Wednesday, September 2, 2015

ပညာ.အလင်း လူငယ်.ရေးရာ ညကျောင်း - ၀ါးခယ်မ



 
ကျောင်းဖွင်.ရန် ကူညီပေးသော ဈေး အ-မ-က

မြို.လေးတွင် တက္ကသိုလ် ၀င်တန်း အောင်ချက်မြင်.မားရေး ထူးချွန်စွာ အောင်မြင်နိုင်ရေး တို.အတွက် အဖွဲ.အစည်း အစုအဖွဲ. တို.က မိမိတို.တတ်နိုင်စွမ်း အလျှောက် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြမြဲ ဖြစ်သည် ထိုက်သင်.သလို အောင်မြင်သော အတိုင်းအတာ တစ်ခုအထိ အောင်မြင်သော စသည်ဖြင်. ရလာဒ် တစ်ခုတော. ရရှိခဲ့ကြမြဲဖြစ်သည် ။တစ်ခု ရှိသည်က ရေရှည် ရပ်တည်နိုင်ရေးအတွက်က အကြောင်းတရားအမျိုးမျိုး ပေါ်ူတည်နေသောကြောင်. သာ တစ်စုတစ်ဖွဲ.တည်းက ရေရှည် လုပ်ဆောင်နိုင်ရန် အခက်အခဲ အနည်းငယ်ရှိနေတတ်မြဲဖြစ်သည် ။မည်သို.ပင်ဖြစ်စေ ထိုကွက်လပ် လစ်ဟာသွားသည်နှင်. တစ်စုတစ်ဖွဲ.က ၀င်ရောက်ဖြည်.စွက်ပေး၇န် အသင်.ရှိနေခြင်းကပင် မြို.လေ၏ ပညာရေးအပေါ်စိတ်ဝင်စားမှုကို ထင်ဟပ်နေသော ပြယုဂ် တစ်ခုဖြစ်သည်

ယခုနှစ်တွင်လည်း ပညာရေးကို စိတ်ဝင်စားသော လူငယ်များ မှ ပညာ.အလင်း လူငယ့်ရေးရာ ညကျောင်းကို ဖွင်.လှစ်နိုင်ရေး ကြိုးပမ်းလျှက် ရှိသည်ဟု သိရပါသည် ။ပညာအလင်း လူငယ့်ရေးရာ ညကျောင်းဖြစ်မြောက်ရေး ကော်မတီ(ယာယီ) အလုပ်အမှုဆောင် အဖွဲ့ ကို အောက်ပါအတိုင်း ဖွဲ့စည်းထားကြောင်းလည်း သိရှိရပါသည်

၁။ ဦးခိုင်ဇော် ဥက္ကဋ္ဌ
၂။ ဦးကျော်ကျော်ထွေး ဒု-ဥက္ကဋ္ဌ
၃။ ဦးသိန်းဇော်ဦး အဖွဲ့ဝင်
၎။ ဦးဇော်မင်း
၅။ ဒေါ်မြတ်သက်ဦး
၆။ ဒေါ်အေးအေးခိုင်
၇။ ဒေါ်ယဉ်ယဉ်အေး
၈။ ဒေါ် ချိုချိုဝင်း
၉။ ဦးရဲမျိုးအောင်- ဘဏ္ဍာရေးမှူးး
၁၀။ ဒေါက်တာ ကိုကိုလင်း - အတွင်းရေးမှူးး
၁၁။ ဦးအောင်လွင်- တွဲဖက်အတွင်းရေးမှူးး

