Saturday, January 26, 2013

၂၀၁၃ MNL တတိယပွဲ ဧရာဝတီ-မကွေး

၂၀၁၃ MNL ရာသီ ဧရာဝတီ၏ တတိယ ပွဲစဉ်ဖြစ်သော မကွေး နှင်.ပွဲမတိုင်မှီ ထင်မြင် ယူဆချက်များ
မကွေးအသင်း
ယခုတစ်ပတ် ပွဲစဉ် ၃ ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်မယ့် ပွဲစဉ်တစ်ပွဲပါ။ ဒီနှစ်သင်းရဲ့ လက်ရှိခြေစွမ်းချင်း ယှဉ်ကြည့်မယ်ဆိုရင် မကွေးအသင်းက စုဖွဲ့မှုပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။ ဧရာဝတီအသင်းက နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံး သရေကျထားတဲ့အပြင် အသင်းရဲ့ ခြေစွမ်းကလည်း မတည်ငြိမ်သေးပါဘူး။ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုတွေ မှာတော့ တစ်ကြိမ်စီ အနိုင်ရထားကြပြီး တစ်ကြိမ် သရေကျထားပါတယ်။ ခြေစွမ်းနဲ့ စုဖွဲ့မှု ပိုမိုကောင်းမွန်တဲ့ မကွေးတို့ အနည်းဆုံး တစ်မှတ်နဲ့ အများဆုံး သုံးမှတ်ရအောင် ကစား သွားမှာပါ။
Myanmar Goal.Com သုံးသပ်ချက်

ခြေစွမ်းပြနေသည်. မကွေးအသင်း နှင်.ဧရာဝတီတို.၏ တွေ.ဆုံမှုက ပရိသတ် အကြိုက်တွေ.မှာသေချာလှသည်...၂ပွဲဆက် သရေကျထားသည်. ဧရာဝတီက ပထမဆုံးနိုင်ပွဲတွေ.မလား...၄မှတ်ရထားသည်. မကွေးက နိုင်ပွဲဆက်မလား စိတ်ဝင်စားစရာကောင်းသည်
မြန်မာ.အလင်း သတင်းစာသုံးသပ်ချက်

ရတနာပုံကို ဗထူးကွင်းမှာ အနိုင်ကစားထားလို. မကွေးတို.စိတ်ဓါတ်ပိုင်း အသာစီးရနေပါတယ်..ဧရာဝတီကတော. ရှေ.၂ ပွဲမှာ သရေကျထားပြီးနိုင်ပွဲ ပျောက်ဆုံးနေပါတယ်..သရေကျဖို.များပြီး အနိုင်ဆိုရင် ဧရာဝတီပါ
Premier Eleven သုံးသပ်ချက်

ဧရာဝတီ အသင်းနဲ.ပွဲဟာ အရေးကြီးတဲ့ ပွဲဖြစ်သလို အနိုင်ရအောင်လည်း ပြင်ဆင်သွားမှာပါ...ဧရာဝတီ အသင်းဟာတောင်.တင်းတဲ့ အသင်းတစ်သင်းဖြစ်တာကြောင်. ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ.
ဦးကြည်လွင်(မကွေးအသင်းနည်းပြချုပ်)

