Tuesday, January 8, 2013

ကလေးအမေ ကလေး ( ၁၁ နှစ်သမီး အရွယ် မိခင် )



ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်မှာ သမီးတစ်ယောက် မွေးဖွားခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွားခဲ့ရခြင်းဖြစ်ပါတယ် ။
 အသက် ၁၁ နှစ်အရွယ် ဒီဘယ်လ်ဂျီယမ်သူဟာ ကစားကွင်းမှာ တခြားသူတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာ ခံနေရ တုန်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒီအမျိုးသားကတော့ ဒီကောင် မလေးကို စစတွေ့ခြင်း အသက် ၁၅ နှစ်လောက်ရှိပြီလို့ ထင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ် ။ သူတို့ ချိန်းတွေ့ပြီး တစ်ပတ်လောက်အကြာမှာ ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိလာခဲ့တယ် ။


သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ဒါ ယောင်္ကျားတစ်ယောက်ရဲ့ တာဝန်ပဲ ဆိုပြီး ကောင် မလေး ကို လက်ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမယ့် လည်း ဒီအမျိုးသားဟာ အရွယ်မရောက်သေးသူနဲ့ ကာမ ဆက် ဆံခဲ့တဲ့အတွက် ထောင် ၆ နှစ် ထိ ကျခဲ့ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ် ။
ဒီ ၁၁ နှစ်အရွယ်မိန်းကလေးကတော့ ကျောင်းမတက်ချင်တော့ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူမဟာ အခု မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက်လို့ပြောခဲ့ပါတယ် ။ သူမနောက်ဆုံးပြောခဲ့တာကတော့ “ ကျွန်မ အရုပ်တွေနဲ့ နောက်ထပ် မကစားချင်တော့ပါဘူး ကျွန်မမှာ အရုပ်သစ်တစ်ရုပ် ရနေပြီလေ ” တဲ့ ။ အော် လော ကကြီးလည်း ဘာတွေဖြစ်နေပါလိမ့် ။

@ သက်တန်.ချို 

No comments:

Post a Comment