Friday, January 4, 2013

ပရိသတ်ကိုလှုတ်ခတ်စေခဲ့သော အပြောင်းအရွှေ.များနဲ. ၇န်ကုန်-ရတနာပုံ-ဧရာဝတီ


2013 MNL ပြိုင်ပွဲ ကြီးများစ၇န်ရက်ပိုင်းသာလိုတော.သည်.........အသင်းအားလုံးပြင်ကြ..ဆင်ကြ..၀ယ်ကြ..ရောင်းကြ နှင်. အတော်လေးတော. လှုပ်လှုပ်ခတ်ခတ်ရှိကြသည်....
ထိုအထဲတွင်မှ ရတနာပုံ အသင်း၏ လှုပ်ရှားမှုများက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်...ထို.အတူ ရန်ကုန် နှင်. ဧရာဝတီ အသင်းတို.၏ ကစားသမားရောင်းထုတ်မှုများကိုလည်း အံ.အားသင်.ဖွယ် အခြေအနေများ ဖြစ်ပေါ်စေခဲ့သည်....

ရန်ကုန် အသင်း သတင်းစာ ရှင်းလင်းပွဲ
 ရန်ကုန် ယူနိုက်တက်သည် အသင်းနှင့် ကာလရှည် လက်တွဲခဲ့သည့် ကစားသမား(၂)ဦးဖြစ်သော
နောက်ခံလူ ရန်အောင်ဝင်းနှင့် တိုက်စစ်မှူး ကောင်းစည်သူတို့ကို ရတနာပုံ အသင်းသို့
ကစားသမား (၂)ဦးပေါင်းအတွက် ပြောင်းရွှေ့ကြေး သိန်း(၇၀၀)  ဖြင်. ရုတ်တရက် ရောင်းချလိုက်ခြင်းဖြစ်သည်.....ရန်အောင်ဝင်းနှင့် ကောင်းစည်သူတို့သည် ရတနာပုံတွင် လစာ သိန်း(၂၀)စီ ရရှိမည် ဖြစ်ပြီး  ဒီဇင်ဘာ ၂၁ တွင်ရတနာပုံနှင့် စာချုပ်ခဲ့ပြီး ကစားသမား(၂)ဦးသည် ဒီဇင်ဘာ (၂၁)ရက်မှ စတင်ကာ   ရတနာပုံအသင်းနှင့် စတင်လေ့ကျင့်မည်ဖြစ်သည်......ကောင်းစည်သူမှာ မူလကပင် အသင်းပြောင်းခွင့် ရရန် တောင်းဆိုထားခြင်း ဖြစ်ရာ ရန်အောင်ဝင်း၏ ပြောင်းရွှေ့မှုမှာ အံ့အားသင့်ဖွယ် အပြောင်းအရွေ့ တစ်ရပ်ဖြစ်ခဲ့သလို ရန်ကုန်နှင့် ရတနာပုံတို့အကြား ပထမဆုံး ကစားသမား ရောင်းဝယ်မှုလည်း ဖြစ်ခဲ့သည်။ 
