Friday, January 4, 2013

ထာဝရ ဥယျာဉ်တော် တမ်းချင်းများ


( ၂ )
သခင်မ၏
နှလုံးသား အောက်ခြေထိတိုင်အောင်
မြင်နိုင်ခြင်း ငှာ
မစွမ်းသာသေးသော်လည်း
ပွင်.ဖတ်တို.၏ အလှုပ်
ညှာ တံ တို.၏ အယိမ်း
ဝတ်ဆံတို.၏ အရိပ်အကဲကိုကြည်.ပြီး
သခင်မ၏ ဆန္ဒတို.ကို
ဘာသာပြန်နိုင်ခဲ့ပါပြိ..........

စွမ်းသာသော ကိစ္စ တာဝန်တို.ကို
ကျေနပ်ဝမ်းမြောက်စွာ ထမ်းရွက်ခဲ့ပြီး
တတ်နိုင်စွမ်းတို.၏
အခြားမဲ.တွင်ရှိသော
အကြောင်းချင်းရာတို.တွက်မူ
ဗလောင်ဆူသောရင်ဖြင်.
အပြစ်သားပမာ ခံစားနေခဲ့ရပါသည်....။
ကျွနုပ်၏ ဖြည်.ဆည်းနိုင်စွမ်းတို. အပေါ်
သခင်မ....
အပြုံးလဲ့လဲ့ ခပ်သဲ့သဲ့ ကြွေချိန်တွင်
အဆရာထောင်ပိုသော ပိတိများစွာဖြင်.
ကြည်နူးမိပါ၏.......
ကျွနုပ်၏ ရင်ကို ထုတ်ချင်း ခတ်မည်. မြှားအား
ကိုယ်တိုင် ဦးသွေးနေခဲ့မိခြင်းဟိုတော.
အပြစ်မတင်တော.ပါ.....
ပိုးဖလံများကို မြင်မိစဉ်က
ဘ၀နှင်. အလဲအထပ် လုပ်ရသော
ဆန္ဒများ အကြောင်းကို
လှောင်ပြုံးနှင်. တွေးခဲ့မိပါသည်....
ယခုမူကား..
မချိပြုး ပင် မပြုံး ရက်တော.ပါ
မရေရာလွန်းသော
မျှော်လင်.ခြင်းများအတွက်...
ဖလှယ်စရာကား
မှုန်ဝါးသော အနာဂတ် နှင်. အတိပြီးသည်.
ချည်နဲ.နဲ. ဘ၀တစ်ခုသာ
ပိုင်ဆိုင်ထားပါသည်.....သခင်မ............




သခင်မ
စမ်းချောင်း တောအုပ် မြက်ခင်း ကောင်းကင်
လိပ်ပြာ နှင်. လေပြည်သံစဉ်တို.၏
လှုပ်ခတ် တေးကြူ ချော.မြှုမှုများကြား
သခင်မ ..မိန်းမောနေခိုက်
သိမ်ငယ်စွာ တိုးတိတ်နေမိပါ၏
ကျွနုပ်၏ ယုယစောင်.ရှောက်မှုကို ခံယူခဲ့သည်.
တစ်ဦးတည်းသော ဦးထိပ်ပန်း၏
ဦးတည် လိုက်လျှော နှစ်သိမ်.မှုကို
ကြည်နူးလှိုက်လှဲစွာ
အပြည်.၀ပိုင်ဆိုင်လိုပါ သည်.......
အတ္တ ၏ အကြွင်းမဲ့ လောင်မြှိုက်မှုကား
ပူလောင်လွန်းလှချေ၏......

သခင်မ
ဆိတ်ငြိမ်ခြင်း တံခါးဝတွင်
မှီတွယ်ရပ်တည်ခြင်းငှာ.....မစွမ်းသာတော.ပါ
အသိမဲ. ခံစားမှုနောက်
ဒုတိယမြောက် တံခါးခေါက်သံ
သခင်မထံ့ စေပါတော.မည်
တစ်ကြိမ်မှားမိသူ အဖို. အပြစ်လွတ်ဖို.လဲ မမြင်တော.ပါ......