ဆရာ/ဆရာမများကို ဤသို.ဂါရ၀ပြု နှုတ်ဆက်ကြသည်
ထိုအဖွဲ.အနေဖြင်. မြို့နယ် အတွင်းရှိ လူငယ်လူရွယ်များကို အသိပညာ အတတ်ပညာ ကောင်းမွန်သော ကိုယ်ကျင့်တရားတို့နှင့် ပေါင်းစပ်၍ စွမ်းအားမြင့် လူ့အရင်း အမြစ်များ အဖြစ် ပြုစုပျိုးထောင်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင်. လုပ်ဆောင်ကြခြင်းဖြစ်ပြီး
၁။ တက္ကသိုလ် ၀င်တန်းဖြေဆိုမည် ကျောင်းသားကျောင်းသူများ (အထူးသဖြင့် ဆင်းရဲချို့တဲ့သူများ) အားလုံး လက်လှမ်းမီနိုင်သော ပညာရေး ကျောင်းကို ရုံးချိန် အလုပ်ချိန် ပြင်ပတွင် ဖွင့်လှစ်ပေးရန်
၂။ စည်းကမ်းတကျ နေထိုင်တတ်ရန်နှင့် အသင်းအဖွဲ့ဖြင့် ဆောင်ရွက် တတ်ရန် လေ့ကျင့်ပေးရန်
၃။ ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် အလေ့အကျင့်များ ရရှိနိုင်စေရေး မွေးမြူထိန်းကျောင်းပေးရန်
၎။ စိတ်ဓါတ်ခွန်အားနည်းသော ကျောင်းသားကျောင်းသူများကို စိတ်ဓါတ် မြှင့်တင်ရေး ဆောင်ရွက်ပေးရန် ဟူသော လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်းလည်း သိရပါသည်

သင်ကြားရေးပိုင်းတွင်လည်း အောက်ပါ ဆရာ/ဆရာမ များမှစေတနာဖြင်. ကူညီသင်ကြားပေးရန် သဘောတူထားကြောင်းလည်း သိရှိရပါသည်

မြန်မာစာ - ဆရာမ ဒေါ်ခင်မြင့်ရီ
အင်္ဂလိပ်စာ - ဆရာမ ဒေါ်နွယ်နွယ် ဆရာမ ဒေါ်မူမူသန်း
ဒေါက်တာကိုကိုလင်း
သင်္ချာ - ဆရာမ ဒေါ်ခင်မူ
ဓါတုဗေဒ - ဆရာမ ဒေါ်အေးသန်း ဆရာမ ဒေါ်ဝင်းမာဖြိုး
ရူပဗေဒ - ဆရာမ ဒေါ်ခင်စန်းဝေ ဆရာမ ဒေါ်မိုးစန္ဒာ
ဇီဝဗေဒ - ဆရာမ ဒေါ်အစု
ပထ၀ီဝင် - ဆရာမ ဒေါ်စိုးစိုးအေး
သမိုင်း - ဆရာမ ဒေါ်ခင်မိမိအေး
ဘောဂဗေဒ - ဆရာမ ဒေါ်ဌေးဌေးမြင်

စာသင်ကြားနေသောမြင်ကွင်းတစ်ခု
 တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည်. ကျောင်းသား/သူ များအတွက် ညနေပိုင်းသင်တန်းများကို ညနေ ၀၀ နာရီ မှ ၁၀း၀၀ နာရီအထိ တစ်နေ. ကြိမ် သင်ကြားပေးနေပြီး မြို.လေးတွင် သမ္ဘာအရ ပညာအရ ထင်ရှားသော ဆရာ/ဆရာမ အားလုံးလိုလိုကလည်း စေတနာသက်သက်ဖြင်. ( အခမဲ့ ) ကူညီသင်ကြားပြသပေးလျှက် ရှိကြောင်း သိရပါသည် ဘာသာရပ်ဆိုင်ရာများအတွက် အဓိကအရေးကြီးသော အင်္ဂလိပ်စာ ကိုမူ အချိန်အများဆုံးရယူသင်ကြားပေးနေသည်ဟုသိရပါသည် အခမဲ့ စေတနာသင်တန်းသက်သက်သာဖြစ်ပြီး အလှုရှင်များ အကူအညီဖြင်. ပင် ကျောင်းသား/သူများအတွက် စာရေးကိရိယာများ ထောက်ပံ.ပေးနေကြောင်း သိရပါသည်

