Sunday, May 26, 2013

အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ဖြင်. ရယူသွားသော ၃မှတ် နှင်.နောက်ဆက်တွဲ စကားသံများ





မေလ ၁၈ရက်ညနေ အောင်ဆန်းကွင်း တွင် ကျင်းပခဲ့သော ဧရာဝတီနှင်. ဇေယျာရွှေမြေတို.၏ ပွဲသည် ဒုတိယ ရာသီဝက် အစ ပွဲဖြစ်သလို နှစ်သင်းလုံးကလည်း ဇရှိသူများပြီပြီ ကြည်.ကောင်းသော ပွဲတစ်ပွဲဖြစ်ခဲ့သည် ...သို.သော် ဒိုင်တို.၏ ဆုံးဖြတ်ချက် အတော်များများက တစ်ဖက်အသင်းကို အားသာစေခဲ့သည် ....


ဥပမာ ပထမပိုင်း တစ်ဝက်လောက် ဧရာဝတီ ၈ိုးညာဘက်ထောင်.တွင် ထောင်.ကန်ဘောဖြစ်သည်...တကယ်က ဇေယျ ကစားသမားနှင်. လွတ်လွတ်ကျွတ်ကျွတ် ထိပြီးမြင်သာထင်သာ ထွက်သွားသော ဘောလုံးကို ကွင်းလယ် ဒိုင်က ဇေယျာရွှေမြေ ဘက် ထောင်.ကန်ဘော ကန်ခွင်.ပြုသည် ...ထိုဘောလုံး ဧရာဂိုး၏ ဘယ်ဘက်သို. ဧရာကစားသမား တစ်ဦးမှ မထိရပါပဲ ထောင်.ကန်ဘော ထပ်ကန်ခွင်.ပြုပြန်သည်....တစ်ကြိမ်မှားချင်းသည် အရည်အသွေးဆိုင်ရာ ချို.ယွင်းမှုဟု နားလည်ပေး၍ ရသော်လည်း နှစ်ကြိမ်ဆက်တိုက်မှားယွင်းခြင်းသည် အကျိုးရလဒ် တစ်ခု၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဟု မှတ်ယူရမလိုဖြစ်နေသည်....
အလိုလို လဲကျသွားသော ဇေယျာ ကစားသမား
 .ပြစ်ဒါဏ်ဘောများ မှားယွင်းပေးခြင်း ....တစ်ဖက်အသင်းက တိုက်စစ်အရှိန်မြှင်. လွတ်လွတ်ကျွတ်ကျွတ် ဆွဲတက်လာချိန်တွင် ဇေယျာကစားသမားတို. အသားလွတ်ကွင်းထဲလှဲချနေခြင်းကိုလည်း ဥပေက္ခာပြုထားသည်... ပွဲပြီးကာနီး လူစားလဲမှုတွင်လည်း ဇေယျာကစားသမား၏ ကွင်းအတွင်းမှ မရွေ.သလောက်လှမ်း ထွက်ခွာနေခြင်းကိုလည်း မည်သို.မျှ ပြောဆိုခြင်းမရှိပဲ ဧရာကစားသမားတို.ကိုသာ ဘောလုံးအကြိမ်ကြိမ် ပြန်တည်ကန်ခိုင်းဖို. အာရုံစိုက်နေသည်.....

ဆင်မယဉ်သာ ခြေလှမ်းပိုင်ရှင်

ထိုပွဲကို Soccer Myanmar ကတော. ချူကွာဇူ၏ အဖိုးတန် နောက်ကျဂိုးဖြင့် ဇေယျာရွှေမြေ ဇယားထိပ်တက်  ဟူသောခေါင်းစဉ်ဖြင်.ရေးသားရာတွင် 
နာကျင်အချိန်ပို နောက်ဆုံးမိနစ်များတွင် ဧရာဝတီတို့ အသည်းအသန် ဖိကစား လာခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရရှိခဲ့သော်လည်း အသုံးမချ နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ဇေယျာရွှေမြေက ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့သည်။    
ဟူ၍ သုံးနှုံးရေးသားသွားခဲ့သည်....


