Friday, May 31, 2013

မြန်မာ. တပ်မတော် - လေ (၂)

 
   ၁၉၉၅ ခုနှစ် ဧပြီလ ၁၉ ရက်မှစ၍ တပ်မတော်က တရုတ်ဖြူတို့ တပ်စွဲထားသည့် ဆင်ဦးခေါင်း စခန်းကို စတင် တိုက်ခိုက်ရာ ဗမာ့ တပ်မတော်မှ တိုက်လေယာဉ် များက အနီးကပ် လေကြောင်း ပစ်ကူပေး၍ တိုက်ခိုက် ခဲ့ကြသည်။ ဧပြီလ ၂၂ ရက်တွင် လွယ်ဘန်ဆုံကို လည်းကောင်း၊ ဧပြီလ ၂၅ ရက်တွင် မုံးယောင်းကို လည်းကောင်း၊ မေလ ရက်တွင် တာချီလိတ် တောင်ထိပ်ကို လည်းကောင်း တိုက်ခိုက် ရာတွင် တိုက်လေယာဉ် များက အနီးကပ် လေကြောင်း ပစ်ကူပေး တိုက်ခိုက် ခဲ့ကြသည်။ မေလ ရက်တွင် အိုကီနာဝါ ခံတပ် ဥမင်လိုဏ်ခေါင်း ကိုလည်းကောင်း၊ မေလ ၁၁ ရက်တွင် မိန်းမတောင်၏ ဆင်တောင် စခန်း ကိုလည်းကောင်း၊ မေလ ၁၄ ရက်မှ ၁၅ ရက်များတွင် လွယ်ကုန်းကြီး ကိုလည်းကောင်း ဗမာ့ တပ်မတော်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ မေလ ၂၂ ရက်တွင် မိုင်းကွင်းကို တိုက်ခိုက်ရာ တရုတ်ဖြူ ၁၅၁၇ ဦး လက်နက် ချခဲ့သည်။ တိုက်ပွဲများသည် များစွာ ပြင်းထန်ကာ ရန်သူဘက်မှ အကျအဆုံး များခဲ့ပြီး ထိုင်းနိုင်ငံ အတွင်းသို့ ကစဥ့်ကလျား ဆုတ်ခွာ သွားကြသည်။ ၁၉၅၅ ခုနှစ် မေလတွင် ရန်ကြီးအောင် စစ်ဆင်ရေး ပြီးဆုံးခဲ့ရာ တရုတ်ဖြူ ကျူးကျော်သူ အင်အားမှာ ၃၀၀၀ ခန့်အထိ လျော့ကျခဲ့သည်။

မဲခေါင် စစ်ဆင်ရေးတွင် အမှတ်() အုပ်မှ ဆီးဖြူရီ တိုက်လေယာဉ် များက ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ရက်မှ မတ်လ ၂၃ ရက်အထိ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ စစ်ဆင်ရေး ကာလမှာ နှစ်လကျော် မျှသာ အချိန်ကြာမြင့် ခဲ့သော်လည်း ရန်သူ စခန်းများသို့ အကြိမ် ၇၀ တိုင်တိုင် လေကြောင်းမှ သွားရောက် တိုက်ခိုက် ခဲ့ကြသည်။ လေကြောင်း စစ်ဆင်ရေးများ ဆင်နွှဲရာတွင် ၂၀ မမစက် အမြောက်ကျည် ၂၇၂၉၀ တောင့်၊ ၂၀ ပေါင် လူသတ်ဗုံး ၁၄၃ လုံး၊ ပေါင် ၂၅၀ လူသတ်ဗုံး ၂၀ လုံး၊ ပေါင် ၂၅၀ မီးလောက်ဗုံး ၁၀ လုံး အသုံးပြု တိုက်ခိုက် ခဲ့ရခြင်းက ဤမဲခေါင် စစ်ဆင်ရေးသည် ပမာဏ မည်မျှ ကြီးမားကြောင်း ဖော်ပြလျက် ရှိသည်။

