Wednesday, September 18, 2013

ဖြစ်ချင်ရာဖြစ် မောင်ဘချစ် - မင်းသိင်္ခ


ခုလို မိုးလေးက တစ်ဖြောက်ဖြောက် ကောင်းကင်ကလည်း အုံ.မှိုင်းလို. နေတဲ့ ရာသီမျိုးမှာ ဆရာကြီး ရွှေဥဒေါင်းတို. ဒဂုံရွှေမျှားတို. မင်းသိင်္ခတို.လို စာအုပ်လေးကိုဖတ် ..ဟိုးခောတ်က သီချင်းလေးတွေဖြစ်တဲ့ ဒီမိုးမှောင်တုန်း မောင်ပုန်းပါရစေခင်တို.  ချစ်မိုးကြီးတို.ကို နားထောင်ရင်း အိပ်ရာထဲကွေးနေရလို.ကတော. လူက ဟိုးးးခောတ်က စမ်းချောင်းရွာလေးတို. ရန်ကုန်မြို.လည်က စတော.ဂိတ် ဂုံးတံတား တို. ..၅ထပ်ကြီး ဘုရားနားက စိုက်ခင်းလေးတွေဆီတို. ရောက်သွားသလိုပါပဲဗျာ
ခုပြန်ဖတ်ဖြစ်တဲ့ စာအုပ်လေးက ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဆိုတဲ့ ဆရာကြီး မင်းသိင်္ခ ရဲ. စာအုပ်လေးပါ  ဇာတ်လမ်းကတော. ဘယ်လိုလောကဓံတွေပဲကြုံရ ကြုံရ စိတ်ဓါတ်မကျပဲ အအောင်မြင်ဆုံး ဘ၀ကို အမှန်ကန်ဆုံး နည်းလမ်းတွေနဲ. ဖြတ်သန်းကျော်ဖြတ် သွားတဲ့ လူတစ်ယောက်အကြောင်းပါ.. သူ.ရဲ. ပင်တိုင်ဇာတ်လိုက် တစ်ဦးဖြစ်တဲ့ တရုပ်ကြီး ဦးဂွမ်တီ ရဲ. သွန်သင်မှုတွေ နဲ.အဓိကဇာတ်ကောင်မောင်ဘချစ်ကို ထိန်းကျောင်းမောင်းနှင်သွားတဲ့ ဇာတ်လမ်းလေးပါပဲ

ပြောချင်တာက မူရင်းဇာတ်လမ်းသွားမဟုတ်ပဲ ဆရာကြီး မင်းသိင်္ခ ရဲ.ထုံးစံအတိုင်းနေရာတကျ ထည်.သွင်းထားတဲ့ ဒဿနတွေပုံပြင်တွေ..ဥာဏ်စမ်းတွေ ..ဗဟုသုတ တွေ အကြောင်းပါပဲ
 စာရေးသူကတော. သူဟာ နပိုလီယံဟီး  ရေးသားသော Think in Growth Riches ..1936 ဒီဇင်ဘာထုတ် Burma Journal နှင်. ဆရာတက်တိုး ရဲ...သောကကင်းဝေးနေနိုင်ရေး စတဲ့ စာအုပ်တွေထဲံက အချက်အလက်တွေကို ဒီဝတ္တုမှာ ယူသုံးထားကြောင်း နဲ. ရေးဟန်ကိုတော. ဆရာကြီးရွှေဥဒေါင်းတို.ရဲ. ရေးဟန် ဇာတ်လမ်းသွားတို.ကို တုမှီးကြောင်း လှေငယ်တို.သည် ကမ်းမှဝေးဝေးမခွာစကောင်း ဆိုတာမျိုးနဲ. ၀န်ခံထားပါတယ်