 ထိုကစားပွဲနှင်.ပတ်သက်၍ ဧရာနည်းပြချုပ် မာယန်က Myanmar Special သို. ဆက်သွယ်ပြောကြားရာတွင် ..........
 ပွဲအပြီး အ၀တ်အစားလဲခန်းထဲမှာ ကျွန်တော်. ကစားသမား တစ်ချို. ငိုတဲ့အထိ ဖြစ်ခဲ့ကြတယ်...သူတို.ဘာလို. တရားမျှတမှု မရခဲ့ကြတာလဲလို. ကျွန်တော်.ကိုမေးတယ် 
ဒီပွဲအတွက် သူတို.တော်တော် စိတ်မကောင်းဖြစ်တယ်....ကျွန်တော်. ကစားသမားတွေကို ကမန်တော် ပြန်အားပေးခဲ့၇တယ်...သူတို.ရဲ. စွမ်းဆောင်ရည် က ကျွန်တော်.အတွက် အနိုင်ပါပဲ... ဘောလုံးဥပဒေအရ
တစ်ဖက်ကို ၁၁ယောက် ကစားခဲ့ကြတာပါ....ဘောလုံးဥပဒေအရတော. ကျွန်တော်တို. အသင်း အနိုင်ရခဲ့ပါတယ်...ဒိုင်ရဲ.ဆုံးဖြတ်ချက်အမှားတွေကို ဇေယျာ ကစားသမားတွေတောင် ၀န်ခံခဲ.ကြပါတယ်..

အဆိုပါပွဲနှင်. ပတ်သက်၍ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ်က ကျွန်တော်တို. ၁၄ ယောက်နဲ. ၁၁ ယောက် ကစားခဲ့ရပါတယ်ဟု ပြောကြားထားခဲ့သည်....


ထိုပွဲနှင်. ပတ်သက်၍  ဧရာကစားသမား နန္ဒလင်းကျော်ချစ်ကလည်း သူ. Facebook တွင် 
ဒိုင်ညစ်တယ်ပဲပြောပြော ကျွန်တော်တို.ရှုံးခဲ့ပါပြီ.... နောက်ပွဲတွေမှာ ရလဒ်ကောင်းအောင်ကြိုးစားကြရပါတော.မယ်...ဒါမှလည်း ချန်ပီယံ ဖလားကို ၇နိုင်မှာပါ...ဒိနေ. ကျွန်တော် ပုခုံးမှာ ဒါဏ်ရာ ရပါတယ်...ကျွန်တော်.နာမည် ကိုအော်ပြီး အားပေးခဲ့တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်....ရှုံးနိမ်.ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး 
ဟုရေးသားထားခဲ့သည်....

Photo by Ag Kyaw (AUFC)
 အနိုင်အရှုံး နှင်. ပတ်သက်၍ ဧရာဝတီ ဖန်ကလပ် ဖြစ်သော RED WAVES Fan Club မှလည်း ကစားသမားများ နှင်. နည်းပြအဖွဲ.ကို ယခုပွဲအတွက် ပူးပေါင်းကြိုးစား အားထုတ်မှုများအတွက် အားရကျေနပ်ကြောင်း တစ်ပါးသူဖန်တီးသည်.အရှုံးအတွက် စိတ်မကောင်းဖြစ်ရန် မလိုကြောင်း ဖေးမအားပေးခဲ့ကြသည်....


ထို.အပြင် ထိုပွဲ၏ ဆုံးဖြတ်ချက်များသည် ချို.ယွင်းမှုများ ရှိနေသည်.အတွက် ဧရာအသင်းအနေဖြင်.   တရားဝင် ကန်.ကွက်စာ တင်သွင်းထားကြောင်း သိရသည်....



 

No comments:

Post a Comment