ရန်ကုန်ယူနိုက်တက်သည် ယခင် Air Bagan အသင်းမှာ ကတည်းက လက်တွဲခဲ့သည့် အဆိုပါ ကစားသမား နှစ်ဦးကို လက်ရွေးစင် ကစားသမားများ ဖြစ်လာသည်အထိ ပြုစုပျိုးထောင် ပေးခဲ့ခြင်းဖြစ်သည်....ထိုအပြောင်းအရွှေ.နှင်.ပတ်သက်၍ ရန်ကုန် CEO ဦးမင်းဆွေဦးက 
" ကောင်းစည်သူ အတွက်က ကျွန်တော်တို့ အသင်းမှာ ဆိုရင် ပုံမှန် ကစားခွင့် ရဖို့ မလွယ်ပါဘူး။ သူက မြန်မာ့လက်ရွေးစင်ပါ။ လာမယ့် ၂၀၁၃ ဆီးဂိမ်းမှာလည်း မြန်မာအသင်းအတွက် ကစားခွင့်ရဖို့ အလားအလာ ကောင်းပါတယ်။ သူ့ကို ကျွန်တော်တို့ အခွင့်အရေး ပေးတဲ့ အနေနဲ့ ပိုကစားခွင့် ရနိုင်တဲ့ အသင်းကို ပြောင်းခွင့် ပြုခဲ့တာပါ။ ရန်အောင်ဝင်း ကျတော့ ကောင်းစည်သူနဲ့ မတူပါဘူး။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ရတနာပုံ အသင်းကို ပြောင်းဖို့ ဆန္ဒရှိတဲ့ အတွက် အခုလို မြန်မြန်ဆန်ဆန် ဖြစ်သွားတာပါ" ဟုသတင်းစာရှင်းလင်းပွဲဖြင်. ရှင်းလင်းခဲ့ပြီး 
"အသင်းတည်ထောင်ခဲ့သည့် ရည်ရွယ်ချက်မှာ မြန်မာ့လက်ရွေးစင် အသင်းကို ထောက်ပံ့ပေးနိုင်ရေးပင် ဖြစ်ရာ ထိုကဲ့သို့ မြန်မာအသင်းအတွက် ကစားသမားများ ထောက်ပံ့နိုင်သည်ကို အလွန်ပင် ဂုဏ်ယူကြောင်း၊ ထို့ကြောင့် ကစားသမားများ ဆက်လက် မွေးထုတ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အသင်း၌ ခြေစွမ်းထက်သည့် လူငယ်ကစားသမား များစွာရှိကြောင်း၊ ယင်းတို့အား နေရာပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း" ပါပြောကြားခဲ့သည်.....ဒါပေမယ်.လည်း ကစားသမား ၂ ဦးလုံးက သူတို.ဟာ မန္တလေး သား တွေဖြစ်နေလို. ရတနာပုံကို ရွေးလိုက်ရတာပါဆိုတော. ခုလို Pro ခောတ်မှာ ဒီလို စိတ်ဓါတ် ရှိသူတွေ ရှိနေသေးကြောင်းတော. သိလိုက်ရပါတယ်........

