Saturday, January 12, 2013

ဝါးခယ်မက မဟာဗောဓိမြိုင် ဆရာတော်



ထူးခြားသလို ထင်ရှားခဲ့သော ၁၉၇၀ ပြည်.ကျော်က ဆရာတော်တစ်ပါး (သို.) ဗေါဓိမြိုင်..မဟာမြိုင်..မဟာဗေါဓိမြိုင် ဆရာတော်ကြီး

ဆရာတော်၏ မူရင်း ဓါတ်ပုံ
တစ်ခုတော.ကြိုတင်ပြောလိုပါသည်... ယခုရေးသားသော မဟာဗေါဓိမြိုင် ဆရာတော်ကြီးမှာ စာရေးဆရာ မောင်သွေးချွန်တို. ရေးသားပူဇော်နေသော ဆရာတော်မဟုတ်ပဲ လွန်ခဲ့သော နှစ် ၄၀ ခန်.က မြောင်းမြမြို. မှ ၀ါးခယ်မသို.ကြွရောက်သီတင်းသုံးခဲ့ဖူးသော ထူးခြားသည်. ဆရာတော်ကြီးတစ်ပါး အကြောင်း သာဖြစ်ပါသည်.... ဆရာတော်ကြီး၏ ထေရုပ္ပတ္ထိ သဘောမျိုးမဟုတ်ပဲ ၀ါးခယ်မသို.ကြွရောက်သီတင်းသုံးနေခိုက် ထူးခြားသောအကြောင်းအရာအချို.ကိုသာ ရနိုင်သလောက် ရှာဖွေစုဆောင်း တင်ပြခြင်းဖြစ်ပါသည်......

စတင်သိတင်းသုံးရာ ကွမ်းခြံကုန်း ကျောင်းတိုက်
 ဆရာတော် ကြီးသည် ၁၉၇၀ ကျော်ခန်.က မူရင်းကျောင်းတိုက် တည်ရှိရာ မြောင်းမြမြို.မှ ၀ါးခယ်မမြို.သို.ကြွရောက်လာခြင်းဖြစ်သည်.... စတင်ရောက်ရှိစဉ် ကမ်းနားလမ်း မင်းပိုင်းရပ်ကွက်ရှိ ကွမ်းခြံကုန်းကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသည်... ဆရာတော်သည် သားသက်လွတ် ဆွမ်းကိုသာ ဘုဉ်းပေးလေ.ရှိသည်... တစ်ရက်တွင် ဈေးအတွင်းရှိ သ/မ ဦးစီးမှုးရုံဟောင်း ( အေ၀မ်း မုန်.တိုက်နှင်. ဟောင်ကောင်နာရီဆိုင် ကြားအဆောက်အဦး ...၁၉၈၀ ကျော်အထိတော. ထိုအဆောက်အဦးရှိပါသေးသည် ) သို.ကြွရောက်လာပြီး နေ.ဆွမ်းဆက်ကပ် ခိုင်းပါသည်.. ထို ရုံးမှ လူများကလည်း ဆွမ်းကပ်ခွင်.ကြောင်. အားရ၀မ်းသာ ဆက်ကပ်လှုဒါန်းပြီးနောက် ကပ္ပိယ တစ်ဦးတောင်းပါသည်.. ထိုရုံးမှ တစ်ယောက်က တာဝန်ယူလိုက်ပါသည်.. ထိုတစ်ယောက်ကပင် ဆရာတော် ၏အာရုံဆွမ်; ဆက်ကပ်လှုဒါန်းရန် လိုအပ်သည်တို.ကို ဆောင်ရွက်ပေးရပါသည် .. ဆရာတော်ကပင် ထိုကပ္ပိယ ထံ ၀ါးကျောင်းတစ်ဆောင် အလှုခံယူတော်မူသည် ...သို.သော် အခက်အခဲ တစ်ချို.ကြောင်. ဆောက်လုပ်လှုဒါန်းနိုင်ခြင်းမရှိပဲ နောက်မှသာ အများစုပေါင်းပြီး ကျောင်းတစ်ဆောင်ကို ဘိုးမင်းခေါင် ဘုရား အနောက်ဖက်တွင် ဆောက်လုပ်လှုဒါန်းခဲ့ကြပါသည်...(ယခုအခါ ဆရာတော်၏ ကျောင်းဟောင်းနေရာတွင် တိုက်ကျောင်းတစ်ခု တည်ဆောက်ထားပြီး မဟာဗောဓိမြိုင် ကျောင်း-မိုးကုတ်၇ိပ်သာခွဲဟုသာ အမည်တပ်ထားပါသည်..နေ.လည် ညနေစသည်တို.တွင် မိုးကုတ်ယောဂီအချို. စုဝေးကာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ဖွင်.ပြီး တရားဘာဝနာ ကမ္မဌာန်း စီးဖြန်းကြပါသည် )...

