Tuesday, January 8, 2013

ဒိလိုရေး၍ ဒီလိုပြောကြသည် ( ၆-၁-၂၀၁၃ ဧရာဝတီ-မနောမြေ ၀-၀ )




ထိုနေ.ကပွဲနှင်. ပတ်သက်၍ Soccer Myanmar တွင် …
အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သည့် ဧရာဝတီ ယူနိုက်တက် နှင့် မနောမြေတို့၏ ပွဲစဉ်တွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ရာသီကြို ကွန်မြူနတီ ဖလား ပွဲတွင်လည်း ခြေစွမ်း ပြနိုင်ခဲ့ခြင်း မရှိသည့် ဧရာဝတီသည် ယခုပွဲတွင်လည်း အကောင်းဆုံး ခြေစွမ်းမရခဲ့ဘဲ ပြည်တွင်း ကစားသမားများဖြင့်သာ စုဖွဲ့ထားသည့် မနောမြေကို သရေကျခဲ့ခြင်း ဖြစ်သည်
ဟုရေးသားခဲ့ပါသည်

Channel weekly sports journal တွင်မူ
ဧရာဝတီဟာ အသင်းရဲ. အားထားရတဲ့ တိုက်စစ်မှုး နန္ဒလင်းကျော်ချစ်.ဖြိုးကိုကိုသိန်း တို.နဲ. ပွဲထွက်ကာ မနောမြေကို ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့သလို မနောမြေကလည်း တန်ပြန်တိုက်စစ်ကနေ ဧရာဝတီကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့လို. ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်…နန္ဒလင်းကျော်ချစ်နဲ. ဖြိုးကိုကိုသိန်း တို.ရဲ. တိုက်စစ်ဆင်မှု မှရရှိလာတဲ့ အခွင်.အရေးတွေကို ညီညီမင်း အကောင်းဆုံး အသုံးမချနိုင်ခဲ့သလို မနောမြေခံစစ်ကြောင်း မာလွန်းတာကြောင်. ပထမပိုင်း ဧရာဝတီ တိုက်စစ် အရာမရောက်ခဲ့ပါဘူး…ပွဲချိန် ၄၄ မိနစ်မှာ အေးမင်းဝင်း ကွင်းလယ်ကအပြင်းကန်သွင်းခဲ့ပေမယ်. ဧရာဝတီ ဂိုးသမား အကောင်းဆုံး ပုတ်ထုတ် ကာကွယ်ခဲ့လို မနောမြေတို. နစ်နာခဲ့ရပါတယ်..ဒုတိယပိုင်းမှာတော. ခြေစွမ်းမပြနိုင်တဲ့ ညီညိမင်း နေရာမှာ စိုးကျော်ကျော် ၀င်ရောက်ကစားခဲ့ပေမယ်. ထိရောက်တဲ့တိုက်စစ်ဆင်မှုမပြုလုပ်နိုင်ခဲ့ပါဘူး…ပွဲချိန် မိနစ် ၉၀ ပြည်.ကာနီးမှာ ဧရာဝတီ တိုက်စစ်မှုး လီအန်ဒရို နဲ.အောင်ကျော်မျိုးတို. တွဲလုံးကနေ လီအန်ဒရို အပိုင်ခေါင်းတိုက်ခွင်. ရပေမယ်. ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့တာကြောင်. ဂိုးမရှိသရေ ရလဒ်နဲ. ကျေနပ်ခဲ့ရတာပါ      ...   လို.ရေးသားခဲ့ပါတယ်

မနေမြေ အသင်း လက်ထောက်နည်းပြ ဦးအုန်းကြိုင်ကတော. ရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း …ဧရာဝတီလို အသင်းနဲ. ယှဉ်ပြိုင်ရတာမို. အနိုင်၇ဖို.ထက် သရေ ကိုပဲဦးတည် ကစားခဲ့ပါတယ်….မရှုံးခဲ့တာက အသင်းအတွက် ကျေနပ်စရာ တစ်ခုပါလို.   .....      ပြောကြားသွားခဲ့ပါတယ်...


 ဘောလုံးမှာ စည်းမျဉ်းတစ်ခုပဲ ရှိပါတယ်။ ဒါကဘာလဲဆိုတော့ ဂိုးသွင်းတဲ့ အသင်း အနိုင်ရတယ် ဆိုတဲ့ စည်းမျဉ်းပါ။ ကျွန်တော်တို့ ဒီပွဲမှာ ရန်ကုန်နဲ့ ဆတူနီးပါး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမသွင်း နိုင်ခဲ့ဘူး။ ဒါကြောင့် ဂိုးသွင်းနိုင်တဲ့ ရန်ကုန်ကို အလျော့ပေးလိုက် ရပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ရဲ့ ခြေစွမ်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်.. ပွဲအတွင်းမှာ ခြေစွမ်းပြပြီး ကစားနိုင်ခဲ့တဲ့ ကျွန်တော့် ကစားသမားတွေ ကိုလည်း ချီးကျူးပါတယ် " လို. ကွင်းဖွင်.ဖလား ပွဲအပြီးမှာ ပြောခဲ့တဲ့ ဧရာဝတီ နည်းပြချုပ် မာယန် ကတော. ဒိနေ.ပွဲကို၂ဂိုး ၃ ဂိုးလောက်နဲ.နိုင်မယ်လို. သုံးသပ်တာပါ..အဓိက ကစားသမားတွေ မပါဝင်နိုင်တာက အသင်းကို အားနည်းစေပြီး အသင်းရဲ. ကစားပုံက အားရကျေနပ်စရာ မကောင်းပါဘူး…လာမယ်.နေပြည်တော်ပွဲအတွက် ပြင်ဆင်မှုတွေကို သေချာပြုလုပ်သွားဖို.လိုအပ်ပါတယ် "………လို.ပြောသွားခဲ့ပါတယ်


