Wednesday, January 16, 2013

မြို.လေးရဲ. တစ်ချိန်က ၀င်ရာ..ထွက်ရာ ..တစ်ခုတည်းသော...



နယ်မြို.လေးတွေရဲ. သဘောက မြို.ကြီးတွေထက် အိပ်ချိန်စောပြီး ထချိန်လည်း စောတတ်ကြပါတယ်....မြို.ကြီးတွေလို သွားစရာ..လည်စရာ..ပတ်စရာကလည်း သိပ်ပေါပေါများများ ရှိလှတာမဟုတ်...ဘုရား.ဒါမှမဟုတ်ရုပ်ရှင်ရုံဈေးတန်းလေး...ပန်းခြံ ခပ်သေးသေး...အမျိုးတွေအိမ်...ညဈေးရှိတဲ. မြို.လေးတွေကျတော.လည်း ညဈေးတန်းဘက် ဒါမျိုးလေးတွေလောက်ပဲ သွားလာလည်ပတ်စရာဆိုလို. ရှိကြတာ...မြစ်ဝကျွန်းပေါ်နဲ. ပင်လယ် ကမ်းရိုးတန်း မြို.လေးတွေကတော. ကမ်းနားလမ်းတစ်လျှောက် လေညှင်းခံ လမ်းလျှောက်ကြတာမျိုး ရှိတတ်ပါတယ်..မြို.လေးမှာတော.အရင်ကဆို ညဘက် ဘုရားကြီးထဲသွားရင်သွား...အပြန် ရုပ်ရှင်ရုံဈေးတန်းလေး ဘက်သွား မုန်.စားရင်စား..ပိုစတာတွေ လျှောက်ကြည်.ရင်ကြည်. (ခုတော. အဲ့လို သွားစရာ ရုပ်ရှင်ရုံတွေကလည်း မရှိတော. .....).ဒါမှမဟုတ် ကမ်းနားဖက် လျှောက်ရင်လျှောက် ဘောဆိပ် (ဒါကို ဒေသန္တရ သုံးလို.ပြောရမလားမသိပါဘူး....ဆိပ်ခံဘောတံတား ကပ်ထားတဲ. ဆိပ်မို. ဘောဆိပ်လို.ခေါ်တာလားမသိပါဘူး...ဘာကြောင်.လဲဆိုတော. ရွာတွေကို သွားတဲ့ သင်္ဘောအသေးလေးတွေ ကပ်တဲ့ဆိပ်ကို မော်တော် ဆိပ်လို.ခေါ်ပြီး ပုဂ္ဂလိက သင်္ဘောတွေကို ကြားသင်္ဘောလို.ခေါ်သလို သူတို.ဆိုက်တဲ့ဆိပ်ကိုလည်း ကြားသင်္ဘောဆိပ်လို.ပဲ ခေါ်ပါတယ်....အဲဒီဆိပ်တွေအားလုံးက သင်္ဘောကပ်ဖို. ရေဆင်းတံတားတွေပဲ ရှိပြီး ကုန်းဘောင်နဲ. ရေတက်ရေကျကို လိုက်ပြီး ဆက် ဆင်းရပါတယ်...သူတို.မှာတော. သင်္ဘောကပ်ဖို. ဆိပ်ခံဘော မရှိတဲ့ သင်္ဘောဆိပ်တွေပါ)ဘက် လျှောက်ကြည်. သင်္ဘောကပ်နေတာတွေ.ရင် သိတဲ့သူ ပါပါ/မပါပါ ဆင်းကြည်.ကြတာလည်း မြို.မှာ လုပ်လေ.လုပ်ထ ရှိကြတဲ့ အကျင်.တစ်ခုပါ.....