သက်ဆိုင်သူတွေရော မသက်ဆိုင်သူတွေရော အံ.အားသင်.စေခဲ့တဲ့ နောက်အပြောင်းအရွှေ. တစ်ခုကတော. သီဟစည်သူပဲဖြစ်ပါတယ်....ရတနာပုံ အသင်းဟာ သီဟစည်သူကို ခေါ်ယူနိုင် ဖို.ပြောင်းရွှေ့ကြေးသိန်း ၅၀၀ အပြင် တိုက်စစ်မှူး စိုးကျော်ကျော် အပါအ၀င် အခြားကစားသမား ၁ ဦးကို ဧရာဝတီ အသင်းကို ပေး ခဲ့ရတယ်လို.သိရပါတယ်...သို.သော် 
သီဟစည်သူအတွက် ပေးရသည့် ပြောင်းရွှေ့ကြေးကို နှစ်ဖက်အသင်းမှတရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိ ပဲ ရတနာပုံ မှအငှားစေလွှတ်ထားတဲ့မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး
စိုးကျော်ကျော်ကို ဧရာဝတီသို့ လွှဲပြောင်းပေးခဲ့ရပြီး လူငယ်ကစားသမား တစ်ဦးပါ ပေးရမှာဖြစ်ပါတယ်...တရားဝင် စာချုပ်လက်မှတ်ရေးထိုးတာကိုတော. ၂၆-၁၂-၂၀၁၂ ကပြုလုပ်ခဲ့ပါတယ်...ဒီအပြောင်းအရွှေ.နဲ. ပတ်သက်လို. ဧရာဝတီပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေရှိခဲ့ပြီး Pro ခောတ်မို. သူကြိုက်တဲ့ အသင်းပြောင်းခွင်.ရှိတယ်လို. လက်ခံသူများနဲ. ဧရာဝတီသားမို. ဧရာဝတီမှာပဲ ရှိသင်.တယ်လို. ယုံကြည်ထားကြသူများ ဆိုပြီးအယူအဆ ကွဲလွဲမှုတွေတော.ရှိခဲ့ပါတယ်....ဒါနဲ. ပတ်သက်ပြီး ဧရာဝတီကို အားပေးနေသူများရဲ. Group တစ်ခုမှာ စစ်တမ်းကောက်ကြည်.တဲ့အခါ လူ၃၀၀ ကျော်အနက်က ၃၂ ယောက် သဘောထားပေးခဲ့ပြီး ပြောင်းသွားတာကောင်းတယ်ဆိုတဲ့သူ ၁ ယောက် (၃ % ).. ပြောင်းသွားတာ မကောင်းဘူးဆိုတဲ့သူ ၄ ယောက် ( ၁၃ % )...သူမရှိလို.ဘာမှမဖြစ်ဘူး ဆိုတဲ့သူ ၈ ယောက် (၂၅ %)...သူမရှိတာ အသင်းကိုထိခိုက်နိုင်တယ် ဆိုတဲ့သူ ၃ယောက် (၉ %)...ပြောင်းသွားတဲ့ သူကိုထားလိုက်ပြီး ကျန်နေသူကိုအားပေးရမယ် ဆိုတဲ့သူ ၁၆ ယောက် (၅၀ % )...ရှိတာကြောင်. ဒီအပြောင်းအရွှေ.ဟာ သူမရှိလို.အသင်းကို ထိခိုက်နိုင်တယ်ဆိုတဲ့ဘက်က ၉ ရာခိုင်နှုန်းပဲ ရှိတာတွေ.ရပါတယ်....ဒါနဲ.ပတ်သက်လို. ပြီးခဲ့တဲ့ Charity Cup မှာ အသင်းရဲ. ဂိုးသမားအသစ် (တကယ်တော.သူဟာ အသင်းတစ်ရာသီလုံး ရှုံးပွဲမရှိ ဒုတိယ ရတဲ့ နှစ်မှာ ရာသီဝက်လုံးလုံး လက်စွမ်းပြ ကာကွယ်ခဲ့သူပါ..)ပြည်.ဖြိုးဦးရဲ. ကြိုးစားမှုနဲ. အရည်အသွေးကို အားလုံး အသိအမှတ်ပြုခဲ့ပါတယ်......ဒီအပြောင်း အရွှေ.နဲ. ပတ်သက်ပြီး အသင်းဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပေမယ်. သီဟစည်သူကတော.
"ဒီရာသီ မ,စခင် အသင်းကြီးတွေက ကမ်းလှမ်း ခဲ့ပါတယ်။ ရတနာပုံ အသင်းက နှစ်တိုင်း အသင်းကြီး တစ်သင်း အဖြစ် ရပ်တည်နိုင်သလို အောင်မြင်မှု အစဉ်အလာ ရှိတဲ့ အသင်းကောင်း တစ်သင်းဖြစ်လို့ ရွေးချယ် ခဲ့တာပါ။ ကျွန်တော့် ဘက်က အကောင်းဆုံး ကြိုးစား သွားမှာဖြစ်သလို ပရိသတ်တွေလဲ လက်ခံ ကြိုဆို ကြမယ်လို့ ယုံကြည်ပါတယ်"ဟု ရတနာပုံ ၀က်ဘ်ဆိုက်ကိုပြောကြားခဲ့ပါတယ်...

