Thursday, January 3, 2013

အကျိုးများတဲ့ ကြက်သွန်


ဆီးလမ်းကြောင်းပိုးဝင်မှု သက်သာစေခြင်း
ခရမ်ဘယ်ရီ ဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူ အစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ် စဉ်းပြီး ၁ဝ မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ A1 licin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါး စေပါတယ်။

အအေးမိရောဂါ သက်သာစေခြင်း
နှာချေခြင်း၊ နှာပိတ်ခြင်းလို အအေးမိ ရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့ အခါမှာ ကြက်သွန်ဖြူကို အသုံးပြု နိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူ နှစ်မြွှာကို ၂၅ စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီးစားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုး ဝင်မှုကို တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တစ်လုံးထဲ ထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက် စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။

အနံ့ပြင်းသလို အစွမ်းလည်းပြင်းတဲ့ ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို လူအများစုက ကြိုက်ကြပေမယ့် သူ့ရဲ့ ပြင်းလှတဲ့ အနံ့ကြောင့် အများနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်ခွင်တွင်းနဲ့ ပါ့ဘလစ်နေရာမျိုးကို ရှောင်ပြီး အိမ်မှာသာစားကြတာများပါတယ်။ တစ်ချို့ကလည်း ကြက်သွန်ဖြူကို ဟင်းခတ်အမွေးကြိုင်နေဖြင့် ဆီသတ်စားကြသလို၊ တစ်ချို့ကလည်း အသုတ်လိုမျိုး၊ ဘိတ်ချဉ်လိုမျိုး ထည့်သုံးကြတယ်။ ဒါ့ပြင် ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး အသီးရွက်တွေနဲ့ အသုတ်လုပ်ရာတွင်လည်းကောင်း၊ လ္ဘက်နဲ့ တွဲဖက်ပြီးတော့လည်း ကောင်းစားကြတယ်။ ကျွန်မလည်း ကြက်သွန်ဖြူကြိုက်ပေမယ့် အများနဲ့ ဆက်ဆံနေရတဲ့ လုပ်ငန်းခွင် အလုပ်ချိန်တွင်းမှာတော့ မစားဖြစ်ပါဘူး။ ကြက်သွန်ဖြူက အနံ့ ပြင်းသလို သူ့ရဲ့ ဆေးဖက်ဝင်မှုကလည်း ပြင်းပြင်းပျပျ ရှိလှပါတယ်။

ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုလက်စထရော (အဆီဓါတ်) ကိုလျော့ကျစေခြင်း၊ သွေးကြောတွင်းသွေးခဲမှုကို ဟန့်တားပေးခြင်း၊ သွေးဥမွှားများ စုခဲခြင်းတို့ကို ထိန်းချုပ်ပေးခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ချပေးခြင်း၊ သွေးပျစ်ခဲမှုကို ကျဲစေခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ အဆစ်မြစ်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေခြင်း၊ ပန်းနာရောဂါထမှုကို ကာကွယ်ပေးခြင်း၊ ဆီးလမ်းကြောင်းရောဂါဖြစ်ပွားမှုကို လျှော့နည်းစေခြင်း၊ ဗိုက်ကယ်ခြင်း၊ လိပ်ခေါင်းသွေးယိုခြင်းနဲ့ အူတွင်းရောဂါ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို လျော့နည်း စေပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ ajoene ဓါတ်က သွေးခဲမှုကို ဟန့်တား တားဆီးပေးပြီး၊ အာရီနယ်လင်ဟိုမုန်း၊ ပရိုစတာဂလင်အေနဲ့ အီးဟိုမုန်းတို့ပါလို့ သွေးတိုးရောဂါအတွက်များစွာ အထောက်ကူပြုပါတယ်။ ကြက်သွန်ဖြူမှာ အင်တီအောက်ဆီးဒင့် ဓါတ်တိုးပစ္စည်း ပယ်ဖျက်ဓါတ် ၁၅ မျိုးလောက်ပါတာကြောင့် နှလုံးရောဂါကာကွယ်မှုကိုလည်း အထောက်ကူပြုပါတယ်။ ကိုလက်စထရော ၁ဝ% ကနေ ၁၅ %ထိ နည်းပါးလျော့ကျစေဖို့ တစ်နေ့ကို ကြက်သွန်ဖြူ သုံးမွှာလောက် စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်လှပြီး တစ်နေ့ နှစ်မွှာလောက်စားရုံနဲ့ သွေးကြောတွင်းသွေးခဲမှုကို တားဆီနိုင်ပါသတဲ့။ ကြက်သွန်ဖြူစားပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးပျစ်ခဲခြင်းမှ သွေးကျဲခြင်းအတွက်ကိုလည်း အထောက်ပံ့ဖြစ်စေပါတယ်။ ဒါ့ပြင် သွေးလည်ပတ်မှုကောင်းစေခြင်းကြောင့်လည်း သွေးချို၊ ဆီးချိုရောဂါတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကြပ်အခံရှိသူများအနေဖြင့်လည်း ရောဂါပြန်မထအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အစာအိမ် အူလမ်းကြောင်း၊ လိပ်ခေါင်းသွေးယို၊ ဆီးလမ်းကြောင်းရောဂါတွေကိုပါ လျော့နည်းစေတဲ့ ကြက်သွန်ဇြူကို တတ်နိုင်သလောက်စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူ နှင့် ကျန်းမာခြင်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝဝ ကျော်က အာရှတိုက် အလယ်ပိုင်းမှာပဲ ပေါက်ရောက်ခဲ့တဲ့ ကြက်သွန်ဖြူဟာ အခုဆိုရင်တော့ ကမ္ဘာ့ အသုံးတွင်ကျယ်ဆုံး ဟင်းခတ် အမွှွှေးအကြိုင်များထဲက တစ်ခုဖြစ်နေပါပြီ။ ကြက်သွန်ဖြူကို မီးဖိုချောင်သုံး အနေနဲ့ သာမက ဆေးဖက်ဝင် အပင်အနေနဲ့ အီဂျစ်လူမျိုးများက စတင်သုံးစွဲ ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက် အလွန်ဝင်ကြောင်း ရှေးဟောင်း မြန်မာ့ တိုင်းရင်းဆေးကျမ်း များမှာလည်း ပါရှိပါတယ်။ ၎င်းကို သိပ္ပံနည်းကျ လက်တွေ့ဓာတ်ခွဲပြီး သုတေသနများစွာ လုပ်ကြည့်တဲ့အခါမှာ အောက်ပါ အာနိသင်များ ရှိကြောင်း တွေ့ရပါတယ်။