ဧရာဝတီ၏ တိုက်စစ်
 ထိုနေ. ညနေ ၄နာရီက အောင်ဆန်းကွင်းတွင် ကျင်းပခဲ့ ရာ  ထုံးစံအတိုင်းပွဲကတော. စိတ်လှုပ်ရှားဖွယ်ရာ..အားမလိုအားမရ ဖွယ်ရာများနှင်.သာပွဲစကန်လို. ၁မိနစ် ၈ စက္ကန်.သာရှိသေးသည်.....မကွေးတိုက်စစ်မှုး (၁၉) ၏ ဂိုးကိုခွင်.ပြုပေးလိုက်ရသည်.....ပ၇ိသတ်ကလည်း ဧရာဝတီ ပရိသတ်ထက် မကွေးပရိသတ်ကတောင် ပိုများနေသေးသည်......ချက်ခြင်းဆိုသလို စက္ကန်.ပိုင်းအတွင်း ဧရာဝတီ၏ တန်ပြန်တိုက်စစ်က ဘားတန်းကိုထိအောင်တိုက်သော ခေါင်းတိုက်ချက်ဖြင်. ပြန်ခြိမ်းခြောက်လိုက်တော. ဟုတ်သလိုလို....သို.သော် ၈မိနစ်ခန်.တွင် တစ်ဖက်အသင်း၏ ဖျက်ထုတ်မှုက ဆာတိုရှီ ကို လူလဲပလိုက်ရသည်ထိ ဒါဏ်ရာ ရရှိစေခဲ့သည်....ထို.ကြောင်. ဆာတို၇ှီ နှင်. နံပါတ် ၉ တို. လူစားလဲလိုက်ရသည်....မကွေးအသင်းတွင်ရော ဧရာဝတီ အသင်းတွင်ပါ ဂျပန် ကစားသမား တစ်ဦးစီပါဝင်နေသဖြင်. လာရောက်ရိုက်ကူးနေသော ဂျပန် TV အစီအစဉ် တစ်ခုအတွက်တော. Half-Cord ..၁၅ မိနစ်မှာတော. မကွေးအသင်းက နံပါတ် ၂၂ ကိုယ်.ဘာသာဝင်လုရင်းလဲကျနေသည်ကို ပြစ်ဒါဏ်ဘော အအပေးမခံလိုက်ရသည်ကိုတော်သေးသည် ပြောရမည်......၂၅ မိနစ်ခန်.မှာ ပေးလိုက်ရတဲ့ ပြစ်ဒါဏ်ဘောကတော. အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း အန္တရာယ်တော. သိပ်မကြီးလှ.....၂၇ မိနစ်ခန်.မှာ ဧရာဝတီ ပြစ်ဒါဏ်ဘော ကန်ခွင်.ရခဲ့သည်...သို.သော် တစ်ဖက်ဂိုး ဧရိယာ အစပ်မို. လူတံတိုင်း နှင်.ပတ်သက်ပြီး ကွန်ပလိန်းတက်သော မကွေး တစ်ဦးအ၀ါကဒ်ထိခဲ့သည်...ထို.အပြင် ပြစ်ဒါဏ်ဘော ကန်မည်.ရှေ.တည်.တည်. တစ်ပေမဝေးသော နေရာတွင်ပေရပ်နေသော ၂၃ ကတော်တော်နှင်.မဖယ်..(.ထိုဖြစ်ရပ်က တစ်ကြိမ်မက)...ထိုပြစ်ဒါဏ်ဘော ကန်လိုက်သောအခါ ရက်စက်စွာ တိုင်ထိ ထွက်သွားသည်...၄၄ မိနစ်တွင်ရသောထောင်.ကန်ဘောကို လီအန်ဒရို ခေါင်းတိုက်ချက် ဒီတစ်ခါတော. ဘားတန်းထိ ထွက်ပြန်သည်....သို.နှင်. ပထမပိုင်းပြီးသွားခဲ့ရသည်....


