Thursday, May 23, 2013

စက်တော်ရာက ၀ါးခယ်မ သားတို. အလှု



Photo by Aung Lwin (SS Avenue of WKA)
ဟိုးးးးးးးး ယခင်ကာလများဆီကပင်လျှင် အလှုဒါန ရေးတို.တွင် လက်မနှေးခဲ့ကြ ဒါနဆိုရာတွင် ကိုယ်.မြို.လေး တစ်ခုထဲကိုယ် ကွက်၍ လှုဒါန်းနေကြခြင်းမျိုး မဟုတ်ပဲ မြန်မာပြည်အနှံ. လိုအပ်သည်တို.ကို တတ်နိုင်သလိုလှုဒါန်းခြင်းမျိုးဖြစ်ပါသည် ။

ယခင်တစ်ကြိမ်က ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် စောင်းတန်း ထိပ်ဆုံးအခန်းများ၏ အလှုရှင်များဖြစ်သော ၀ါးခယ်မမြို.ဖွား များအကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါသည် ။ယခုကတော. အထက်မြန်မာပြည်၏ နာမည်ကျော် တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော စက်တော်ရာ ဘုရားမှအလှုကိုဖော်ပြပါမည် ။

ထိုအလှုကား လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးခန်.က စက်တော်ရာ တန်ဆောင်းကြွေပြားခင်းအလှု ဖြစ်ပြီး အလှုရှင်မှာ ၀ါးခယ်မမြို. ရာဇ၀တ် ၀န်ထောက်မင်း ဦးခင်ဖြစ်ပါသည် ။ထိုဦးခင်မှာ ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီး တန်ဆောင်းတော်ထိပ်ရှိ ယခုတိုင်ပုံမှန်လည်ပတ်နေဆဲ ဂျာမဏီ နိုင်ငံလုပ် နာရီနှင်. နာရီစင်ကို မြန်မာသက္ကရာဇ် ၁၂၉၂ (ခရစ်နှစ် ၁၉၃၀ ခန်.) ကလှုဒါန်းခဲ့သောအငြိမ်းစား ရာဇ၀တ် ၀န်ထောက် ဦးခင် ၊ ဒေါ်ယုပင်ဖြစ်ပါသည်။ကျောက်စာတိုင်တွင် ထိုးထားသော ကဗ္ဗည်းအရ ၀ါးခယ်မ ဘုရားကြီး နာရီစင် လှုဒါန်းပြီး ၆ နှစ်ခန်.အကြာတွင် လှုဒါန်းခဲ့သော အလှုဖြစ်ပါသည် ။



Photo by Aung Lwin ( SS Avenue of WKA)
ကျောက်စာတွင်ရေးထိုးထားသော စာအပြည်.အစုံမှာ (၀ါးခယ်မမြို. ရာဇ၀တ် ၀န်ထောက်မင်း ဦးခင် T D M မင်းကတော် ဒေါ်ဒေါ်ယု သားသ္မီး မြေးတို.က တံဇောင်းအတွင်းကျွေပြား ခင်းလှုသည် ။နတ်လူသာဓု ခေါ်စေသောဝ် ။
1-2-36 ) မူရင်း အသုံးအတိုင်းဖြစ်ပါသည် ။


No comments:

Post a Comment