Tuesday, September 17, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၇ ) - ရဲမိုး





၁၉၈၈ခုနှစ် တပ်မတော်က ….အာဏာလွှဲပြောင်း မယူသေးခင်ကာလ အထိတော့ တပ်မတော်ထောက်လှမ်းရေးက အဓိက တာဝန်ယူခဲ့တဲ့ ထောက်လှမ်းရေး အခန်းကဏ္ဍဟာ
တိုက်ပွဲထောက်လှမ်းရေး အပိုင်းပဲ ဖြစ်လေ့ရှိပြီး ရန်သူ လက်နက်ကိုင်အဖွဲ့ တွေရဲ့ ဖွဲ့ စည်းပုံ အင်အား တည်နေရာ လှုပ်ရှားမှုတွေ ကို အဓိကထား ထောက်လှမ်းလေ့ရှိကာ သောင်းကျန်းသူ အဖွဲ့ များအတွင်း
သတင်းပေးများ မွေးမြူခြင်း မိမိ တပ်ဖွဲ့ ဝင်များ စေလွှတ်မြုပ်နှံထားခြင်းတွေကိုသာဆောင်ရွက်လေ့ရှိခဲ့ပါတယ်….

တန်ပြန်ထောက်လှမ်းရေးနဲ့  နိုင်ငံရေး ကိစ္စ များကို တော့ …..အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကသာ ဦးစီး ဆောင်ရွက်လေ့ရှိပြီး ၀န်ကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီး ဟာ အဖွဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူး ဖြစ်ကာ
တပ်မတော်ထောက်လှမ်းရေးကတော့ အဖွဲ့ ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သာပါဝင်လေ့ရှိပါတယ်…..
တပ်မတော် အစိုးရတက်လာပြီးတဲ့ နောက်မှာတော့ ….အင်မတန်သိမ်မွေ့ တဲ့ ….အရပ်ဖက် ထောက်လှမ်းရေးအဖွဲ့ အစည်းများကို ကိုင်တွယ်ထိန်းချုပ်ဖို့ အတွက် …..တပ်မတော်ထောက်လှမ်းရေးဟာ….
တန်ပြန်ထောက်လှမ်းရေး နဲ့ နိုင်ငံရေး ကိစ္စ များမှာပါ
စတင် ဦးဆောင်လာရပါတော့တယ်…..

ဒါဟာ…အနာဂတ်မှာ ….တပ်မတော်ထောက်လှမ်းရေးရဲ့ ပါဝါ …..အလွန်အမင်း မြင့်မားလာပြီး …..
တပ်မတော်ကိုယ်တိုင်က ပြန်လည် ထိန်းချုပ် …..အရှိန်သတ်ယူစေရတော့တဲ့ အကြောင်းရဲ့ …..
အဓိက အချက်လည်း ဖြစ်ပါတယ်……
 

ဖွဲ့ စည်းပုံအရ တပ်ဖွဲ့ ဝင် အင်အား နည်းပါးလှတဲ့ …တပ်မတော်ထောက်လှမ်းရေး အဖွဲ့ အစည်းဟာ….
သူ့ ရဲ့ လုပ်ငန်းသဘောသဘာဝ အရ …..အရမ်းကြီး စစ်သားဆန်လှတယ်တော့ မဟုတ်လှပါဘူး …..
များသောအားဖြင့် အရပ်သားတွေနဲ့ သာ ထိတွေ့ ဆက်ဆံနေရတတ်ပြီး …..ထောက်လှမ်းရေး အော်ပရေးရှင်း အတော်များများဟာလည်း ….မြို့ ပေါ်တွေမှာသာ ဆောင်ရွက်ရတာဖြစ်တဲ့ အတွက်….
ခြေလျင်တပ်က အနေဆင်းရဲ အစားဆင်းရဲ စစ်သည်တွေရဲ့ အမြင်မှာတော့ ….ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေကို ….သိပ်အမြင်ကြည်လင်လေ့ မရှိတာဟာလဲ …..သဘာဝကျစွာလက်ခံရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်…..