 အမျိုးအမည် မသိ လေယာဉ် တစ်စင်းသည် တာချီလိတ်မြို့ အနောက်ဘက်ရှိ တရုတ်ဖြူ စခန်းများသို့ ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ရိက္ခာများ ချပေးခဲ့ကြောင်း သတင်း ရရှိ၍ ဖေဖေါ်ဝါရီ ၁၅ ရက်တွင် တပ်မတော် (လေ) ကင်းထောက် လေယာဉ် စက်စနာဖြင့် ဝေဟင်မှ ကင်းထောက်ခဲ့ရာရန်သူ့ စခန်းများက ၎င်းတို့ လေယာဉ်ဟု ထင်မှတ်ကာ အမှတ်မသား ခင်ကျင်းခြင်း၊ မီးဖိုခြင်းများ ပြုလုပ်သည်ကို တွေ့ရှိ ရသဖြင့် ၎င်းတို့ အချိန်းအချက် လုပ်ထားချိန်နှင့် နီးကပ်နေပြီ ဖြစ်ကြောင်း သုံးသပ် ရရှိသည့် အတွက် တပ်မတော် (လေ)မှ ဆီးဖြူရီ လေယာဉ် သုံးစင်းဖြင့် စောင့်ကြပ် နေစဉ်မှာပင် အမှတ်အသား မပါသော စက်လေးလုံးတပ် လေယာဉ်ကြီး တစ်စင်း မြန်မာ့ ဝေဟင် ပိုင်နက်သို့ ဝင်ရောက် လာသဖြင့် အသင့် စောင့်ကြပ်နေသော ဆီးဖြူရီ တိုက်လေယာဉ် သုံးစင်းနှင့် ဝေဟင်တွင် ထွေးလုံးရစ်ပတ် တိုက်ခိုက် ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် လေသူရဲ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်နှင့် ဒုတိယဗိုလ် ပီတာတို့သည် စက်အမြောက် ၁၂ လက် တပ်ဆင် ထားသော လေယာဉ်ကြီးကို အပြင်းအထန် တိုက်ခိုက်ပြီး ပစ်ချ နိုင်ခဲ့သည်။ ရန်သူ့ စက်လေးလုံးတပ် လေယာဉ်လည်း မီးလောင် ပျက်ကျသကဲ့သို့ ဒုတိယဗိုလ် ပီတာ မောင်းနှင်သည့် ဆီးဖိုင်းယား လေယာဉ် တစ်စင်းလည်း ပျက်ကျကာ ဗိုလ်ပီတာ ကျဆုံး ခဲ့လေသည်။ ပျက်ကျသွားသော ရန်သူ့ လေယာဉ်ကြီးမှာ B-24 စက်လေးလုံးတပ် လေယာဉ် အမျိုးအစား ဒဿမ စက်သေနတ် ၁၀ လက် တပ်ဆင်ထားသည့် ပစ်အားကောင်းသော PB4Y-2 Privateer လေယာဉ်ကြီး ဖြစ်သည်။ ထိုစဉ်က သတင်းများတွင် တပ်မတော် (လေ)မှ ဆီးဖြူရီ လေယာဉ်များနှင့် ရန်သူ့ လေယာဉ်ကြီး တို့၏ လေကြောင်းတိုက်ပွဲ သတင်း၊ ဒုတိယဗိုလ် ပီတာ ကျဆုံးခြင်းနှင့် ဈာပန အခမ်းအနား များကို တခမ်းတနား ဖော်ပြဂုဏ်ပြု ခဲ့ကြသည်။ ယင်းလေကြာင်း တိုက်ပွဲ အောင်မြင်မှုကြောင့် ကူမင်တန် တပ်များ၏ ကျူးကျော်မှုသည် ကမ္ဘာ့ အလယ်တွင် အတိအလင်း ပေါ်ထွက်ခဲ့ပြီး မဲခေါင် စစ်ဆင်ရေး အပြီးတွင် ကူမင်တန် တပ်များ မြန်မာ့ မြေပြင်ပေါ်မှ ဆုတ်ခွာသွား ခဲ့ကြသည်။ ထိုလေကြောင်း တိုက်ပွဲမှာ တပ်မတော်(လေ) သမိုင်းတွင် ပထမဆုံး လေကြောင်းတိုက်ပွဲ ဖြစ်ခဲ့သလို ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အရှေ့တောင် အာရှ ဒေသတွင် ပထမဆုံး ဖြစ်ပွားသည့် လေကြောင်းတိုက်ပွဲ အဖြစ်လည်း သမိုင်း ဝင်ခဲ့သည်။ ထိုသမိုင်းဝင် လေကြောင်း တိုက်ပွဲတွင် တပ်မတော် (လေ)မှ လေသူရဲ ဗိုလ်ပီတာသည် အမိမြေ အတွက် အသက်စွန့် တိုက်ပွဲဝင် သွားခဲ့သည်။