 
အရင်ကတော. ဒီဘောဆိပ်လေးမှာ ဘာအဆောက်အဦးမှ မရှိပဲ သစ်သားတံတားကြီးတစ်ခုရယ် သင်္ဘောကပ်ဖို. ဆိပ်ခံအဖြစ်သုံးတဲ့CB တွဲအလွတ်ကြီးရယ်ပဲ ရှိပါတယ်...အဲဒီသစ်သားတံတားပေါ်မှာ ဗန်းကြီးတွေထဲ ဟင်း ၁၀ မျိုး ၁၅ မျိုး လောက်ချက်ပြီးထည်.ထားတဲ. ပန်ကန်တွေ အိုးတွေရယ် ထမင်းအိုးရယ်နဲ. ထမင်းရောင်းတဲ့ အသည် ၂သည် အထက်လောက် ရှိပါတယ် ငါးသလောက်ကိုအကွင်းလိုက်ကြော်ထားတာတွေ...ငါးသလောက်ဥ ခပ်ကြီးကြီးတွေကို ကြော်တာတစ်ချို. အချဉ်ဆီပြန် ချက်ထားတာ တစ်ချို.နဲ. ငါးရံ. အူလို ဟင်းမျိုးတွေကအစ ရတော. မြင်နေရတာကိုက စားချင်စရာပါ..ဒါပေမယ်.လည်း များသောအားဖြင်.တော. သင်္ဘောစီး ခရီးသည်တွေရယ် နယ်ကလူတွေရယ်နဲ. အဲဒီမှာ အလုပ်လုပ်နေကြသူတွေ လောက်သာအဓိက စားကြတာပါ.သင်္ဘောက လူတွေဝယ်စားရင်တော. ထမင်းကို ကြာဖက်ကြီးတွေနဲ. ထုတ်ပေးပါတယ်..အဲဒီအချိန်လောက်က ရောက်ဖူးသူ လူငယ်ပိုင်းတွေအဖို.တော. ဒီလို လွတ်လွတ်လပ်လပ် စားရတဲ.အရသာကို ခုထိတမ်းတနေတတ်ကြပါသေးတယ် (ခုတော. အဲ့လိုရောင်းတဲ.အသည်တွေ မရှိတော.ပါဘူး)....


 အဲဒီတုန်းက ပုသိမ်က လာတဲ.သင်္ဘောက ည၈နာရီ ၉နာရိဆိုရောက်ပါပြီ..နေ.လည်ဘက်ဆို ပုသိမ်ရက်မှန် မြောင်းမြ ရက်မှန် စတာတွေ ညနေဆိုလည်း လပွတ္တာလိုသင်္ဘောမျိုးတွေ ၀င်တာကြောင်. ညနေလောက်တည်းက စည်ကားနေတတ်ပါတယ်...ရွာလေးတွေကနေ ရန်ကုန်..ပုသိမ် စတာတွေဆီသွားမယ်.သူတွေကလည်း ကြိုရောက်နေတတ်ကြတာမို. စည်ကားနေတတ်တာပါ....ဒါ.အပြင် ဘောတံတားပေါ် မှာ လေညှင်း လာခံနေတတ်ကြသူတွေ...ဂစ်တာတီးနေတတ်ကြတဲ.လူငယ်လေးတွေ (အဲ.ဒီတုန်းကတော. တအားမူးပြီး ရန်ရှာ ပြဿနာတက်ဆိုတာမျိုးမဟုတ်ပဲ ဂစ်တာတီးကြရုံသက်သက်လောက်ပါ)လူငယ်တော်တော်များများကတော. ဘာရယ်မဟုတ်ပဲ သင်္ဘောကပ်တာတွေ.ရင်ဆင်း...ကောင်မလေးတွေတွေ.ရင်လည်းစပေါ. ဒါပေမယ်. လွန်လွန်ကျုးကျုး မိုက်မိုက် ရိုင်းရိုင်းမျိုးမဟုတ်ပဲ အပျော်သက်သက်ပါ...အဲဒါသင်္ဘောထွက်တဲ့အချိန်ထိစောင်.ပြီးမှ ပြန်တက်ကြတာပါ

 
ခုကတော.

