Sunday, May 26, 2013

RED WAVES ထုတ်ပြန်ချက် (၂၀၁၃ -မေလ - ၂၅ ရက်)

 
RED WAVES Member များအား Myanmar Online Teashop ၏ နှစ်နှစ်ပြည်. အထိမ်းအမှတ် အလှု သို. ပူးပေါင်းပါဝင်ခဲ့မှု အကြောင်း တင်ပြခြင်း

 RED WAVES Fan Club အနေဖြင်. Ayeyawady United FC ၏ အောင်မြင်မှုအတွက် တတ်နိုင်သည်.ဘက်မှ ထောက်မအားပေးရန် ဟူသော မူလရည်ရွယ်ချက် အပြင် ရေရှည်အတွက် ပရဟိတ လုပ်ငန်းများပါ ပူးတွဲလုပ်ဆောင်ရန် EC မေဒေး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါသည် ။

ထိုဆုံးဖြတ်ချက်၏ ပထမအဆင်.အရ ၃လဆက်တိုက် တစ်လတစ်ကြိမ် ပရဟိတ အလှု များကို ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ် အတွက် Myanmar Online Teashop ၏ နှစ်နှစ်ပြည်. အထိမ်းအမှတ် အလှု သို. ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

Myanmar Online Teashopရွေးချယ်ထားသော နေရာမှာ မြောက်ဒဂုံ သုခရိပ်မြုံ လူငယ်ဖွံ.ဖြိုးရေး ပရဟိတ ဂေဟာ ဖြစ်ပြီး ထိုဂေဟာသည် HIV ပိုး ၀င်ရောက်ပြီး မိဘ နှစ်ဦးလုံးမရှိတော.သော (သို.) မိဘ တစ်ဦးဦး ကျန်နေခဲ့သော်လည်း ထိုသူမှာ ဝေဒနာခံစားနေရကာ ကလေးအားစောင်.ရှောက်နိုင်စွမ်းမရှိသူ၏ သားသမီး (သို.)မိဘမဲ့ မဟုတ်သော်လည်းအခြေအနေအရ ပြုစုစောင်.ရှောက်ရန် လိုအပ်နေသော ကလေးများကို အသက် ၁နှစ်ခွဲမှ ၁၂ နှစ်အထိ မိသားစုပုံစံ ပြုစုစောင်.ရှောက်ပေးနေသော ဂေဟာဖြစ်ပါသည်။

ထိုဂေဟာသို. Myanmar Online Teashopအနေဖြင်. ဆန်..ဆီ..ဆေးဝါး..မုန်. ...တစ်နေ.စာ ကုန်ကျစရိတ်..ထာဝရပဒေသာပင်..ကျောပိုးအိတ်..မိုးကာ..ကျောင်းစိမ်

း စသည်တို. ခန်.မှန်းတန်ဘိုး (၁၂သိန်းခန်.)အား အခမ်းအနားဖြင်.လှုဒါန်းခဲ့သည်.အပြင် ကလေးငယ်များအားပုံပြောခြင်း ၊သီချင်း ၊ကဗျာအတူရွတ်ဆိုကြခြင်းစသည်ဖြင်. မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ နေထိုင်ဖျော်ဖြေခဲ့ပါသည်။



ထိုအလှုသို. RED WAVES Fan Club Member များ နှင်. Ayeyawady United FC Player (လူကြီး/လူငယ်) များစုပေါင်းကာ အလှုငွေ ၂၃၅ , ၀၀၀ အား ပါဝင်လှုဒါန်းခဲ့သလို (ထိုငွေများသည် အလှုအတွက် သီးခြားကောက်ခံ ထည်.၀င်ကြသော ငွေကြေးများသာဖြစ်သည်) ထိုနေ.က Myanmar Online Teashop ၏ အစီအစဉ်များ တွင်လည်း ပူးပေါင်းကူညီခဲ့ကြပါသည်။

ဒုတိယ အစီအစဉ်ကို ၂၀၁၃ ဇွန်လ တတိယ ပတ်ခန်.တွင်ပြုလုပ်မည်ဖြစ်ပြီး အသေးစိပ်အစီအစဉ်များကို ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။



                                                                                       RED WAVES Fan Club

                                                                                              25-May-2013

No comments:

Post a Comment