တပ်မတော် (လေ)သည် ၁၉၆၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလများ အတွင်း ဗမာပြည် ကွန်မြူနစ် ပါတီ၏ သံလွင် အရှေ့ခြမ်း စိုးမိုးရေး ဟူသည့် နိုင်ငံရေး၊ စစ်ရေး ဗျူဟာကို ချေမှုန်း နိုင်ခဲ့သည့် ၁၉၆၉ ခုနှစ် ကုန်ကြမ်းတိုက်ပွဲ၊ ၁၉၇၁ ခုနှစ် ကွမ်လုံ ရက် ၄၀ တိုက်ပွဲ၊ ၁၉၇၂ ခုနှစ် ထော်ပိုင် စစ်ဆင်ရေး၊ ၁၉၇၃ ခုနှစ် တိုင်းလုံးအောင် စစ်ဆင်ရေး၊ ၁၉၇၃ ခုနှစ် ဇူလိုင်လတွင် အောင်သံလွင် စစ်ဆင်ရေး၊ ၁၉၇၂ ခုနှစ် စက်တင်ဘာ လတွင် (ပဲခူးရိုးမ) အောင်စိုးမိုး စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ် မြဝတီ သင်္ကန်း ညီနောင် ဒေသ တိုက်ပွဲ၊ ၁၉၇၄ ခုနှစ် မတ်လတွင် ရဲနိုင်အောင် စစ်ဆင်ရေး၊ ၁၉၇၇ ခုနှစ်တွင် မိုးမိတ်မြို့ တိုက်ပွဲ၊ ခြူးရွှေ-ပန်ကောက် တိုက်ပွဲ၊ ၁၉၇၈ ခုနှစ် မတ်လတွင် ပွိုင့် ၆၀၄၁ တိုက်ပွဲ၊ ၁၉၇၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဝမ်နောင်လေး၊ လွယ်ယုတ်တိုက်ပွဲ၊ ၁၉၇၉/ ၁၉၈၀ ပြည့်နှစ် ဇူလိုင်လတွင် မိုင်းယောင်းမြို့ တိုက်ပွဲ၊ ၁၉၈၃ ခုနှစ် မတ်လတွင် မုန်စီး၊ နားလည်တိုက်ပွဲ၊ ၁၉၈၆ ခုနှစ် ကုန်ပိုင်းတွင် စီစီဝမ် တာပန် တိုက်ပွဲ၊ ၁၉၈၈ ခုနှစ် မိုင်းယမ်း၊ မဲသဝေါတိုက်ပွဲ၊ ၁၉၉၁ ခုနှစ် ပွိုင့် ၄၀၄၄ ခွေးအိပ်တောင် တိုက်ပွဲတို့တွင် လေကြောင်းမှ ပါဝင် တိုက်ခိုက်ခဲ့သည်။
မြန်မာ.လေတပ်တွင် အသုံးပြုခဲ့ဖူးသော T-33
 ထိုတိုက်ပွဲများ တစ်လျှောက် တပ်မတော် (လေ) စွမ်းဆောင် နိုင်မှုများကြောင့် သီဟ သူရဘွဲ့ တစ်ဦး၊ သူရဘွဲ့ ၂၂ ဦး၊ သီဟဗလဘွဲ့ တစ်ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၉၆ ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၇၇ ဦးတို့ စွမ်းရည် ဘွဲ့များ ရရှိခဲ့သည်။


