Thursday, September 12, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၂ ) - ရဲမိုး



၁၉၉၅ ဇူလိုင်လရဲ့  ညနေခင်းတစ်ခုမှာ ရွေးကောက်ပွဲ အနိုင်ရပါတီခေါင်းဆောင်ရဲ့ အိမ်ရှေ့ မှာ ရာနဲ့ 
ချီတဲ့လူအုပ်ကြီးတစ်ခု စုဝေးရောက်ရှိနေပါတယ်။ ဒါဟာညနေလေးနာရီတိုင်းမှာ ကျင်းပနေကြဖြစ်တဲ့ 
တရားပွဲတစ်ခုရဲမြင်ကွင်းဖြစ်သလိုနေအိမ်အကျယ်ချုပ်ကကင်းလွတ်ခွင့်ရသွားတဲ့ပါတီခေါင်းဆောင်ရဲ့နိုင်ငံရေး
အံတုမှုတစ်ခုလဲဖြစ်ပါတယ်။ အပြန်အလှန်အမေးအဖြေတွေနဲ့စည်းကမ်းသေ၀ပ်လှတဲ့ တရားပွဲဟာ အတော့်ကိုချီးမွမ်းဖွယ်ကောင်းတာမှန်ပေမယ့် မြန်မာ့နိုင်ငံရေးအတွက်တော့ အရေးပါတဲ့အပြောင်းအလဲ တစ်စုံတစ်ရာ ကိုပေးနိုင်စွမ်းမရှိခဲ့ပါဘူး။ တပ်မတော်အစိုးရအနေနဲ့ကတော့ဒီကာလအပိုင်းအခြားတွေဟာ တည်ငြိမ်မှုအတော်အတန်ရရှိလာပြီးအရေးအခင်းကာလတွေနဲ့ နိုင်းယှဉ်ရင်တော့ ဘေးကျပ်နံကျပ် အခြေအနေ ကလွတ်ကင်းခဲ့ပြီလို့ဆိုနိုင်ပါတယ်…..။

ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တပ်မတော်အစိုးရကြား ညှိနိုင်းလိုမရနိုင်အောင်လိုလားချက်
တွေကွာခြားလာနေချိန်မှာ တပ်မတော်အစိုးရအနေနဲ့ကတော့အတိတ်ကို ပြန်တွေးကြည့်တဲ့ အခါတိုင်း
အပိုင်းအစငယ်လေးများ အဖြစ်ပြိုကွဲဖို့ အမြဲယိမ်းယိုင်နေတဲ့ နိုင်ငံတစ်ခုရဲ့ အိပ်မက်ဆိုးတွေကို ဘယ်တော့မှမေ့လို့မရခဲ့ပါဘူး။ သူတို့အနေနဲ့ သံသယစိတ်ကြီးမားတာဖြစ်နိုင်သလို ခြိမ်းခြောက်မှုက .အမှန်တကယ်ရှိနေတာလဲဖြစ်နိုင်ပါတယ်။