(၁) မကောင်းသော ကိုလက်စထရော လျှော့ချပေးခြင်း
လေ့လာမှု အချို့အရ ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏ (Total Cholessterol) ကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါဟာ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးရာ ရောက်ပါတယ်။

(၂) သွေးကြောမာခဲပိတ် ရောဂါကို ကာကွယ်ပေးခြင်း
အသက်အရွယ်ရလာခြင်း၊ သွေးတိုးရောဂါကို စနစ်တကျ ကုသမှုမရှိခြင်း၊ သွေးတိုးရောဂါ ရှိနေမှန်း မသိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် သွေးထဲက အဆီတွေ သွေးကြောနံရံမှာ အနည်ကျလာကာ သွေးကြောနံရံ ပိတ်လာခြင်း ရောဂါ (Arthrosclerosis) ကို ကြက်သွန်ဖြူက တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Ajoene ဒြပ်ပေါင်းဟာ သွေးခဲဖြစ်ပေါ် ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။

(၃) သွေးတိုးရောဂါကို အထောက်အကူပြုခြင်း
ကြက်သွန်ဖြူဟာ သွေးကြောတွေ ကျုံ့ပြီး သွေးပေါင်တက်စေတဲ့ Angiotensin II ဆိုတဲ့ အဲန်ဇိုင်းရဲ့ အာနိသင်ကို ပိတ်ဆို့ပြီး သွေးပေါင် တက်နေခြင်းကို ထိန်းညှိလျှော့ချနိုင်စွမ်း ရှိသလို ဆာလဖာ (ကန့်) ပါဝင်သော Polysulfides ဒြပ်ပေါင်းများက သွေးကြောများကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာ တွေ့ရပါတယ်။ ဒါဟာ ACEI အုပ်စုဝင် သွေးတိုးကျဆေးများ (ဥပမာ Enam, BQL 5 စသည်) တို့လို အာနိသင် အပျော့စားရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် သွေးကျဆေးအဖြစ် သုံးစွဲနိုင်လောက်တဲ့ အထိတော့ ချက်ချင်းလက်ငင်း အစွမ်းမထက်ပါဘူး။ ပုံမှန် စားသုံးပေးသွားရင် သွေးပေါင်ချိန်ကို ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျစေလို့ သွေးတိုးရောဂါ ရှိသူများ အထောက်အကူ အနေနဲ့တော့ စားသုံးနိုင်ပါတယ်။

