စိမ့်စီးကျနေမှာပေါ့ ၊ အဲဒါကို ကိုယ်က လင်ပန်းလေးကို လက်နှစ်ဖက်နဲ့  ကိုင်ထားရင်း ချစ်သူရဲ့ မျက်နှာကို အာ
ရုံပြုရင်း “ငါ့ရဲ့ မေတ္တာတွေဟာ ကျော်ကျော်ရဲ့ နှလုံးအိမ်ထဲကို စီးဝင်သွားပါစေ ..”လို့ ကိုယ့်နားထဲက ပြန်ကြားရုံလေး တတွတ်တွတ် ရွတ်ဆိုဆုတောင်းရမယ် ၊ ဆယ့်ငါးမိနစ် ၊မိနစ်နှစ်

ဆယ်လောက်စူးစူးစိုက် အာရုံပြုပြီး လုပ်ရမယ်”ဟုရှင်းပြလေ၏။

ထိုအခါ မရတနာက – “အဲဒါ ဘယ်တော့လုပ်ရမလဲ အစ်ကို”ဟု မေးလျှင် ကျွန်တော် စီးကရက်တိုကို အနီးရှိ ပြာခွက်ထဲသို့ 
လှမ်း၍ပစ်ထည့်လိုက်ရင်း – “အမြန်ဖြစ်ချင်ရင် ဒီညလုပ်၊ အေးအေးဆေးဆေးဖြစ်စေချင်ရင်လည်း နောင်နှစ်သုံးဆယ်လောက်မှရှိမှလုပ်ပေါ့..”ဟုပြောလိုက်လေ၏။မရတနာလည်း - “နှစ်သုံးဆယ်တော့ မစောင့်နိုင်ဘူး အစ်ကိုရေ ၊ ဒီညကိုပဲလုပ်မယ်…”ဟု ပြောပြောဆိုဆိုပင် ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာသွားပါလေတော့သည်။


Written by ထက်အောင်လှိုင် (စိတ်ပညာ) @ ထက်အောင်လှိုင်'s စိတ်ပညာဗေဒ

No comments:

Post a Comment