ဒိုတွန်ဘူရီ
။ သူကတော့ အစားတလိုင်းသမားများအတွက်ကတော့ ကောင်းကင်ဘုံပါပဲ ။
Kuidaore ကွီးဒေါရက် Culture ရဲ့မွေးရပ်မြေ လို့ဆိုကြပါတယ် ။ Kuidaore
Culture ဆိုတာကတော့ သေဆုံးချိန်တိုင်အောင် ဇိမ်ကျကျစားသောက်ခြင်း
လို့ဆိုရပါမယ် ။
ဒါဇင်ပေါင်းများစွာသော
စားသောက်ဆိုင်တွေက Dotomborigawa
မြစ်ကို တန်းစီထားပြီး နာမည်ကြီး ကြော်ငြာဘုတ်ကြီးတွေက
လာရောက်သူများရဲ့အာရုံကို ဆွဲဆောင်လျက်ရှိသည်။
Dotombori ရဲ့နောက်ဘက်က ကျောက်ခင်းထားတဲ့ လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်ငယ်တွေဟာ
အိုဆာကာမြို့ဟောင်းရဲ့ အရသာကို ပြန်ရစေပါတယ် ။ ကျဉ်းမြောင်းတဲ့ လမ်းတွေနဲ, လမ်းကြားများတစ်လျှောက်မှာ ရှိနေတဲ့
စားသောက်ဆိုင်နဲ့ ဘား တွေကရေတောင်မရေနိုင်ဘူး ။ အိုဆာကာရဲ့
အရသာရှိပြီး စျေးနှုန်းသင့်တင့်တဲ့
အစားအစာတွေရနိုင်တဲ့နေရာ ဖြစ်ပါတယ် ။ အိုဆာကာဆိုတာ ရာစုနှစ်များစွာကြာအောင် “လူမျိုးတို့ရဲ့ မီးဖိုချောင်” အဖြစ်
လူသိများခဲ့တဲ့နေရာဖြစ်ပါတယ် ။
အဲ့ဒီမှာ
ကျင်းပတဲ့ပွဲတော်တွေအနက် "မန်တိုရိုပွဲတော်" ဆိုတာလည်း ရှိပြီး Dotmbori မြစ်ရဲ့ တစ်ဖက်တစ်ချက်စီမှာ
မီးအိမ်တွေထွန်းညှိပြီးတော့ လှေပေါ်ရှိလူများ သီဆိုကခုန်ကြကာ အပူဒဏ်ကို ခံနိုင်ရန်
စားသောက်နေကြတာကို မြစ်ဘေးက
အစားအသောက်ဆိုင်တွေက မြင်တွေ့ရသူတွေက
နှစ်သက်ကြပါတယ် ။
တူးမြောင်းကို
လှည့်ပတ်ဖို့ မိနစ် 20 ပဲ ကြာတဲ့ Tonbori River Cruises တွေနဲ့ Glico အပြေးလူသား ဆိုင်းဘုတ်က အဲ့ဒီနေရာရဲ့ သက်ေတတွေပါ ။
သူတို့၏ဖောက်သည်တွေကိုဖျော်ဖြေဖို့ geisha မယ် တွေကို အသုံးပြုတဲ့
မြစ်မြောက်ဘက်ခြမ်းမှာကတော့
အရက်ဆိုင်ငယ်များနှင့်စားသောက်ဆိုင်များသည်တန်းစီပြီးစုပုံနေပါတယ်။
မြစ်၏တောင်ဘက်ခြမ်းဟာ တစ်ချိန်က ပြဇာတ်ခရိုင်လို့
လူသိများတဲ့ Dotombori ဧရိယာရဲ့ အလယ်ဗဟိုဖြစ်ပါတယ်
။ ယနေ့ခေတ်မှာတော့ ရောင်စုံနီယွန်ဆိုင်းဘုတ်များနှင့်
ဖလက်ရှ်ဆိုင်းဘုတ်များကအဲ့ဒီ ဧရိယာကို
အသက်ဝင်စေပါတယ် ။
ဒီ
ဒိုတွန်ဘူရီမှာ ဒေသထွက် အစားအစာများဖြစ်တဲ့ takoyaki နှင့် okonomiyaki အိုကိုနိုမီယာကီ လိုအစားအစာမျိုးကနေ ကနေ အဆင့်အတန်းမြင့်သော kappo ကပ်ပို ဟင်းလျာများကဲ့သို့သော