(၄) ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် နှလုံးသွေးကြော ကာကွယ်သော သတ္တိရှိခြင်း
ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ် ရေဓာတ်ရှိတဲ့ နေရာတိုင်းမှာ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အိုမင်းခြင်းနဲ့ ကင်ဆာဆဲလ်များ ပြောင်းသွားခြင်းကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

ကြက်သွန်ဖြူဟာ ဗိုက်တာမင်စီနဲ့ ဆယ်လီနီယမ် (Selenium) သတ္တုဓာတ်တို့လိုမျိုး အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Powerful Antioxidants) ပါဝင်တဲ့ သဘာဝ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ (ဆယ်လီနီယမ်ဟာ ဗိုက်တာမင်အီးနဲ့ ဓာတ်တိုးဆန့်ကျင် အဲန်ဇိုင်းများရဲ့ လုပ်ငန်းဆောင်တာမှာ မရှိမဖြစ် လိုအပ်တဲ့ တွဲဖက်ပစ္စည်း ဖြစ်ပါတယ်)။ ဗိုက်တာမင်စီကြောင့် ကြက်သွန်ဖြူဟာ သွေးထဲမှာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးပြီး သွေးကြောနံရံမှာ အနည်ကျကာ သွေးကြောကျဉ်းရောဂါ (Arthrosclerosis) ဖြစ်လာခြင်းကို ကာကွယ်နိုင်သလို ဗိုက်တာမင် B6 ပါဝင်ခြင်းကြောင့် သွေးကြောနဲ့ နှလုံးနံရံတွေကို ပျက်စီးစေတဲ့ ဟိုမိုစစ်စတင်း (Homocysteine) ခေါ် ဒြပ်ပေါင်းပမာဏကို လျှော့ချပေးခြင်း၊ မန်ဂနိ (Manganese) သတ္တုဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းချို့တဲ့ရင် ဖြစ်လာတတ်တဲ့ ကောင်းသော ကိုလက်စထရော HDL ပမာဏ ကျဆင်းခြင်းကို ကာကွယ်ခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာရေးကို အဘက်ဘက်က အထောက်အကူ ပြုလျက်ရှိပါတယ်။

(၅) ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်း
ကြက်သွန်ဖြူရဲ့ အဓိက ပါဝင်ဖက် ပစ္စည်းများဖြစ်တဲ့ Diallyl Slufide, Thiacremonone တို့ဟာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ် ကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်း၊ ဓာတ်မတည့်ခြင်း (Allergic Reaction) တွေကို လျော့ကျစေဖို့ အထောက်အကူ ပြုသလို ဓာတ်မတည့် လေပြွန်ရောင်ရမ်းခြင်း ဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာများအတွက် သိသိသာသာ အထောက်အကူ ဖြစ်ကြောင်း သုတေသန ပြုလုပ်တွေ့ရှိ ရပါတယ်။

(၆) ရောဂါပိုးများကို နိုင်နင်းခြင်း
ကြက်သွန်ဖြူထဲမှာပါတဲ့ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများကြောင့် မှက္ခရုရောဂါနဲ့ ယားနာ အချို့ကို ဖြစ်စေသော Candida albicans မှိုပိုးများကို ကာကွယ်နိုင်ကြောင်း၊ အလွယ်နည်းအားဖြင့် ယားနာတွေကို ကြက်သွန်ဖြူ ထုချေထားတဲ့ အရည်နဲ့ ပွတ်လိမ်းကာ ကုသလို့ရပြီး ဆက်မပျံ့အောင်လည်း ကာကွယ်နိုင်ကြောင်း၊ အပူလောင်၊ မီးလောင်ဒဏ်ရာတွေ ရရှိထားတဲ့ အရေပြားကို အင်မတန် အန္တရာယ်ကြီးတဲ့၊ မီးလောင်ဒဏ်ရာနဲ့ မသေဘဲ ငန်းဖမ်း (Septicemia) လို့ သေစေနိုင်တဲ့ Pseudomonas aeruginosa ပိုး ဝင်ရောက် ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ကြောင်း လက်တွေ့စမ်းသပ် တွေ့ရှိရပါတယ်။ (ကြက်သွန်ဖြူကတော့ လုံးဝ သန့်နေစေဖို့ လိုပါတယ်) ဒါ့အပြင်အစာအိမ် အူလမ်းကြောင်း အနာတွေကို ဖြစ်စေတဲ့ Hpylori ပိုးနဲ့ အခြားသောပိုးများ၊ ဗိုင်းရပ်စ်များ အပေါ်လည်း နိုင်နင်းမှု ရှိတယ်လို့ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ကြက်သွန်ဖြူကနေ ပဋိဇီဝဆေး၊ ဗိုင်းရပ်စ်သတ်ဆေး ပေါ်လာနိုင်ကြောင်း တင်ပြတာဖြစ်ပြီး တကယ် သေရေးရှင်ရေး အရေးကြီးနေတဲ့ လူနာများမှာ လိုအပ်တဲ့ဒြပ်ပေါင်း အနှစ်တွေစုပြီး ထုတ်ထားတဲ့ ဆေးကဲ့သို့ သဘာဝဓာတ်စာများက မစွမ်းနိုင်ကြောင်း၊ အထောက်အကူသာ ဖြစ်စေနိုင်ကြောင်း သတိချပ်စေလိုပါတယ်။