တပ်မတော် (လေ)သည် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး စစ်ဆင်ရေးတွင်လည်း ပါဝင် ဆင်နွှဲခဲ့သည်။ ၁၉၇၅ ခုနှစ် ပန်ပိ စစ်ဆင်ရေးတွင် ကူမင်တန် တပ်များ၏ ဘိန်းချက် စခန်းများကို တပ်မတော် (ကြည်း)နှင့် အတူ ချေမှုန်းခဲ့သည်။ ၁၉၇၆ ခုနှစ်မှ စတင်ခဲ့သော မိုးဟိန်း စစ်ဆင်ရေးများတွင် အဆင့်()မှ အဆင့်(၁၂) အထိ တပ်မတော် (ကြည်း)နှင့်အတူ တပ်မတော် (လေ)မှ လေယာဉ်/ ရဟတ်ယာဉ်များ ပါဝင် ဆင်နွှဲပြီး မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အစီအစဉ်ဖြင့် ဝယ်ယူခဲ့သော လေယာဉ်/ ရဟတ်ယာဉ်များ အပြင် အခြား တိုက်လေယာဉ်များ၊ ဗုံးကြဲ လေယာဉ် များဖြင့်လည်း အသုံးပြု တိုက်ခိုက် ခဲ့ရသည်။ ၁၉၇၆ ခုနှစ် ဇင်နူး စစ်ဆင်ရေးတွင် ချင်ပြည်နယ် အတွင်းရှိ ဘိန်းခင်းများကို ကင်းထောက် ရှာပေး ဖွေခဲ့သည်။ မိုးဟိန်း စစ်ဆင်ရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။ တောင်ရန်ရှင်း စစ်ဆင်ရေးတွင် ဘိန်းစိုက်ခင်း များကို လေယာဉ်မှ ဆေးဖျန်းနေစဉ် ရုတ်တရက် အင်ဂျင်စက် စွမ်းအား ကျဆင်းသဖြင့် လေယာဉ် ပျက်ကျကာ လေသူရဲ ဗိုလ်မှူး စံထွား ကျဆုံး ခဲ့ရသည်။ ၁၉၉၄ ခုနှစ် မေလတွင် လွယ်မော် ဘိန်းသောင်းကျန်းသူ အဖွဲ့အား တပ်မတော် (ကြည်း)နှင့် လက်တွဲ၍ တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထို့ပြင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင်လည်း အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီနှင့် ပူးပေါင်းကာ မြန်မာ- အမေရိကန် ဘိန်းအထွက်နှုန်း တိုင်းတာရေး (Opium Yield Survey) လုပ်ငန်း များတွင်လည်း တပ်မတော် (လေ)မှ သယ်ယူ ပို့ဆောင်ရေး လေယာဉ်နှင့် ရဟတ်ယာဉ်များ ပါဝင် ဆောင်ရွက်ခဲ့သည်။

