Monday, September 28, 2015

မကြာမှီ ပေါ်ထွန်းလာတော.မည်. စားပွဲတင် တင်းနစ် အားကစားရုံ



 
တည်ဆောက်မည်. အဆောက်အဦး ပုံစံ

ယခု ဤအဆောက်အဦးတည်ဆောက်သော မြူရုံးလမ်း စာရေးကုန်းရပ်ကွက် နေရာမှာ ယခင်က ၀ါးခယ်မ မြို.၏ ကြက်တောင်ရုံအဆောက်အဦးဖြစ်သည် ။ သို.သော်နောက်ပိုင်းတွင် ပြိုကျ ပျက်စီးလျှက်ရှိပြီး မည်သူမျှ ပြုပြင်ခြင်းမရှိခဲ့သော နေရာဖြစ်သည် ။ ထို နေရာသည် အား/ကာ ပိုင်မြေနေရာ ဖြစ်သည်ဟု သိရပြီး စားပွဲတင် တင်းနစ်ကစားသမား များ မှ ထိုနေရာတွင် စားပွဲတင် တင်းနစ်အားကစားရုံ တည်ဆောက်လိုကြောင်း ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၂၈ ပေ ၅၄ ပေ မြေနေရာအတွင်း ခွင်.ပြုချက် ရရှိခဲ့ကြောင်း သိရသည် ။

လက်ရှိ အခြေအနေ

 ထိုသို.ဆက်သွယ်ဆောင်ရွက်ခွင်.ပြုချက် ရရှိခဲ့သော်လည်း စတင်တည်ဆောက်ရေး အတွက်တွင် မူ ငွေကြေးဆိုင်ရာ အခက်အခဲ တစ်ရပ် စတင်ကြုံတွေ.ခဲ့ရသဖြင်. အချိန်အပိုင်းအခြား တစ်ခု ရပ်တန်.နေခဲ့ရကြောင်း သိရှိရသည် ။ ထို.နောက် ကိုကျော်နိုင်ဦး ( ၁၉၉၁-၉၁ အထက ၁ ) နှင်. ဆက်သွယ်ခဲ့မိပြီးနောက် အပေါ်ထည်အတွက် Steel Structure ပိုင်းဆိုင်ရာ လိုအပ်သည်များ နှင်. Design ပိုင်းဆိုင်ရာ တို.ကို မတည်တာဝန်ယူပေးမည်ဟု တာဝန်ခံခဲ့ရာမှ အဆောက်အဦးပိုင်းဆိုင်ရာ လုပ်ငန်းများ စတင်နိုင်ခဲ့ကြောင်း သိရသည် ။ထို.အပြင် အဆောက်အဦးရှေ.ပိုင်းဆိုင်ရာ အလှဆင်ခြင်းကုန်ကျစရိတ်အတွက် ကိုမျိုးမင်းစိုး မှ တာဝန်ယူပေးခဲ့ပြီး ကိုအောင်ကျော်ဦး ၊ ကိုဝင်းတင်.၊ ကိုထွန်းရီ ၊ ကိုစိုးအောင် ၊ ကိုဆင်ပေါက် ၊ ကိုဇော်လေး ၊ မေတ္တာမွန် စသည်တို.အပြင် ( ထိုစာရင်းကို ဖွင်.ပွဲမတိုင်မှီ ထိုအားကစားခန်းတွင် ရေးသားဖော်ပြထားမည်ဖြစ်ကြောင်းသိရသည် ၊ အသေးစိပ်ကို ဖွင်.ပွဲ အချိန်တွင် တောင်းယူရေးသားဖော်ပြပေးပါမည် ) အခြားစိတ်ဝင်စားသူများလည်း ပါဝင်လှုဒါန်းခဲ့ကြပါသည် ။အဆောက်အဦးကို လွန်ခဲ့သော ၂လခန်.က စတင်တည်ဆောက်ခဲ့ကြောင်း သိရသည် ။