၁၉၉၀ ပြည့်လွန်နှစ်ကာလတွေ မှာ …..တောထဲကနေ မြို့ ပေါ်ကို ၀ုန်းကနဲ ရောက်ရှိလာတဲ့ ….
ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့ အစည်းတွေဟာ ….မြို့ ပြရဲ့ ဥပဒေ လူနေမှု စနစ်တွေနဲ့ ချက်ချင်း အသားမကျပဲ …ပြသနာ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်….
ဒီအချိန်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေကို …သူတို့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရဲ့ …..
" မင်းတို့ …..သူတို့ ကို ဥပဒေဘောင်ထဲမှာ နေတတ်လာအောင် …..အသားကျအောင် အချိန်တစ်ခုပေးထားဖို့ လိုလိမ့်မယ် ….ဒီကြားကာလမှာ ဖြစ်တဲ့ ပြသနာတွေမှာ …..မင်းတို့ ကအတတ်နိုင်ဆုံး ကြားကနေ ….
စေ့စပ်ညှိနိုင်း ဆောင်ရွက်ပေးဖို့ လိုမယ် ….." ….ဆိုတဲ့  လမ်းညွှန်ချက်ဟာ …..တိုက်ပွဲတွေ တဂျိမ်းဂျိမ်း ဖြစ်ပွားနေတဲ့ ….ပြည်နယ်များက လူထုအတွက်တော့ …..သူတို့ ပြည်နယ်ကြီး ငြိမ်းချမ်းသွားတာနဲ့ စာရင် …
ဘာမှမပြောပလောက်ဘူးလို့ ယူဆကြပေမယ့် ….ရန်ကုန် မန္တလေးတို့ လို မြို့ ကြီးပြကြီး များက ….
သာမန်ပြည်သူတွေ အတွက်တော့ …..ဘယ်လိုမှနားလည်နိုင်စရာ အကြောင်းမရှိခဲ့ ပါဘူး….။

ပြသနာအတော်များများကို လက်နက်နဲ့ ဖြေရှင်းလေ့ ရှိတဲ့ ….တောတွင်းကရောက်လာခါစ သူတွေဟာ ..
ပြသနာတက်တိုင်း ….ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်များရဲ့ ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် ….
အဆင်ပြေချောမွေ့ သွားတတ်ပေမယ့် …..လူထုနဲ့  အခြား အစိုးရ အဖွဲ့ အစည်းအတော်များများရဲ့ …..
အမြင်မကြည်လင်မှုကိုတော့ ….ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေ ကပဲ ….တနင့်တပိုး ရရှိရလေ့ရှိပါတယ်……
အလားတူပဲ …..ထောက်လှမ်းရေးတပ်က မွေးမြူထားတဲ့ ….သတင်းပေးအတော်များများဟာလဲ …..
စည်းလွတ်ဝါးလွတ် တာဝန်ထမ်းဆောင်တတ် လေ့ရှိပြီး ….ဒီလူတွေကို ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့ အစည်းဟာလဲ …..ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို တော့ ……မလွဲမသွေ ခံစားရမှာ အမှန်ပဲဖြစ်ပါတယ်…..

ဒါပေမယ့် အဓိကပြသနာကတော့ …..ထောက်လှမ်းရေးရဲ့ ဖွဲ့ စည်းပုံ အင်အား လို့ ပဲဆိုနိုင်ပါတယ်….
နယ်မြေခံထောက်လှမ်းရေးတပ် အများစုရဲ့ တာဝန်ဟာ …..နယ်မြေတွင်း သတင်းရယူတာ ဖြစ်သလို …..
သူတို့ တာဝန်ယူရတဲ့ နယ်မြေဟာလဲ …..ဗိုလ်မှူးအဆင့်ရှိ တပ်မှူးတစ်ဦးနဲ့  ….ဗိုလ်ကြီး အဆင့် နှစ်ဦး သုံးဦး ….အခြားအဆင့်အင်အား သုံးဆယ်လောက်သာရှိတဲ့ ….တပ်တစ်ခုအဖို့ တော့ ….ကြီးမားကျယ်ပြန့် လွန်းလှပါတယ်…..ဒါကြောင့်လဲ …တပ်ဖွဲ့ မှူး အဆင့်တစ်ချိုမှာတောင်….ဒုအရာခံဗိုလ်အဆင့်လောက်တွေပါဝင်လာပြီး …..တပ်ဌာနချုပ် နဲ့ ဝေးကွာလွန်းတဲ့ …..ထောက်လှမ်းရေးတပ်ဆွယ်အသီးသီးက တာဝန်ခံတွေဟာ …..တပ်ကြပ်ကြီးနဲ တပ်ကြပ်အဆင့်တွေလောက်သာ ဖြစ်နေတတ်ကာ …..သူတို့ တာဝန်ယူရတဲ့ ဒေသကတော့ …..
ခရိုင်တစ်ခု နှစ်ခု လောက်ထိ ဖြစ်နေတတ်ပါတယ်…...။

 

ဒါဟာ မသမာမှုနဲ့  ခြစားမှုများကို အကြီးအကျယ်ဖိတ်ခေါ်ခဲ့ သလို …..အခြားတပ်ဖွဲ့ များက တပ်မတော် အရာရှိများရဲ့ ….မျက်စိစပါးမွှေးစူးမှုကိုလဲ …..အကြီးအကျယ်ခံရ စေခဲ့ပါတယ်…..
တကယ်တော့ ဒီပြသနာတွေဟာ …..ထောက်လှမ်းရေးအဖွဲ့ အစည်းကြီးတစ်ခုလုံးရဲ့ …..အစိတ်အပိုင်းလေးတစ်ခုမှာသာ ဖြစ်ပေါ် နေပေမယ့် ….ပြည်သူလူထု နဲ့  အခြား တပ်ဖွဲ့ များရဲ့ အကြည်ညိုပျက်မှုကိုတော့ …..အဖွဲ့ အစည်းကြီး တစ်ခုလုံးကပဲ .....အကြီးအကျယ် ခံစားခဲ့ ရတယ်လို့  ဆိုနိုင်ပါတယ်…....။