အတတ်ပညာနှင်. အတူ အသိပညာ အထွေထွေ ဗဟုသုတ မိမိကိုယ်ကို ယုံကြည်မှု များ မြင်.မားလာစေရန်အတွက်လည်း တစ်ပတ်ခြား တနင်္ဂနွေ တိုင်းတွင် ကျောင်းသား/သူများကို အလှုရှင်များ / ကော်မတီဝင်များ ထောက်ပံ. လှုဒါန်းမှုဖြင်. အအေး/မုန်. စသည်တို. တိုက်ကျွေးလျှက် အသိပညာပေး / စိတ်ဓါတ်မြှင်.တင်ရေး ဟောပြောပွဲများပြုလုပ်လျှက်ရှိရာတွင် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ.မှ ကိုဇော်မင်းလွင် မှ မိမိကိုယ်ကို ယုံကြည်မှုမြင်.မားလာစေရေး နှင်. မိဘအပေါ်တာဝန်ကျေရေး / ယနေ.ခောတ် နည်းပညာဆိုင်ရာသတိပြုရန်များ မြို.မိ/မြို. တစ်ဦးဖြစ်သော ဦးသောင်းညွန်.က စည်းကမ်း၏တန်ဘိုး နှင်. သိမှတ်ဖွယ်ရာများ ဆရာ ဦးပေါ်အေးက စိတ်ဓါတ်မြှင်.တင်ရေးအတွက် သိမှတ်ဖွယ်ရာများ ဆရာမ ဒေါ်မူမူသန်းက အင်္ဂလိပ်ဘာသာ၏ အရေးပါ အသုံးဝင်မှုများ ကော်မတီဝင် တစ်ဦးဖြစ်သော ဒေါက်တာ ကိုကိုလင်း မှ ပရဟိတစိတ် အသက်အရွယ်နှင်. လိုက်လျောညီထွေတိုးတက်လာနေရမည်. စိတ်နေစိတ်ထား တို.အကြောင်းများ ဟောပြောခဲ့ပြီးဖြစ်သည်ဟုသိရပါသည်




ဆရာဦးပေါ်အေး ၏ စိတ်ဓါတ်မြှင်.တင်ရေးဟောပြောမှု မြင်ကွင်း

လက်ရှိကျောင်းတွင် ကျောင်းသား /သူ ၈၀ နီးပါး တက်ရောက်လျှက်ရှိပြီး အထက မှ ၄၀ % အထက မှ ၂၀ % နှင်. ပြင်ပကျောင်းသား ၄၀ % ခန်.ပါဝင်ကာ ယခုနှစ်မှ စတင်ဖြေဆိုမည်.ကျောင်းသား ၂၅ % ဒုတိယအကြိမ် ဖြေဆိုမည်.ကျောင်းသား ၄၁% နှင်. တတိယနှင်.အထက်ဖြေဆိုမည်.ကျောင်းသား ၃၀%ကျော်ခန်.ရှိကြောင်းသိရပါသည်

လက်တွေ.ကောက်ယူရရှိသော စစ်တမ်းတစ်ခုအရ ထိုသင်တန်းတွင် မိမိကိုယ်ကို အောင်မြင်မည်ဟု ယုံကြည်သော ကျောင်းသား ၈၆% ခန်.ရှိနေခြင်းကထိုသင်တန်းအတွက်အားရဖွယ် တစ်ခု ဖြစ်သည်


ကော်မတီဝင်များ နှင်. ပူးပေါင်းကူညီနေကြသူများအနေဖြင်. ကျောင်းသား/သူများ ကျောင်းကို စနစ်တကျရောက်ရှိစေရေး အတွက် တက်ရောက်သူများ နေ.စဉ်လက်မှတ်ရေးထိုးစေပြီး ခွင်.ယူမည်ဆိုပါက မိဘကိုယ်တိုင်ကို တိုင်ကြားစေခြင်းမှအစ စည်းကမ်းတကျ ထိမ်းသိမ်းပေးနေကြောင်းလည်း သိရပါသည်



ပညာ.အလင်း လူငယ်.ရေးရာ ညကျောင်း၏Facebook Page 

No comments:

Post a Comment