အရသာရှိသော ဟင်းလျာများအထိ Osaka ဟာ အစားအသောက်များစဥ်ဆက်မပြတ်
ဖွံဖြိုးတိုးတက်နေသလို စားသုံးသူဝယ်လိုအား အထူးမြင့်မားတဲ့မြို့လည်းဖြစ်ပါတယ် ။ Sōemoncho ဆိုအဲမွန်ချော
ဟာ ဘားတွေ ကလပ်တွေ ကာရာအိုကေ
ဆိုင်တွေနဲ. Dōtonbori ဒေသရဲ့ ညနေခင်း
သာယာလှပမှု ဗဟိုချက်ဖြစ်ပါတယ် ။ စားသောက်ဆိုင်အများစုဟာ နံနက်အစောကြီးအထိ
ဖွင့်ထားတာကြောင့် သီဆိုကခုန်ပြီး ဂျပန်
ရိုးရာအမြန်အစားအစာများဖြင့် အားပြန်ဖြည့်နိုင်ပါတယ် ။ ၂၄ နာရီပတ်လုံးဖွင့်သည့် Ramen
Zundo-Ya Shinsaibashi ဇန်ဒိုယ ရှင်ဆာအိဘရှိ မှာ နံနက်စောစော
စာစားပြီးမှပြန်လို့လည်းရပါတယ် ။
ဂလိုင်ကိုမန်း
ဆိုင်းဘုတ်ဟာဆိုရင် ၁၉၃၅ လောက်မှာ စတင်မွမ်းမံခဲ့ပြီး အရင်က နီယွန်
ဗားရှင်းတွေပဲဖြစ်ပြီးတော့ ခုနောက်ဆုံးမှာတော့ 6th generation နှင့် LED နည်းပညာကို ပထမဆုံးအသုံးပြုသည့် အမှတ်တံဆိပ်အဖြစ် အသိအမှတ်ပြုထားကြပါတယ် ။
အပြေးသမားဟာ အာရှရဲ့ အကျော်ကြားဆုံး မုန့်များထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Glico
ကို ကြော်ငြာတာပါ ။ Glico ၏
လူကြိုက်အများဆုံးထုတ်ကုန်မှာ Pocky ဖြစ်တယ်လို့သိရပါတယ် ။
ပြီးတော့
ဂဏန်းစားသောက်ဆိုင်တစ်ခုရှေ.က နာမည်ကျော် ဂဏန်းပုံဟာလည်း ၁၉၆၀
မှာတည်ဆောက်ခဲံပြီးလက်တွေ မျက်လုံးတွေ လှုပ်နေလို့ရအောင်စက်တွေအသုံးပြထားခဲ့တာပါ ။
၆မီတာခွဲလောက်ရှိတဲ့ ဂဏန်းရုပ်ကလည်းအများစိတ်၀င်စားကြပါတယ် ။
ဒိုတွန်ဘူရီမှာအရင်က
ရိုးရာဖျော်ဖြေမှုများနဲ.သာ ခရီးသွားတွေကိုဆွဲဆောင်ခဲ့ပြီး
နောက်ပိုင်းအများစိတ်၀င်စားမှုအားနည်းလာသလို ကျန်ရှိနေတဲ့ ရုပ်ရှင်ရုံ ၅ရုံကလည်း
ဒုကမ္ဘာစစ်မှာ ဗုံးကြဲဖျက်ဆီးခံခဲ့ရပါတယ် ။ ဒါဟာခောတ်သစ်ဖျော်ဖြေမှုတွေဘက်ဆီပြောင်းလဲလာမယ့်လမ်းရဲ့အစလို့ပြောလို့ရမယ်ထင်ပါတယ်
။
ဒိုတွန်ဘူရီ
သို.သွားရောက်လည်ပတ်ခြင်း Video
Part 1 ကိုကြည့်ဖို့ ဒီနေရာကိုနှိပ်ပါ ။
ဒိုတွန်ဘူရီ
သို.သွားရောက်လည်ပတ်ခြင်း Video
Part 2 ကိုကြည့်ဖို့ ဒီနေရာကိုနှိပ်ပါ ။
No comments:
Post a Comment