အောင်ပွဲခံနေသော ဧရာဝတီ ကစားသမားများ
 ဒုတိယပိုင်းပြန်စလို. ၃ မိနစ်သာရှိသေးသည်..ဒုတိယဂိုးကို ခွင်.ပြုလိုက်ရပြန်သည်....အားလုံး၏ မကျေနပ်သံ..အားမရသ့တို.ကတော. အတော်ကျယ်လောင်လာ၏...၅၅ မိနစ်တွင် ညီညိမင်းအစား အောင်ကျော်မျိုး ၀င်ကစားသည်....နည်းပြ၏ ကစားကွက်ပဲလား..ကစားသမားတို.၏ အားသန်ရာပဲလားတော.မသိ..ညာတောင်ပံတိုက်စစ်ကိုသာ အားပြုနေပြီး ဘယ်ခြမ်းကပျောက်သလောက်...အလည်တန်းက ဘယ်နေရာမှာ ဘာလုပ်နေသည်မသိ ဆိုသည်.ဝေဖန်သံတို.ကတော. အတော်လေး ကျယ်လောင်လာနေသည်.....၇၅ မိနစ်ခန်.တွင် တင်ပေးလိုက်သောအလုံးကို ဒေါမနစ်လှမ်းဆွဲလိုက်သော်လည်းမမှီ..အကယ်၍များ မှီလိုက်လျှင် ဂိုးတစ်ဂိုး ဖြစ်သွားနိုင်သော အခွင်.အရေး.... ..ဧရာဝတီပ၇ိသတ် အားလုံးတို.အတွက် နှစ်သိမ်.ချက်က ၇၉ မိနစ်တွင်သွင်းလိုက်သော နံပါတ် ၂၆(ဒေါမနစ်ထင်ပါသည်) ၏ ဂိုး ဆွေမျိုးများတောင် မေ.ချင်ချင်ဖြစ်သွားသည်...အားလုံးအသစ်ကပြန်စကြစို. လို.မတိုင်ပင်ရပဲ အစကပြန်အော်ကြ...အားပေးကြ..နိုင်နေသော မကွေး သွေးတော.နည်းနည်းကျဲစ ပြုလာသည်..အားလုံး၂၁ယောက် မကွေးကွင်း တစ်ဝက်အတွင်း ရောက်နေကြသည်....နာကျင်အချိန်ပို တွင် ကြင်နာစရာကောင်းလှသောပြစ်ဒါဏ်ဘောကန်ချက် .၃ ပွဲ ၃ မှတ်အတွက် အခွင်.ရစေခဲ့သည်. 

ထိုနေ.ကပွဲကို လာကြည်.သော ပရိသတ် အချို.၏ အမြင်ကမူ

ထိုနေ.ကပွဲသို. လာရောက်အားပေးသော Red Waves Fan Club Members

အသင်းရဲ. နည်းဗျုဟာပိုင်း အားနည်းချက်တွေ ရှိနေပါတယ်..အထူးသဖြင်. အလယ်တန်းပါ..အကြိုက်ဆုံး တစ်ယောက်ဆိုရင်တော. ဇော်ဇော်ဦးပါ
သက်ဇော် - ညောင်တုန်း
Red Waves Member (ထို.နေ.ကမှ ၀င်လာသော Member အသစ်)

ကျွန်တော. အမြင်ကတော. ကွင်းလယ်မှာ ဖြန်.မယ်.လူ မရှိပါဘူး...မရှိတော. တောင်ပံတွေလည်း အလုပ်လုပ်လို. မရပါဘူး..နောက်တန်းကလည်း အားနည်းနေသလို နံပါတ် ၂၆ ကအရမ်းလေးနေသလို ကစားအားလည်း ပျော.ပါတယ်....အလယ်တန်း ပျက်နေလို.နောက်ရော..ရှေ.ပါ ကောင်းကောင်းမကစားနိုင်တော.ပါဘူး..ဂိုး သမားကိုတော. ဒီပွဲမှာ အားမရ ပါဘူး..အရင်ပွဲနဲ. မတူသလို ပဲ..မကွေးအသင်းဘက်ကတော. အန္တရာယ် အကြီးဆုံးက ၁၉ နဲ. ၂၀ ပါ...ကန်ပြီးတဲ့ ၃ ပွဲလုံး ကြည်.ဖြစ်ပြီး ပြီးခဲ့တဲံ ၂ပွဲ ကိုဒီပွဲထက် သဘောကျပါတယ်..နန္ဒ ဒီပွဲမှာ ခြေမပေါ်ဘူး ဖြစ်နေပါတယ်...တောင်ပံက တင်ပေးတဲ့အလုံးတစ်ချို. သဘောကျပါတယ်...တစ်ခုအကြံပြုချင်တာက ကွင်းလယ် ကို အားဖြည်.ဖို. လိုနေပြီး နံပါတ် ၆ ဆိုအရမ်းကောင်းတာမို. အဲ့လိုလူမျိုး ပွဲထွက်စေချင်ပါတယ်....ခုတော. နိုင်ငံခြားသားတွေ အားပြုကစားနေတာမျိုးတွေ.ရပါတယ်...
(မိုးမင်း -ပုသိမ်)