ရန်ကုန် - ပုသိမ် ကတနင်္ဂနွေ/တနလာင်္/ ဗုဒ္ဓဟူး/သောကြာ ရှိတယ်လို.သိရပြီးရန်ကုန်ကနေ ဆိုရင် ၀ါးခယ်မ ကို မနက် 5နာရီ ၀န်းကျင် ကပ်ပါတယ်

ပုသိမ် က ပြန်ထွက်လာရင် ၀ါးခယ်မ ကို ည11 ၀န်းကျင် ကပ်တယ်လို.သိရပါတယ်ရန်ကုန် - လပွတ္တာ က အင်္ဂါ/စနေ ပဲ ရှိ ပြီး

ရန်ကုန်က နေ ရောက်ချိန် က တော့ ပုသိမ်သဘောင်္ရောက်ချိန်နဲ့ သိပ်မကွာပါ ဖူး

လပွတ္တာ က နေ ၀ါးခယ်မ အ၀င်က တော့ မမှန် တခါတလေ 8နာရီ ၀န်းကျင် ၀င်တယ်လို.သိရပါတယ်

အရင်က ရန်ကုန်မှာ ကျောင်းသွားတက်တယ်ဆိုတာ ပိုက်ဆံချမ်းသာရင်ချမ်းသာ...ပညာတော်ရင်တော် ဒီလိုလူမျိုးတွေများပါတယ်....ရန်ကုန်မှာ တက္ကသိုလ် သွားတက်ကြသူတွေ...မအူပင်မှာ GTI သွားတက်ကြရသူတွေ...မြောင်းမြမှာ စိုက်သိပ္ပံ..ပညာရေးကောလိပ် စတာတွေ သွားတက်ကြရသူတွေ...ပုသိမ်မှာ တက္ကသိုလ်..အဝေးသင်..သူနာပြု..စတာတွေသွာတက်ကြရသူတွေအဖို.တော. ခုထက်စာရင် အရင်က သူတို.တွေဟာ မရှိမဖြစ်တွေပါ....အရင် ဗန္တွက ဗန္ဓုလ..နောက်တော. အောင်တံခွန်..ဗညားဦး..ဗညားလတ်..ခဏရောက်လာသေးတဲ. ပမ္မ၀တီ...နောက်ဗလကျော်သူ..ဗလရဲကျော် စတဲ.ဗလ စီးရီးတွေ နောက်မင်းလှ..မေခ စတာတွေ...ဂျပန်လျော်ကြေး လို.ခေါ်ကြတဲ့ စကားဝါ..လိုမည်းမည်းလုံးလုံးလေးတွေ ဂျပန်ဖြစ်..တရုပ်လုပ်..ပြည်တွင်းထုတ် စတဲ. နှစ်ထပ်..နှစ်ထပ်တစ်မတ်..နှစ်ထပ်ခွဲ..သုံးထပ် သင်္ဘောတွေ နဲ. စီးပွားတွေရှာကြ...ပညာတွေသင်ကြ..ခုတော.လူရာဝင်နေကြရသူတွေ အများကြီးပါ...သူတို.ကတော.ရှိတဲ့သူတွေလည်း ရှိသေးရဲ. မရှိတော.တဲ့သူတွေလည်း.......ဘယ်လိုပဲပြောပြော.စက်ရုံရောက်ပြီ ဆိုတဲ့ အနောက်ကလာတဲ.အသံ...မြသိန်းတန် ဘုရားရောက်ပြိဆိုတဲ့ အရှေ.က လာတဲ့အသံ...၀ါယာလက်တိုင်မီးမြင်နေရပြီဆိုတဲ့အသံ..တံတားရောက်နေပြီဆိုတဲ့အသံတွေမှာ တော. ခုချိန်ထိ အပျော်လေးတွေ စွက်နေကြဆဲပါပဲ....