မူလကျောင်းနေရာတွင် ပြန်လည်ဆောက်လုပ်ထားသော တိုက်ကျောင်း
  ဆရာတော်သည် နံနက် အာရုဏ်ဆွမ်းကို ၉ လုပ်သာ ဘုန်းပေးလေ.ရှိသည်...ဘုန်းပေးရာတွင်လည်း အာရုဏ်ဆွမ်းဖြစ်စေ နေ.ဆွမ်းဖြစ်စေ ဆွမ်းကို ထမင်းရည်နှင်.ထည်.မွှေကာ ထိုအထဲကို အသီးအရွက်ပြုတ်များ ထည်.ပါသည်.. ထို.နောက်မှ ဆရာတော်ထံတွင် အမြဲဆောင်ထားလေ.ရှိသော ဆီးဖြူသီးကို အခြောက်ခံ အမှုန်.ထောင်းထားသည်. ဆီးဖြူသီးခြောက်မှုန်. ဖြူးကာ ဘုန်းပေးလေ.ရှိပါသည်...သားသက်လွတ် ဘုန်းပေးသည်.အပြင် အသီးအရွက် တို.ကိုကျော်ချက်ထားလျှင်လည်း ဘုန်းမပေးပါ...ထိုစဉ်က ဆရာတော်အာရုဏ်ဆွမ်း ဘုဉ်းပေးချိန်တွင် ဆရာတော်ကျောင်းတိုက်တွင် ဒါယိကာ/ဒါယိကာမများ များစွာရောက်ရှိလာပြီးဆွမ်းဟင်းများ (အသီးအရွက်ပြုတ်မျိုးစုံ) ဆက်ကပ်လှုဒါန်းလေ.ရှိပြီး ဆရာတော်၏ ကပ္ပိယ ကသာ ပြင်ဆင်ဆက်ကပ်ရပါသည်..အလှုရှင်တို.က ကျောင်းအပြင်မှသာနေရပါသည်.. ထိုစဉ်က အပြောများကြသည်ကတော. ဆရာတော်သည် သူ.ထံဆက်ကပ်သည်တို.အနက်မှ သဒ္ဓါ တရားကိုအခြေခံသော ဆက်ကပ်မှုမျိုးကိုသာ ထည်.ယူဘုဉ်းပေးလေ.ရှိပြီး ရလိုမှုတစ်ခုအတွက် ရည်ရွယ်သော ဆွမ်းဟင်းပွဲတို.ကိုမူ လုံးဝ တို.ထိခြင်းမရှိပေ..... ထို.သို.ဆရာတော် ဘုဉ်းပေးပြီးသော ဆွမ်းတို.အနက်မှ ကျန်ရှိသော (ထမင်း..ထမင်းရည်..ဟင်းရွက်ပြုတ်..ဆီးဖြူသီးခြောက် ရောမွှေထားသောဆွမ်း) ဆွမ်းတို.ကို အနည်းငယ် စားသုံးခွင်.ရလျှင်ပင် ကျန်းမာရေးကောင်းသည် ဘေးဘယာဝေးကွာသည်ဟူသော ယုံကြည်မှုမျိုးလည်းရှိကြသည် ..