တစ်ခုရှိတာက ရတနာပုံရဲ. ဂိုးသမားခေါ်ယူမှုနဲ.ပတ်သက်ပြီး 
သီဟစည်သူ
ညီညီလွင်
ယဉ်မင်းအောင်
ဇော်ဇော်နိုင်
မွန်ထရယ်အောင်စတဲ့ဂိုးသမား ၅ ယောက်
လူငယ်ဂိုးသမား(၂)ယောက်နဲ့ဆို (၇)ယောက် ရှိနေတာမို. စိတ်ဝင်စားစရာတော.ကောင်းပါတယ်..


ဧရာဝတီနှင်. နိုင်ငံခြား ကစားသမား ၃ ဦး စာချုပ်ချုပ်ဆိုပွဲ
 ဧရာဝတီကတော. မက်ဆီဒိုးနီးယား နောက်ခံလူ နီကိုလာ
စလို ဗက်ကီးယား ကွင်းလယ်လူ ဒေါမနစ်
ဆူဒန်တိုက်စစ်မှုး ဗစ်တာ
ဘရာဇီးနောက်ခံလူ ဒါဆေးလ်ဗား
ဂျပန်ကွင်းလယ်ကစားသမား ဆာတိုရို အိုတိုမို အပါအ၀င် နိုင်ငံခြားသား ကစားသမား စုစုပေါင်း ဆယ်ဂဏန်းလောက် စမ်းသပ်အပြီးမှာ 
ဆလိုဗေးနီးယားနိုင်ငံသား ကွင်းလယ်ကစားသမား ဒေါမနစ် (Dominik)၊ ဂျပန်နိုင်ငံသား ကွင်းလယ် ကစားသမား ဆာတိုရှိ အိုတိုမို (Satoshi Ōtomo) နှင့် ၂၀၁၂ ခုနှစ် Nay Pyi Taw FC တွင် ခြေစွမ်းပြ ကစားခဲ့သော ဘရာဇီးနိုင်ငံသား ရှေ့တန်းကစားသမား လီအန်ဒရို (Leandro) တို.ကို ၂၈-၁၂-၂၀၁၂ နေ.ကအပြီးသတ် စာချုပ်နိုင်ခဲ့ပါတယ်.........မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုထား  တဲ့ 3+1 စနစ်အတိုင်း နိုင်ငံခြားသား ၄ ယောက် ခေါ်ယူအင်အားဖြည့်တင်းသွား  မှာ ဖြစ်ပြီး ကျန်ရှိနေသော နိုင်ငံခြားကစားသမား တစ်ဦးအတွက် ဗဟိုနောက်ခံလူ (Centre Back) နေရာအတွက်ကိုတော. မနောမြေ အသင်းက မန်ဆာကို စမ်းသပ်အသုံးပြုနေပါတယ်

Charity Cup ပြိုင်ပွဲနေ.က ဧရာဝတီ -AUFC
ရတနာ ပုံဟာလာမ ယ်. ဘောလုံးရာသီ အတွက် ကစားသမားသစ်များ ခေါ်ယူရာ မှာငွေကျပ် 
သိန်း(၅၀၀၀)ကျော်အထိ သုံးစွဲခဲ့ပြီး 
တီမောကွင်းလယ်လူ ပင်တို၊ ဘရာဇီး တိုက်စစ်မှူး ပိုင်မန်တယ်၊ မကွေး အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ ဇေယျာရွှေမြေမှ ဂိုးသမား ညီညီလွင်၊ ရန်ကုန် ယူနိုက်တက်မှ ရန်အောင်ဝင်းနှင့် ကောင်းစည်သူ တို.အပြင် သီဟစည်သူကိုပါ ခေါ်ယူနိုင်ခဲ့ပြီးကျော်ကိုကိုအားခေါ်ယူ၇န်လည်း ညျိုနှိုင်းနေခဲ့သည်.......
ဇေယျာရွှေမြေ CEO ဟောင်း - ဦးနီပေါကတော. ကျော်ကိုကို ကိုအောင်မြင်မှု ရချင်တယ်ဆိုရင်တော့ ရတနာပုံကို သွားသင့်တယ်။ နောက်ပြီး သူနဲ့ ထိုက်တန်တဲ့ လစာငွေကိုလည်း ရတနာပုံကပဲ ပေးနိုင်မယ် လို.ပြောကြားခဲ့ပြီး
ဇေယျာရွှေမြေ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်ကတော. ကျော်ကိုကို ကို မည်သည့်အသင်းသို့ ရောင်းရမည်ကို လက်ရှိအချိန်တွင် မသိသေးကြောင်း ဖွင့်ဟခဲ့ ပါတယ်... ကျော်ကိုကိုအား ကမ်းလှမ်းလာမှုများကို ယခုနှစ် အပြောင်းအရွှေ့ ကာလအတွင်း လက်ခံခဲ့ပြီးနောက်တွင် ရန်ကုန်၏ တရားဝင် ကမ်းလှမ်းမှု အပြင် ရတနာပုံ အသင်း၏ နှုတ်ဖြင့် ကမ်းလှမ်းမှုကိုပါ ရရှိထားခဲ့တာဖြစ်ပါတယ်...

