Thursday, May 9, 2013

အဆိုတော် ရဲလေးရဲ. မင်္ဂလာ သတင်း နှင်. သူကိုယ်တိုင် အပြော


အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။
မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါ တဲ့။ 



ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကိုလာမယ်. မေလ ၁၈ ရက်နေ.မှာ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ မှာ ကျင်းပမှာဖြစ်ပြီး ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ် လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ် လို့ ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းသားဟောင်းဖြစ်တယ်၊
 "မိခင်က  ဆွဲကြိုးပေါင်ပြီး studio  စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလ အတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ 
တခြားသူတွေ အနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"
လို့  ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသားထားပါတယ်။


ဒီအစီအစဉ်ကို ရဲလေးဟာ သူ.ပုံစံအတိုင်းလှို.၀ှက်ထားခဲ့တာမို. ချစ်သူသက်တမ်း ၆ နှစ်လောက်ကြာခဲ့ပေမယ်. ခုမှသိကြရတာဖြစ်ပါတယ်။သူငယ်ချင်းအချစ်က တစ်ဆင်. သံယောဇဉ်ဖြစ်ခဲ့ကြပြီး ချစ်သူအတွက် ရည်ရွယ်ပြီး သီးသန်.သီချင်းရေးခဲ့တာမျိုး မရှိဘူးလို.သိရပါတယ် ။

 သိပ်မကြာသေးခင်လေးကပဲ The Voice ကနေ အဆိုတော်ရဲလေးကို အင်တာဗျုး တစ်ခုလုပ်ခဲ့ပါတယ် အဲ့ဒီ အင်တာဗျုးထဲက ဒါနဲ.ပတ်သက်တာလေးတစ်ချို.ရွေးချယ်ဖော်ပြ ပေးပါမယ်
 
အပြင်မှာ သတင်းတွေ ထွက်နေသလို နှင်းဆီမှာကတာ ကိုရဲလေးရဲ့ ဇနီးလောင်းက သဘောမတူတဲ့အတွက် မကဖြစ်တာ ဆိုတာ ဟုတ်လား။

YL : အဲဒီလိုတော့ မဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဇနီးလောင်းနဲ့ စတွေ့က တည်းက နှင်းဆီမှာ မကဖို့ကို ကျွန်တော် စဉ်းစားနေပြီ။ သူနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက ကျွန်တော့်အလုပ်ပဲ။ ကျွန်တော် ကချင်ရင်ကမှာပဲ။ အဓိက က ရေရှည် ကြည့်တာပါ။ မကလည်းရတာပဲ။ မကတော့ ကျွန်တော် ပိုက်ဆံမရဘူးပေါ့ဗျာ။ ကတော့ လည်း ပျော်ရတာတစ်ခုပဲ ရှိတာပဲ။ ကျန်တာဘာမှ မထူးခြားပါဘူး။ ကျွန်တော်တို့တွေ ဒီထက်အောင်မြင်ဖို့လည်း မရှိတော့ဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို ဆက်လုပ် သွားမှာပဲ။ ဘယ်သူ့ပယောဂကြောင့်မှ ကျွန်တော့်အလုပ်တွေကို ထိခိုက်အောင် လုပ်တာမရှိပါဘူး။ ကိုယ့်ဆန္ဒနဲ့ပဲ နောင်တ မရအောင် ဆုံးဖြတ်ခဲ့တာချည်းပဲ။

Voice : ပရိသတ်တွေ စိတ်ဝင်စားနေကြ တဲ့ ရဲလေးရဲ့ ဇနီးလောင်းအကြောင်းနဲ့ ဘယ်လို ဆုံခဲ့ကြတယ်ဆိုတာ ပြောပြပေးပါဦး။