 
သခင်မ
လေပြေ ငယ်တို.ကြား မှ မေတ္တာ စောင်းကြိုးတို.ဖြင်.
တို.ထိခွင်. ပြုတော်မူပါ.......
အေးမြသော စမ်းရေစီးအတွင်း
ချိုးရေတော် သုံးသပ်ရင်း
ကြည်နူး လတ်ဆတ် နေသည်.အခိုက်
ပန်းဆီ တိမ်တိုက်တို.ဖြင်.
ထွေးပွေ. ခွင်. ပြုတော်မူပါ.....
ဆည်းဆာပြတင်းမှ
အစင်းစင်းသော ပန်းတို.၏ အိပ်ချိန်
ဆိတ်ငြိမ်စွာ ခံစားရင်း
ဆံနွယ်တို.ကိုတို.ထိ
တွယ်ငြိခွင်.ပြုတော်မူပါ......
ဥယျဉ်တော် လရိပ်များ အောက်
ကြယ်စင်ကောက် ကဗျာများရွတ်ရင်း
ရင်ခွင်တွင်း.....မှေးမှိတ်တော်မူပါ....
ငွေမှင် ရည် ကဗ္ဗလာ တို.ထက်
ညည်.နက်နက် ပင်.သက်သံ
နာခံရပါလို၏.......
မိုးသောက်စ ငှက်ငယ်တို.၏ တေးချင်း တို.ကို သခင်မ ရင်တွင်းမှ ဘာသာပြန်ရင်း
ဆံနွယ်စ တို.ကို ဖြည်ရှင်းခွင်. ပြုတော်မူပါ......
အာရုဏ်ဦး တေးချင်း တို.ဖြင်.
တိုးတိတ်စွာနှိုးယူ
တွဲ ခိုခြင်း ပြုတော်မူပါ သခင်မ........။




သို.သော်....
သခင်မ၏ ပင်စည်နားသို. ကပ်လာသော
ကျွနုပ်၏ ခြေအစုံတို.တွင်
မြေမှုန်နှင်. ချွေးစက်တို. နေရာအပြည်.ယူထားကြ၏...
သခင်မ၏ ညှာတံကို ပိုင်းဖြတ်မည်.
ကျွနုပ်၏ လက်တို.သည်လည်း
အိုမင်း ကြမ်းတမ်း နေပေလိမ်.မည်....
သခင်မအား သယ်ဆောင်ရန်အတွက်
ပန်းခြင်းလှလှ တို.လည်း မရှိပါ
ကျွနုပ်ကိုယ်တိုင် ယက်လုပ်ထားသော
ဝါးခြင်းငယ်သာ ရှိပါ၏...
သခင်မ နားနေစရာ
ချစ်ဖွယ် အဖိုး ထိုက်သော ပန်းအိုးတို.လဲ
သိမ်းဆည်းမထားနိုင်ခဲ့ပါ
ကိုယ်တိုင် ထုဆစ် ပုံသွင်းထားသော
မြေအိုးငယ်သာ ရှိပါ၏...
သခင်မ ကွန်းခိုရန် ၀န်းကျင်တို.တွင်လည်း
မောင်းမ မိသာံ အခြံအရံ
ပါရှားကော် ဇော ပိုးချည်ချော
နရဏီ အစစ် ပိုးဖဲပွင်.တို.အစား....
လွတ်လပ်မှု နွေးထွေးခြင်း
ဖေးမစောင်.ရှောက်မှု
အကြွင်းမဲ. တွယ်ငြိခြင်း
အဖြူရောင် သန်.သန်. နှင်.
သစ္စာ တရား၏ တမန်တော်တို.က
မေတ္တာ ပန်းကုံး အသွယ်သွယ်တို.ဖြင်.
ကမ်းလင်. ဆီးကြို နေကြပါလိမ်.မည်.......သခင်မ ။



သခင်မ....
ဆင်ခြင်တရားတို.၏
ထာဝရ အကျဉ်းသား ဖြစ်ခဲ့သော ကျွနုပ်
ခုလဲ ဖမ်းဝရမ်းအထုတ် ခံရပြ့န်ပါပြီ
တိုက်နိုင်စွမ်းတို.ထက်
ခံနိုင်ရည် ကိုသာ တန်ဖိုးပိုထားတတ်သော
ပင်ကိုယ်သိတို.က လက်ဦးမှု ပြန်လည်ရယူလိုက်ပါပြီ သခင်မ......
သိမ်ငယ်မှုတို.ကိုသာ အားကိုးပြီး
ဖွဲ.သီ လှစ်ဟခဲ့ခြင်းကား မှားမိလေပြီ

No comments:

Post a Comment