အတွင်းပိုင်း ပြုလုပ်ဆဲ
  လက်ရှိအချိန်တွင် ညနေ ၄နာရီ ၀န်းကျင် မှ ည ၁၀ နာရီခန်.အထိ လာရောက်ကစားနေသူများ ရှိနေပြီး တရားဝင် အသင်းဝင်အဖြစ်ကိုမူ ဖွင်.ပွဲအပြီးတွင် စတင်လက်ခံမည်ဖြစ်ပြီး အသင်းဝင်ကြေးအဖြစ် ၂၀၀၀ သတ်မှတ်ထားကာ လစဉ်ကြေး ၃၀၀၀ ကျပ် ကျသင်.မည်ဖြစ်သည် ။ အသင်းဝင်ကြေးကို အောက်တိုဘာ ၁ ရက်နေ.တွင် စတင်လက်ခံမည်ဖြစ်ကြောင်းသိရသည် ။  လက်ရှိတွင်ကစားရန် ခုံ ၃ ခုံရှိနေပြီး ၀င်ကြေးရရှိသော ငွေဖြင်. ခုံတစ်လုံးထပ်မံဝယ်ယူမည်ဖြစ်ကာ ခုံတစ်လုံးကို အထက ၁ တွင်ကျောင်းသားများ ကစားနိုင်ရန် ပို.ပေးထားမည်ဖြစ်ကြောင်း သိရသည် ။ ထို.အပြင် နွေရာသီကျောင်းပိတ်ရက်တွင်လည်း ကျောင်းသားငယ်များအတွက် သင်တန်းများဖွင်.လှစ်သွားရန်ရှိကြောင်းလည်း သိရသည် ။ ယခင်ကမူ မင်းပိုင်းကျောင်း တွင် သွားရောက်ကစားကြရပြီး ယခုအခါတွင်မူ မိမိတို.ကိုယ်ပိုင်အားကစားရုံအဖြစ် သတ်သတ်မှတ်မှတ် ကစားခွင်.ရပြီဖြစ်သည် ။ အားကစားရုံကို Delta Star ( or ) Ayeyar Star ဟု မှည်.ခေါ်ဖွယ် ရှိကြောင်းလည်း သိရသည် ။

စတင် တည်ဆောက်စဉ်က
 
 ထိုစားပွဲတင် တင်းနစ်အားကစားရုံကို သီတင်းကျွတ်လပြည်.နေ. တွင် ဖွင်.လှစ်ဖွယ်ရှိနေပြီး ရန်ပုံငွေအတွက် ရောင်းချထားသော ကံစမ်းမဲ လက်မှတ်များကိုလည်း ထိုညတွင်ပင် ဖွင်.လှစ်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည် ။ကံစမ်းမဲ လက်မှတ် သိန်း၃၀ ဖိုးခန်. ( စာရင်းတိုးလာနိုင်ပါသည် ) ရောင်းချသွားမည်ဖြစ်ပြီး မည်မျှရောင်းရသည်ဖြစ်စေ ရောင်းရငွေ၏ ၅၀% အား ကံစမ်းမဲ ပြန်လည်ဖော်ပေးမည်ဖြစ်ပြီး ကျန်၅၀%အား တည်ဆောက်ရေးဆိုင်ရာ အပြီးသတ် လုပ်ငန်းများ အတွက် အသုံးပြုမည်ဖြစ်ကြောင်းသိရသည် ။ ကံစမ်းမဲ ဖောက်ပေးမည်. ပစ္စည်းများ မှာ လိုင်စင်ပါ မော်တော်ဆိုင်ကယ် ၁ စီး ၊ LCD 24” TV ၂လုံး ၊ Handset ၃ လုံး ၊ စက်ဘီး ၂ စီး ၊ PSI စလောင်း ၃ ခုနှင်. အခြားမဲ များ ပါဝင်မည်ဟု သိရပါသည် ။

အတွင်းပိုင်း
 
 တကယ်က ဖြစ်ချင်စိတ် နှင်. ကြိုးစားမှုက မိမိတို.လိုချင်သော ပိုင်ဆိုင်မှုကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိကြောင်း ဤ အဆောက်အဦးက သက်သေပင်ဖြစ်သည် ။ယခုဆိုလျှင် မိမိတို.မြို.လေးတွင် အလေးမရုံ သီးသန်.ရှိသည် ။ ခြင်းခတ်ကစားရုံ ရှိသည် ။ မြေပြင် တင်းနစ် ကစားကွင်း သီးသန်.ရှိသည် ။ ဘောလုံးကွင်း ရှိသည် ။ သေချာသည်က မြို.နယ်အဆင်. မြို.တစ်မြို.၏ အားကစားဆိုင်ရာ အခြေခံအဆောက်အဦးများ ပိုင်ဆိုင်မှုက အထက်တန်းအဆင်.တွင်ရှိနေပြီ ။ အားကစားကိုမြတ်နိုးစိတ် ၊ ဇွဲရှိစွာ လေ.လာကြိုးစားချင်စိတ်အပြည်. သင်ကြားလိုစိတ် ၊ သန်.ရှင်းစွာ ယှဉ်ပြိုင်လိုစိတ် များကို သိသိသာသာတိုးတက်လာအောင် ကြိုးစားရင်း တစ်ချိန်တွင် ၀ါးခယ်မဖွား နိုင်ငံတော်အဆင်. ကစားသမားများ ပေါ်ပေါက်လာပါစေဟု ဆန္ဒပြုလျှက် ……………….

No comments:

Post a Comment