Wednesday, September 9, 2015

ပုသိမ် - ၀ါးခယ်မ ကားလမ်း



ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြ လမ်းခွဲ အ၀င်



( သွားနေကျသူတွေအဖို. သိပြီးသားဖြစ်ပေမယ်. မရောက်တာကြာတဲ့သူတွေ - ပုသိမ်ကအပြန် ၀င်လည်ချင်သူတွေအတွက် အဓိက ရည်ရွယ်ပါတယ် )

အရင်ကတော. ပုသိမ် - ၀ါးခယ်မ ခရီးစဉ်ဆိုတာ ပြည်တွင်းရေကြောင်း ရဲ. ညနေ ၅နာရီကောင် ( ရန်ကုန်ကနေ ညနေ၅ နာရီထွက်လို. ) လို.ခေါ်တဲ့ ပုသိမ်အမြန် လောက်သာ အားထားရတဲ့ခရီးပါ ။ နောက်ပိုင်း ကားလမ်းတွေပေါ်လာ ၊ IWT သင်္ဘောတွေလည်း ပုဂလိက လက်ရောက် ဆိုတော. ကားလမ်းကို ပိုအားထားလာကြပါပြီ ။

အဲ့ဒီထဲကမှ အရင်ကတော. ပုသိမ် ကနေ ၀ါးခယ်မ ပြန်ချင်ရင် ပုသိမ် - ရန်ကုန် ကားကို ၀ါးခယ်မ လမ်းခွဲအထိ စီး ၊ အဲ့ဒီကမှ ရန်ကုန် - ၀ါးခယ်မ ကားကို စောင်.စီး ၊ ပစ္စည်းတွေပါလာရင် အဆင်မပြေဖြစ်နဲ.ပေါ. ။ ပုသိမ်ကျောင်းသွားတက်တဲ့သူတွေ က အရင်ဆို သင်္ဘော ( အဝေးသင်ချိန်ဆို အသားကုန်ကြပ် ) ၊ နောက်တော. ကား၂စီးကို လမ်းတစ်ဝက်စီ ဖြတ်စီး ၊ ခုနောက်ပိုင်း တံတားတွေပြီးလာချိန်မှာတော.ပုသိမ်ကို အတိုဆုံးလမ်းကနေ တိုက်ရိုက်သွားလို.ရပါပြီ ။

ပုသိမ်ကအပြန် ၀ါးခယ်မကို ခဏတစ်ဖြုတ် ၀င်လည်ချင်သူတွေအတွက်လည်း အဆင်ပြေသွားပါတယ် ။ ပုသိမ်ကနေ ပုသိမ် - ရန်ကုန်လမ်းအတိုင်း ထွက်လာပြီး အပင်နှစ်ဆယ် ( ပုသိမ် TU ) ကျော်လာတာနဲ. ကိုးဆူ TollGate ၊  တကုန်းကြီး အထက်တန်းကျောင်း တို.ကိုရောက်ပါတယ် ။ အဲ့ဒီကျောင်းပြီးတာနဲ. ခဏအတွင်းမှာပဲ ညာဘက်ခြမ်းမှာ ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြ လမ်းခွဲ ဆိုတာကိုရောက်ပါမယ် ။ ပုသိမ်ကနေ ၉မိုင်ခန်. အကွာအဝေးမှာပါ ။ အဲ့ဒီလမ်းအတိုင်း ၀င်လာ ရုံပါပဲ ။ 

မြင်းကဆိပ် တံတား


မောင်းလာရင်း လမ်းခွဲတစ်ခုတွေ.ပါမယ် ။ အဲ့ဒီလမ်းခွဲ ရောက်ရင်တော. ဘယ်ဘက် လမ်းခွဲ အတိုင်း မောင်းလာရုံပါပဲ ။ ပြီးတာနဲ. မြင်းကဆိပ် တံတား ကိုရောက်ပါမယ် ။ အဲ့ဒီ တံတားဟာ ကန်ကြီးဒေါင်. မြို.နယ်ရဲ. အဆုံးပါပဲ ။ မြင်းကဆိပ် တံတားပြီးတာနဲ. မောင်းလာရင် ၅မိုင် လမ်းဆုံကိုရောက်ပါမယ် ။ ၅မိုင်လမ်းဆုံဆို တာ ဒီလမ်းဆုံကနေ မြောင်းမြကို ၅မိုင်ပဲ လိုတော.တာကြောင်.ပါ ။အိမ်မဲကိုတော. ဒီနေရာကနေ ၂၂မိုင် ၆ဖာလုံ ဝေးပါတယ် ။ ဒီနေရာရောက်ရင်တော. အိမ်မဲလမ်းဘက်ကို ချိုးရပါမယ် ။ ဒီလိုနဲ.မောင်းလာရင် တံတားတစ်စင်း ထပ်ဖြတ်ရပါမယ် ။ အဲ့ဒီတံတားဟာ ဒီဘက်ခြမ်းက မြောင်းမြ မြို.နယ် နယ်နမိတ် အဆုံးဖြစ်ပြီး ဟိုဘက်ခြမ်းက အိမ်မဲ မြို.နယ် အစပ် ပါ ။ ပြီင်္းရင်တော. ရွာသစ်လမ်းဆုံကိုရောက်ပါမယ် ။ အိမ်မဲ အပိုင်ရွာသစ် ကနေ အိမ်မဲကို ၁၆မိုင် ၂ဖာလုံဝါးခယ်မ ကို ၁၆မိုင် ၅ဖာလုံ ဝေးတယ်လို.သိရပါတယ် ။ လိုင်းကားတွေကတော. အဲ့ဒီရွာသစ် မှာ လူဝင်တင်လေ. ရှိတယ်လို.သိရပါတယ် ။