စိတ်ဝင်စားစရာ ဥာဏ်စမ်းလေးတစ်ခု ထည်.ထားရာမှာ ဟိုးတုန်းက ရွာလေး တစ်ရွာအပြင်ဘက်မှာ ဘုရား ၃ဆူရှိပြီး အဲ့ဒီဘုရားတွေအနားမှာအနားမှာလည်း ရေကန်တစ်ခုစီ ရှိတယ်တဲ့ လူတစ်ယောက်က ဘုရား ၃ဆူလုံးကို သစ္စာပန်းတွေကပ်ဖို.သွားတယ်တဲ့ ..ရေကန်တွေရဲ.ထူးခြားမှုက ပန်းတွေကို နှစ်လိုက်ရင် နှစ်ဆတိုးသွားစေနိုင်တယ်တဲ့ .သူဟာ ဘုရားတစ်ဆူကို ပန်းကပ်ပြီးတိုင်း ပန်းတွေကို ရေထဲနှစ်ပြီးဆေးလေ.ရှိတယ်တဲ့.အဲဒီတော..ဘုရား ၃ဆူလုံးကို ပန်းတွေ အရေအတွက်တူသာ အကုန်လှုနိုင်ခဲ့တယ်ဆိုရင် ဒီလူဟာ ပန်းဘယ်နှစ်ပွင်. ယူလာပြီး ဘုရားတစ်ဆူကို ပန်းဘယ်နှစ်ပွင်.လှုခဲ့ပါသလဲ တဲ့
ဗဟုသုတတွေအနေနဲ.ကတော. ဘာကြောင်. Jeep လို.ခေါ်လဲဆိုတဲ့ အဓိပ္ပါယ်မှာ
Jeep = Just Economic and Emergency Purpose ( ချွေတာရေး နဲ. အရေးပေါ် သက်သက် )
မိန်းမတွေ ပစ်ခွာတတ်တဲ့ မနှစ်သက်တဲ့ ယောက်ကျား ၈မျိုးကိုမာဃဒေ၀ ကျမ်းမှာ ဒီလိုရေးသားထားပါတယ်တဲ့
လင်မွဲ ၊ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက်၊ လင်ဖျင်း၊ လင်ပျင်း၊ လင်အို၊ အလိုမဖြည်. မပြည်.ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤ ရှစ်မည်ကြောင်. မကြည်မသာ ပြုတတ်စွာ၏
ဒါ.အပြင် ဗဟုသုတ အနေနဲ.ရော အတုယူဖွယ်အနေနဲ.ပါ ပါတဲ့အကြောင်းအရာလေးကတော. ရန်ကုန်မြစ်ထဲမှာ သဗာန် ခပ်နေတဲ့သူတစ်ယောက်က တစ်နေ.သိပ်အိပ်ချင်တာနဲ့ ပေါင်းမိုးလေးထဲဝင်အိပ်နေတုန်း ခြေထောက်ပိုင်းကို နေက ခြစ်ခြစ်တောက် ပူနေ တယ်.တဲ့ဒါပေမယ်.လည်းဖြစ်သလို အတင်းအိပ်နေတုန်း မိုးကသဲသဲမည်းမည်း ရွာချလိုက်တာကြောင်. လန်.နိုးလာပြီး ငါဟာ လူတစ်ယောက် ဖြစ်ပါလျှက် နားနေအိပ်စက်ဖို.နေရာ တစ်ခုတောင်မရှိနိုင်ပဲ ဒီပေါ်မှာပဲနေ ဒီပေါ်မှာပဲအိပ် ဒိပေါ်မှာပဲစားနေနေ ရတယ်ငါ.ဘ၀မှာခြံဝင်းကျယ်ကျယ်နဲ. အိမ်ကြီးကြီး တစ်လုံး တော. ရှိအောင်လုပ်ရမယ်ဆိုပြီးကြိုးစားခဲ့သူ ဟာနောက်တော. ၇န်ကုန်ရဲ.ချင်းချောင်းနန်းတော်လို. အများခေါ်ကြရတဲ့ အိမ်အကြီးကြီးကို ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံကျော် သူဋ္ဌေးကြီးချင်းချောင်း အဖြစ် အောင်မြင်လာခဲ့ပါတယ်တဲ့

