Monday, September 23, 2013

ငါးခိုးလှေအဖမ်းခံရလို. သူတို.ခမျာ.................




ထုံးစံအတိုင်း လုပ်လာပြန်ပါပြီ
ကိုရွှေယိုးဒယားတို.ရဲ. ထုံးစံအတိုင်း လွမ်းခန်းတွေနဲ. ဇာတ်မနာနာအောင်လုပ် မဟုတ်တဲ့သမိုင်းတွေချဲ.ကား မျိုးချစ်စိတ်ဆိုတာကို အမုန်းတရားနဲ.သွေးထိုးနှိုးဆွ ဆိုတဲ့ နည်းလမ်းဟောင်းကြီး သုံးဖို.ပဲ စတင်ကြံစည်နေတာလား.. ဒါမှမဟုတ် ဘာလဲတော.မသိပါဘူးဗျာ ... ကိုယ်.ရေပိုင်နက်ထဲ ၀င်ခိုးဖမ်းတဲ့ ငါးဖမ်းစက်လှေ ကိုဖမ်းလိုက်တာ ခုတော. သူတို.ခမျာ ဖြေမဆည်နိုင်ဇာတ်လမ်းတွေခင်းနေပါပြီ ...

တကယ်.ဖြစ်စဉ်ကတော.

တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) ဟာ စက်တင်ဘာ (၂၁) ရက်နေ့ ၀၂၃၀ အချိန်ခန့်မှာ မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက် မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှုများအကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရေပိုင်နက်အတွင်းအကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်....

  အဲ့ဒီယိုးဒယားငါးခိုးလှေပေါ်မှ လှေသား (၁၄) ဦးဟာ ရေထဲသို့ခုန်ချထွက်ပြေးခဲ့ရာ ယိုဒယားနယ်နမိတ်အနီး အရောက် ယိုဒယားစစ်ရေယာဉ်မှ လာရောက်ကယ်ဆယ်သွားကြောင်း သိရပါတယ်။ ဖမ်းမိခိုးလှေနှင့်အတူ US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် (၈) တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည် စုစုပေါင်း (၂၂၀)တောင့်တို့အား သိမ်းဆည်းရမိခဲ့ပါတယ်

 

ယခုတော. စစ်ရေယာဉ် (၄၂၆) ဟာ ဇာဒက်ကြီးစခန်းအတွင်း ပြန်လည်ရောက်ရှိ အခြေပြုကာ ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေတယ်လို.သိရပါတယ်...ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င် ငါးခိုးဝါးလတ်လှေဟာ ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်း ၀န်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်တယ်လို. သိရပါတယ်....




တကယ်တော.အမှန်တရားတို. ...နှစ်နိုင်ငံ ချစ်ကြည်ရေးစတာတို.ကို ဦးစားပေးရမယ်.အစား ထုံးစံအတိုင်းလုပ်လာတာကတော.ယိုးဒယားရေတပ်က ကန်.ကွက်တာတို. .. သံတမန်လမ်းကြောင်းက ကန်.ကွက်စာ တင်လာတယ်ဆိုတဲ့ သတင်းကြားလာရတာပါပဲ 

တကယ်ကတော.ထိုင်းခိုးလှေတွေနဲ့ ပါတ်သက်ရင် ထိုင်းရေတပ်ရဲ့တာဝန်ကျေပြွန် သိတတ်မှုကိုလည်း မကြာခဏဆိုသလို တွေ့ကြုံရတော့ ရိုးတောင်ရိုးနေပါပြီ။ မြန်မာ့ရေပြင်နဲ့အနီးဆုံး ထိုင်းရေပြင်ထဲကနေ ရေဒါလက်လှမ်းမှီသမျှ ထိုင်းငါးခိုးလှေတွေရဲ့ အဝန်းအဝိုင်းနဲ့ မိမိစစ်ရေယာဉ်တွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းစောင့်ကြည့်ပြီး ခိုးလှေတွေကို အချိန်နှင့်တပြေးညီ သတင်းပေးလုပ်၊ မြန်မာစစ်ရေယာဉ် လိုက်ဖမ်းတဲ့အခါကျရင် နယ်နမိတ်ဝန်းကျင်ကနေ အချုပ်အခြာကိုထိန်းသိမ်းသလို၊ အပြစ်မရှိသူကို လိုက်ဖမ်းနေသလိုမျိုး တီကောင်ဆားထိပုံစံ လုပ်ပြတတ်ပါတယ်။ နိုင်ငံဖြတ်ကျော် ခိုးမှုကို လိုက်လံစောင့်ကြပ်ပေးတာ ထိုင်းရေတပ်ရဲ့ မျိုးချစ်တာဝန်တစ်ရပ်လို့ သတ်မှတ်ရမလို ဖြစ်နေပါပြီ။ သူတို့ဘက်ကစဉ်းစားရင်တော့ မှန်တယ်လို့ ယူဆနေသလိုပါပဲ။