(၇) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း
ကင်ဆာရောဂါ ကင်းဝေဖို့ အဓိက အချက်တစ်ချက် အနေနဲ့ ခန္ဓာကိုယ်က ဆဲလ်တွေ အစီအစဉ်တကျ သေဆုံးဖယ်ရှားခြင်း (Apoptosis) ဖြစ်စဉ် သဘာဝအတိုင်း မှန်နေဖို့ လိုပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ကိုယ်တွင်း ဓာတုပစ္စည်းများကို ကြက်သွန်ဖြူရဲ့ ဒြပ်ပေါင်းတွေက ကူညီနှိုးဆော်ပေးတဲ့အတွက် ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ရာ ရောက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ အပူချိန်မြင့်မြင့် ကင်ထားတဲ့၊ ချက်ထားတဲ့ အသားတွေမှာ Heterocyclic Amines (HCAs) ခေါ် ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs တွေကနေ ကိုယ်ထဲမှာ DNA ကို ဖျက်ဆီးနိုင်သော ဒြပ်ပေါင်းများအဖြစ် ပြောင်းလဲကာ ကင်ဆာ ဖြစ်စေပါတယ်။ ကြက်သွန်ဖြူက ဒီဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ တားပေးနိုင်တာ တွေ့ရလို့ အသားကင်စားရင် ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။

(၈) သံဓာတ်ဇီဝ ဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း
ခန္ဓာကိုယ် သွေးနီဆဲလ်များရဲ့ အဓိက ပါဝင်ဖက်ဖြစ်ပြီး အသက်ရှင်ရေးအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ရဲ့ ဇီဝဖြစ်ပျက်မှု (Iron Metabolism) မှာ အရေးကြီးသော် ferroportin ထွက်ဖို့ အားပေးပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များ မျှတညီညွတ်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။

(၉) ကိုယ်ခံအားကို ကောင်းမွန်စေခြင်း
ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အထူး အကျိုးပြုပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်ဥ သုံးဥ စားသွားရုံနဲ့ အအေးမိရောဂါ ဖြစ်ပွားနှုန်း နည်းပါးသွားကြောင်း သုတေသနများအရ အတည်ပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ
ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ ပြဿနာကတော့ ကြက်သွန်ဖြူနံ့ နံခြင်း ဖြစ်ပါတယ်။ စားထားထားချင်း ပါးစပ်က နံသလို ကြက်သွန်ဖြူကို စွဲမြဲစွာ မှီဝဲစားသုံးသူများရဲ့ ချွေးနံ့ဟာလည်း စူးရှလာတတ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ ကျန်းမာရေး အာနိသင်တွေကို ဒီလို အနံ့မထွက်ဘဲ ရယူလို့ရတဲ့ နည်းလမ်း မရှိတော့ဘူးလားလို့ မေးရင်တော့ ရှိပါတယ်။

အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကိုပဲ ရွေးဖယ်ထားတဲ့ Deodorized Garlic Extract ပါဝင်တဲ့ GNC Women’s Ultra Mega ခေါ် ဖြည့်စွက်အားဆေး ဈေးကွက်ထဲမှာ ရှိနေပါပြီ။

ဒါကတော့ အစွမ်းထက် ဆေးပင်များစွာ ပါဝင်တဲ့ အမျိုးသမီး ဖြည့်စွက်စာသာ ဖြစ်လို့ အမျိုးသားတွေက Deodorized Garlic လိုချင်ရင် အခြားဆေး ရှာနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကြက်သွန်ဖြူ များများစားရင် ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်းတို့ ခံစားရတာပါပဲ။