ဒါ.အပြင် တွေးစရာလေး တစ်ခုအနေနဲ. တစ်ခါတုန်းက တရုပ်ပြည်မှာ ကလေး၂ယောက် အငြင်းအခုံ ဖြစ်ကြတယ်တဲ့ ပထမကလေးက နေဟာ မနက်ဘက်မှာ ငါတို.နဲ.ပိုနီးပြီး ညနေဘက်ကျမှ ဝေးသွားတာတဲ့ ..ဘာကြောင်.လဲဆိုတော. မနက်ဆို နေကို အလုံးအကြီးကြီးမြင်ရပြီး ၀င်ကာနီးတော. သေးသေးလေးပဲမြင်ရတာကြောင်.ပါတဲ့ ဒုတိယ ကလေးကတော. မဟုတ်ဘူး နေဟာ ညနေဘက်မှပိုနီးတာတဲ့ ..ဘာကြောင်.လဲဆိုရင် မနက် ထွက်လာတဲ့ အချိန်မှာ သိပ်မပူဘဲ ညနေ ၀င်ကာနီးလေ ပိုပူလာလေကြောင်. ပါတဲ့ အဲဒီနားကို တရုပ် ပညာရှိကြီး ကွန်ဖြူးရှပ် ရောက်လာချိန်မှာ ကလေး ၂ယောက်က အားကိုးတကြီးနဲ. ပညာရှိကြီး ဘယ်သူမှန်လဲ ဆုံးဖြတ်ပေးပါလို. ကလေးတွေက တောင်းဆိုတယ်တဲ့ ..ဒါပေမယ်.လည်း ပညာရှိကြီးဟာ ဆုံးဖြတ်မပေးပါဘူးတဲ့ ..ဒါကို ကလေးတွေက ခင်ဗျားဟာ ပညာရှိကြီးဖြစ်ပြီး     ကလေး ၂ယောက်ရဲ.ပြဿနာကိုတောင်ဖြေ ရှင်းမပေးနိုင်ဘူးလို.ပြောတော. သူဟာပြုံးပြီး ကလေးတွေ နားကထွက်သွားတယ်တဲ့ မိမိစိတ်တိုင်းကျ ဆက်တွေးနိုင်တဲ့ ကိစ္စရပ်ပါ

ထုံးစံအတိုင်း အတွေးအခေါ်တွေကတော. တရုပ်ကြီး ဦးဂွမ်တီရဲ. အပြောနဲ. ရေးထားပါတယ်
ဆုံးမစာ အနေနဲ.လူမိုက်က လက်စားချေဖို. စောင်.နေချိန်မှာ ပညာရှိသူတော်ကောင်းက တောင်းပန်ဖို.အသင်.ပြင်ထားပြီးသား ဖြစ်နေပြီ
အိမ်ထောင်ပြုခြင်းနဲ. ပတ်သက်လို. ယောင်္ကျားတွေက မိန်းမတွေကို ကလေးမွေးတဲ့ စက်ရုံလောက် အောက်မေ.ကြတာ ..အ၀တ်အစားလျှော်ဖို. ဒိုဘီဆိုင်လောက်ပဲ သဘောထားကြတာ..ထမင်းဟင်းချက်ပြုတ်ပေးတဲ့ ထမင်းချက် တစ်ယောက်လောက် သဘောထားကြတာ..အဲ.ဒီလို စိတ်ကူးမျိုးနဲ.တော. မိန်းမ မယူချင်စမ်းပါနဲ. မိန်းမ ဆိုတာ သုညနဲ.တူတယ်..တစ်နောက်မှာ တွဲခွင်.ရရင် သူ.တန်ဖိုးဟာ ၁၀ ပဲဖြစ်တယ် ..၂နောက်မှာ တွဲဆက်ခွင်.ရရင်တော. ၂၀ ဖြစ်သွား သလို ၉နောက်မှာ တွဲခွင်.ရရင်တော. ၉၀ ဖြစ်သွားမှာ..ဒီလိုပဲ သုညကို ကိုယ်.နောက်မှာ ကပ်လိုက်တဲ့အတွက် ကိုယ်လည်း တန်ဖိုးအများကြီး တက်သွားတယ်..တကယ်လို.များ ကိုယ်ယူတဲ့ မိန်းမဟာ သုည ၂လုံးနဲ.တူခဲ့ရင် ကိုယ်ဟာ ရာတန်းကို ရောက်သွားပြီး သုည၃လုံးနဲ. တူတဲ့ မိန်းမကို ယူမိရင်တော. ထောင်တန်းကို တန်းရောက်သွားမှာ..

