Tuesday, May 7, 2013

သတိ ဆိုတာ ပိုတယ်မရှိ (အင်ဒို ပြဿနာများ၏ နောက်ဆက်တွဲ လုံခြုံရေး)

 မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူတစ်ဦးသည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကိုအသုံးပြု၍ ၎င်းနှင့်အတူ
ဗုံးခွဲမည့်သူများကို စုဆောင်းခဲ့သည်ဟု ယူဆရကြောင်း အင်ဒိုရဲတပ်ဖွဲ.က ပြောကြားခဲ့သည်။

“ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့ နာမည်အချို့ကို ခြေရာခံနိုင်ခဲ့တာပါ”ဟု Densus 88 ဟု ခေါ်ဆိုသော
အမျိုးသားရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ဂျကာတာဂလိုဘ် သတင်းစာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ်အမည်များကို စုံ ထောက်များက ဆက်လက်ခြေရာခံ နေသောကြောင့် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏
နာမည်များထုတ်ဖော်ပြောကြားရန် သတင်းရင်းမြစ်က ငြင်းပယ်သည်။

Photo-Channel News Asia
ဖေ့စ်ဘွတ်ခ်စာရင်းအချို့တွင် ပါဝင်သော အကြောင်းအရာများကို နက်နက်နဲနဲ ပိုင်းခြားစိတ်ဖြာလေ့လာရာမှ ယခုကိစ္စကို ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး အင်တာနက်
လမ်းကြောင်းများကိုလည်း ရှာဖွေနိုင်ခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။ အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့  ၏ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ.က မေ၂ ရက်ညပိုင်းတွင် အမျိုးသမီး တစ်ဦးအပါအ၀င် လေးဦးအားဖမ်းဆီးနိုင်ခဲ့ပြီး ကြိုးကိုင်လှုပ်ရှားသူ Sigit Indragit မှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။ ဖမ်းမိသူများအနက် ၂ဦးကို အ၀တ်အစားနှင်. ကေဘယ်ကြိုးများ ထည်.ထားသည်. အိတ်၂လုံး ၊ပိုက်ဖြင်.ပြုလုပ်ထားသောဗုံး၅ လုံး သယ်ဆောင်လာစဉ် ဖမ်းမိခြင်းဖြစ်သည် ။
မသင်္ကာသူ အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲရန် စီစဉ် ထားခြင်းမဟုတ်ဘဲ ချိန်ကိုက်ဗုံးများဖြင့် ဖောက်ခွဲရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု
ဂျကာတာဂလုဘ်သတင်းရင်းမြစ်က ပြောကြားသည်။

ယခုဗုံးခွဲ၇န်ကြံစည်မှုကြောင်. ဂျကာတာ ရှိ မြန်မာသံရုံးနှင်. မြန်မာသံအမတ်ကြီးနေအိမ် တစ်ဝိုက်လုံခြုံရေး တိုးမြှင်.ထားသည် ။

အင်ဒို ရှိမြန်မာသံရုံး လုံခြုံရေး
 ထို.အပြင် ပြည်တွင်းတွင်လည်း မြန်မာနိုင်ငံအပေါ် ဂျီဟတ် စစ်ပွဲ ဆင်နွဲရန် ဘာလီဗုံးခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ ၏ တိုက်တွန်းမှု ပေါ်ထွက်လာသဖြင်. လုံခြုံရေးဆိုင်ရာ အဆင်.မြှင်. သတိထားမှုများ ပြုလုပ်နေရသည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။


ဂျကာတာ ဆန္ဒပြပွဲများ
 မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားလိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။ မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်" ဟု ပြောကြားခဲ့သည်။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ရဲမှုးကြီးမြ၀င်းက "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။ ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။ သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့်စစ်ဆေးနေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

 သို.သော် ထိုကိစ္စရပ်များနှင်. ပတ်သက်၍ ပြည်တွင်း ဘာသာရေးအဖွဲ.အစည်းများကမူ
ဂျီဟတ်ကို အလွဲသုံး၍ အကြမ်းဖက်မှုများ လုပ်ဆောင်မည်ကို လက်မခံကြောင်းနှင့် ပြည်ပမှ အကြမ်းဖက် ခေါင်းဆောင်များ၏ သွေးထိုးလှုံ့ဆော်မှုကို အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နားယောင်ကာ မလုပ်ဆောင်ကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက တိုက်တွန်း ပြောဆိုလိုက်သည်။
ဂျီဟတ်ဆိုသည်မှာ တစ်နည်းအားဖြင့် မြင့်မြတ်ကောင်းမွန်သည့် အလုပ်ကို လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ် သက်ရောက်ကြောင်း၊ မိမိတို့ပြည်တွင်းနေ အစ္စလာမ်များ အနေဖြင့်လည်း ယင်းကဲ့သို့သာ ဆောင်ရွက်နေကြောင်း၊ မိမိတို့သည်လည်း နိုင်ငံသားများဖြစ်၍ နိုင်ငံ၏ အကျိုးစီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်သည့် မည်သည့် အကြမ်းဖက်မှုမျိုးမဆို ကန့်ကွက်ကြောင်းနှင့် လက်မခံကြောင်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပြောသည်။

''အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့လည်း နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြသူတွေဖြစ်လို့ နိုင်ငံတော် အကျိုးစီးပွားကို တန်ဖိုးထားရမယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့အတွက် အတတ်နိုင်ဆုံး ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဂျီဟတ်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှုကိုလည်း မလိုလားပါဘူး'' အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ဒုဥက္ကဋ္ဌ ဦးအေးကြူက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် မြန်မာ မွတ်စလင် လူငယ်များအဖွဲ့၊ အစ္စလာမ် သာသနာရေးရာ ကောင်စီ၊ မော်လ၀ီများအဖွဲ့၊ အိုလမာသာသနာ့ ပညာရှင်များအဖွဲ့၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ဟူ၍ အဖွဲ့အစည်းပေါင်း ငါးဖွဲ့ရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင် အဘူဘာကာဘာရှာက မြန်မာနိုင်ငံကို ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန်ခြိမ်းခြောက် ပြောဆိုလိုက်ပြီးနောက် နာရီအနည်းအငယ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်သူများကို လက်ရဖမ်းဆီးမိခဲ့သည်။

မြန်မာသံရုံး တည်ရာ
 မြန်မာနိုင်ငံတွင်လည်း ပြည်ပနိုင်ငံအချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ကာ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေလ ၂ ရက် ညပိုင်းအချိန်က မန္တလေးမြို့ ၃၅ လမ်းတစ်လျောက်တွင် ကောလာဟလများ ဖြစ်ပေါ်ခဲ့ပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သဖြင့် ကျူးလွန်သူများကို သက်ဆိုင်ရာမြို့ နယ်ရဲစခန်းများတွင် ပုဒ်မ ၅၀၅(ခ) အရအမှုဖွင့်ထားပြီး သက်ဆိုင်ရာမြို့ နယ်တရားရုံးများတွင် မေလ ၃ ရက်က တရားစွဲဆိုမှုကို စစ်ဆေးကြားနာကာ မေလ ၇ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref ; EMG & Other online media

ဆက်စပ်ဖတ်ရှုရန် များ

ချစ်စကိုသာ ရှည်စေချင်ပါသည် (အင်ဒိုလှုပ်ရှားမှုများ)

အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ လေးဦးအား ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး

 






No comments:

Post a Comment