Thursday, January 3, 2013

ထာဝရ ဥယျာဉ်တော် တမ်းချင်းများ





( ၁ )
သခင်မ
ကျွနုပ်၏ ဘ၀တစ်လျှောက်တွင်
ဥယျာဉ်တော် အချို.
ပန်းခြံတို.နှင်. ပျိုးခင်းများစွာ တို.အား
အဝေးမှလည်းကောင်း
ရံဖန်ရံခါ အနီးအနားတို.မှလည်းကောင်း
ဖြတ်သန်းသွားခဲ့ ဖူးပါ၏
ထို ပန်းပွင်. ပန်းခင်းတို.၏ အဆင်း ရနံ.တို.အား
အသိမှတ် ပြုမိခြင်းထက်
တစ်ရံ တစ်ဆစ်မှ
မပိုခဲ့ဖူးပါ...........

ရံဖန် ရံခါတို.တွင်
သူတို.၏ ပင်ကိုယ်ရနံ.အား
အသိမှတ် ပြုစေလိုသော ပန်းပွင်.ငယ်တို.၏
အသိမဲ. ကြိုးပမ်းမှုတို.ကိုလည်း
စာနာ နားလည်စွာဖြင်. တိမ်းရှောင်ခဲ့ဖူးပါသည်....
ကြင်နာ သနားတတ်သော်လည်း
လှည်.ဖြားရယူခြင်းကို
ရွံရှာတတ်လွန်းသည်.
ရိုးသားမှုလွန်ကဲသော
ရင်ဘတ်တစ်စုံ၏
ငြင်းဆန်မှုကြောင်. ဖြစ်ပါသည်...
ယခုမူ
ထိုရင်ဘတ် တစ်စုံကြောင်.ပင်
ဝေဒနာများစွာတို.၏ နိဒါန်းကို
လှိုက်မောစွာ ရွတ်ဆိုနေရပါပြီ ။

သခင်မ
စိုတစ်ခါ ခြောက်တစ်လှည်.
ခပ်ယဲ့ယဲ့ ဘ၀ တို.ကိုဖြတ်သန်း
လူ.သက်တမ်း တစ်မတ် ခန်. အရောက်တွင်မှ
သီးခြားဝေးကွာလှသော နေရာမဟုတ်သော်လည်း
နီးစပ်ခဲလှသော
အနှိုင်းမဲ. ဥယျဉ်တော် တစ်ခု
သတိပြုမိခဲ့ရပါသည်
တပ်မက်ဖွယ်ကောင်းသော်လည်း
ဆင်ခြင်မှုအသိတရားက
ဥယျဉ်တံခါးတို.ကို
တွန်း မဖွင်.စေခဲ့မိပါ
သို.သော်....
လွင်.ပျံ. လေပြေတို.ကြား
မွေးပျံ. သောရနံ.
သန်.စင်သော တေးသံ
ကောင်းကင်ဆန်သော ဆွဲဆောင်မှုတို. အောက်
ဘ၀မှောက်ခဲ့ ရပါပြီ....။



ကြုံရခဲလှသော
ထိုရနံ.တို.အောက်
ကျွနုပ်၏ ဦးနှောက်တို.သေဆုံး
အနာဂတ် တစ်ခုလုံးကိုပင် မေ.ပျောက်ခဲ့ ရပါသည်......
မိန်းမောခြင်း ကြည်နူးမှု ဆွတ်ပျံ.ဖွယ်ရသ
ဘယ်အရာမျိုးနှင်.ပင် တန်ဖိုးသင်.ရ သင်.ရ
ကျွနုပ် ၏ လက်ကျန်ဘ၀ တစ်ခုလုံး
(သခင်မ၏ ဥယျဉ်တော်ကို)
ဝိဥာဏ်အိမ် အဖြစ် သုံးခွင်.ပြုတော်မူပါ
ဖျတ်ကနဲ အသိပြန်ဝင်
အောက်မှာက မြေပြင် သက်သက် မဟုတ်တော.
သခင်မ၏ ကတ္တီပါ မြက်ခင်းပြင်
ကျွနုပ်၏ ဖ၀ါးကြမ်းတို. ကျွံဝင် မိနေလေပြီ
ဥယျာဉ်တော် တံခါးအား
မှောက်မှားစွာ.....
တွန်းဝင်ခဲ့မိ ပါပြီကော.......