တစ်ဖက်ကလဲတိုင်းပြည်ကို ချုံးချုံးကျသွားစေတဲ့ဆိုရှယ်လစ်လမ်းစဉ်အပြီးသက်တမ်း အတော်လေး
ရလာတဲ့တပ်မတော်အစိုးရအဖို့တော့ ဒီအခက်အခဲတွေက လွန်မြောက်ဖို့လမ်းစတွေ့ပြီလို့လဲထင်နေပုံရ
ပါတယ်။ဆယ်စုနှစ်သုံးလေးငါးခုဖွတ်ဖွတ်ညက်ညက်ကြေအောင်တိုက်ခဲ့ရတဲ့လက်နက်ကိုင်များကိုအနိုင်ရပြီး
တိုင်းပြည်စီးပွားရေးအတွက် အခြေခံအဆောက်အအုံအများအပြားကို တည်ဆောက်သစ်လွင်ပြီး အင်အားရှိ
တဲ့ တပ်မတော်ကို ဖွဲ့စည်းနိုင်ငံအနှံ့အပြားနဲ့  နိုင်ငံရေးပါတီများအတွင်း စိမ့်ဝင်နေတဲ့ မြေအောက်အဖွဲ့ 
အစည်းများရဲ့ အမာခံတွေကိုဖော်ထုတ်ရှင်းလင်း၊ တပ်မတော်က ခေါင်းဆောင်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲပြီးလျင်တော့ သိက္ခာ ရှိရှိ စစ်တန်းလျား ပြန်ကြမယ်ဆိုတာဟာသူတို့ စဉ်းစားခဲ့ ကြတဲ့ အကြံဖြစ်ပုံရပါတယ်….။ဒါပေမယ့်သူတို့ထည့်မတွက်မိတာတစ်ခုကတိုင်းပြည်ရဲ့ မဟာဗျူဟာမြောက် မြေအနေအထားပါအာဖရိကတိုက်ကမထင်မရှားနိုင်ငံငယ်လေးတစ်ခုမှာ ဒီလိုနိုင်ငံရေးအနေအထားဟာ လူမသိသူမသိလျှင်လျှင်မြန်မြန်ပဲ အဆုံးသတ်သွားမှာဖြစ်ပေမယ့်၊ ဒီတိုင်းပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာပြည်မှာအနောက်ကိုသိသိသာသာယိမ်းတဲ့အတိုက်အခံပါတီ အာဏာရလာတာကို လိုလားတဲ့အတွက် အနောက်အုပ်စုရဲ့ ပိတ်ဆို့ မှုတွေဟာမကြာခင်ပဲလျှင်လျှင်မြန်မြန်ကြီးဝင်ရောက်လာတော့မှာပါ။ ဒါဟာ အတိုက် အခံပါတီနဲ့တပ်မတော်အစိုးရကြားက ဆယ်စုနှစ်နဲ့ ချီပြီးကြာမြင့်တော့မယ့် စစ်အေးတိုက်ပွဲရဲ့ အစလို့လည်း ဆိုနိုင်ပါတယ်။အတိုက်အခံ ပါတီဟာ သူရဲ့ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်က တပ်မတော် အစိုးရကို ဖယ်ရှားဖို့အတွက်အလုပ်ဖြစ်ပုံမရတော့တဲ့ အခြေအနေမှာနည်းဗျူဟာ အသစ်တစ်ခုနဲ့ပြောင်းလဲပြီး ရင်ဆိုင်ဖို့  စီစဉ်တဲ့
သဘောရှိပါတယ်။ နည်းဗျူဟာအသစ်ဟာတပ်မတော်အစိုးရ ကို ဖြုတ်ချနိုင်ဖို့ သိပ်မသေချာပေမယ့် စီမံခန့် ခွဲမှုညံ့ဖျင်းပြီး တိုင်းပြည်ကိုတိုးတက်အောင် မလုပ်နိုင်တဲ့အစိုးရအဖြစ်တော့ အရှက်တကွဲအကျိုးနည်းဖြစ်
သွားစေနိုင်ဖြို့ဖစ်နိုင်ချေအတော်များလှပါတယ်......။


ရွေးကောက်ပွဲ အနိုင်ရပါတီကြီး အနေနဲ့  ကတော့ ရေွး ကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်နိုင်ဖို့ ဆိုတာ
နည်းလမ်းများများစား မရှိတော့တဲ့အတွက် ဒီနည်းဗျူဟာကိုပဲ အသုံးချရတော့မှာဖြစ်သလို တပ်မတော်
အစိုးရအနေနကဲ့ လဲ နောက်ပြန်ဆုတ်ဖို့ သိပ်ခက်ခဲလှတဲ့ အခြေအနေဖြစ်နေတ့အဲ တွက် ရှေ ကို့ ပဲဆက်တိုးကြရတော့မှာပါ။ ဒီတိုက်ပွဲမှာအတိုက်အခံပါတီအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးယန္တရား ကို ဦးတည် တိုက်ခိုက်တော့မှာဖြစ်သလို တပ်မတော်အစိုးရ အနေနဲ့ လည်း ဒီ ယန္တရား ဆက်ပြီး လည်ပတ်နိုင်ဖို့ရရာနည်းလမ်း ၊ ရရာနိုင်ငံတွေနဲ့ဆက်သွယ်ရတော့မှာပါ။ဒီနည်းဗျူဟာဟာ..တိုင်းပြည်ကိုချွတ်ခြုံကျသွားစေတဲ့….အဓိကအ
ကြောင်း
တရားလည်းဖြစ်လို့အိမ်နီးချင်းနိုင်ငံကြီးကအလွယ်တကူဝင်ရောက်အမြတ်ထုတ်ခြယ်လှယ်ခွင့်ရသွားစေခဲ့တဲ့
သော့ချက်လည်းဖြစ်ပါတယ်။


