ရှေးမူမပျက် ချိန်ခွင်နှင်.ရောင်းချနေသောဆိုင် |
သူ.ကို တုဖက်ယှဉ်ပြိုင်နှိုင်လောက်စရာ ဟူ၍ လဘက်သုပ် တစ်မျိုးလောက်သာ ရှိသော်လည်း သဘောသဘာဝ အခြေအနေချင်းက မတူပဲ နံနက်ခင်း စားစရာအဖြစ်တစ်မျိုး ၊ နေ.လည်ခင်း ထမင်းနှင်.ရောစား၍ ရသော ဟင်းအဖြစ် တစ်သွယ် ၊ ညနေခင်း အာသာပြေ စားစရာအဖြစ် တစ်နည်း ဘက်စုံအသုံးဝင်မှုကြောင်. ယခုတိုင် စင်ပေါ်က အောင်ပွဲခံဆဲ......
မုန်.ဖတ်သီးသန်.ရောင်းချသောဆိုင် |
ဝါးခယ်မ ဈေးကြီးအတွင်း မုန်.ဟင်းခါးဆိုင်တန်း |
စာတိုက်ထောင်. မုန်.ဟင်းခါး (ဓါတ်ပုံ- NayLynn Kyaw) |
ရေကျော်ကမ်းနားလမ်း တောသင်္ဘောဆိပ်၇ှိ မုန်.ဆိုင်တန်း |
မြို.လေးဆီက မုန်.ဟင်းခါးကို အဘယ်မျှ စွဲလမ်းကြသနည်းဆိုလျှင် ၀ါးခယ်မမုန်.ဟင်းခါးကို ရန်ကုန်သို. တကူးတကမှာစားကြသည် ။ တကူးတက သယ်ယူကြသည် ။ ကိုယ်.ဘာသာချက်စား၍ ရသော်လည်း မြို.ဖြစ် စစ်စစ်ကို ပိုနှစ်လိုကြသဖြင်. မုန်.ဟင်းရည်ကို ရေသန်.ဗူးနှင်.ထည်. ၊မုန်။ဖတ်၊အကြော်၊နံနံပင်မှအစ ငြုပ်သီးမှုန်.အဆုံး ရန်ကုန်အထိချိုင်.နှင်.ထည်.သယ်ပြီး စားကြသည် ။ မြို.လေးဆီမှ ၀ယ်ခွင်.မကြုံသူတို.က ရန်ကုန်တွင် ၀ါးခယ်မုန်.ဟင်းခါး ဘယ်နေရာရောင်းသည်ကိုနားစွင်.နေကြသည် ။ကြားသည်နှင်.မိသားစုလိုက်သွားရောက်စားသုံးကြသလို တကယ်.အရသာမှန်ပါက အချင်းချင်း လက်တို.ကြသည်။ သို.သော်လည်း ရန်ကုန်တွင်ဝါးခယ်မမုန်.ဟင်းခါးစစ်စစ်က အတော်ပင်ရှားပါးလှသည်။ထိုအခါကိုယ်.ဘာသာချက်စားကြသည် ။ထိုသို.ချက်စားတိုင်း မိတ်ဆွေသူငယ်ချင်းအားလုံးကိုအမှတ်ရရခေါ်ကျွေးကြသည် ။ အဖိတ်ခံရသူတို.ကလည်း ၀ါးခယ်မမုန်.ဟင်းခါး အသံကြားသည်နှင်. မည်မျှဝေးဝေး အားရ၀မ်းသာသွားကြသည် ။ ၇န်ကုန်တွင်ပြုလုပ်သော ၀ါးခယ်မနှင်.ဆိုင်သည်. အခမ်းအနားများတွင် မိတ်ဟောင်းဆွေဟောင်းများနှင်.တွေ.ရင်း (အထူးသဖြင်. သက်ကြီးပိုင်းတို.က )၀ါးခယ် မုန်.ဟင်းခါးကို လွမ်းလွမ်းဆွေးဆွေးစားကြသည်။ဝါးခယ်မသား ၀ါးခယ်မမုန်.ဟင်းခါး မကြိုက်သူဆို၍ မကြားခဲ့ဖူး ၊မတွေ.ခဲ့ဖူး ။(သို.သော် ကျောင်းကြီး ဒဿမတန်းတွင် မြန်မာစာသင်ကြားသော ဆေးရုံရပ်ကွက် မြို.မလမ်းရှိဆရာမဒေါ်မြင်.မြင်.ကြည်ကတော. သူလုံးဝမစားပါ ၊မကြိုက်ပါတဲ့ ၊မုန်.ဟင်းခါးဖတ်အမျှင်များကို ရွံလို.ပါဆို၍ ငယ်စဉ်က ရီမောခဲ့ကြရသည်)