 ဒါ.အပြင် အဲဒီနေ.ကပွဲကို လာရောက်ကြည်.ရှုတဲ့ ပ၇ိသတ် အချို.ရဲ. အမြင်ကို သိနိုင်ဖို. Red Waves အဖွဲ.၀င်တွေက လိုက်လံမေးမြန်းခဲ့ရာမှာ
ဧရာဝတီ ပ၇ိသတ်ဘက်မှာ အားပေးနေတဲ့အသက် ၅၀ ၀န်းကျင်ခန်.၇ှိနေပြီဖြစ်တဲ. ပ၇ိသတ်တစ်ဦးကတော.
 “ လက်ရှိကစားနေတဲ့ ထဲမှာ ဘယ်သူ.ကို ကြိုက်လဲဆိုရင် ဘယ်သူ.မှမကြိုက်ပါဘူး…ကစားကွက်ကို ပြောရရင်တော. ဘာမှမထူးဆန်းပဲ စွတ်ကန်နေသလိုပါပဲ…ရာသီအစမို.လားတော.မသိဘူး  အခြားအသင်းတွေလည်း ဒီလိုပဲ သေချာအားထည်.ကစားတာမျိုးမတွေ.ရသေးပါဘူး..မနေ.က သွားကြည်.ခဲ့တဲ့ပွဲ (၇န်ကုန်-ဇွဲကပင်) မှာလည်း ဒိတိုင်းပါပဲ…ရှေ.တန်းကစားတဲ. နိုင်ငံခြားသား (လီအန်ဒရို) ကိုလည်း မကြိုက်ပါဘူး…မနှစ်ကခြေလိုမဟုတ်ပါဘူး…လက်ရှိဧရာဝတီ အသင်းဟာ မနှစ်က ဧရာဝတီကို မမှီသေးပါဘူး……….တစ်ခုလောက်အကြံပေးချင်တာကတော. MNL အကြီးတန်းမှာ ၂ကျော.ကစားသလို အငယ်တန်းတွေကိုလည်း ၂ကျော.ကစားစေချင်ပါတယ်..ဒါမှအတွေ.အကြုံလုံလောက်မှာပါ..အငယ်တန်းပွဲတွေမှာ လူကြီးအသင်းက လူတွေထည်.မသုံးပဲ လူငယ်အသင်းစစ်စစ်တွေပဲ သုံးစေချင်ပါတယ်…ဒါမှ လူငယ်တွေအတွက် ပိုမျှော်လင်.ချက်ရှိလာမှာပါ……ဒါ.အပြင် ဒိုင်တွေကြောင်. ပွဲကောင်းတစ်ချို.ပျက်ရတာ ရှိပါတယ်
                                                                                     ဦးသိန်းဇော် (ကန်တော်ကလေး)
                                                 ဟံသာဝတီ လူငယ်အသင်း ကစားသမား ရှိုင်းထက်ဇော် ၏ ဖခင်


 “ ကျွန်တော်.အမြင် ပြောရရင်တော. နောက်တန်း ညာအစွန် အားနည်းနေတယ်လို. မြင်ပါတယ်…ဒါ.အပြင် အလယ်တန်းကလည်း ချိတ်ဆက်ပေးနိုင်မှု အားနည်းတယ်လို.မြင်ပါတယ်…ကစားသမားတွေရဲ. ဘောလုံးထိမ်းသိမ်းမှုကိုလည်း အားမရသေးပါဘူး…လက်ရှိကစားနေတဲ့အထဲက တစ်ယောက်ဆိုရင်တော. ဇော်ဇော်ဦးကို သဘောကျပါတယ်…..နောက်တစ်ခုက ကစားသမားတွေရဲ. ကစားကွက် လိုအပ်မှုတင်မကပဲ စိတ်ဓါတ်အင်အားနည်းနေသေးတယ်လို. ခံစားရပါတယ်….လက်ရှိကစားနေတဲ့ လီအန်ဒရို ကို သိပ်သဘောမကျပဲ ရန်ကုန်နေ.က ပါဝင်ကစားခဲ့တဲ့ အလယ်တန်းက ဂျပန်ကြီးနဲ. နောက်တန်းက မန်ဆာ ကိုသဘောကျပါတယ်……
                                                                                ကျော်ညိညီအောင်..(BDS..သွား/ဆေး )
                                                                                         Red Waves Member
                                                                                           ငါးသိုင်းချောင်း ဇာတိ 

ဓါတ်ပုံများကို AUFC Page & WL AUFC Group တို.မှ ကူယူသုံးစွဲပါသည်..

No comments:

Post a Comment