တကယ်တော့ …တပ်မတော် ထောက်လှမ်းရေးဟာ……သူ့ ရဲ့ အခြား လုပ်ငန်း တွေဖြစ်တဲ့ ….
ခရီးစဉ် အနီးကပ်လုံခြုံရေးတွေ …ရန်ကုန်မြို့ ပေါ်က သံရုံး ၁၃၀ ကျော်ရဲ့ လှုပ်ရှားမှုတွေ ..နိုင်ငံရပ်ခြားနဲ့ နယ်စပ်ဒေသတွေက ….ထောက်လှမ်းရေး အော်ပရေးရှင်းတွေ ….ပြည်ပက သတင်းပေးများကို ကွပ်ကဲထိန်းချုပ်နေသူတွေ …..အစိုးရအမှုထမ်းအသီးသီးရဲ့ …..အမှုထမ်းလုံခြုံရေး နောက်ကြောင်းစစ်ဆေးနေသူတွေ …အဆင့်မြင့် နည်းပညာသုံး ….ထောက်လှမ်းရေး ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေသူတွေ …..အဖွဲ့ အစည်းအသီးသီး အတွင်းမှာ ….အသွင်ယူမြုပ်နှံထားတဲ့  တပ်ဖွဲ့ ဝင်တွေ စတဲ့ …..မြောက်များလှစွာသော …..ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေနဲ့ စာရင်တော့ ….
ဒီ နယ်မြေခံ ထောက်လှမ်းရေးတပ် များရဲ့ လုပ်ဆောင်ချက်ဟာ ……ပြောပလောက် လှတယ်တော့ မဟုတ်လှပါဘူး…..ဒါပေမယ့်လဲ ဆယ်စုနှစ် နှစ်ခုနီးပါးအကြာမှာတော့ …..ဒီပြသနာဟာ အတော့်ကို ခိုင်ခိုင်မာမာ အမြစ်တွယ်လာပြီဖြစ်သလို …..အထက်အဆင့် တပ်မတော် အရာရှိကြီး တစ်ချို့ အထိပါ
နွယ်တက်ရစ်ပတ်လို့  လာနေပါပြီ…....။

ပြသနာကို ရိပ်စားမိနေပြီဖြစ်တဲ့ ….တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးဟာ …..
တပ်မတော်ထောက်လှမ်းရေးရဲ့ ဖွဲ့ စည်းပုံကို တိုးချဲ့ ဖို့ အတွက် ….၂၀၀၁ ခုနှစ်မှာ ….တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံး အဖြစ်ကို ပြောင်းလဲ ဖွဲ့ စည်းခဲ့ပြီး ….
အင်အားအမြောက်အများ တိုးချဲ့ ကာ…တပ်မတော်ထောက်လှမ်းရေး တပ်ရင်းများနဲ့  …..တပ်ဆွယ်မှူး အဆင့်အထိကို အရာရှိ အဆင့်ကပဲ …..ကိုင်တွယ်ဖို့ စတင်ပြင်ဆင်ခဲ့ ပါတယ် …..ဒါပေမယ့် ဒီ စီမံချက်ဟာ …..
ဘယ်တော့မှ အပြီးသတ်ခွင့်ရတော့မယ် မဟုတ်ပါဘူး …..အချိန်ကတော့ အတော်ပဲလင့်လို့ နေခဲ့ ပါပြီ…..။

 
" ဘာဖြစ်လဲ …ငါတို့ တိုင်းပြည်အတွက် လုပ်ခဲ့ တာ ပဲကွာ…." ဆိုတဲ့ ......လေယာဉ်ပေါ်က ပြန်ပြောလိုက်တဲ့ စကားသံဟာ….တပ်မတော်သမိုင်းက လျှမ်းလျှမ်းတောက် တပ်ဖွဲ့တစ်ခုအတွက်…သူတို့ ခေါင်းဆောင်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်သလို ….အဖွဲ့ အစည်းတစ်ခုရဲ့  နောက်ဆုံးစာမျက်နှာလဲ ဖြစ်ပါတယ်…….
ဒီ ဆုံးဖြတ်ချက်ဟာ ….အနာဂတ် တပ်မတော်သမိုင်းမှာ ….လက်အောက်ခံ တပ်ဖွဲ့ တစ်ခုရဲ့ .....အမိန့် နာခံမှုကို အထင်အရှားပြခဲ့ သလို …..တပ်မတော် အနေနဲ့ လဲ …..အရှက်တကွဲ အကျိုးနည်းဖြစ်ရမယ့် ဖြစ်ရပ်ကြီးက …..
လုံးလုံးလျားလျား ရှောင်လွှဲနိုင်ခဲ့ပါတယ်…..

ဆက်စပ်ဖတ်ရှုရန်..... တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၆ )

No comments:

Post a Comment