ကြက်သွန်ဖြူကြောင့် ပါးစပ်အနံ့ပျောက်အောင် နွားနို့သောက်ပါ
ကြက်သွန်ဖြူစားအပြီးမှာ ပါးစပ်အနံ့ထွက်တာကို နွားနို့သောက်ပေးရင် သက်သာ စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ရာမှာ ချက်ပြီးသား ကြက်သွန်ဖြူနဲ့ အစိမ်းစား ကြက်သွန်ဖြူတို့ပါဝင်ပြီး နွားနို့ဟာ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အနံ့ထွက်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းအဆင့်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူစားနေစဉ်မှာ နွားနို့သောက်ရင် ပိုမိုထိရောက်မှုရှိပြီး မလိုင်အပြည့်ပါဝင်တဲ့ နို့ဟာ မလိုင်ထုတ်ထားတဲ့ နွားနို့ထက် ပိုပြီးအနံ့ပျောက်ကင်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allyl Methyl Sulphide (AMS) ဟာ အစာအိမ်အတွင်းမှာ မဖြိုခွဲနိုင်တဲ့အတွက် အသက်ရှူရာနဲ့ ချွေးထွက်ရာမှာ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းတွေရဲ့အရသာကို ကောင်းမွန်စေပြီး ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့အတွက် မစားမဖြစ် စားရမယ့်အစာဖြစ်ပြီး အနံ့အသက်ပျောက်ကင်းအောင် ရေနဲ့နွားနို့ သောက်ပေးရပါမယ်။ မှို၊ ပင်စိမ်းနဲ့ ရိုးရိုးရေတွေဟာလည်း ကြက်သွန်ဖြူရဲ့ အနံ့အသက်ကို ပျောက်ကင်းစေနိုင်ပါတယ်။ 



ယခုခေတ် ဆေးကုသရာတွင် ဆက်လက်အသုံးပြုနေသော ရှေးခေတ်မှ ဆေးဖက်ဝင် အသီးအရွက်များ
(က) ကြက်သွန်နီ
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂ဝ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

ကြက်သွန်နီဟာ အားကစားသမားတွေကို လုပ်ဆောင်ချက် ကောင်းအောင်ကူညီ နိုင်တယ်လို့လည်း ယုံကြည်ကြပြီး ရှေးခေတ်ဂရိအိုလံပစ် ကစားသမားတွေဟာ အားကစားပြိုင်ပွဲ မယှဉ်ပြိုင်ခင် အချိန်မှာ ကြက်သွန်နီကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကြက်သွန်နီအရည်ကို သောက်သွားကြပါတယ်။ သုတေသနပြုသူတွေက လေ့လာမှု အသစ်တွေ အများအပြားပြုလုပ်ပြီး ရှေးခေတ်က ကြက်သွန်နီ အသုံးပြုတာကို ထောက်ခံမှုပေး ကြပါတယ်။

ကြက်သွန်နီမှ အနံ့ထွက်စေတဲ့ Thiosulfinates တွေဟာ ဆီးချိုရောဂါ လက္ခဏာကို သက်သာစေပြီး နှလုံးကြော ရောဂါမှ ကာကွယ်နိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Flavonoid Quercetin ဟာလည်း ဓာတ်မတည့်မှုနဲ့ ပတ်သက်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ပြီး အစာအိမ်၊ အူမကြီး၊ အစာမျိုပြွန်နဲ့ သားမြတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၂ဝဝ၉ ခုနှစ် International Journal of Sports Nutrition အရ အနှစ်ဟာ ခံနိုင်ရည်ရှိမှု မြင့်မားတယ်လို့ သိရပါတယ်။

အကျိုးကျေးဇူးရအောင်
ကြက်သွန်နီဟာ ပန်းသီးထက်ကို ဆရာဝန်တွေ ခေါ်ဖို့ မလိုအပ်အောင် အစွမ်း ထက်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြက်သွန်နီမှာ ပါဝင်တဲ့ quercetin ကို ပန်းသီးမှ ရတဲ့ quercetin ထက် သုံးဆပိုပြီး စုပ်ယူနိုင်ပါတယ်။ Thiosulfinates အများဆုံး ရရှိအောင် အနီအောင် ဒါမှမဟုတ် အဝါရောင် ကြက်သွန်နီကို ရွေးချယ်ပါ။ အရောင်စုံလေ ပိုကောင်းလေပါ။