ဆရာတော် အသုံးပြုသော စာရွက်
  ထို.အပြင်ဆရာတော် နှင်.ပတ်သက်၍ နာမည်ကြီးခြင်းတစ်ခုကတော. ဆရာတော်၏ တောင်မွှေးဖြင်. အချိန်မရွေး အရိုက်ခံ၇နိုင်ခြင်းပင်ဖြစ်သည်.(ထိုတောင်မွှေး နှင်. ဆရာတော် ၏ ယပ်တောင်သည် ၀ါးခယ်မဇာတိဖွားဖြစ်ပြီး အခြားသို.ပြောင်းရွှေ.နေထိုင်သော မိသားစုတစ်ခု ထံတွင် သိမ်းဆည်းထားသည်ဟု သိရသော်လည်း ယခုအခါတွင်မူ ထိုသူတို.အိမ်အပြောင်းအရွှေ.များကြောင်. ပျောက်ဆုံးသွားသည်ဟု သိရပါသည်) ..ဆရာတော်သည် သူသဘောမကျလျှင် (သို.) လောဘကို အခြေခံသော လျှောက်ထားမှုမျိုးပြုလျှင် သူ.တောင်မွှေးနှင်. မည်သူ.ကိုမဆို ရိုက်လေ.ရှိသည်..အချို.ကတော.လည်း ဆရာတော်ထိုသို. ရိုက်ခြင်းမှာ အန္တရာယ် တစ်ခုခုကျရောက်မည်ဖြစ်သောကြောင်. ကျိန်းကြေ စေ၇န် ရိုက်နှက်ခြင်းဟု ယူဆကြပါသည်..အရိုက်ခံလိုသူများပင် ပေါ်ပေါက်ဖူးပါသည်..ရံဖန်ရံခါ အိမ်များသို. နေ.ဆွမ်း ဆက်ကပ်လှုဒါန်း မှု ကြွရောက်ရာတွငလည်းကောာင်း...ပရိတ်တရားတော်စသည်တို.ချီးမြှင်. ရန်ကြွရောက်ရာတွင်လည်းကောင်း အနီးအနား ရှိ တစ်စုံတစ်ခုနှင်. ကောက်ပေါက်သည်မျိုး ခံကြရဖူးသော်လည်း(အချို.ဆိုလျှင် သွေးထွက်သံယို ထိဖြစ်ကြသော်လည်း) ဆရာတော်ကို စိတ်ကွက်ခြင်း အပြစ်မြင်ခြင်းမျိုး လုံးဝမရှိကြပါ...ထိုသည်ကပင် သာသနာတော်..သံဃာတော်အပေါ် ရှေးလူတို.၏ လေးနက်ယုံကြည်မှုအတိုင်းအတာပင်ဖြစ်သည်....ဆရာတော်ကလည်း ထိုသို.အကြောင်းမဲ.ပြု မူခြင်းမျိုးမဟုတ်ပဲ ပေါက်ဆိန်နှင်. ထွင်းစရာများ ပေါ်ရန်အကြောင်းရှိသူတို.ကို အပ်နှင်.ကြိုခြစ် ပေးထားခြင်းသာဖြစ်ပါသည်..(ထိုကိစ္စ ရပ်များနှင်. ပတ်သက် ၍ ထိုစဉ်က သာသနာ.ရိပ်သာ ဆရာတော်နှင်. ဆရာတော်ကြီးတို.ကြားကိစ္စက အတော်ထင်ရှားခဲ့ပါသည်..ထိုကြောင်.လည်း အားလုံးက ထိုကဲ့သို. သောဖြစ်ရပ်မျိုးတို.ကို လက်ခံကြခြင်းဖြစ်ပါသည်..အသေးစိပ် သိလိုကြပါမူ ထိုအချိန်ကိုမီလိုက်သောမိမိတို.၏ မိဘဘိုးဘွား သက်ကြီးရွယ်အိုများကိုသာမေးမြန်းကြပါရန်)

ဆရာတော်၏ ဆေးတောင်.
  ထို.အပြင်ဆရာတော်ထံတွင် ရောဂါဝေဒနာသည်များကိုကုသပေးလေ.ရှိသော ဆေးတောင်. တစ်တောင်.လည်းရှိပါသည် (ထိုဆေးတောင်.ကတော. ယခုတိုင် ၀ါးခယ်မရှိ အိမ်တစ်အိမ်တွင် ထိမ်းသိမ်းပူဇော်ထားပါသည်)...ထိုစဉ်ကဆရာတော်သည် မြို.တွင်းသို. ရံဖန်ရံခါ အပူဇော်ခံ ထွက်သည်မျိုးရှိပြီး ကုလားထိုင်ပေါ်တွင်ထိုင်ကာ တပည်.ဒါယကာ များက ပင်.ထမ်းလှည်.လည် ပူဇော်ခံကြပါသည်....