၇တနာပုံရဲ. Welcome Dinner ပါ
 အဲ့ဒီလိုငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ကစားသမား ခေါ်ယူခဲ့ခြင်းနှင့် ပတ်သတ်၍ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းက " ကျနော်တို့ ၁ အချက်ပြောရရင် ရေရှည်စီမံကိန်းနဲ့ ခေါ်ယူထားတာပါ ။ ၂ အချက်ကတော့ ချန်ပီယံဖြစ်ချင်လို့ပါ ။ ၃ အချက်ကတော့ အသင်းကို အများစုသိလာစေဖို့ လုပ်ဆောင်တာပါ ။ ပြီးတော့ စပွန်ဆာတွေ ရရှိအောင် ကျွန်တော်တို့ ဒီလို နာမည်ကြီးကစားသမားတွေခေါ်ယူထားမှ အခုဝင်ရောက်လာမယ့် နိုင်ငံခြားကုမ္ပဏီတွေဆီကနေ စပွန်ဆာစာချုပ်တွေ ရရှိမှာဖြစ်ပါတယ် ။ ကျွန်တော့်အနေနဲ့ လာမယ့်နှစ်မှာ စပွန်ဆာရရှိဖို့ ဒေါ်လာသန်းဂဏန်းလောက်မှန်းထားပါတယ် ။ ဒီလို သန်းဂဏန်းပေးနိုင်တာဆိုလို့ ပြည်ပကုမ္ပဏီတွေကသာ ပေးနိုင်မှာပါဟု ရှင်းလင်းပြောကြားသွားခဲ့သည် ။ ဒါ.အပြင် ရတနာပုံအသင်း ဟာနောင်နှစ်များ မှာပြည်ပကစားသမား သုံးစွဲတော့မည်မဟုတ်ဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ပြိုင်ပွဲဝင်သွားမည်ဖြစ်၍ ပြည်တွင်းကစားသမားကောင်းများအား ခေါ်ယူအားဖြည့်နေခြင်းဟုလည်းသိရ ပါတယ်..
ရတနာပုံ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထွန်းဦးက  
“ကျွန်တော်တို့ အသင်းရဲ့ ဒီရာသီ ရည်မှန်းချက်ကတော့ ချန်ပီယံဆုပါ”ဟု   မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် ရာသီအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်.  “ကျွန်တော်တို့ အသင်းရဲ့ ပေါ်လစီက ဘယ်တော့မှ နောက်မဆုတ်ဘူး ဆိုတဲ့ ပေါ်လစီပါ။ အသင်းကို ပိုကောင်းသည်ထက် ကောင်းအောင် ပြင်ဆင်သွားမှာပါ။ မနှစ်က အသင်းအတွက် စုစုပေါင်း သိန်း ၁၂၀,၀၀ လောက်သုံးခဲ့ပါတယ်။ ဒီနှစ်မှာလည်း ငွေကြေးစိုက်ထုတ်မှု တွေကို မနှစ်ကအတိုင်း ပြုလုပ်သွားမှာပါ” ဟု ဆက်လက် ပြောကြားခဲ့ ပါတယ်...
နည်းပြသစ် ဘောရစ် ဘန်ဂျက်ကမူ အသင်းကို ကိုင်တွယ်ရာတွင် အကောင်းဆုံး ပုံစံကို မရရှိသေးသောကြောင့် အာမမခံနိုင်သေးကြောင်း ဆိုခဲ့သည်။ “အသင်းကို ကိုင်တွယ်တာ (၁)လလောက်ပဲ ရှိသေးလို့ အမှန်အတိုင်း ပြောရရင် ရာသီသစ်အတွက် ကျွန်တော်တို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ ပြီးခဲ့တဲ့ နှစ်ကထက်တော့ ရလဒ်ကောင်းမယ်လို့ ထင်ပါတယ်”ဟု ဘောရစ်က ဖွင့်ဟခဲ့ ပါတယ်....

ကိုးကား-SM,Yatdanarbon Fan Page,AUFC Page
 

No comments:

Post a Comment