“အပူချိန်ကြောင့် Thiosulfinates တွေလျော့နည်းသွားနိုင်တာမို့ ကြက်သွန်နီကို အစိမ်းလိုက်စားပါ။ ဒါမှမဟုတ် မကျက်တကျက်စားပါ။ ကြက်သွန်နီ အမျိုးအစား များစွာရှိပြီး ချက်ပြုတ်နည်းတွေလည်း ကွဲပြားတာမို့ ဘယ်လောက်စားရမလဲ ဆိုတာ ပြောရခက်ပါတယ်။ နေ့စဉ်စားနေကျ အစာအဖြစ် ပုံမှန်စားသင့်တယ်” လို့ သုတေသနပြု သူတွေက ဆိုပါတယ်။
ကြက်သွန်နီကြောင့် အနံ့နံတာကို နံနံပင် စားတာနဲ့ ဖြေဖျောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ၂ဝဝ၂ ခုနှစ်က ဆီးလမ်းကြောင်းဆိုင်ရာ ဂျာနယ်လေ့လာမှု အများအပြားကို စိစစ်ပြီး ဖော်ပြထားချက် အရ နံနံပင်အမြစ်ဟာ ဆီးထွက်အားကောင်း စေတယ်လို့ သိရပါတယ်။ နံနံပင်ကို ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသန ပြုသူတွေက ထောက်ခံကြပါတယ်။

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီ
ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင် အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ ဆံပင်များ ရှည်လျားစေသည့် အပြင်ဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူမှ ထုတ်နုတ်ထားသော ပစ္စည်းများပါသည့်ခေါင်းလျှော်ရည်များသည် ဆံပင်ကို သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ကျိုးကြေခြင်းတို့ကို ကာကွယ်ပေးသည့်အပြင်ဆံကေသာကိုတောက်ပြောင်လှပလာစေသည်။ ဆံပင် ခြောက်သွေ့နေသူများနှင့် ဦးရေပြားယားယံတတ်သူများလည်းကြက်သွန်ဖြူကို ယားယံမှုများမှ သက်သာစေရန် အသုံးပြုနိုင်သည်။

ဆံပင်ကျွတ်ခြင်းအတွက်ညအိပ်ရာမဝင်မီတစ်နာခန့်အလိုတွင်ကြက်သွန်ဖြူတစ်မြွှာအားအလွှာလိုက်လှီးကာဆံပင်ကျွတ်နေသောနေရာတွင် ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီနှင့် နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်ကြာ ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။

ကြက်သွန်နီ
ကြက်သွန်နီတွင် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ ဘီစစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။ ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင် ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။

ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်တွင် တိုက်ရိုက် လိမ်းလိုက်ပါ။ ထို့နောက် ဆံပင်အရင်းအထိ စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက လအနည်းငယ်အတွင်း ဆံကေသာ သန်စွမ်းလာစေ နိုင်ပါသည်။