အနားယူခြင်းနဲ. ပတ်သက်တဲ့ ဒဿနလေးတစ်ခုကတော. တကယ် အလုပ်လုပ်မဲ့ လူဟာ မမောခင် အနားယူရတယ် ..မောမှ အနားယူရင် အမောမပြေတော.သလို ပြန်လုပ်ရမှာ ကိုလည်းကြောက်လာတတ်တယ်
လောကဓံကို ရင်ဆိုင်တဲ့ နည်းတစ်ခုအနေနဲ.ကတော...အားတင်းတတ်တဲ့ လူကအလကား အားလျော.တတ်တဲ့သူက ပတ္တမြားလောကကြီးကို ရင်ဆိုင်မယ်ဆိုပြီး အ့တွေကြိတ်..လက်သီးတွေဆုပ်..နဖူးကြောတွေရှုံ. မျက်မှောင်တွေကုတ်ထားတဲ့သူဟာ လောကဓံတရားကို ကြာကြာ ရင်မဆိုင်နိုင်ပါဘူးအကြောအချင်တွေလျှော.ပြီး တွေ.ကြုံသမျှ ပြဿနာတွေကို ဖြစ်ချင်တာဖြစ်လာပါစေ နောင်ခါလာ နောင်ခါဈေးပဲ သဘောထားပြီး ခွန်အားတွေကို စနစ်တကျ လျှော.ပစ်တတ်တဲ.သူကမှ လောကဓံကိုကြာရှည် ကြာရှည်ရင်ဆိုင်နိုင်တာ
သဘောထားကြီးဖို.ကိုတော.  လက်စားချေခြင်းဆိုတာ ချိုမြိန်တဲ့ အရသာ တစ်မျိုးပဲ..ဒါပေမယ်. လက်စားချေခွင်.ရတဲ့ တိုင်အောင် လက်စားမချေတော.ပဲ ခွင်.လွှတ်လိုက်ခြင်းဟာ ပိုပြီးချိုမြိန်တယ် ဆိုတဲ့ အသိတရားလေးတစ်ခု ပေးထားပါတယ်