US မှမူးယစ်ဆေးဝါးနှိမ်နှင်းရေးအတွက်ထောက်ပံ.ဖူးသော Turbo Thrush အမျိုးအစား
ထို့အပြင် တပ်မတော် (လေ)သည် စစ်ဆင်ရေး တာဝန်များ သာမက နိုင်ငံတော် ဖွံ့ဖြိုးရေး စီမံကိန်းများ၊ လူသားချင်း စေတနာ ထောက်ထားမှု၊ အကူအညီ ပေးရေး လုပ်ငန်းများ၊ ရှာဖွေ ကယ်ဆယ်ရေး စသည့် လုပ်ငန်းများတွင် စိတ်စေတနာ အပြည့် အဝဖြင့် ထိရောက်စွာ ကူညီဆောင်ရွက် ပေးခဲ့သည်။ ၂၀၀၈ ခုနှစ် မေအတွင်းက ဖြစ်ပွားခဲ့သည့် အင်အား ပြင်းထန်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိမုန်တိုင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ပခုက္ကူ ခရိုင် အတွင်းရှိ ရေဘေးသင့် ဒေသများ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများကို ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တပ်မတော် (လေ)မှ လေယာဉ်/ ရဟတ်ယာဉ် များဖြင့် ပါဝင် ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် (၆၅)နှစ်မြောက် နှစ်ပတ်လည် နေ့သို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်ရာ (၆၅) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဥင်္ီးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဂုဏ်ပြု ချီးမြှင့် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပထမ ဦးစွာ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းက နိုင်ငံတော် အလံကို ချိတ်ဆွဲ ပျံသန်းပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းက ခြံရံ ပျံသန်း၍ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်အား အလေးပြု ပျံသန်း ခဲ့ကြသည်။

 ယင်းနောက် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစင်းက တပ်မတော် (ကြည်း၊ရေ၊လေ) အလံများကို အသီးသီး ချိတ်ဆွဲပြီး အုပ်စုဖွဲ့ ပျံသန်းခြင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းကို သယ်သူ ပို့ဆောင်ရေး ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းတို့က လိုက်ပါ ပျံသန်းသည့် Composite Formation ခေါ် အမျိုးအစား မတူညီသည့် ရဟတ်ယာဉ် စင်းက Double Arrow ခေါ် မြားခေါင်း နှစ်ထပ်ပုံစံ ပျံသန်းခြင်း၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် တစ်စင်းကို ဂျက်တိုက်လေယာဉ် နှစ်စင်းက ခြံရံလိုက်ပါ ပျံသန်းခြင်း၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကြီး တစ်စင်းကို ဂျက်တိုက်လေယာဉ် နှစ်စင်းက ခြံရံ လိုက်ပါ ပျံသန်းခြင်း၊ လေယာဉ်တစ်စင်း၊ ကြားဖြတ်တိုက် လေယာဉ် နှစ်စင်းနှင့် ဘက်စုံသုံး ဂျက်တိုက်လေယာဉ် နှစ်စင်းတို့က Composite Formation ခေါ် အမျိုးအစား မတူညီသော လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းခြင်း၊ ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ခြောက်စင်းက Shock Wave ခေါ် တြိဂံပုံစံ အုပ်စုဖွဲ့ ပျံသန်းခြင်း၊ Fan Break ယပ်တောင်ပုံစံ ပျံသန်းခြင်း များဖြင့် ပျံသန်း သရုပ်ပြ ခဲ့သည်။

မြန်မာ့ တပ်မတော် လေတပ်သည် Burma Air Force အဖြစ် စတင် ဖွဲ့စည်းစ အချိန်က Tiger Month လေယာဉ်နှင့် အောစကာ လေယာဉ်များသာ ရှိခဲ့ရာမှ ယခု (၆၅)ကြိမ်မြောက် အခါသမယတွင် အသံထက် မြန်သည့် စတုတ္ထ မျိုးဆက် ဂျက်တိုက် လေယာဉ်များ၊ အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ၊ ခေတ်မီ တိုက်လေယာဉ် များနှင့် အထွေထွေသုံး ရဟတ်ယာဉ်များ ပိုင်ဆိုင် အသုံးပြုပြီး မြန်မာ့ ဝေဟင် ပိုင်နက် အတွင်းမှ လေကြောင်းရန် ကာကွယ်ရေး၊ လေကြောင်း ရွှေ့ပြောင်းရေး၊ တိုင်းကျိုးပြည်ပြု၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ကြိုးပမ်းပါဝင် ဆောင်ရွက်လျက် ရှိကာ တောင်ပံ အဟုန်ဖြင့် ဦးတည် ချီတက်လျက် ရှိပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

  Written by
မြဝတ

ဓါတ်ပုံများကို On Line ပေါ်မှ ရှာဖွေ စုဆောင်းဖော်ပြပါသည်...

No comments:

Post a Comment