နေ့စဉ်စားသင့်တဲ့ ကြက်သွန်ဖြူ တစ်စေ့တစ်စောင်း
(၁) ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သလိပ်ရှင်းသည်။ ဆီးကိုရွှင်စေသည်။ အလွယ်တကူ ကျရောက် တက်သည့် ရောဂါပိုးများကိုလည်း ကာကွယ်ပေးနိုင်သည်။ ကင်ဆာဆဲလ်များ ဖြစ်သော ကာစီနိုဂျင် (Carcinogens) များကို ဟန့်တားခြေဖျက် နိုင်စွမ်း ရှိကြောင်းပင် ဖြစ်သည်။
(၂) ကြက်သွန်ဖြူတွင် ပါဝင်သော အော်ဂင်နိုဆာလ်ဖာ ဒြပ်ပေါင်းသည် ဝမ်းတွင်းရှိ ဗက်တီးရီးယားများကို ဟန့်တား နိုင်သည်။ အစိမ်းလိုက်စားခြင်းဖြင့် ဝမ်းတွင်းကင်ဆာ ဖြစ်မှုကို ပပျောက်စေနိုင်ကြောင်း
(၃) အမျိုးသမီးများတွင် ဖြစ်တက် လေ့ရှိသော ရင်သား ကင်ဆာဆဲလ် (Breast Cancer Cell) များတိုးပွားမှုကို ရပ်ဆိုင်းစေသည်။ ကြက်သွန်ဖြူသည် ရင်သားကင်ဆာ ဖြစ်မှုကိုဟန့်တားစေ နိုင်ကြောင်း
(၄) ကြက်သွန်ဖြှူဆီသည် ပင်ပန်းနွမ်းနယ်မှု Stress ကိုလည်း လျော့နည်းသက်သာ စေနိုင်ကြောင်း
(၅) ကြက်သွန်ဖြူသည် အူမကြီး၊ စအို၊ အစာ ရေမျိုနှင့် အရေပြားတွင် ဖြစ်ပွားစေတက်သော အဖုအကြိတ်များ၏ ကြီးထွားမှုကို ဟန့်တားစေနိုင်ကြောင်း
(၆) နေ့စဉ် ကြက်သွန်ဖြူဥ တစ်လုံးကို စားသုံးခြင်းဖြင့် ကိုလက်စရော ၉% ကျဆင်းစေနိုင်ကြောင်း၊ ကိုလက်စရော ၁% ကျဆင်းတိုင်း နှလုံး သွေးကြောကျဉ်း ရောဂါဖြစ်ရန် အလားအလာများ ၂% လျော့နည်းသွားကြောင်း
(၇) ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကာကွယ်စေနိုင်ကြောင်း၊ အရေပြားပေါ်တွင် ဖြစ်ပွားတတ်သည့် မှက္ခရုရောဂါနှင့် အရေပြားမှိုစွဲရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း၊
(၈) အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုတ်ကွေး ဖြစ်ခြင်းနှင့် လေပြွန်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်ရောင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်သည်။
(၉) ကြာရှည်စားသုံးလျှင် ဆံပင်နက်၍ သုတ်ကိုပွားစေသည်။
(၁ဝ) ကြက်သွန်ဖြူသည် အဆီကို ကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုးရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုးရောဂါကို ပျောက်စေနိုင်သည်။ သွေးအဆီပိတ်သည့် ရောဂါကိုဖြေရှင်း နိုင်စွမ်းရှိသည်။
(၁၁) မလိုအပ်သောအဆီများကို ပျော်ဝင်စေသည်သာမက ဆုံဆို့နာ၊ အဆုတ်နာများ ကိုအပါအဝင် ပိုးမွှားများ ကို သတ်နိုင်ကြောင်း နှင့် ပင်နီဆလင်ဆေးအပြင် အခြားပဋိဇီဝဆေး အချို့ထက်အစွမ်းထက်ကြောင်းကို သတင်းတစ်ခုက ဆိုထားသည်။
(၁၂) ကြက်သွန်ဖြူကို ပါးပါးလှီးထောပတ်နှင့်ကြော် ထမင်းနှင့် နယ်စားပါက ဝမ်းကိုက်ရောဂါကို ပျောက်စေနိုင်သည်။
(၁၃) ဆီးနှင့်ဝမ်းကိုရွှင်စေ သဖြင့် မီးဖုတ်စားသော် လေကိုအထူးရွှင်စေနိုင်သည်။ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက်ရောဂါများကို ပျောက်စေ နိုင်သည်။
(၁၄) ကြက်သွန်ဖြူဥတစ်လုံးကို ကြေးချိတ်နှင့်ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော်စားဝင် အားအင်ပြည့်ဖြိုးစေနိုင်ပြီး ကျန်းမာရေးပို၍ ကောင်းစေသည်။
(၁၅) ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေသည်။ ချောင်းဆိုးသလိပ်ကပ်ခြင်းတို့ကို
ပျောက်စေသည့်အပြင် ရောဂါပိုးများကိုလည်း သေစေနိုင်သဖြင့် မြစ်ခြောက်နာခေါ် အဆုတ်နာ (တီဘီ) ရောဂါများအတွက်ကိုလည်း တိုက်ကျွေးနိုင်သည်။
(၁၆)ကလေးများလေဆန်နာဖြစ်ခဲ့ပါက ကြက်သွန်ဖြူဥ တစ်လုံးကို မီးဖုတ်ကျွေးခြင်းဖြင့်ပျောက်ကင်းစေ နိုင်သည်။
(၁၇) ကြက်သွန်ဖြူကို နှမ်းဆီ၊ လေညှင်းတို့နှင့် ရောစပ်ကျိုချက်ပြီး လိမ်းဆေးအဆီအဖြစ်ပြုလုပ်၍ လိမ်းပေးခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ နားပြည်ယိုခြင်းများကို သက်သာစေသည်။

ကြက်သွန်ဖြူ အစွမ်း
အဆီကျစေသဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုး ရောဂါမဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုးရောဂါကို ပျောက်စေပါတယ်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းစေပါတယ်။

အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေပြီး ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေပါသတဲ့။

ရောဂါပိုးများ သေစေနိုင်သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ ရှင်များကိုလဲ တိုက်ကျွေးနိုင်ပါတယ်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။

နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။

မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

ကျန်းမာရေးနှင့် အလှအပအတွက် ကြက်သွန်ဖြူ
ပြတိုက်မှသူငယ်ချင်းများအတွက်ဒီနေ့တော့ ကြက်သွန်ဖြူကို ကျန်းမာရေးအထောက်အကူအဖြစ်သာမက အလှအပအတွက်ပါ အသုံးဝင်ပုံကို တင်ပြဝေငှပေးလိုက်ပါတယ်။ ကြက်သွန်ဖြူဆိုတာ အိမ်တိုင်းမှာ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းလေးဖြစ်တာမို့ သူ့ ရဲ့ အသုံးဝင်ပုံလေးတွေ သိထားခဲ့ရင် သူငယ်ချင်းများအတွက် အကျိုးများမည်အထင်နှင့် 8 Day ဂျာနယ်မှ ကူးယူဝေငှပေးလိုက်တာပါ။