ထမင်း ငြုပ်သီး တို.ဖြင်.ရောနယ်ထားသော မုန်.ပွဲ |
ဝါးခယ်မ မုန်.ဟင်းခါးသည် မုန်.ဟင်းခါးဖတ်အလုံးက နန်းကြီးလုံး တစ်ဝက်နီးပါးခန်.တော.ရှိသည် ။ထို.ကြောင်.လည်း နန်းသေားသော မုန်.ဖတ်အမျှင်များဖြင်.စားရလျှင် အရသာကထိထိမိမိမရှိလှ ။ထို.အတူညှပ်ခေါက်ဆွဲ ဖတ် ကလည်း ထု ထူပြီး မုန်.ဖတ်ဆိုင်များရောက်မှ ကပ်ကြေဖြင်.ညှပ်ရောင်းကြခြင်းဖြစ်သည်။ ရန်ကုန်တွင် မုန်.ဖတ်ဟုခေါ်သော်လည်း မြို.လေးတွင်တော. မုန်.ဟင်းခါးဖတ် ဟုခေါ်ပြီး ညှပ်ကိုတော. မြို.လေးတွင် ညှပ်ခေါက်ဆွဲဟု သုံးသည် ။ ထို.အပြင် ရန်ကုန်တွင်ခေါက်ဆွဲဟုခေါ်သော အရာကို မြို.လေးတွင်တော. ဂျုံခေါက်ဆွဲဟုသာ ခေါ်ကြသည်။ ထို.အပြင် ရန်ကုန်တွင် ပဲကြော်ဟုခေါ်သောအကြော်ကို မြို.လေးက ပဲကပ်ကြော်ဟုသုံးသည်။ မြို.လေး၏ မုန်.ဟင်းခါးဆိုင်များတွင် ပဲကပ်ကြော် ၊ပဲပျော.ကြော် (ဂျင်းပဲကြော် ၊မန္တလေးပဲကြော်) ၊ဘူးသီးကြော် ကြက်သွန်ကြော်စသည်များ ၊ ငါးဖယ်ကြော် ၊ ပုဇွန်ကြော် (ပုဇွန်ကြော်ဆိုရာတွင် ပုဇွန်နှင်.မုန်.နှစ်ရောကြော်သော အကြော်မဟုတ်ပဲ ပုဇွန်အသားကိုထောင်၍ကြော်ထားသော အကြော်)၊ရာသီချိန်တွင်သာရတတ်သောပုဇွန်ဦးနှောက်ကြော်(ထိုအကြောင်းကတော. အကယ်တ၀င်.ရှင်းပြမှအဆင်ပြေမည်ဖြစ်သဖြင်. နောင်မှသီးခြားရှင်းလင်းပါမည်) စသည်တို. ရောင်းချလေ.ရှိကြပြီး အိုးဘဲဥ ကိုတော. သိပ်စားလေ.မရှိကြပဲ ဘဲဥပြုတ်ကိုသာ များသောအားဖြင်. အသုံးပြုကြသည် ။ထို.အပြင် မုန်.ဟင်းခါးဆိုင်အကြော်ဗန်း များထဲမှ ပျောက်ဆုံးသွားပြီဖြစ်သော အရာတစ်မျိုးလည်းရှိပါသည် ။ထိုအရာကား ငါးသလောက်ဥ ။ ယခင်က လက်သုံးလုံးခန်.ရှိ ငါးသလောက်ဥကြီးများကိုကြော်ပြီး အတုံးများတုံးကာ မုန်.ဟင်းခါးနှင်.ထည်.စားလေ.ရှိသော်လည်း ယနေ.