နောင်တနှင်. ဒါဏ်ရာများစွာတို.၏ နိဒါန်း
ဝေဒနာခြေလှမ်းတို.၏ အစ
(သခင်မရေ )
မြင်သမျှတို.အပေါ်ကြည်နူး
ဘ၀ ထူးလှချည်.ဟု မြင်ခဲ့မိပါသည်...
တစ်ချက် တစ်ချက်
ဇီဝိန် ဆက်ချင်သည်. ဦးနှောက်
ဖိဟောက်ရင်း ချိုးနှိမ်
ဒုက္ခမီးအိမ်ကို မှိန်ပျပျ စထွန်း
(ဘ၀တစ်ခုလုံး)
လွန်းထိုး ခြင်းရဲ.နိဒါန်း
တကယ်ကို မမောပန်းမိခဲ့ပါ သခင်မ........

သခင်မ
သခင်မ၏ ဥယျဉ်တော်အတွင်း
ပွင်.ဖတ်တို.သည် ရဲရဲနီနေ၏
ပြတ်သားခြင်းတို.၏ ပြယုဂ်များဖြစ်လေမလားဟု
သံသယ ပင် မ၀င်ခဲ့မိပါ....
ပင်စည်တော်တို.တွင်
မြရောင်ရင်.ရင်. ခြယ်သ မြူး ကြွနေသော်လည်း
ဆူးတို.ဖြင်. ၀န်းရံနေခြင်းက
ထက်မြက်လှသော
ရက်စက်ခြင်းတို.၏ သင်္ကေတ များဖြစ်လေမလားဟု
စိုးရိမ်ရကောင်းမှန်းလည်း
မသိခဲ့မိပါ.....သခင်မ..
သခင်မ၏ ၀တ်ဆံတို.သည်
မွှေးပျံ.လွန်းလှ၏
ဆွဲဆောင်အား ပြင်းထန်လှသည်.
ပြိုင်ပွဲများစွာတို.၏
နိမိတ်ပုံများ ဖြစ်လေမလားဟုလည်း
မပူပင်ခဲ့မိပါ..
သခင်မ................

သခင်မ
နှောင်ဖွဲ. ခြင်းဖြင်. အတိပြီးသော
သခင်. မှော်ရုံတောဝယ်
ညွတ်နူးစွာ ကျေနပ်လျှက်
ကဗျာ အတတ်တို.ဖြင်. ဖွဲ.သီချော.မြှုရင်း
အတ္တ ဒေါသ မာန
အားလုံးအား အပြီးတိုင်သဂြိုဟ်
သခင်. မျက်နှာတော် ညိုမှာကိုသာ
သောက ပွားနေခဲ့ရပါသည်.......သခင်မ
တဒင်္ဂ ဟု ထင်မှတ်သည်. ခဏအတွင်းပင်
ရာသီစက်ဝန်းက ခပ်ကြမ်းကြမ်း လည်ပတ်
လောကဇာတ်ခုံ ဘယ်သူတွေ ဘယ်ပုံကက
ကျွနုပ် ကတော. ကိုယ်.ပြဇာတ် ကိုယ် ကျေနပ် နေခဲ.ပါပြီ..
သွေးရောင်စုံ ပွင်.ဖတ်တို.၏ ကကြိုး
စိမ်.စမ်းတို.၏ ခပ်တိုးတိုးတေးသံ
လေ တမန် တို.က နွယ်တို.ကို ငြင်သာပွတ်တိုက်
တိမ်တိုက်တို.က ခပ်သဲ.သဲ. ပြုံး
လိပ်ပြာ ပိတုန်းတို.ရဲ. စည်းချက်ညီ ကကွက်
ဝတ်ရည်စုပ် ငှက်တို.ရဲ. စစ်ချီတေးချင်း
ရနံ. ပြင်း ပျော. ခပ်နော.နော.လွှမ်းခြုံ
သခင်မရေ...........
ဒီဘုံကတော. လွတ်လမ်းမမြင်တော.ပါ ။

သခင်မ၏ ဥယျဉ်တော်အတွင်းဝယ်
မိမိဘာသာ အဆိုပြုအပ်သော
ဧည်.ဥယျဉ်မှုး အဖြစ်
 ပျော်မွေ. နေခဲ့ပါပြီ......

No comments:

Post a Comment