ဆရာတော်နှင်. ပတ်သက်၍ မည်သို.သော ကိုယ်တိုင်မိန်.ကြားချက်မျိုးမှ မရှိသော်လည်း အားလုံးကတော.ဆရာတော်ကို ထူးခြားသောဆရာတော်တစ်ပါးအဖြစ် မှတ်ယူ ပူဇော်ခဲ့ကြပါသည်...ထိုအားလုံးထဲတွင် ဘာသာခြား တစ်ဦး၏ (ထိုပုဂ္ဂိုလ်သည် ဘာသားခြားဆိုသော်လည်း မြို.ရှိဘာသာစုံလူအတော်များများ၏ လေးစားခြင်းကို ခံရသူဖြစ်ပါသည်)..ကိုယ်တွေ.အမြင်ကတော. ထူးခြားပါသည်...ထိုနေ.က မနက်အစောကြီး ဘုရားကြီး ရှေ. လမ်းမကြီး အတိုင်း အရှေ. ပိုင်း ဘက်သို.အလျှောက် သူ.ရှေ.တွင် ဆရာတော် တစ်ပါးက ရှိနေသည်...စိတ်ထဲ ထူးခြားနေသည်ဟု ထင်သောကြောင်. သေချာကြည်.လိုက်ရာလွန်စွာမှ အံ.အားသင်.သွားရသည်..ဆရာတော်သည် မြေပြင်မှ ၆ လက်မခန်. ကင်းလွတ် ကြွမြန်းနေခြင်းဖြစ်သည်....ထိုခဏ တွင်ပင် ထိုဆရာတော်က နောက်သို.ပြန်လှည်.ကြည်.လိုက်ရာ ဆရာတော်၏ မျက်နှာကို ဖူးလိုက်ရသည်...ဆရာတော်က ပြန်လှည်.သွားပြီးနောက် သာမာန်ကြွရိုးကြွစဉ်သာ အရှေ.ပိုင်းဘက်ဆက်လက်ကြွသွားလေသည်..ထိုဆရာတော်မှာ မဟာဗောဓိမြိုင် ဆရာတော်ပင်......

ဆရာတော်၏ မူရင်း လက်ရေး
  ထိုသည်တို.ကတော. ဆရာတော် ၀ါးခယ်မတွင် သိတင်းသုံးနေခိုက် ဆရာတော်၏ သံသရာအစိတ်အပိုင်းတစ်ချို.သာဖြစ်ပါသည်..ဆရာတော်သည် နောက်ပိုင်းတွင် မြောင်းမြမြို.သို. ပြန်လည်ကြွရောက်ပြီး မြောင်းမြတွင်ပင် ပျံလွန်တော်မူသည်ဟုသိရပါသည်..ယခုအသစ်ပြန်လည်ဆောက်လုပ်ထားသော ကျောငးဆောင်တွင်းတွင် ဆရာတော်၏ ရုပ်တု ရှိပြီး ပြင်ပရုပ်သွင်နှင်.အတော်တူပါသည်..ထို.အပြင် ရန်ကုန်မြို. မင်းဓမ္မကုန်း ရှိ ကျောက်တော်ကြိး ဘုရားတွင်လည်း ဆရာတော် ၏ ရုပ်ထု ရှိပါသည်..ဗောဓိမြိုင် ဆရာတော် ဦးဇနိတ ဟုစာတမ်းထိုးထားပါသည်..ထိုရုပ်ထု မှာလည်း ဆရာတော် သက်ရှိထင်ရှား ရှိစဉ်က နှင်. အတော်ပင် တူသည်ဟုသိရပါသည်......ယခုအောက်တွင်ဖော်ပြထားသောပုံမှာ ကျောက်တော်ကြီးဘုရားရှိဆရာတော်၏ရုပ်တုဖြစ်ပါသည်...

  [သိရှိသမျှအချက်အလက်များကိုပြောကြားပေးခဲ့ကြသော အနဲကြီး @ ဦးထင်ပေါ် (passed ) ဦးကံလှိုင် (passed )ဒေါ်မြင်.မြင်.စန်း တို.အား အထူးကျေးဇူးတင်ရှိပါသည်....]

No comments:

Post a Comment