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ငါးဖမ်းရေယာဉ် အရေအတွက်ဟာ ကမ္ဘာ့မှာ တတိယအများဆုံးဖြစ်ပြီး ငါးဖမ်းဆီးရာမှာ စည်းကမ်းလိုက်နာမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့တာကြောင့် ၁၉၉၀ ခုနှစ်ခန့် ဝန်းကျင်ကတည်းက ထိုင်းပင်လယ်ကွေ့ရေပြင်မှာ ငါးမျိုးစေ့တွေ မျိုးတုံးရှားပါးခဲ့ပါတယ်။ အကျိုးဆက်ကတော့ မိမိတို့ရေပြင်ဘက်သို့ ခြေဦးလှည့်လာခြင်း ဖြစ်ပါတယ်။တပ်မတော်(ရေ)က ထိုင်းခိုးလှေတွေ ဖမ်းဆီးနိုင်ခဲ့တာ ယနေ့အချိန်ထိဆိုရင် ထောင်ချီနေပါပြီ။ တိုင်းပြည်နဲ့ ပြည်သူ့တွေရဲ့ ရေကြောင်းဆိုင်ရာအကျိုးစီးပွားတွေကို အချောင်နည်းလမ်းနဲ့ ခိုးယူဖို့ကြိုးစားသူတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရေတပ်မှာ ဟိုနားဒီနား တောက်တိုမယ်ရ သယ်ယူပို့ဆောင်ရေး ရေယာဉ်များနှင့် ကင်းလှည့်ရေယာဉ်ငယ် / AGI ရေယာဉ်ငယ် အများစုဟာ ဖမ်းဆီးရမိထိုင်းခိုးလှေ အသွင်ပြောင်းတွေ ဖြစ်ပါတယ်။

မြန်မာရေတပ်ရဲ့ Constabulary Role ထမ်းဆောင်နိုင်မှုစွမ်းရည် မြင့်မားလာမှုကြောင့် ယခုနောက်ပိုင်းမှာ ငါးခိုးမှုများ လျော့နည်းခဲ့သော်လည်း ရိုးရာမပျက် မစိတ်မကြဲ ရှိနေသေးကြောင်း တွေ့နေရပါသေးတယ်။ မြန်မာနိုင်ငံမှာ အခြေအနေအမျိုးမျိုးကြောင့် ကမ်းနီး/ဝေး အလှမ်းမီဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဆိုလို့ ရေတပ်တစ်ခုသာ ရှိသေးခြင်း၊ရေတပ်အနေနဲ့ကလည်း အဓိက Military Role နဲ့ အခြားတာဝန်များကို ဆောင်ရွက်ရခြင်း၊ ကုန်းမြေဧရိယာထက် ပိုကျယ်တဲ့ မြန်မာ့ပင်လယ်ပြင်မှာ နေ့/ညအချိန်နှင့် ရာသီဥတု အခြေအနေများကြောင့် တရားဥပဒေစိုးမိုးရေးဟာ ကုန်းမြေပေါ်ကဲ့သို့ ထိန်းသိမ်းစောင့်ကြပ်ရန် ခက်ခဲခြင်း စတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဟိုးးး အရင်တည်းက.အဲ့ဒီဘက်က ဒေသခံတွေပြောလေ.အမြဲရှိပါတယ်...ပုဇွန်ခိုးလှေ ၃စီးလာရင် တစ်စီးပဲလွတ် ၂စီးမိမိ ..နစ်နစ် အရင်းအားလုံးပြန်ရတဲ့အပြင် မြတ်ပါသေးတယ်တဲ့