၁၉၉၆ အောက်တိုဘာလထဲမှာ ဥရောပ သမဂ္ဂ ဟာမြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှု အသစ်
တစ်ခုကိုထပ်မံပြဌာန်းလိုက်ပါတယ်။ ဒါဟာ ၁၉၉၀-၉၁ ၀န်းကျင်က အစပျိုးခဲ့တဲ့ အကူအညီရပ်ဆိုင်းမှုတွေရဲ့အဆက်ဖြစ်သလို.နောင်ထပ်မံတိုးချဲပိတ်ဆိုတော့မယ့် ၂၀၀၀-၂၀၀၁ အရေးယူမှုများရဲ့ကနဦးအစလည်းဖြစ်ပါတယ်။ ဒီပိတ်ဆို့ မှု ဟာ မြန်မာနိုင်ငံရဲ့ ထွက်ကုန်အားလုံးကို ၀ယ်ယူဖို့ ပိတ်ပင်လိုက်သလို မြန်မာပြည်ငွေကြေးအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်တာကိုလဲ တားမြစ်တဲ့  အတွက်….နော်ဝေး ၊ဆွစ်ဇာလန် ၊သြစတေးလျား ၊ ကနေဒါ နဲ့  အမေရိကန်ပြည်ထောင်စု တို့ကပါ စီးပွားရေး ပိတ်ဆို့ ထားပြီးဖြစ်တဲ့ တိုင်းပြည်တစ်ခုအဖ့ေို တာ့သွေးရူးသွေးတန်းအခြေအနေကို....ဆိုက်ရောက်သွားစေခဲ့ရပါတယ်။



ပက်စီကိုလာအပါအ၀င်. ကုမ္ပဏီကြီးအတော်တော်များများဟာဒရောသောပါးပြန်လည်ထွက်ခွာ
သွားကြပြီး၊ ၁၉၉၈ မှာ အသစ်ထပ်မံပိတ်ဆို့ တဲ့ …အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ မှုကတော့ ဖွံဖြိုးစ
ခရီးသွားလုပ်ငန်းကိုအားပါးတရရိုက်ချိုးပြစ်လိုက်ပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ကမျှော်လင့်တကြီး
ဆောက်လုပ်ခဲ့တဲ့ ဟိုတယ် ၊ မိုတယ် နဲ့ အင်း အများအပြားမှာခရီးသွားတွေ လျော့နည်း ခမ်းခြောက်သွားစေခဲ့ ပြီး၂၀၀၄ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်ရဲ့သွင်းကုန်များ ကန့်သတ်ခြင်းနဲ့မည်သည့်ငွေပေး ချေမှုမှမပြုလုပ်ရ
ဆိုတဲ့ဆုံးဖြတ်ချက်ကတော့မြန်မာပြည်ရဲ့အထည်ချုပ်လုပ်ငန်းကိုဗုံးဗုံးလဲသွားစေခဲ့ပါတယ်။


၂၀၀၅ ခုနှစ်မှာ HIV ၊တီဘီ နဲ့  ဌက်ဖျား တိုက်ဖျက်ရေး အဖွဲ့ အစည်း ( Globel Fund ) ဟာ
ပြင်းထန်လှတဲ့ ပြည်ပနိုင်ငံရေးဖိအားပေးမှုတွေကြောင့်…ပြန်လည်ထွက်ခွာသွားပြီး၊ ၂၀၀၈ ခုနှစ် မြန်မာ့
ကျောက်မျက်တွေအပေါ် ကန့်သတ်တဲ့ ဥပဒေ အသစ်ထွက်လာချိန်မှာတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ လုံးဝကျဆုံးနေခဲ့ပါပြီ။စီးပွားရေးပြိုလဲမှုနဲ့အတူ ပြည်ပရွှေ့ ပြောင်း အလုပ်သမားဦးရေဟာ ဒီရေလို မြင့်တက်လာခဲ့ပြီးအစိုးရအနေနဲ့အခြားခြားသောပြသနာအမြောက်အများကိုလဲ.ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။
ဒါဟာအတိုက်အခံပါတီရဲ့..နည်းဗျူဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်သလို သူအာဏာရတဲ့ 
အချိန်မှာ ဆက်လက်ရင်ဆိုင်ရမယ့်ပြသနာတစ်ထွေးကြီးကိုပါမွေးမြူလိုက်သလိုဖြစ်သွားတဲ့ အတွက်….ခေါင်းမှာခါချဉ်ကိုက်ခံရလို့ လှည်းဘီးအောက်ကို ခေါင်းထိုးထည့်လိုက်မိတဲ့ မြွေလို အဖြစ်မျိုးကိုလဲ ဆိုက်ရောက်သွားစေခဲ့ပါတော့တယ်……။

ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၁ )

No comments:

Post a Comment