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်လို့ တချို့ဆေးပညာရှင်တွေက ဆိုထားပါတယ်။ မီးဖိုချောင်ရဲ့ ဟင်းအမယ်တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာလည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက် အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံတစ်ခုကတော့ ချောင်းဆိုးသံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲဖြစ်ဖြစ် အဟွတ်အဟွတ်နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါအတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုး ရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။

ကလေးချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေးချောင်းဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်းအတွက်တော့ ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြိတ်ပြီး နားထင်ကို လိမ်းပေးနိုင်ပါတယ်။ အကြောကိုက်ခဲခြင်းအတွက် ကြက်သွန်ဖြူအရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဟာသွေးတိုးရောဂါကိုနိုင်ပါတယ်။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး(သို့)သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများ ကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာတဲ့အရည်နဲ့ အနာကို မကြာခဏ ပွတ်ပေးပါက မုချပျောက်ကင်း သွားပါမယ်။ ဝဲရောဂါအတွက် ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနဲ့လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုနဲ့နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

ကျောရိုးမကြီးကင်ဆာရောဂါကို ၃ဝ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်မှာ မလိုလားအပ်တဲ့ ရောဂါဘယာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရိုးရိုးစားသုံးရင် တောင် အကျိုးရှိစေပါတယ်။

အလှအပအတွက်
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း များစွာ အထာက်အကူ ပေးပါတယ်။ ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ ဒုတိယအဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေးတွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက် ပြောင်လာစေပါတယ်။

ပွတ်သပ်တဲ့အခါမှာ ငါးမိနစ်ခန့်ပွတ်ပေးပါက လုံလောက်ပါတယ်။ တတိယအဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီးစိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန်ဖြူအနံ့မထွက်အောင် ဆေးတာဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူ ဥတစ်လုံးကို လှီးပြီးထည့်ထားပေးပါ။ ရ၁ဝ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်းမာကျောလာမှာ ဖြစ်ပါတယ်။

အလွယ်တကူနဲ့ လက်သည်းကျိုးတတ်တဲ့သူများ အသုံးပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့နေရာတစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေး လိုက်တာနဲ့ သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့အနှစ်၊ ကြက်သွန်ဖြူဥနှစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ကြက်သွန်ဖြူအနံ့ပျောက်အောင်
လီမွန်ဖျော်ရည်သောက်ပေးခြင်းဖြင့် ကြက်သွန်ဖြူအနံ့ကို ဖျောက်နိုင်ပါတယ်။ ရှောက်သီးစိတ်၊ သံပရာသီးစိတ်၊ လိမ္မော်သီးစိတ်တို့ နည်းနည်းလောက် စားပေးရင်လည်း ကြက်သွန်ဖြူအနံ့ပျောက်တာ ဖျောက်နိုင်ပါတယ်။ လက်မှာ ကြက်သွန်ဖြူအနံ့ထွက် နေရင်တော့ စတီးဇွန်းနဲ့ ပွတ်ပေးပါ။ စတီးဇွန်းမရှိဘူးဆိုရင် အိမ်သုံးဆားနဲ့ ပွတ်ပေးပါ။

ဘေးထွက်ဆိုးကျိုး
ကြက်သွန်ဖြူဟာ အက်စပရင်လိုပဲ သွေးကို ပါးစေပါတယ်။ လူတွေအတွက်တော့ မဟုတ်ပေမယ့် အိမ်မွေး တိရစ္ဆာန် မွေးထားတဲ့ သူတွေအတွက် သတိထားစရာဖြစ်လို့ ဖော်ပြရတာဖြစ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ဟာ ခွေးနဲ့ကြောင်တွေအတွက် အဆိပ်ဖြစ်စေပါတယ်။

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ
ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့ သိပြီးကြမှာပါ။ ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း
ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁ဝမိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။

အအေးမိရောဂါ သက်သာစေခြင်း
နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူနှစ်မြွာကို ၂၅ စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။ 

ကြက်သွန်ဖြူနဲ. ကြက်သွန်နီရဲ. အကျိုးကျေးဇူးအကြောင်း  On Line မှာရေးထားတာလေးတွေကို ဒေါက်တာတင်.ဆွေက စုစည်းပေးထားတာပါ

No comments:

Post a Comment