ဒါ.အပြင် ပုံပြင် လေးတစ်ပုဒ် ထည်.ပေးထားပါသေးတယ် ..ပြုံးစရာလေးပါ.. ချဲ.ကားရေးရင်တော. ၁၈+ ဖြစ်သွားနိုင်တာမျိုးပေမယ်. ဟာသပုံပြင်လေးအနေနဲ. ရေးပေးထားတာပါ..
တစ်ခါတုန်းက ဘုရင်ကြိး တစ်ပါးရှိတယ်တဲ့ ..အဲ့ဒီဘုရင်ကြီးမှာ မိဖုရား ၃၆၅ ယောက်ရျိတာကြောင်. သူဟာ တစ်နှစ်နေမှ မိဖုရား တစ်ပါးဆီ တစ်ခေါက်ပဲ ရောက်နိုင်တယ်တဲ့ ..အဲ့ဒီမိဘုရား တစ်ပါးရဲ. နန်းဆောင် တစ်ခုနားမှာတော. နန်းတွင်းအလုပ်သမား အချို.ရှိနေပြီး အဲ့ဒီမိဘုရားကို ကြိတ်သဘောကျနေတဲ့ ဘိန်းစားတစ်ယောက်လည်းရှိတယ်တဲ့ ..သူဟာပုံမှားရိုက်ဖို.ချောင်းနေရင်း ဘုရင်ကြီး လာရမယ်. ရက်မှာ သူဟာ မိဖုရားဆီ အရင်ကြိုသွားလိုက်တယ်တဲ့ မီးကမှောင်ချထားတာမို. မိဖုရားကြီးလည်း ဘုရင်ကြီးအမှတ်နဲ. .လိုက်တယ်တဲ့ ကိစ္စ၀ိစ္စပြီးလို. သူ ပြန်ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဘုရင်ကြီးရောက်လာပါလေရော တဲ့ ..မိဖုရားကြီးကလည်း ဘုရင်ကြီးကို အဲ့ဒိတော.မှ မေးတယ်တဲ့ ..အရှင်မင်းကြီးက ၂နှစ်စာ တစ်ခါတည်း လာလိုက်တာပေါ.လေ  ဆိုတော. ဘုရင်ကြီးက ရိပ်မိသွားပြီး မဟုတ်ပါဘူး ဆေးလိပ်လေး ကျန်ခဲ့လို. ပြန်လာယူတာ လို.ပြောပြီး အနီးဆုံးမှာ ရှိတဲ့ တန်းလျားဆီသွားတယ်တဲ့ မီးတွေကလည်း မှောင်နေတာမို. ဘုရင်ကြီးက ဒီထဲက တစ်ကောင်ကောင်တော.ဖြစ်မှာပဲ  ဘယ်လိုစစ်ရင်ကောင်းမလဲ တွေးမိတော. မဟုတ်တာ လုပ်ထားတဲ့ ကောင်က ရင်ခုန်သ့တော. ပိုမြန်နေမှာပဲ ဆိုပြီး အိပ်နေတဲ့ သူတွေကို အကုန်လျှောက် စမ်းတော. အိပ်ချင်ယောင်ဆောင်နေတဲ့ တရားခံကိုတွေ.ပါလေရောတဲ့ ဒါနဲ. သူလည်း ဒီကိစ္စ မနက်မှ ရှင်းမယ်ဆိုပြီး တရားခံငြင်းမရအောင် အဲ့ဒီလူရဲ. ဆံပင်ကို သံလျှက်နဲ. ဖြတ်လာခဲ့တယ်တဲ့..ဘုရင်ကြီးလည်းပြန်ရော ဘိန်းစားဟာ အမြန်ထပြီး အိပ်နေသူ အားလုံးရဲ. ဆံပင်တွေကို လိုက်ဖြတ်ပြီး ပြန်အိပ်နေလိုက်ပါတယ်တဲ့မနက်လည်းကျရော အဲဒီက လူတွေ အကုန်လုံး နန်းတော်ရှေ. အခစားဝင်ဖို.အမိန်.ထုတ်လိုက်ပါတယ်တဲ့ .အဲ့ဒီမှာ ဘုရင်ကြီးတွေ.လိုက်ရတာက အားလုံးရဲ. ဆံပင်တွေက ပြတ်လို. ဆိုတော. ဆံပင်ပြတ်ကို ကိုင်ပြီး တရားခံရှာမယ်. ဘုရင်ကြီး အခက်တွေ.ပါလေရောတရားခံကို သေချာမသိပဲ အရှက်တကွဲ နဲ. အားလုံးလည်း သိမှာစိုးလေတော. အေး ငါသိတော. သိနေတယ်နော် မောင်မင်းတို. အထဲက တစ်ယောက်ယောက်တော. တစ်ယောက်ယောက်ပဲ နောက်ဒါမျိုးမလုပ်လေနဲ.လုပ်လို.ကတော.  အသေပဲ လို.ပဲ ရောကြိမ်းလိုက်ရရှာတယ်တဲ့

 (ဖတ်မိတဲ့ စာအုပ်လေးတွေအကြောင်း မျှဝေခြင်းပါ )


ပဟေဋ္ဌိ ရဲ. အဖြေကတော. ပန်း ၇ ပွင်.ယူလာပြီး ၄ပွင်. စ ကပ်ရင် အဖြေမှန်ပါတယ်

No comments:

Post a Comment