ခောတ်တွေဘယ်လိုပြောင်းပေမယ်. ဒီသင်္ဘောဆိပ်မှာ အစည်ကားဆုံး နှစ်ချိန်ရှိပြီး တစ်ချိန်က ပုသိမ်မှာ အဝေးသင်သွားဖြေရတဲ့အချိန်နဲ. သက်ြန် ပြန်ကြချိန်တွေပါပဲ...အဲဒီပတ်ချာလည် ကမ်းနားတစ်ခုလုံးမှာကို သွားမယ်.သူ..ပို.မယ်.သူတွေ ကြက်ပျံမကျ စည်ကားတတ်ချိန်တွေပါ...အဝေးသင်သွားဖြေကြရချိန် ..ပြန်လာကြချိန်တွေမှာတော. အားလုံးတစ်စုတစ်ဝေး ပျော်ပျော်ပါးပါး ရှိတတ်ကြပေမယ်. သက်ြန် မြို.ကနေ ပြန်ကြချိန်ကတော. မပြန်ချင်ပြန်ချင် စိတ်ညစ်ညစ်နဲ.ပေါ. ....ကားတွေ ဘယ်လိုများလာပေမယ်. ဒီနှစ်ချိန်မှာတော. သူက ခုထိ ဇာတ်လိုက်ပါပဲ

 
တကယ်တော.လည်း ခွဲခွာခြင်းရသ က သင်္ဘောနဲ.မှ အပြည်.အ၀ ရတာပါ...ကားကျတော. ထိထိမိမိ မရှိသလိုပါပဲ....သင်္ဘောကျတော. ချန်ထားခဲ့ရသူဖြစ်ဖြစ်...ကျန်နေခဲ့ရသူဖြစ်ဖြစ် အချိန်ကလည်း ညဘက်တွေဖြစ်နေတတ် (ပုသိမ်က လာတဲ.သင်္ဘောဖြစ်စေ..ရန်ကုန်က လာတဲ.သင်္ဘောဖြစ်စေ မြို.လေးကိုရောက်တာက အမှောင်ထု အောက်ကအချိန်တွေမှာပဲ ဖြစ်တတ်ပါတယ်)...လေပြည်ကလည်း ညှင်းသွဲ.သွဲ. ...ရေပြင်ကလည်း ပိန်းပိတ်အောင်မှောင်ရင်မှောင်..လရောင်က ဖျတ်ဖျတ်ခါရင်ခါ....မြို.လေးကလည်း တိတ်ဆိတ် ငြိမ်သက် ဆိုတော. ပတ်ဝန်းကျင်ပယောဂ ကိုက ခပ်ရှရှ....ထွက်တော.မယ်. သင်္ဘော လက်ရမ်းပေါ်က လူကလည်း ဆွေးတမြမြ....ဆိပ်ခံဘောတံတားပေါ်ကလူကလည်း လွမ်းတသသ.....ဘော်..................... ဆိုတဲ.သင်္ဘော ဥသြသံက နတ်ဆိုးတစ်ကောင်ရဲ. ဟိန်းဟောက်သံအလား...ထွက်သွားတဲ.သင်္ဘော နောက်က အင်ဂျင် နှစ်လုံးလုံး ပါဝါ တင်လိုက်လို. အုံကြွနေတဲ.ရေလှိုင်းတွေလို ကျန်နေခဲ့သူက ရင်မှာတစ်လိပ်လိပ်.....သင်္ဘောက မီးရောင်ပြပြလေးကနေ ကွေ.ကပျောက်သွားချိန်ထိ ရေပြင်နက်နက်ကိုငေးရင်းးးးးးးးးးးးးး အဲ့လိုပဲ ချန်ထားခဲ့ရသူအဖို.တော. ဝေး..ဝေး ပြီးကျန်ခဲ့တဲ့ ဆိပ်ခံတံတားပေါ်က လူရိပ်ပြပြလေး ပျောက်သွားချိန်...အိမ်မောကျနေတဲ.မြို.လေးကို ကျော်ပြီး သစ်ပင်ရိပ် လယ်ကွင်းရိပ်မည်းမည်းတွေ မြင်ရချိန်ထိ...လူရော စိတ်ရော ရပ်တန်.လို..................

လိုအပ်သော အချက်အလက်နှင်.ဓါတ်ပုံအချို.ကို ကူညီရှာဖွေပို.ပေးခဲ့ကြသော ညိလေး ကိုရဲနှင်. ညီမနွေးနွေးတို.အား ကျေးဇူးအထူး...............

No comments:

Post a Comment