YL : သူ့နာမည်က မအေးမြအောင် လို့ခေါ်ပါတယ်။ သူကအပြင်က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါပဲ။ နာမည်ကြီး ကုမ္ပဏီ ကြီးလည်း မဟုတ်ပါဘူး။ ကျောက်မျက် လုပ်ငန်းလုပ်တယ်။ တခြားစီးပွားရေး လုပ်ငန်းလေးတွေ လုပ်ပါတယ်။
ကျွန်တော်တို့တွေ့ဆုံပုံက သိပ် Romantic ဆန်တာမရှိပါဘူး။ ကျွန်တော်နဲ့ သူက အရင်ကတည်းက မိတ်ဆွေလို ခင်နေကြတာကြာပါပြီ။ လူငယ်သဘာဝ ကိုယ့် အလုပ်ကိုယ် လုပ်နေကြတယ်။ အဆက်အသွယ် ရှိလိုက် ပြတ်လိုက်နဲ့ ကျွန်တော်တို့တွေ ရင်းနှီးခင်မင်လာတာ ကြာပါပြီ။

ကျွန်တော်လည်း ဝါသနာပါတဲ့ ဂီတ အလုပ်တွေလုပ်တယ်။ သူလည်း သူ့မိဘရဲ့ စီးပွားရေးအလုပ်တွေ ဝိုင်းကူလုပ်ရင်းနဲ့ပဲ လုံးလည်ချာလည်ဖြစ်နေရင်းနဲ့ ငါးနှစ် လောက်ကြာတဲ့ အချိန်မှာ နိုင်ငံခြားမှာ အဆက်အသွယ်ရပြီး ပြန်တွေ့ ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ ကျွန်တော် Lonely ဖြစ်နေတဲ့ အချိန်တွေမှာလည်း သူက ကျွန်တော့်နားကို ရောက်ရောက်လာတယ်။ သံယောဇဉ်တွေလည်း ပိုတွယ်လာပြီးတော့ အတူနေမယ်လို့ ဆုံးဖြတ်မိသွားတာပါ။

Voice : ရဲလေးတို့ ချစ်သူသက်တမ်းက ဘယ်လောက်ရှိသွားပြီလဲ။

YL : ချစ်သူသက်တမ်းထက် စာရင် မိတ်ဆွေသက်တမ်းကတော့ ငါးနှစ်လောက် ရှိပြီ။ မြရိပ်ညိုဟိုတယ်မှာလုပ်တဲ့ ကျွန်တော့် ရဲ့ ပထမဆုံး တစ်ကိုယ်တော်ရှိုးပွဲမှာ စသိကြ တာပေါ့။ ငါးနှစ်လောက်တော့ ရှိသွားပြီ။ ချစ်သူ့သက်တမ်းကတော့ တစ်နှစ်ပြည့်တာ သိပ်မကြာသေးဘူး။

Voice : မင်္ဂလာပွဲအတွက် အစီအစဉ်လေး ပြောပြပေးပါဦး။

YL : နှစ်ဖက်မိဘချင်းတွေ့ ပြီး တရားရုံး ရှေ့နေရှေ့မှာတော့ လက်မှတ်ထိုးပြီးသွားပြီ။ မင်္ဂလာပွဲကတော့ မေလ ၁၈ ရက်နေ့ မဟာစည်မှာ မင်္ဂလာဆွမ်းကျွေးလုပ်မယ်။ ဇွန်လပထမပတ်၊ ဆီဒိုးနားဟိုတယ်ရဲ့ Pool Side မှာ Dinner လုပ်မယ်။ နှစ်ပွဲလောက်တော့ ကျွန်တော်တို့ ကျင်းပဖြစ်မှာပါ။

Voice : ရဲလေးရဲ့ ဇနီးလောင်းက သမ္မတရုံး ဝန်ကြီးတစ်ဦးရဲ့ သမီးလို့ သတင်းတွေ ထွက်နေတယ်။ အဲဒါဟုတ်ပါသလား။

YL : အဲဒါကတော့ သေချာပြီဆိုတဲ့ အချိန်မှာ ပရိသတ်တွေကို ကျွန်တော်ပြောပြ မှာပါ။ အားလုံး ယုံထင်ကြောင်ထင် ဖြစ်နေမှာ စိုးလို့ပါ။

Source ; Myanmar Daily News, The Voice Weekly & Irrawaddy Blog

2 comments:

  1. ရဲလေးတို့က တော့အပိုင် ချည်လိုက်ပြီဟေ့

    ReplyDelete
  2. အပိုင် ဘဲဟေ့

    ReplyDelete