အချိန်တွင်တော. ရှားပါးသောကာလတွင် လက်နှစ်လုံးမရှိတစ်ရှိ ငါးသလောက်ဥအသေးလေးဈေးက ၁၈၀၀၀ နှင်. ၂၅၀၀၀ ကြား ဆိုတော. သူတို.ရောက်မလာနိုင်တော.။မွန်ပြည်နယ်အချို.ဒေသများတွင် ရှမ်းနံနံ ၊ ၇န်ကုန်တွင် ပဲသီး ၊ဧရာဝတီတိုင်းအချို.ဒေသများတွင် ပန်းဂေါ်ဖီ စသည်တို. မုန်.ဟင်းခါးတွင် ထည်.စားလေ.ရှိသော်လည်း မြို.လေးတွင်တော. နံနံပင် ၊ညှပ်ခေါက်ဆွဲဆိုလျှင် ကြက်သွန်စိမ်း ကလွဲ၍ အခြားထည်.စားလေ.မရှိကြ ။
အချို.က ဂျုံကို မုန်.ဟင်းရည်နှင်.စားလေ.ရှိသည် |
အိမ်ချက် မုန်.ဟင်းခါးပွဲ |
ရန်ကုန်ရှိ ပန်းခြံ တစ်ခုအတွင်းကဆိုင်တစ်ဆိုင်က မုန်.ဟင်းခါးတစ်ခါမှာ ၁၈၀၀ ကျနေချိန် (သူက Ready Made မှာမှချက်သည် ၃ယောက်စာခန်.တော.ရှိမည်)နာမည်ကြီး ဆိုင်တစ်ခုမှာ ငါးဖယ်ကြော်နှင်. ၇၀၀ ကျပြီး ဟင်းရည်သောက်လျှင် ဟင်းရည်ဘိုးပေးနေရချိန် မြို.လေးတွင် ရပ်ကွက်ဆိုင်များ၌ အကြော်တစ်ခုနှင်.မှ ၁၀၀ သာပေးရသောဆိုင်လေးများရှိနေသေးသည် ။ဈေးထိုက်သင်.သလောက်ရှိသည်ဆိုသော ဈေးကြီးထဲမှ ဆိုင်များတွင်မှ အကြော်စုံနှင်.မုန်. တစ်ပွဲစား ၊နောက်ထပ်အကြော်စုံနှင်. ဟင်းရည်တစ်ပွဲထပ်သောက် ထိုမှ ၇၀၀ သာကျသည် ၊ရွာလေးများသို. လှေဖြင်. လိုက်ရောင်သော မုန်.မှ တစ်ပွဲ ၁၅၀ ခန်.သာကျသည်။
မြို.လေးတွင် ၀ါးခယ်မမုန်.ဟင်းခါး မည်မျှအရှိန်အ၀ါကြီးသနည်းဆိုလျှင် ရခိုင်မုန်.တီပင်လျှင် လွန်ခဲ့သော နှစ်အစိတ်ခန်.က မှစတင်ရောင်းချနိုင်ခဲ့ပြီး နာမည်ရှိဆိုင် တစ်မြို.လုံးမှ တစ်ဆိုင်ခန်.သာရှိပြီး ရှမ်းခေါက်ဆွဲဆိုလျှင်လည်း ပြီးခဲ့သည်. နှစ်ပိုင်းလောက်မှသာ ပေါ်ပေါက်လာပြီး တစ်ဆိုင်ခန်.သာ သေချာရောင်းချနေနိုင်ပါသည်။
အဲဒီတော. နောက်ဆုံးနိဂုံးချုပ်ရပါလျှင်ဝါးခယ်မမြို.လေး၏မုန်.ဟင်းခါး ယဉ်ကျေးမှုအကြောင်း တီးမိခေါက်မိတော. ရှိလောက်ပြီဟု ယူဆပါသည်။မြို.လေးဆီ တစ်ခါတစ်ခေါက်ရောက်ခဲ့လျှင်ဖြင်. ၀ါးခယ်မ မုန်.ဟင်းခါးကို စားဖြစ်အောင်စားကြည်.ခဲ့စေချင်ပါသည်။
No comments:
Post a Comment