ကျွန်းကုန်းတံတား


ပြီးလို.ဆက်မောင်းလာရင်တော. ကျွန်းကုန်းတံတား ၊ ပြီးတော. ကျွန်းကုန်းကို ကျောဘက်ကနေ ဖြတ်သွားရမှာ ဖြစ်ပါတယ် ။ ကျွန်းကုန်းက ထွက်ပြီးရင် သတိထားရမှာက ရေလိန်ကျေးရွာ အုပ်စုရောက်ရင်တော. ကွေ.က အတော်လေးကြီးတာမို. သတိထားရပါလိမ်.မယ် ။ ပြီးရင်တော. မရမ်းချောင် တံတား ကနေပြီးတော. ရွှေလောင်း - ၀ါးခယ်မ  ကားလမ်းပေါ် ရောက်ပါလိမ်.မယ် ။ ဒါဆိုရင်တော. သိပ်မကြာခင်မှာပဲ ၀ါးခယ်မ ကိုရောက်တော.မှာပါ ။

လိုင်းကား အနေနဲ.ကတော. ပုသိမ် အဝေးပြေး ၀င်းကနေ ၀ါးခယ်မ ကို မနက် ၁၁နာရီ နေ.လည် ၂နာရီ မှာ စိုးသိပ္ပံ ကား ရှိတယ်လို.သိရပြီး ၀ါးခယ်မ ကနေတော. မနက် ၆ နာရီ နဲ. ၇ နာရီ ထွက်တယ်လို. သိရပြီး ကားခ က ၂၅၀၀ပါ ။ ကိုယ်.ကားနဲ. ကိုယ် ဆိုရင်တော. ၁း၃၀ ခန်.ကြာပြီး လိုင်းကားနဲ.ဆိုရင်တော. ၂း ၀၀ - ၂း ၃၀ ကြားလောက်မောင်းတယ်လို.သိရပါတယ် ။ Google ရဲ.ဖော်ပြချက်အရတော. 90.2 Km ( ၅၆. ၃၇၅ မိုင် ) ဝေးပြီး Driving Time 1 hr 43 min လို.ဖော်ပြထားပါတယ် ။distance calculator ကိုသုံးပြီးဖော်ပြထားတဲ့ Site တစ်ခုမှာတော. 51 KM (kilometers) လို.ဖော်ပြထားပြီး Travel duration from Pathein to Wakema is around 1.03 Hours if your travel speed is 50 KM per Hour လို.ရေးသားထားပေမယ်. မြေပြင်အခြေအနေအရ Google ဖော်ပြချက်ကသာပိုနီးစပ်ပြီး ဒုတိယဖော်ပြချက်ကတော. မြေပုံ အဖြောင်.တိုင်း တိုင်းပြီး ယေဘူယျ တွက်ချက်ဖော်ပြထားပုံ ရပါတယ် ။




ဒီလမ်းလေးဟာ မြန်မာနိုင်ငံအနေအထားနဲ.မဆိုးလှတဲ့ လမ်းလေးတစ်ခုဖြစ်သလို လယ်ကွင်းစိမ်းတွေ ၊ နှစ်ရှည်သစ်ပင်တန်းအချို. နဲ. မလေးရှားပိတောက်ပင်တွေဟာလည်း လမ်းဘေးတစ်လျှောက်ရှိနေတာမို.စိတ်ကြည်နူးစရာ ရသတစ်ခုလည်းပေးစွမ်းနိုင်တဲ့ လတ်ဆတ်သောလေ အပြည်.အ၀ရတဲ့ လမ်းလေးတစ်ခုပါ ။


 

 ဆက်စပ်ဖတ်ရှု ရန် 



No comments:

Post a Comment