ဒီရာသီမှာတော. ဒီပွဲက ပထမဆုံးကြည်.ဖြစ်တာပါ...နေတာက ရန်ကုန်မှာပါပဲ..ဒါပေမယ်. ဧရာဝတီကို Delta ဘ၀ ထဲက အားပေးလာတာပါ..စအားပေးဖြစ်တာက မင်းမင်းသူကို သဘောကျလို.ပါ...မြန်မာအသင်းမှာ သန်းတိုးအောင်တို. နောက်ပိုင်း မင်းမင်းသူ ကိုအတော်သဘောကျပါတယ်...သေချာတာက Key Player အဖြစ်သူပါလာတဲ့ပွဲဆို သိကိုသိသာပါတယ်...လက်ရှိကစားပုံ မကြိုက်ပါဘူး..ကွင်းလယ်က ဘာမှ လုပ်မရတော. ရှေ.တန်း အလကားဖြစ်နေပါတယ်..ကွင်လယ်ကို အဓိက ထား ပြင်ရပါမယ်..နည်းပြ လူထုတ်ပုံ သဘောမကျပါဘူး.ကောင်းနေတဲ့ လူတွေကျန်နေပြီး.နိုင်လင်းဦးတို. ဖြိုးကိုကိုသိန်းတို. ရှိနေရဲ.သားနဲ.ကွင်းလယ်ကို ဘာလို.မသုံးလည်း မသိရသလို ထူးကျော်လည်း ခုထိ သုံးတာမကြားရသေးပါဘူး..ပထမဂိုးပေးထားရလို. သူ စိုးကျော်ကျော်ကို ထည်.တာလို.မြင်ပါတယ်..နင်.မို.သာဆို သူ ဖြိုးကိုကိုသိန်းကိုထည်.မှာပါ...ခုအနေအထားအရတော. ဘယ်သူတွေနဲ. ဘယ်သူ.ကို လဲမယ်ဆိုတာစဉ်းစားမရပါဘူး...တစ်ခုရှိတာကတော. သူမနှစ်က သုံးခွင်.ရတဲ့ ကစားသမားနဲ. ဒီနှစ်သုံးခွင်.ရတဲ့ ကစားသမား မတူတာလည်း ပါမယ်ထင်ပါတယ်..ဂျုပီတာ တို. ဂျွန်တို. လို ခပ်မာမာ ကစားသမားတွေ မရှိတော.ပါဘူး..သူက Techanic ဦးစားပေး ကစားချင်လို. ဒီလူတွေသုံးတယ်ထင်ပါတယ်...ဂိုးသမားကတော. မဆိုးပါဘူး ဒီနေ.ကတော. စစချင်း ဂိုးပေးလိုက်ရလို. Pressure မိနေတယ်ထင်ပါတယ်..နဲနဲပျာနေတယ်..ရာသီစမို.လည်းဖြစ်ရင်ဖြစ်ပါလိမ်.မယ်...Center Back မကောင်းပါဘူး...၀ယ်ထားတဲ့ ၂၆ အရမ်းလေးပါတယ်...(အဲဒိမေးနေချိန်မှာပဲ ဒုတိယ ဂိုးပေးလိုက်ရပါတယ်)ဒီဂိုးကတော. Marking ကပ်မကစားတာကြောင်.ပါ...ဒီလောက်အနီးကပ်မှာ ဂိုးသမား တစ်ယောက်တည်းကိုတော. အပြစ်မတင်ရပါဘူး..လီအန်ဒရို ၀ယ်ထားတယ်ဆိုတော. တော်တော်လေး ကောင်းလာမယ် ထင်ထားပေမယ်. အသားမကျတာကြောင်.လား မသိပါဘူး..အရင်ခြေတော.မရသေးပါဘူး..ပြည်တွင်း Player ထဲက ဇော်ဇော်ဦးကို သဘောကျပါတယ်..စိုးကျော်ကျော်လည်း သဘောကျပါတယ်
(နေလင်း - ဖြူး  )

ဧရာဝတီ-မကွေး ၂-၂
 မြန်မာ. အလင်း သတင်းစာက နောက်ကျချေပဂိုးဖြင်. မကွေးထံမှ ဧရာဝတီ အမှတ်ခွဲယူ ဟူသောခေါင်းစဉ်ဖြင်.  ရေးသားခဲ့သည်...

ဓါတ်ပုံများကို AUFC Page မှ ယူငင်အသုံးပြုပါသည်...




No comments:

Post a Comment