အဲဒီဖြစ်ရပ်မှာဇာတ်လိုက်ကျော် တစ်ဦးဖြစ်ခဲ့တဲ့ ကမ်းခြေစောင်.တိုက်ရေယာဉ် ၄၂၆ ဆိုတာ ငါးခိုးလှေလောကမှာတော. ယူဂိုလို နာမည်ကြီးတဲ့ မြန်နှုံးမြင်. တိုက်ရေယာဉ်ပါပဲ  ..
ရေယာဉ်သက်တမ်းဟာ အနှစ် ၂၀ ကျော်ခန့်ရှိပြီး ယူဂိုဆလားဗီးယားနိုင်ငံလုပ် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ခန့် တပ်တော်ဝင်ပြုလုပ်ပြီးချိန်မှစပြီး ယနေ့အချိန်ထိ မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေးအတွက် တာဝန်အမျိုးမျိုးကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ ရေယာဉ်ပါ ။ လက်နက်စွမ်းပကားအနေနဲ. ၂၀ မမ စက်အမြောက် (၄)လက်ပူး ရှေ့တစ်လက် နောက်တစ်လက် တပ်ဆင်ထားပြီး သာမန်မျှသာ ဖြစ်သော်လည်း ရေယာဉ်အမြန်နူန်း မြင့်မားသဖြင့် Constabulary Role တွင် ရှေ့တန်းကျကျ ပါဝင်ခဲ့တဲ့ရေယာဉ်ပါ..။

ဒါကတော. ဒီဖြစ်စဉ်ကို Bangkok Post မှာ ရေးထားတဲ့ မူရင်းသတင်းပါ
Skipper missing from Myanmar attack
----------------------------------------------
(Foreign Ministry waits for word on Kayu's fate)

The wife of the missing captain of a fishing boat which was allegedly attacked by Myanmar soldiers on Saturday has pleaded for authorities to continue their search.

Piyanan Jan-on's husband, Kayu Suksawat, 47, was last seen on a Thai fishing boat after a Myanmar warship allegedly launched an attack on the vessel in an overlapping border area off the Ranong coast.

Ms Piyanan yesterday told the Bangkok Post that Thai navy officers had not found her husband when they searched near the alleged attack site around Koh Khom and Koh Chang in late afternoon yesterday.

"We still don't know whether he is dead or still alive but my two children and I are still waiting for his return," Ms Piyanan said.

"We do not want authorities to stop the search for him until we know about his fate.

" Ms Piyanan, 46, said she is praying for her husband's safety. She said her two children were missing sleep, they were so worried. "No one knows exactly how we are feeling. We're suffering at the moment," she said.

Ms Piyanan said she was confused yesterday when she read news reports that her husband had been rescued by Myanmar naval officers and was being kept in custody by them. She had not received any information either from the Thailand side or from the Myanmar side about his fate. Thai media reports quoted a Thai navy source as confirming that Mr Kayu was being detained by
Myanmar authorities.

Ms Piyanan said the Thai-Myanmar Township Border Committee (TBC) for Ranong and Kawthaung must make inquiries about her husband's disappearance and hold meetings to discuss the problem of the overlapping border area off the Ranong coast to prevent further incidents.

Myanmar navy officers allegedly opened fire on the trawler Montri Thawisin 3 early on Saturday morning near Koh Khom, an island near a disputed border. It is about two nautical miles off Koh Chang, the largest island off Ranong province. A source from the Royal Thai Navy said Myanmar navy officers opened fire on the Thai trawler, after it entered the overlapping border area.

When the fishing vessel was allegedly attacked the skipper ordered his crew of 14 _ comprising Myanmar nationals _ to jump into the sea. However, Ms Piyanan said one of the Myanmar crew members, who survived and returned to Ranong yesterday, told her that the fishing vessel was sailing inside Thai territorial waters.

She said the Myanmar crew member told her that he was the last on board with her husband after he told the others to leap off the boat. "My husband was last seen by this Myanmar guy who could not confirm whether he was taken by Myanmar naval officers or not," she said. The fishing vessel belongs to Surin Losong, who is also the chairman of Ranong Fishermen's Association. Mr Surin said he was contacted by Mr Kayu about 1.30am on Saturday.

He said his boat was attacked by Myanmar warship PGM Number 426. Mr Surin said Mr Kayu claimed that the Myanmar boat encroached on Thai territory. Shortly after the incident, the Royal Thai Navy's Third Naval Area Command, which oversees Thai territories on the Andaman Sea, sent a protest note to Myanmar. No word was to hand on the response.

The Foreign Ministry is waiting for more information from state agencies involved before taking further steps.
 

Source ; Myanmar Navy Page

No comments:

Post a Comment